Monday, March 2, 2009

နံနက်ခင်း သီချင်း


နံနက်ခင်း သီချင်း

မကိုင်ပါနဲ့ အဲ့ဒီ ဖုန်းကို မြည်နေစမ်းပါစေ တို့ပြန်အိပ်ကြရအောင်ပါ
တို့ရဲ့ တံခါးအပြင်ဘက်က ကမ္ဘာကြီးလည်နေစမ်းပါစေ
မင့်တစ်ယောက်သာ ငါ အမြင်ချင်ဆုံးလူပါ
မင့်ရဲ့ သူဌေးကိုပြောလိုက်ပါ မင်းနေမကောင်းဘူးလို့
ပြီးရင် မြန်မြန် အိပ်ရာထဲပြန်လာတော့ ဒီမှာ ငါအေးလှပြီ
ဒီကိုလာပြီး ငါ့လက်တွေကိုနွေးအောင်လုပ်ပေးပါအုံး ကောင်လေးရယ်
သူတို့က မင့်ကိုသာပွေ့ဖက်ထားချင်ကြတာပါ
ပြီးတော့ မင့်အစ်မပြောတာတွေကိုလဲတွေးနေတာရပ်လိုက်ပါတော့
နောက်ပြီး စိတ်ပူနေတာလဲတော်တော့ ကြောင်ကိုအစာကျွေးပြီးပြီ
လာပါ အချစ်ရယ် အိပ်ရာထဲပြန်သွားကြရအောင်ပါ
ဖုန်းဖြေစက်ကိုဖွင့်ထားလိုက်လေ
ပန်းကန်တွေကိုလဲ လက်ဆေးကန်ထဲမှာပစ်ထားလိုက်
တံခါးလာခေါက်လဲမဖွင့်ပေးနဲ့
မင့်တစ်ယောက်သာ ငါအမြတ်နိုးဆုံးပါ
မင့်ကိုငါအချစ်တွေထပ်ပေးချင်ပါသေးတယ်လေ

တို့တွေအိမ်ရှေ့ ကပြင်မှာထိုင်နေတုံး
နေရောင်က တို့ခြေထောက်တွေကိုနွေးထွေးစေတယ်လေ
မင်းကမင့်ရဲ့ကော်ဖီကို သကြား၊ နို့မှုန့်နဲ့သောက်နေချိန်မှာ
ငါ့ကလဲငါ့ရဲ့ အကြိုက် ဆေးလက်ဖက်ရည်ကြမ်းလေးနဲ့ငြိမ့်နေမှာပေါ့
တို့နှစ်ယောက်ဟာတခါမှ မကြုံဆုံဖူးတဲ့
သူတစ်စိမ်းတွေလိုဟန်ဆောင်နေရအောင်လေ
အင်း မင်းဟာငါတခါကအိပ်ခဲ့ဖူးတဲ့မေ့မရနိုင်တဲ့မျက်နှာနဲ့
ကောင်လေးတစ်ယောက်ကို သတိရစေတယ်
မင်းက “ဟင်နရီ မီလာ” လုပ်လေ
ငါက “အနိုက်ရက်စ်နင်း” လုပ်မယ်
တစ်ခုလေးပဲ
ဒီတစ်ခါတော့ တို့တွေပိုကောင်းတဲ့ဇာတ်သိမ်းနဲ့
နောက်ဆုံးအချိန်မှာ ပျော်ပျော်ရွှင်ရွှင် ဇာတ်ပေါင်းကြတာပေါ့
လာပါအချစ်ရယ် အိပ်ရာထဲပြန်သွားကြရအောင်ပါ
ဖုန်းဖြေစက်ကိုဖွင့်ထားလိုက်လေ
ပန်းကန်တွေကိုလဲ လက်ဆေးကန်ထဲမှာပစ်ထားလိုက်
တံခါးလာခေါက်လဲဖွင့်မပေးနဲ့
မင့်တစ်ယောက်သာ ငါအမြတ်နိုးဆုံးပါ
မင့်ကိုငါအချစ်တွေ နောက်ထပ်ပေးချင်ပါသေးတယ်လေ
မကိုင်ပါနဲ့ အဲ့ဒီ ဖုန်းကို မြည်နေစမ်းပါစေ တို့ပြန်အိပ်ကြရအောင်ပါ

A Chen
6:10 am
2nd Mar 2009
Home
Bkk

2 comments:

  1. နွေးထွေးကြည်နူးစရာလေးပါ။ ဖတ်နေရင်းနဲ့တောင် စိတ်ချမ်းမြေ့နေမိတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  2. ဟုတ်တယ် ကိုတိမ်
    မူရင်းစာသားလေးကကိုအရမ်းကောင်းတာလေ
    မြင်ယောင်လာတယ်
    နောက်တစ်ပုဒ်ရှိသေးတယ် ဒီအဆိုတော်ပဲ
    ကျွန်တော်ပြန်ခံစားထားတာ
    ပန်းချီဆရာများ ဆိုတာလေး
    အားရင်လာအားပေးပါအုံး

    ReplyDelete