Friday, July 10, 2015

ထဆခရ (အပိုင်း - ၂)

ထဆခရ (အပိုင်း - ၂)

ငါမသေခင် ငါ့ကိုခေါ်သွားပါ
ရေခဲတောင်တွေ ရှိတဲ့နေရာ
နင်တို့ရိုးရာ အက ငါ့ကို သင်ပေးပါ
ငါမသေခင် အချိန်မှာ

ငါမသေခင် ငါ့ဆီ ပြန်လာပါ
နင့်ရဲ့ ရင်ခွင်ကျယ်ကျယ်မှာ
နားခိုအိပ်စက် နိုင်ချင်တာ
ငါမသေခင် အချိန်မှာ

မမြင်တာကြာ
ဘယ်ကမ္ဘာမှာ
နင်နေနေတာ

ငါမြင်ယောင်လာ
ဟိုစဉ်တခါ
ငါတို့ပျော်ခဲ့ ဆိုးခဲ့တာ

ဟိုစဉ်တခါ
ငယ်ရွယ်စဉ်မှာ
ငါတို့ မလွတ်လပ်ခဲ့ပါ
ချစ်ခွင့်ဖွေရှာ
မရခဲ့ပါ

ခုတော့ အရွယ်ဟာ
ပွင့်လင်း လွတ်လပ်လာ
ရိုးသား ရဲရင့်လာ
နင်ပြန်လာပါ
အမြန် ငါ့ဆီပြန်လာပါ

ငါမသေခင်ပြန်လာပါ
အတူတူသွားရအောင်ပါ
မြစ်တခုရဲ့စတင်ရာ
မြစ်နှစ်ခုရဲ့ဆုံဆည်းရာ
ကျောက်တုံး လှလှ မွေ့ပျော်ရာ
မြက်ခင်းစိမ်းစိမ်း တောင်ပေါ် တနေရာ
ငါမသေခင် ခေါ်သွားပါ
ငါမသေခင် နေချင်တာ

I realised I still have feelings for you after all these years…..of deliberately trying to forget.

{i was just going through you pics
and the feelings and missing rushes all over me
then i realised i still have feelings for u
lots of it}

T Chen
9th Jul 2015
Thursday
Hilton Nay Pyi Taw
MYANMAR


No comments:

Post a Comment