ချစ်သော တီချမ်းရေ
ဘာသာပြန်ဝတ္တုတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်ဗျာ..
“နှင်းကျနေတဲ့ညကြီးမှာ မီးထိုးပြီးကားမောင်းရတာကို သိပ်ကြိုက်တာပဲ”
လို့ အဲဒီမင်းသားကပြောတယ်.. ရှေ့တစ်ပေအကွာမှာ ဘာရှိနေလဲမမြင်ရ
မီးတန်းအဆုံးမှာပဲ လမ်းကဆုံးနေပြီလိုလို ထင်ရတယ်တဲ့.. တကယ်တမ်းမောင်းတော့
တစ်ပေအကွာမှာလည်း ဘာမှမရှိ..
မီးတန်းဆုံးလည်း လမ်းကမဆုံး ဆက်မောင်းနေရတုန်းပဲတဲ့”
တကယ့်ဘ၀ကလည်း ဒီလိုပါပဲ..
လမ်းဆုံးပြီလို့ထင်နေပေမယ့် တကယ်ကမဆုံးသေးဘူး..
ရှေ့မှာရှိနေသေးတယ်.. မမြင်ရတဲ့ အကွေ့အကောက်တွေရော..
ကြိုသိနေတဲ့အဆင်းအတက်တွေရော.. အန္တရာယ်တွေရော..
ရင်ခုန်စွန့်စားစရာတွေရော အများကြီးပဲလေ.. ဘာပဲဖြစ်ဖြစ်
ဓာတ်ဆီနဲ့လမ်းရှိနေသရွေ့တော့ ဆက်မောင်းနေရဦးမှာပဲမဟုတ်လား..
ညီညီိတို့က Forrest Gump ဇာတ်လမ်းထဲကလို.. "Run Forrest... Run" ဆိုတာနဲ့
ခြေကုန်သုတ်ပြေးတတ်ဖို့ကို ပတ်ဝန်းကျင်က ပုံစံသွင်းပေးတာ ခံခဲ့ကြရတာ...
“အားတင်းပြီးပြေးတယ်၊ လေဆန်ပြီးပြေးတယ်
ဒါပေမယ့် ဘယ်တော့မှ လမ်းရဲ့အဆုံးကိုရောက်မသွားဘူး”
ဆိုပေမယ့်လည်း ပြေးနေရတဲ့ဘ၀ကတောင် အဓိပ္ပါယ်ရှိနေသေးတယ်လေ..
အဆုံးမှာဘာရှိလည်းကတော့ အဆုံးရောက်မှသိနိုင်မှာမို့ ကြိုစဉ်းစားစိတ်ညစ်မနေပါနဲ့တော့..
မပြေးနိုင်တဲ့ဘ၀တွေကို တွေးပြီး ကိုယ်ပြေးနေရတာကတောင်
အရသာရှိသေးတယ်လို့ တွေးကြည့်ပေါ့.. ကြယ်ရောင်တွေအောက်မှာ ပြေးရင်း လေတိုးတဲ့အရသာကိုခံစားကြည့်လိုက်ကြရအောင်လား.. ...
တီချမ်းအတွက် မှ နီညမ်း
Wednesday, March 11, 2009
Subscribe to:
Post Comments (Atom)
ညီ မှန်တာပေါ့ လေဆန်ပြီးသာ အားပါးတရပြေး
ReplyDeleteအန်တီချမ်းရောပေါ့
သူတို့ ညီမ နှစ်ယောက် ကပြောသွားကြတော့ တို့ဘာမှ မပြောတော့ပါဘူးကွယ်
ReplyDeleteခုမှ ရောက်ဖူးတာ..မျက်စိတော့ နဲနဲလည်နေတုန်း၊
ReplyDeleteဟုတ်ကဲ့ ကျမ mirror ပါ..:)
ညီညီပြောတာတွေဖတ်ပြီး ပြန်သွားပါတယ်။
သူ့ကိုတော့သိပ်ကောင်းတယ်လို့ ပြောခဲ့ပါတယ်။
သြော်၊အန်တီချမ်းရော...ဒီလိုရေးတာလေးတွေ ခိုက်ပါတယ်..။
ပေးစာတွေ လာဖတ်သွားတယ်။ မှတ်ချင်တာလေးတွေ မှတ်သွားတယ်နော် :)
ReplyDeleteလာဖတ်ပါတယ်--
ReplyDeleteအားပေးပါတယ်--
ပျော်ရွှင်ပါစေ--