ကဲ ဒီခေါက်တော့ တီချမ်း ခရီးသွားတာလေးတွေ ရေးပါအုံးမယ်နော်။ အရင်ကလဲ အလုပ်နဲ့သွားတာ အပျော်သွားတာ ဘာဘာညာညာရေးတတ်ပါတယ်။ ပုံလေးတွေလဲ ဝေဝေဆာဆာနဲ့ပေါ့လေ။ ခုခရီးကလဲ သွားထားတာ ကြာပါပြီ သူငယ်ချင်း အမကြီးတယောက်နဲ့ (သူက ဒီမှာ ခရီးသွားအေဂျင်စီ တွေဘာတွေနဲ့ အရှုပ်တွေလုပ် အဲလေ အလုပ်တွေ လုပ်နေတဲ့သူပါ) သူ့ကိုပဲ စီစဉ်ခိုင်းရတာပါ။ ကားတွေ ဘာတွေကအစပေါ့။ သူနဲ့ ဆက်သွယ်ချင်ရင်တော့ ဒေါ်သလင်း ကိုဆက်သွယ်နိုင်ပါတယ်။ ဒီပိုစ့်ကိုလဲ သူ့ဘလောခ် အတွက်ရေးပေးမယ် ပြောထားတာပါ။ ကြာဆို လွန်ခဲ့တဲ့ နှစ်ကတည်းကပေါ့။ နှစ်ကုန်ပိုင်းကျတော့ ကိုယ်လဲ အလည်တွေလွန် အလုပ်တွေရှုပ်နဲ့မရေးဖြစ်ပါဘူး။ ကြားထဲမှာ တခြားဟာတွေ စိတ်ပါတာလျောက်ရေးနေတာလဲ ရှိတော့ ကိုယ့် ဘူဆန် ခရီးတောင် ၂ ရက်ထဲနဲ့ ရပ်ထားတာပါ။ အရင်ကတော့ ခရီးတွေ ထွက်ရင် ရေးချင်တယ်။ ခုတော့ ခရီးထွက်တာများလို့ မရေးချင်ဘူး။ စိတ်ကလဲ ခက်ပါတယ်။ သူ့အလိုလိုပါမှ ရေးလို့ ထွက်တာကိုးလေနော်။ ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းကဆို နိုဝင်ဘာကလဲ ဘန်ကောက်မှာ ရေတွေကြီးလို့ ရုံးက ၃ ပတ်လောက်ပိတ်တာနဲ့ ကိုယ်လဲ ခွင့်ရောယူပြီးတော့ ရန်ကုန်ပြန် တာ ငပလီ နဲ့ ကျိုက္ကထီးရိုး ရောက်ပါတယ်။ နောက်တခါ ဒီဇင်ဘာလ ကျပြန်တော့ ဟော်လီးဒေးတွေ နဲ့ ဆက်ပြီး တခါ ခွင့်ထပ်ယူ တလနီးပါး မြန်မာပြည်ပြန် တောင်ကြီး အင်းလေး မန်းတလေး ထပ်ရောက်ပြန်ပါတယ်။ အဲ့တာတွေလဲ ကြုံတော့ တင်တာပေါ့နော်။ တောင်ကြီး နားက အသစ်ထပ်မံတွေ့ရှိတဲ့ သဘာဝ လှိုင်ဂူ ထန်စမ်းဂူ ဆိုတာလဲ ရောက်ခဲ့ပါသေးတယ်။ ခုတော့ ကြာလဲကြာနေတာနဲ့ မဖြစ်ဖြစ်အောင် ရေးပေးလိုက်တာပါ။ ဒေါ်သလင်းရေ ရောက်ရာအရပ်ကနေ ကျေနပ်တော့နော်။ ရေးမယ်ဆိုပြန်တော့လဲ ပစ်စလက်ခတ် မရေးချင်လို့ ပုံတွေပြန်ရှာ ပြန်စီ သေချာ ပြန်တင်ရပါတယ်။ ပုံတွေ က များနေတော့ ပိုစ့်ကို အပိုင်းလေးတွေ ခွဲပြီးရေးမယ် စိတ်ကူးတယ်။ စိတ်ရှည်လက်ရှည်သာ ဘတ်ကြပေတော့နော်။
ပထမဆုံး သွားမယ်နေ့ မနက်က အစောကြီးထပြီး လမ်းထိပ်ထွက်စောင့်နေတာပါ။ ထုံးစံအတိုင်း ဒေါ်သလင်းက နောက်ကျပါတယ်။ မနက်စောစော အိမ်ကနေ ၈ နာရီလောက်ထွက်ချင်တယ်ဆိုတာကို ၉ နာရီလောက်မှ ရောက်လာပါတယ်။ ထားတော့။ ပုံလေးတွေက ဆံပင်ညှပ်ထားခါစ မောင်ရယ် ကိုယ်ရယ်ပေါ့ (ကိုယ်ကတော့ မညှပ်ထားတော့ ညှင်းသိုးသိုးဖြစ်နေသလိုပဲ အဲ့တာတောင် ဆီနဲ့ ဖိထားတာ မမိုက်ဘူးဖြစ်နေတယ် အပြင်မှာ ပိုချောတယ်) နောက်ဆုံးပုံက အတူတူ အမှတ်တရ။ (စကားမစပ် အမှတ်တရ ကို အမှတ်တယ လို့ ရေးရင် သိပ်မုန်းပါတယ် နောက် ချစ်တရ် တို့ ဘာတို့ ရေးရင်လဲ အယမ်းမုဏ်းပါတရ်) ထားတော့။
ကိုယ်တို့ သွားတဲ့နေရာ က တကယ်တော့ ခေါဝ်ရိုဝ် (ခေါဝ်ဆိုတာက တောင် ရိုဝ် ဆိုတာက ကြီးတာကိုပြောတာ ယိုးဒယားစကားနဲ့ပေါ့ အဲ့တော့ တိုက်ရိုက်ဘာသာပြန်ရင် တောင်ကြီးပါပဲ။ ကိုယ်တို့ သွားဖို့ရည်ရွယ်ထားတာက အဲ့ဒီ က နေရှင်နယ် ပတ်ခ် ခေါ် သဘာဝ လူတွေ ထိန်းသိမ်းပြုပြင်ထားတဲ့ ပန်းခြံ ကိုသွားမှာပါ လမ်းမှာ ပါလီယို လို့ ခေါ်တဲ့ နေရာကို ဝင်ပါမယ်။ အဲ့ဒီ ခေါဝ်ရိုဝ်က နာခွန်ဝါချစီမ မြို့နယ် မှာရှိတာပါ နာခွန်နာယောခ် တို့ ဆာရာဘူရီ တို့ နဲ့ လဲ ဆက်စပ်နေပါတယ်။ အဲ့ဒီ တောင်ကြီး (လို့ပဲဆက်ရေးပါမယ်) နေရှင်နယ် ပတ်ခ် က ယိုးဒယားမှာ ဒုတိယအကြီးဆုံး သဘာဝထိန်းသိမ်းဥယာဉ်ပါ။ စတုရန်း ကီလိုမီတာ ၂ ထောင်ကျော် ကျယ်ပါတယ်။
ကဲ စထွက်တော့မယ် ဆိုင်းဘုတ်အပြာလေးတွေ့တယ်နော် အဲ့တာ ကိုယ့်အိမ်လမ်းထိတ်ပါ။ ဆွိုင်း ကော်လစ် လို့အမည်တွင်ပါတယ်။ ဆွိုင်းဆိုတာ ဒီမှာ လမ်းသွယ်ကိုခေါ်တာပေါ့။ ဖရာထိုင်း ဆိုတဲ့ အရပ် ရချထီဝီ မြို့နယ် မှာ နေပါတယ်။ ဒုတိယ ပုံကိုကြည့်ပါ ဆာရာဘူရီ ဘက်ကို ဦးတည်သွားပါတယ်။ ဆိုင်းဘုတ်ကို သေချာကြည့်ရင်တွေ့မယ် အယုဒ္ဓယဘက်ကို သွားတာနဲပ တဘက်တည်းပါပဲ။ လမ်းမှာသာ ပြန်ခွဲသွားတာပါ။ တတိယပုံကတော့ ဒေါ်သလင်းပါ သူက သူ့ပုံတွေ မထည့်နဲ့ ပြောပါတယ်။ တီကတော့ ထည့်မှာပဲ။
ပုံမှာပါတဲ့ နာရီကိုကြည့်လိုက်ပါ ထွက်ခွာလာတာ တနာရီ မိနစ် ၂၀ လောက်ရှိပါပြီ မောင်ကတော့ ကားပေါ်ရောက်တာနဲ့ အိပ်တော့တာပဲ။ တတိယပုံကတော့ လမ်းမှာ ရပ်ပြီး ကားလဲ ဆီဖြည့် လူလဲ ဆီဖြည့်ပါ။ ပြောချင်တာ တခုရှိပါတယ်။ ယိုးဒယားမှာ လူတွေ သွားလာရေး လမ်းပမ်းဆက်သွယ်ရေးတွေကွန်မြူနီကေးရှင်းတွေအကုန်လုံးကို အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အမှန်က နိုင်ငံတနိုင်ငံမှာ အဲ့တာတွေက အဓိက ကျတယ်လို့ကိုယ်မြင်ပါတယ်။ အဲ့တာတွေ လုပ်ပေးနိုင်လို့ ပြည်သူတွေ အဆင်ပြေရင် နိုင်ငံ တိုးတက်ဖို့ အစပါပဲ။ ယိုးဒယားက အဲ့တာတွေသိပ်အဆင်ပြေပါတယ်။ လမ်းတလျောက် ဆီဖြည့်ဖို့ နေရာတွေ အများကြီး ရှိပါတယ်။ နေရာတိုင်းမှာလဲ နားနားနေနေ လူတွေအဆင်ပြေအောင် ၇-၁၁ လိုမျိုးဆိုင်တွေ ဘလက်ကင်ညွန် လိုဆိုင်တွေ S&P လိုဆိုင်တွေ ရှိပါတယ်။ နားလို့လဲ ရ ရှော့ပင်လဲ မလွတ်စေရ။ ရောင်းတဲ့လူလဲရောင်းရ ဘယ်လောက်ကောင်းလဲ။ ရှော့ပင်ဆိုလို့ ဒီနိုင်ငံ က အစိုးရက ရှော့ပင်ကို သိပ်အားပေးပါတယ်။ ကိုယ်မှတ်မိတာပြောအုံးမယ်။ ခရီးပိုစ့်ဆိုပေမယ့် ဆိုင်ရာဆိုင်ရာနေရာတွေမှာ နိုင်ငံအကြောင်း ကိုယ့်အမြင်တွေလဲ ထည့်ရေးသွားပါမယ်။ ကိုယ်ဒီရောက်တာ ၃ နှစ်ရှိပါပြီ။ ပထမ တနှစ်ကတော့ သိပ်သတိမထားမိသေးပါဘူး။ ကိုယ်လဲ သွားလိုက်ပြန်လိုက် များနေတာနဲ့ပါ။ ဒုတိယ နှစ်မှာတော့ ၄ လပိုင်းမှာ သူတို့ အဖြူအနီတွေ ဖြစ်ကြတော့ သိနေပါပြီ။ အဲ့မှာ အဲ့ဒီအဖြစ်အပျက်တွေပြီးတော့ အစိုးရက ဘာလုပ်ပေးလဲဆိုတော့ ပိတ်ရက်တွေအစားပြန်ပေးတာမျိုး၊ အခွန်တွေ လျော့ပေးတာမျိုး လုပ်ပြီး နိုင်ငံ့ အရောင်းအဝယ်ကို ပြန်တက် လာအောင်လုပ်ပေးပါတယ်။ စတာစတာတွေပေါ့။ တစွန်းတစ လေ့လာမိတာလေးတွေပါ။ နိုင်ငံရေးကို သိလှလဲ မဟုတ်ပါဘူး။ ထားတော့။ တော်ကြာ သားစိုးလို လူသိရှင်ကြားတောင်းပန်နေရအုံးမယ် အစကတည်းက တီချမ်း
ဆိုစောင့်ကြည့်တဲ့သူတွေက များနေတာ တခုခုမှားတာနဲ့ ဝိုင်းပြောကြမယ်ဆိုတာချည်းပဲ ကြောက်လို့တော့ မဟုတ်ပါဘူး။ လာထားပဲ။
မောင်က ဘာစားတာလဲ မမှတ်မိတော့ဘူး။ ငါးလုံးကြော်ထင်တယ်။ တုတ်နဲ့ထိုးပြီး ကင်တာလား ကြော်တာလား တခုခုပဲ ကိုယ်ကတော့ ဝက်သားပေါက်စီလေးစားတယ်။ နောက် အိုက်ခရမ်လဲ စားကြသေးတယ်။ ရေတွေ ကျွဲရိုင်းတွေ ဆက်လက်ရမယ့် ခရီးအတွက် ရိက္ခာတွေ ဝယ်တယ်။
နောက်တခါ ထပ်ပြီး ခရီးဆက်ကြရပြန်ပါတယ်။ ကြည့်ပါအုံး လမ်းခရီးက သာလိုက်တာ လမ်းတွေဆိုတာ ၁၀ လမ်းသွားတွေလား ၁၂ လမ်းသွားတွေလား ဖြူးနေတာပဲ နိုင်လွန်ကတ်တရာဆိုတာ ကိုယ့်နိုင်ငံမှာ မဲမဲ ပျော့ပျော့ နေပူရင် ဘေးကို ပျော်ထွက်တာမျိုးပဲ မြင်ဖူးတဲ့ ကိုယ့်အတွက်တော့ အရာရာဟာ အထုးအဆန်းတွေချည်းပါပဲလေ။ အော် လမ်းကိုဒီလိုကောင်းအောင်လဲ ခင်းလို့ ရတာလားပေါ့လေ ကိုယ်တို့ နိုင်ငံက လမ်းတွေက တော့ ဘယ်အစိုးရပဲ တက်တက် ပျက်အစဉ် ပြင်ခဏခဏ ပြင်ပြီး ပြန်ပျက်လဲ ခဏခဏ ထပ်ပြင်လဲ ထပ်ပျက် ခဏခဏ ဖြစ်နေတာပါလားပေါ့။ ရုပ်ရှင် သမားတွေ ပြောသလို နည်းပညာ အားနည်းတာမဟုတ်ပါဘူး မြန်မာပြည်ကလဲ အင်ဂျင်နီယာတွေအများကြီးထွက်တာကိုးနော်။ (စလုံးရောက်ကုန်တာတော့ တဘာသာပေါ့) နည်းပညာအားနည်းတာ မဟုတ်ရင် ပစ္စည်းပိုင်းအားနည်းလို့ပေါ့လို ရိုးရိုးလေးပဲ တွေးထင်ခဲ့တာ ဆရာသမားတယောက်ပြောမှ ကိုယ်လဲ ဟင်ဖြစ်သွားပါတော့တယ်။ သူပြောတာကတော့ ခဏခဏပျက်မှ လမ်းပြင်လုပ်သား မြူနီစီပယ်တွေအလုပ်ရှိမှာပေါ့တဲ့။ အော် အင်း.......ဟုတ်သား ဟုတ်သလိုလိုပဲ ပေါ့။ ထားပါ။ နိုင်ငံရေး အကြောင်းသိပ်မသိပါဘူး။ မသိဆို လမ်းပျက်တာ နိုင်င့ရေးနဲ့ ဘာဆိုင်သလဲနော်။ မီးပျက်တာလဲ မဆိုင်ပါဘူးပေါ့ ခုတော့ မီးပျက်တာလဲလွှတ်တော်ထဲမှာ ပြောနေကြ လမ်းပျက်တာလဲ ပြောနေကြတော့လဲ အော် ဒီမိုကရေစီ နိုင်ငံရေးနဲ့တော့ အဲ့တာတွေက ဆိုင်မယ်ထင်ပြန်တာပဲပေါ့နော်။ (အင်း နီးတော့ နီးနေပြီထင်တယ်) အို ဘာတဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေး အချက်ဘယ်လောက်ဆိုလား..........တော်ပြီ တော်ပြီခရီးထွက်တဲ့ အကြောင်းပဲ ဆက်ရေးတော့မယ် ကိုယ်ကအဲ့လိုပဲ တောင်ဆို မြောက်ရောက်တတ်လွန်းလို့ ။ တွေ့တယ်မှလား လူပျင်းတွေကတော့ ကားပေါ်ရောက်တာနဲ့ အိပ်တော့တာပဲ ပတ်ဝန်းကျင်လေ့လာရမှန်းလဲမသိ အဲ့တာကြောင့်လဲ မတိုးတက်တာနေမှာ။
ဟော......ရောက်ပါပြီလမ်းမှာဝင်မယ့် ပါလီယို ဆိုတဲ့နေရာ ဒီနေရာမှာ အဲ့ဒီ ပါလီယိုလျောက်လမ်း palio walking street သူက ခုနက ဆာလာဘူရီ ဘက်ကိုသွားတဲ့ လမ်းတဝက်လောက်မှာ ရှိတာပါ။ခေါဝ်ရိုဝ် (တောင်ကြီး မေ့မှာစိုးလို့) ဘက်ကိုသွားလို့ရှိရင် အသွားမှာ ဝင်ရင်လဲရသလို အပြန်မှာ ဝင်ရင်လဲ ရပါတယ်။ လမ်းပေါ်မှာပဲ ရှိတာပါ။ သိပ်လဲအထင်ကြီးမနေကြပါနဲ့။ အမှန်ကတော့ ပါလီယို ရှော့ပင်း street လို့ပြောရင်တောင် ပိုမှန်မယ်။ သူက အဲ့ဒီနေရာ ကွက်ကွက်ကလေးကို အီတလီ ပုံစံမြို့ငယ်လေးတခုလိုလုပ်ထားတယ်။ အဆောက်အဦးတွေ လမ်းတွေ ကွက်လပ်တွေ က အစပေါ့။ နောက် သူက ဆောက်ထားတာ သိပ်မကြာသေးဘူး။ အသစ်ပေါ့။ အရင်ကတော့ ဝင်ကြေးကောက်တယ်ပြောတယ်။ ကိုယ်တို့ သွားတော့ ဝင်ကြေးမကောက်တော့ဘူး။ ပုံမှာပြထားတာ နောက်ဘက် ကားပါကင်နားပါ။ ဝင်ပေါက်ကတော့ အများကြီးပဲ ဘယ်ဘက်က ဝင်ဝင်ရတယ်။ မြေပုံလေးတွေရှိတယ်။ You are here ဆိုတာမျိုးလေ။ ရှော့ပင်းတွေကတော့ အစုံပါပဲ။ ပြောရမယ်ဆိုရင် ပစ္စည်းအများစုက ဘန်ကောက်နားက ချပ်တူချပ်မားကက်က နဲ့တောင်တူသေးတယ်။ ဆူဗီးနီးယားလေးတွေ၊ အင်္ကျီ အဝတ်အစားတွေ။ ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တန်းတွေရှိမယ် မနက် ၁၀ နာရီ ကနေ ည ၁၀ နာရီ အထိဖွင့်ပါတယ်။ စတိုးဆိုင်ပေါင်း ၁၀၀ ကျော်ရှိပြီး စတားဘတ်ခ်စ် ကော်ဖီဆိုင်လဲရှိပါတယ်။ ခုနောက်ပိုင်းမှာ အီတလီ လမ်းကြားဆိုပြီး နာမည်ကြီးလာတာပေါ့။ သူက ထူးတာကတော့ ဓါတ်ပုံရိုက်စရာနေရာလေးတွေပါ လုပ်ထားပေးတယ်။ စားသုံးသူ ကိုစွဲဆောင်နည်းတမျိုးပေါ့။ ပြီးတော့ သူက ခေါဝ်ရိုဝ်ရဲ့ အောက်လက်ရွာလို့လဲ နာမည်ပေါက်သေးတယ်။ အင်း.....ကိုယ်သတိထားမိတာနောက်တခု။ ဒီက ဘန်ကောက်အပြင်ဘက်က မြို့ သေးသေး တော်တော်များများမှာ အဲ့လို outlet ဆိုင်လေးတွေတော်တော်များများရှိတယ်။ ဥပမာ ဖက်ထရားတို့ ဖူးကက်တို့ ဟွာဟင်တို့လို ကမ်းခြေ မြို့တွေမှာ ရှိတတ်သလို ချင်းမိုင်လို တောင်ပေါ်မြို့ မျိုး မဲစောက်လို နယ်စပ်မြို့တွေမှာလဲ ရှိတတ်တယ်။ ဖော်ရိန်နာများတာရယ်၊ export import များပြီး demand များလို့လဲဖြစ်နိုင်တယ်။ အဲ့ဒီ စက်ရုံတွေမှာ လုပ်နေတဲ့ လူများစုကတော့ ဝမ်းနည်းစရာကောင်းစွာနဲ့ သိသာစွာ ကိုယ်တို့ မြန်မာလူမျိုးတွေပဲပေါ့။ ကိုယ့်အတွေ့အကြုံအရတော့ ဒီက လူတွေက ကိုယ်တွေထက်ယှဉ်ရင် အလုပ်လုပ်တာမှာ နည်းနည်းပိုညံ့ပြီးတော့ ပျင်းပေမယ့် ဒီလို လုပ်စားနေရာမှာကျပြန်တော့ ပိုတော်နေပြန်ရော်။ ဥပမာ လက်ဖြစ် handy crafts လေးတွေ၊ နောက် ဒီလို မဟုတ်တာကို အဟုတ်လုပ်ပြီး ဈေးရောင်းနည်းလေးတွေ တော့ သူတို့မို့လို့ စဉ်းစားတတ်ပလေ လို့ ပြောရမလိုပဲ။ ဖတ်ထရားနားက ရေပေါ်ဈေးလိုဟာမျိုး ဟွာဟင်က နှစ်တရာ မြို့ဟောင်း ဆိုတာလိုဟာမျိုးတွေဟာ တကယ်တော့ ရိုက်စားမှ တကယ့်ကို ရိုက်စားပဲ ရကောက်နဲ့ရော ယပလက်နဲ့ပါရိုက်စားတာပါ။ ထားတော့။ သူများနိုင်ငံ မကောင်းကြောင်းတွေ သိပ်မပြောချင်ဘူး။ ကိုယ့်နိုင်ငံကလဲ မကောင်းတော့။
အိမ်သာဆိုင်းလေးတွေက မိုက်လို့ တကူးတက ကိုရိုက်လာခဲ့တယ်။ နောက်တခုက အိမ်သာထဲက ဆိုင်းပါ ပြင်သစ်လိုပါရေးထားသေးတယ်။ ဒီနေရာမှာ အန်ပါထင်တယ် ဝေါ့........နောက်တခု ပြောရမှာ ဒီကအများသုံး အိမ်သာ အများစုဟာ သိပ်သန့်တယ်ဆိုတာပါပဲ။ အေးလေ သူတို့ဆီမှာ ဗုံးတွေဘာတွေမပေါက်လို့နေမှာပေါ့။ အိုကိုယ်လဲ ဘာတွေပြောမိနေပြန်ပလဲမသိဘူး။ ထားတော့။ အိမ်သာက ဆိုင်းဘုတ်လေးတွေလှတယ် အိမ်သာလဲသန့်တယ် ဒီလောက်ဆိုရပြီ။
ဒါလေးတွေကတော့ ပန်းပုံရိုက်ရတာကြိုက်တဲ့ ကိုယ့်လက်ရာလေးတွေပါ။
ပထမပုံက နန်းညီအတွက်ဖြစ်ပါတယ်။ သူသိပ်ကြိုက်တဲ့ ပန်းချီဆရာရဲ့ ပုံကို ကော်ပီဆွဲထားတာပါ။ အလယ်ပုံက အိမ်သာထဲက ပန်းချီကားလေးပါ။ သဘောကျလို့။ အိမ်သာလေးက သန့်သန့်ရှင်းရှင်းလေးနဲ့ ပုံလေးတွေနဲ့ ဆိုတော့ တကယ့်ကို နာမည်နဲ့လိုက်အောင် တအိမ်လုံးမှာ အသာယာဆုံးပေါ့။ နောက်ဆုံးပုံကတော့ မြင်ကွင်းကျယ်နဲ့ရိုက်ထားတဲ့ ပုံပါ။ မောင်နဲ့ ဝင်ပေါက်ဘက်က တနေရာရာပေါ့။
ပထမပုံက အိမ်သာနားကိုသွားတဲ့ လမ်းကြားလေးပါ။ ပန်းတွေနဲ့ တွေ့လား ဘယ်လောက်သာယာအောင်လုပ်ထားသလဲ။ ဘေးပုံတွေကတော့ မြို့ငယ်လေးနဲ့ တူအောင်လုပ်ထားတဲ့နေရာလေးတွေပေါ့။ အောက်မှာလဲ ပုံတွေ ရှိသေးတယ်။နောက်နေ့ကျဆက်ပြီး အားပေးကြ ကြည့်ကြအုံး။
A Chen
2:03 AM
Monday
23th Jan 2012
Home
Bangkok
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
1 week ago
တီ တော်တော်ဆိုးတယ်နော် ဟွန့်
ReplyDeleteသူပဲ ကိုးနာရီလောက်မှ ထွက်မယ်ဆိုပြီးတော့ :)
ဘာပဲဖြစ်ဖြစ် ရေးပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။
မပြီးသေးဘူး မမ ၃ ပိုင်းလောက်တော့ ရေးရမယ်ထင်တယ်
ReplyDeleteအိုကေ ဖြည်းဖြည်း ရေးနော်။ ပုံတွေ ပြန်ကြည့်ရင်း ထပ်သွားလာတယ်တော့ :)
ReplyDeleteထပ်သွားချင်လာတယ်ပြောတာပါ :P
ReplyDeleteမမ ဒီနေရာ ပိုလှတယ်နော်။ ငါတို့သွားထားတာကောရေးဦးမှာလား။ နေရာတော့မလှပေမယ့် ပိုပျော်သလိုပဲ။ လုစုံနေလို့။
ReplyDeleteအားကျအောင်လုပ်နေပြန်ဘီ..............
ReplyDeleteဒီထက်ပိုဖတ်ချင်သေးတယ်.. တီတီ..
:)
Cheer!!!!!!!
ထပ်သွားချင်ရင် ထပ်သွားကြတာပေါ့ ဒေါ်သလင်းရယ်
ReplyDeleteမိယာ အေး ငါတို့ သွားတာကိုလဲ ရေးမယ်လေ နောက်တော့ ဖြည်းဖြည်းပေါ့
ဖြိုးစကီးရေ အားကျရင် လုပ်လေ ဒီထက်ပိုဘတ်ရမှာပေါ့ နောက် ၂ ပိုင်းကျန် သေးတယ် နောက်လဲ ထပ်ရေးမယ်လေ
Waiting for the sequal.Come quickly and don't do it like Thet Paing Thu:P{Ah tinn pyaw thar thi}Btw your Maung's eyes are talking something.
ReplyDeleteGyidaw
Dear Gyidaw,
DeleteI respect that you don't find his blog sequel soon enough but he is my friend so there is no need to talk him down to praise me. That's not going about it the right way. But thanks for the encouragement for writing the sequels which I definitely will when the inspiration hit.
မအားတဲ့အထဲ့ လာဖတ်ပေးတာကျေးဇူးတော်။
ReplyDeleteHey...T chen!
ReplyDeleteI didn't mean it in negative sence.It's just kidding and wake him up cos both you and me are his friends.No problem and serious matter at all.
GD