Friday, March 27, 2009

ကျေးလက် နဲ့ မြို့ပြ

တယောက် တဗိုက် မဟုတ်တဲ့ တယောက်တပိုဒ်ပါ
မမတူးတူးသာနဲ့ တီတီချစ်ချစ်ချမ်း တို့ရဲ့ ပူးပေါင်းမှုပါ
ဆရာသွေတာဆော် ကို ဒီကဗျာလေးနဲပ ဂါဝရပြုပါတယ်
ကိုယ့်ကိုယ်ကိုလဲ တော်တော် မာန်တက်သွားတယ် ဟိဟိ ငါကွလို့ ခိခိ အလကားပြောတာနော် ယုံကြနဲ့
သမိုင်းကြောင်းကို သိချင်ရင် မမတူးရဲ့ ဒီမှာ ကြည့်ကြပါတော်တို့ရေ

ကျေးလက်မြို့ပြ

လယ်တောကအပြန်
စားချင်တယ် ဖာပေါင်းစင်းဆိုလို့
မောင်ရိုက်ကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကိုမောင်မြင်တော့
သူ့စားပွဲမှာ ဟမ်ဘာဂါနဲ့
ဂုဏ်တင့်တယ်လေး ...။ ။

Central ကအပြန်
ဝယ်လာတယ် Burger King
ချစ်တဲ့သူမင်းအတွက်
ဝယ်ခဲ့တဲ့မောင်မောင့်မှာ
စားပွဲပေါ်လက်ဖက် ကိုတွေ့တော့
ရင်ခွင်ကို ခြေစုံကစ်သလို
မျက်မှောင်က တင်း။ ။

A Chen
12:17 pm
27th March 2009
Friday
Office
Bkk

အော်ရီဂျင်နယ် နဲ့ အော်ရီဂျင်နယ် ဖျက် ပါ

လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး .. ။ ။

(ဆရာ မင်းသုဝဏ်)

လယ်တောကပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး
မနက်ခင်းဆီက
ချက်ပုလင်းမြင်ပြန်တော့
ဝက်နံကင် ဘဲကင်ကြီးရယ်နဲ့
မြည်းလိုက်ချင်သေး။

(တောရာခွေ တဲ့ ဆရာသွေတာဆော်ပါ)

7 comments:

  1. အို ဘာဖြစ်လဲ .. ၀ယ်လာတဲ့သူပဲစားလိုက်ပေါ့ :D

    ReplyDelete
  2. ဟားဟား.... ကောင်းတယ် ကဗျာလေး....။

    ReplyDelete
  3. မတူးဆိုလို့ ဒူများယဲလို့
    တော်တော်တယ် :)

    ReplyDelete
  4. ဘာပြောရမယ်မှန်းမသိပါ။
    အဲလောက်ထိ ကောင်းသွား၏။

    ReplyDelete
  5. တီတီက... လက်တမ်းကဗျာတွေတယ်ရသကိုး
    အားကျပါပေ့ =)

    ReplyDelete
  6. ဘာတွေတုန်း မျက်ရည်တောင်ကျတယ်...။ ရီလို့ 
    :P

    ReplyDelete
  7. ဟုတ်ပါ့တော်..ရီရလို့..ဘာတွေတုန်း မျက်ရည်တောင်ကျတယ်.. ကွိကွိ

    ReplyDelete