ညံ့လိုက်တဲ့ ဆင်ခြေ
ငါ့ဘ၀မှာ အမှားတွေအများကြီး
ခဏခဏ မှားခဲ့ဖူးတယ်
တချို့အမှားတွေက‘‘အမှားကောင်း’’တွေပါ
ကျေနပ်စရာကောင်းတယ်
ပျော်ရွှင်စေတယ်
အမှားတစ်ခုဟာ
စိတ်ကျေနပ်မှုကိုလဲပေးတယ်
ပျော်ရွှင်မှုကိုလဲရစေတယ်ဆိုရင်
အဲဒါကို အမှားလို့ပြောလို့ရသေးရဲ့လား
အမှား လို့ ခေါ်နိုင်သေးရဲ့လား
ပြီးတော့
အဲဒီအမှားကို
ကျုးလွန်မိစေတဲ့ ‘‘အချက်’’ ကလဲ
‘‘အချစ်’’ ဆိုရင်လေ။ ။
A Chen
12:07 am
9th January 2009
New year trip 03012025
-
အုပ်စုလိုက်ခရီးထွက်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ်တကိုယ်စာလုပ်ချင်တာတွေ
မလုပ်ခဲ့ရဘူး။ ခါတိုင်းလို ခရီးသွားပုံကြမ်းခြစ်တာမျိုး မလုပ်နိူင်ခဲ့တာ
ကိုယ့်အ...
22 hours ago
တွေးစရာတွေဖြစ်ကုန်ပြီ
ReplyDeleteဆိုလိုတာက အချစ်ကြောင့်မှားရင် အမှားကောင်းပေါ့။ ဟုတ်လား။
ReplyDeleteအင်း
ReplyDeleteဒါပေမယ့် မြှောက်ပေးတာတော့ဟုတ်ဘူးနော်
ကိုယ့်ဘာသာ ကိုယ် အကြောင်းပြချက်ရှာနေတာ
မှားမလားလို့
ဒါပေမယ့်လဲ
အကြောင်းပြချက်ကိုယ်တိုင်က တော်တော်ညံ့နေသေးတယ်
:D
ကမ္ဘာတည်တဲ့ သစ္စာနှစ်ပါး ရှိတယ်ဗျ။ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ။
ReplyDeleteသမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်စေတတ်သလို၊ ဒုက္ခသစ္စာကြောင့် သမုဒယသစ္စာ ဖြစ်စေတတ်တယ်။ အဲဒီတော့'က' နဲ့ 'ယ' ကို ဟိုဘက်ဒီဘက်ကြည့် သလို ကြည့်တဲ့သူဘက်ကနေလိုက်ပြီး အဖြေကတော့ထွက်မှာဗျ။ ရဲသွင်ကတော့ ဆိုခဲ့ဘူးတယ်။ အချစ်နဲ့ စစ်မှာ အမြဲအကုန်လုံး တရားတယ်တဲ့။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကိုတိမ် ကအချစ်နဲ့စစ်မှာတရားတယ်လို့ရဲသွင်ကိုကိုးကားပြီးပြောလာတော့
ReplyDeleteအင်း
တို့ထင်တာမမှားဘူးဆိုရင်
သူပစ်တော့မယ်
သေးပေါက်နေတဲ့စစ်သားကို
ဟိဟိ
အမှားကောင်းလေးပေါ့လေး)
ReplyDeleteမှားပြန်တယ်
ReplyDelete(တင်ဇာမော် သီချင်း ဆိုသွားတယ်)
အချစ်ကြောင့်မှားလည်း မှားတာက မှားတာပဲ.. မတရားထိခိုက်ရင်တော့ ဘာကြောင့်မှဖြစ်ဖြစ် ခွင့်မလွှတ်ပေါင် .. ဟုတ်ဖူးလား
ReplyDelete