Tuesday, August 16, 2011

မင်းကို ထာဝရ ချစ်နေမယ်

ကဲလာပြန်ပြီ နောက်ထပ် ဂျူဝဲလ် ရဲ့သီချင်း လှလှလေး တပုဒ်။ တနေ့က သီချင်း ကို ဘာသာပြန်ပြီးကတည်းက သူ့ရဲ့အဲ့ဒီအခွေကို အခေါက်ခေါက်အခါခါ ပြန်နားထောင်ဖြစ်နေပြန်တယ်။ အကြိမ်အခါများစွာနားထောင်ပြီးသားပါ။ အပုဒ်တော်တော်များများလဲ ကြိုက်ပါတယ်။ ဒီတပုဒ်ကိုတော့ တော်တော် ကိုကြိုက်တယ်လို့ပြောရမယ်။ ခဏခဏ ကိုနားထောင်ဖြစ်တယ် အထူးသဖြင့် ညနေဘက် ရုံးဆင်းအိမ်ပြန် ရထားဘူတာ ကို လမ်းလျောက်သွားနေချိန်တွေ မှာပေါ့။ သံစဉ်ရော စာသားရော သိပ်လှတယ်။ သူ့သီချင်း ကိုနားထောင်ရတာ ကဗျာ လှလှလေးတပုဒ် ကိုခံစားရ သလိုပဲ ညွှတ်နူးမှု ကိုပေးမယ်။ ဆွတ်ပျံ့ ကြည်နူးမှုကို ရစေတယ်။ ဒီတပုဒ်ကိုလဲခံစားကြည့်ပါ။ အဖွဲ့အနွဲ့လေးတွေဘယ်လောက်လှသလဲလို့ သူမို့လို့သာ ဒီလောက်လှတဲ့ စာသား ကို ဒီလောက်လှတဲ့ သံစဉ်နဲ့ ဖွဲ့နွဲ့နိုင်တာ။ ဥပမာ လေတိုက်နေတာ ခံစားရရင် အဲ့ဒီနေရာ ကို ကိုယ်နမ်းနေတယ် မှတ်လိုက်ပါဆိုတာမျိုး။ နောက်ပြီး လင်မယား အချစ် နဲ့သားသမီး အချစ်ကိုလဲ ဖွဖွလေး ထိရုံ ပဲ ပြသွားတာ သိပ်လှတယ်။ ဒီအခွေကိုရေးနေတဲ့ အချိန်မှာ ဂျူဝဲလ် က လက်ထပ်ပြီး တနှစ်လောက်အကြာပေါ့ ကိုယ်ထင်တယ် သူ့ ကိုယ်ဝန်ဆောင်စ သို့ ဆောင်ဖို့ ကြိုးစားဆဲ ကာလမှာ သူ့ခံစားချက်တွေကို သီချင်းထဲ ထည့်ရေးတယ် လို့ ယူဆရပါတယ်။ ပထမ သားဦးလေးကို အခွေထွက်ပြီး ၁ နှစ်အကြာမှာ မွေးပါတယ်။

ကဲ ခံစားကြည့်ကြမယ်နော်...

သီချင်းနားမည်လေးက ရိုးနေပေမယ့် ဘယ်တော့မှ မတုံးမယ့်......




foto from google

“မင်းကို ထာဝရ ချစ်နေမယ်”....တဲ့

ကိုယ်နဲ့မင်း လက်ချင်းတွဲပြီး
လမ်းဖြေးဖြေးလေးလျောက်နေတဲ့အခါ
ခြေရာတွေက သဲသောင်ပြင်ပေါ်မှာ...
လေပြေလေးကလဲ မင်းပါးပြင်ပေါ်
အရိပ်ဖွဖွ ပွတ်တိုက်လို့ပေါ့....
ကောင်းကင်ကလဲ ပြာလို့
မင်းမျက်လုံး စိမ်းစိမ်းလေးတွေကြောင့်
လေတွေတောင် အရောင်လဲ့နေသလိုမျိုး...
အဲ့လိုအချိန်မှာဘဲ
ရုတ်တရက်ဆိုသလို
အချစ်က လက်ဆောင်တခုလိုအသွင်နဲ့
ကိုယ်တို့ဆီ လျင်လျင်မြန်မြန်
ရောက်လာခဲ့တယ်လေ.....

ကိုယ်က ဒီမှာနေပေမယ့်
မင်းက အဝေးမှာလေ
ဘဝ က ပြန်ခေါ်တဲ့အခါ
တို့တွေ ဆိုင်ရာကို ပြန်ကြရမှာပေါ့
ဝမ်းနည်းတုံ့တုံ့ အပြုံးနဲ့
ကိုယ့်လက်တွေကို ကိုင်ထွေးပြီး..
တို့တွေ ဝေးကွာနေချိန်မှာ
ကိုယ့်ကို နားလည်စေချင်တာက....

“ကိုယ်မင်းကိုပွေ့ဖက်ထားသလိုမျိုး
မင်းကလဲ ကိုယ့်ကိုထွေးပွေ့ထားမှာပါ
ရှည်လျားတဲ့ ညတာတွေကို ...
ကိုယ့်အချစ်နဲ့ မင်းဖြတ်ကျော်နိုင်စေမှာပေါ့....
ကြယ်တွေကို မင်းမြင်တဲ့အခါ
ကိုယ့်လက်မောင်းတွေလို့ မြင်ယောင်ကြည့်ပါ
လေညှင်းလေး မင်းကို ပြေးဆော့တာကို
မင်းလည်တိုင်လေးက ခံစားရရင်
အဲ့တာ ကိုယ်မင်းကို နမ်းနေလို့ပေါ့....
မင်းကိုယ့်ကို ချစ်တယ်လို့ပြောတဲ့အခါ
ကိုယ်ကလဲ ကိုယ်သိပ်ချစ်တာ ပြောမှာပေါ့
ဘယ် ဝေးကွာမှုကမှ
ကိုယ့်တို့ ချစ်တာကို မစစ်မှန်စေနိုင်မှာ မဟုတ်ပါဘူး
ဝေးကွာနေတဲ့အခါ
အချိန်နဲ့ နေရာတွေကို ကိုယ်ကျော်ဖြတ်လာမှာပေါ့
လေတိုက်သံ ကိုကြားလား
အဲ့တာ ကိုယ်က
“မင်းကို ထာဝရ ချစ်တယ်” လို့ ပြောနေတာလေ.....

ကိုယ့်တို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို
ရှေ့ နည်းနည်း ရစ်လိုက်ရအောင်ပါ
အဲ့နေ့ကို တို့ မှတ်မိနေသေးတယ်
လောကကြီးတခုလုံးမှာ ဘာနဲ့မှ မလဲနိုင်တဲ့
သူမလေးရဲ့ မျက်နှာသေးသေးလေးကို
မင်းစိုက်ကြည့်နေတဲ့အခါ
သူမလေးရဲ့ မျက်လုံးတွေ အပြုံးတွေက
မင်းကို ညို့ မြူထားသလိုပဲ
ဒါပေမယ့် မင်းအလုပ်က
မင်းကို ကြာကြာနေခွင့်မပေးပြန်တော့
မင်းသွားဖို့ ကို တို့နှစ်ယောက်လုံး...
အဆင်သင့်မဖြစ်သေးပါဘူး
တို့ရဲ့သမီးလေးကို
မင်း ဝမ်းနည်းတုံ့တုံ့ အပြုံးနဲ့ ချီပိုးပြီးတော့....
ဖေကြီးနဲ့ ဝေးနေတဲ့ အခါ သမီးလေး သိရမှာက.....

“ကိုယ်မင်းကိုပွေ့ဖက်ထားသလိုမျိုး
မင်းကလဲ ကိုယ့်ကိုထွေးပွေ့ထားမှာပါ
ရှည်လျားတဲ့ ညတာတွေကို ...
ကိုယ့်အချစ်နဲ့ မင်းဖြတ်ကျော်နိုင်စေမှာပေါ့....
ကြယ်တွေကို မင်းမြင်တဲ့အခါ
ကိုယ့်လက်မောင်းတွေလို့ မြင်ယောင်ကြည့်ပါ
လေညှင်းလေး မင်းကို ပြေးဆော့တာကို
မင်းလည်တိုင်လေးက ခံစားရရင်
အဲ့တာ ကိုယ်မင်းကို နမ်းနေလို့ပေါ့....
မင်းကိုယ့်ကို ချစ်တယ်လို့ပြောတဲ့အခါ
ကိုယ်ကလဲ ကိုယ်သိပ်ချစ်တာ ပြောမှာပေါ့
ဘယ် ဝေးကွာမှုကမှ
ကိုယ့်တို့ ချစ်တာကို မစစ်မှန်စေနိုင်မှာ မဟုတ်ပါဘူး
ဝေးကွာနေတဲ့အခါ
အချိန်နဲ့ နေရာတွေကို ကိုယ်ကျော်ဖြတ်လာမှာပေါ့
လေတိုက်သံ ကိုကြားလား
အဲ့တာ ကိုယ်က
“မင်းကို ထာဝရ ချစ်တယ်” လို့ ပြောနေတာလေ.....

တကယ်လို့ ဘုရားပေးထားတဲ့တနေ့ ရောက်လာခဲ့ရင်
ကိုယ့်မျက်လုံးက အရောင်တွေ မှိန်ကုန်ရင်တောင်....
မင်းရဲ့ နှလုံးသားထဲကတော့...
ကိုယ်ဘယ်တော့မှ မထွက်ခွာသွားပါဘူး
ဘယ်မျဉ်း ဘယ်အကန့်အသတ်ကိုမှလဲ
ကိုယ့်ဝိညဉ်က အသိအမှတ်ပြုမှာ မဟုတ်ပါဘူးလေ....
ဘာလို့လဲဆိုတော့.....

“ကိုယ်မင်းကိုပွေ့ဖက်ထားသလိုမျိုး
မင်းကလဲ ကိုယ့်ကိုထွေးပွေ့ထားမှာပါ
ရှည်လျားတဲ့ ညတာတွေကို ...
ကိုယ့်အချစ်နဲ့ မင်းဖြတ်ကျော်နိုင်စေမှာပေါ့....
ကြယ်တွေကို မင်းမြင်တဲ့အခါ
ကိုယ့်လက်မောင်းတွေလို့ မြင်ယောင်ကြည့်ပါ
လေညှင်းလေး မင်းကို ပြေးဆော့တာကို
မင်းလည်တိုင်လေးက ခံစားရရင်
အဲ့တာ ကိုယ်မင်းကို နမ်းနေလို့ပေါ့....
မင်းကိုယ့်ကို ချစ်တယ်လို့ပြောတဲ့အခါ
ကိုယ်ကလဲ ကိုယ်သိပ်ချစ်တာ ပြောမှာပေါ့
ဘယ် ဝေးကွာမှုကမှ
ကိုယ့်တို့ ချစ်တာကို မစစ်မှန်စေနိုင်မှာ မဟုတ်ပါဘူး
ဝေးကွာနေတဲ့အခါ
အချိန်နဲ့ နေရာတွေကို ကိုယ်ကျော်ဖြတ်လာမှာပေါ့
လေတိုက်သံ ကိုကြားလား
အဲ့တာ ကိုယ်က
“မင်းကို ထာဝရ ချစ်တယ်” လို့ ပြောနေတာလေ.....

A Chen
3:35 AM
16th August 2011
Tuesday
Home
Bangkok





foto from google

"I Love You Forever"

You and I walking slowly
Hand in hand
Footprints in the sand
Watch the wind as it plays
Throwing shadows across your face
The sky was so blue
Your eyes so green
The air glittering
So sudden, so swift
Love came to us
Just like a gift

I lived here, you lived far away
Our lives called us back, no we could not stay
With a sad sort of smile you took my hand
Said while we're apart you hope I understand that...

[Chorus:]
You'll be holding me
And I'll be holding you
Through those long nights
My love will be pulling you through
When you see the stars
Pretend they're my arms
When you feel the air
That is me kissing you there
Say you love me
And I will say I love you
No distance could ever make that untrue
When I'm far away
I'll reach through time and space
When you hear the wind
You'll hear me saying
I love you forever

Fast forward our love story
I still remember that day
Her small precious face
You stared into her eyes
Hypnotized by her smile
But your job meant you had to travel
But we weren't ready for you to go
You held our daughter with a sad sort of smile
Said while we're apart I want you to know that...

[Repeat Chorus]

God forbid there'll come a day
When the light in my eyes fades away
But from your hearts I will not go
No bounds shall my spirit know, cause

[Repeat Chorus 2x]

သီချင်းလေးပါ ခံစားနိုင်အောင် သင့်ရဲ့ ပြွန်ကနေ ရှာထည့်ပေးလိုက်တယ်နော်
အော်ရီဂျင်နယ် အမ်တီဗီတော့ မရှိဘူး ဒီတပုဒ်က
ကျေနပ်ကြပါစေ။


2 comments:

  1. I like that song very much too.Thanks T Chan...BTW long time no read about your "Mg".How's he?....:)
    Gyidaw

    ReplyDelete
  2. မောင်က လောလောဆယ် တီ ကိုရီးယားခဏ သွားမှာမို့ ရန်ကုန်ပြန်သွားတယ် ဂျီးတော် သူ့အမျိုးတွေ ဆီပေါ့

    လကုန်ပြန်လာမယ်
    တီရောပဲ

    ReplyDelete