Friday, March 20, 2009

ချစ်ရတဲ့ မီးဏီ ရေ….(သဇင်ဏီသို့ ပေးစာ)

ချစ်ရတဲ့ မီးဏီ ရေ….


(the pic from jimmy)
မီးဏီ စိတ်ညစ်နေတာ သိလို့ တီ ဒီစာလေးရေးပေးလိုက်တယ်နော်
တီ တို့ ကြိုးတန်းပေါ်လမ်းလျောက်ကျင့်ရအောင်လေ

မြေကြီးပေါ်အမြင့် စင်တီမီတာ နည်းနည်းလေးကနေစကြမယ်
အာရုံစိုက် ၊ လေ့ကျင့် ၊ သတိ ၊ မငိုနဲ့ ၊ မကြောက်နဲ့ ၊ စိတ်လဲ မတွေဝေစေနဲ့
ပြုတ်ကျမှာဘဲ။ ဘာဖြစ်လဲ? အားတင်းထား….
နောင်လဲ အများကြီး၊ ခဏခဏ ပြုတ်ကျနေအုံးမှာဘဲ……………….
ပြုတ်ကျနေအုံးမှာဘဲ ၊ ပြုတ်ကျနေအုံးမှာဘဲ ၊ ပြုတ်ကျနေအုံးမှာဘဲ

နောက်ဆုံးတစ်နေ့တော့
အဲဒီ ကြိုးတန်းရဲ့ တည်ရှိနေခြင်းကိုမေ့သွားမယ်၊ ပြုတ်ကျတတ်တာကိုလဲမေ့သွားမယ်
အဲဒါမှ ကြိုးတန်းကို ကောင်းကောင်းလျောက်တတ်သွားတယ်ဆိုနိုင် တဲ့ တနေ့ပေါ့

မနေ့က
လူတစ်ယောက် ၁၉ ထပ်အမြင့် ကနေ ကြိုးတန်းလျောက်ရင်း ပြုတ်ကျလာတယ်။
ပြုတ်ကျလာနေတုံး တန်းလန်း မှ သူက ဟမ်းဖုန်းနဲ့ အင်တာနက်ကနေ အသက် အာမခံ
လှမ်းဝယ်ဖို့ကြိုးစားသေးတယ်လေ (တွေးကြည့်စရာပဲလေနော်………..)
လူ့ဘ၀ ဆိုတာ မတော်တဆမှု တွေများလွန်းပါတယ်၊ ထောင်ချောက်တွေလဲအများကြီး
ဒါကြောင့် တီ တို့တတွေ နေ့တိုင်း၊ နေ့တိုင်း ကြိုးတန်းလျောက် ကျင့်ရမယ်လေနော်

မျက်နှာ ကိုပြုံးပြုံးလေးထား၊ ရင်ကိုမတ်၊ သတိ ကိုမပြတ်စေနဲ့၊ ဇွဲ နဲ့ ရှေ့ဆက်….

အင်း ဘာလိုလိုနဲ့
သင်္ကြန်တောင်ကျတော့မယ်
နှစ်သစ်မှာ စိတ်သစ်လူသစ် မျက်နှာအသစ်နဲ့ ပျော်ရွှင်ပါစေလေနော်။

အန်တီချမ်း
နေ့လည် ၀၃ နာရီ ၄၁ မိနစ်
၃လပိုင်း၊
၁၉ရက်နေ့၊
၂၀၀၉ ခုနှစ်။

11 comments:

  1. တစ်ကယ်ပါပဲတီတီရေ..
    အသုံးတည့်တဲ့စာတစ်စောင်..
    ဆေးဖက်ဝင်တဲ့အားဆေးတစ်ခွက်ပါ...
    အိုကီ.. မြန်မာနှစ်သစ်မှာ စိတ်သစ်၊လူသစ်.. မျက်နှာအသစ်.. အချစ်အသစ်.. (များသွားမလားမသိ) :P အဲလိုပဲနေမယ်..
    အဟောင်းတိုင်းကို နှစ်ဟောင်းတိုင်းမှာထားပစ်ခဲ့မယ်..

    ReplyDelete
  2. :)....ဟုတ်တယ်.....မနက်ဖြန်တိုင်း ၊ မနက်ဖြန်တိုင်းဟာ ...ညီမတို့ အားလုံး
    ကို စိတ်သစ် ၊ အတွေး အမြင် သစ်တွေနဲ့  ဘဝကို ရှေ့ တက်ဖို့  အခွင့်အရေး
    ပေးထားပြီးသားလေ...:)....
    မျက်နှာကို ပြုံးပြုံးလေးထား ၊ ရင်ကိုမက်၊ သတိကို မပျက်စေနဲ့ .ဇွဲနဲ့ ရှေ့ ဆက်
    တဲ့...ချစ်စရာကောင်းတဲ့ တီတီချမ်းရဲ့ အားရှိစေတဲ့ စကားလေး ...:)
    အရေးအသား ကောင်းလွန်းလှတဲ့ တီတီချမ်းကို အားကျလိုက်တာ ...:)
    အေးချမ်းပါစေ ..တီတီချမ်း ;)

    ReplyDelete
  3. အားတင်းထားအား တင်းထား

    ဒါနဲ့ တီတီ သင်္ကြန်မတိုင်ခင် မွေးနေ့ ရှိတယ်.. သားသား ကို ဘာလက်ဆောင်ပေး မှာလည်း
    :P

    ReplyDelete
  4. မှန်တယ် တီတီတော်တယ်

    ReplyDelete
  5. မီးဏီ အတွက်ဆိုပေမယ့် မီးနွေးဖတ်သွားတယ်...
    စာအားဆေးသောက်လိုက်ရလို့ ကျေးဇူးပါ

    ReplyDelete
  6. တီချမ်း
    ပြုတ်ကျသွားတဲ့လူကိုင်တာ ဘာဖုန်းလဲဟင် သွားကောက်ချင်လို့။ :-)
    samsung ဆိုရင်မယူဘူးနော်။ တီချမ်းပဲယူလိုက်

    ReplyDelete
  7. တီချမ်းရေ ကြိုးတန်းပေါ် လျှောက်ရတာအဲဒီလောက်စိတ်မပူ ဘူး.
    အဲ ဂျင်းဘောင်းဘီ မ၀တ်သွားမိမှာပဲ စိုးရိမ်တာ..။
    ဟဲဟဲ ခင်မင်သောအားဖြင့်..........

    ReplyDelete
  8. တီချမ်း
    အနော်လည်း... စိတ်ညစ်နေတယ်

    ReplyDelete
  9. လမ်း ဆက်လျှောက်မယ် ..
    သီချင်းတစ်ပိုင်းတစ်စ သတိရ

    ReplyDelete
  10. အင်း..ဟုတ်တယ်..ပြုတ်ကျနေအုံးမှာပဲ..

    ReplyDelete
  11. ကြိုးတန်းလျှောက် လေ့ကျင့်နေတယ် ..း)

    ReplyDelete