Monday, March 9, 2009

ညံ့လိုက်တဲ့ ဆင်ခြေ

ညံ့လိုက်တဲ့ ဆင်ခြေ

ငါ့ဘ၀မှာ အမှားတွေအများကြီး
ခဏခဏ မှားခဲ့ဖူးတယ်
တချို့အမှားတွေက‘‘အမှားကောင်း’’တွေပါ
ကျေနပ်စရာကောင်းတယ်
ပျော်ရွှင်စေတယ်
အမှားတစ်ခုဟာ
စိတ်ကျေနပ်မှုကိုလဲပေးတယ်
ပျော်ရွှင်မှုကိုလဲရစေတယ်ဆိုရင်
အဲဒါကို အမှားလို့ပြောလို့ရသေးရဲ့လား
အမှား လို့ ခေါ်နိုင်သေးရဲ့လား
ပြီးတော့
အဲဒီအမှားကို
ကျုးလွန်မိစေတဲ့ ‘‘အချက်’’ ကလဲ
‘‘အချစ်’’ ဆိုရင်လေ။ ။

A Chen
12:07 am
9th January 2009

8 comments:

  1. တွေးစရာတွေဖြစ်ကုန်ပြီ

    ReplyDelete
  2. ဆိုလိုတာက အချစ်ကြောင့်မှားရင် အမှားကောင်းပေါ့။ ဟုတ်လား။

    ReplyDelete
  3. အင်း
    ဒါပေမယ့် မြှောက်ပေးတာတော့ဟုတ်ဘူးနော်
    ကိုယ့်ဘာသာ ကိုယ် အကြောင်းပြချက်ရှာနေတာ
    မှားမလားလို့
    ဒါပေမယ့်လဲ
    အကြောင်းပြချက်ကိုယ်တိုင်က တော်တော်ညံ့နေသေးတယ်
    :D

    ReplyDelete
  4. ကမ္ဘာတည်တဲ့ သစ္စာနှစ်ပါး ရှိတယ်ဗျ။ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ။
    သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်စေတတ်သလို၊ ဒုက္ခသစ္စာကြောင့် သမုဒယသစ္စာ ဖြစ်စေတတ်တယ်။ အဲဒီတော့'က' နဲ့ 'ယ' ကို ဟိုဘက်ဒီဘက်ကြည့် သလို ကြည့်တဲ့သူဘက်ကနေလိုက်ပြီး အဖြေကတော့ထွက်မှာဗျ။ ရဲသွင်ကတော့ ဆိုခဲ့ဘူးတယ်။ အချစ်နဲ့ စစ်မှာ အမြဲအကုန်လုံး တရားတယ်တဲ့။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  5. ကိုတိမ် ကအချစ်နဲ့စစ်မှာတရားတယ်လို့ရဲသွင်ကိုကိုးကားပြီးပြောလာတော့
    အင်း
    တို့ထင်တာမမှားဘူးဆိုရင်
    သူပစ်တော့မယ်
    သေးပေါက်နေတဲ့စစ်သားကို
    ဟိဟိ

    ReplyDelete
  6. အမှားကောင်းလေးပေါ့လေး)

    ReplyDelete
  7. မှားပြန်တယ်
    (တင်ဇာမော် သီချင်း ဆိုသွားတယ်)

    ReplyDelete
  8. အချစ်ကြောင့်မှားလည်း မှားတာက မှားတာပဲ.. မတရားထိခိုက်ရင်တော့ ဘာကြောင့်မှဖြစ်ဖြစ် ခွင့်မလွှတ်ပေါင် .. ဟုတ်ဖူးလား

    ReplyDelete