Monday, June 8, 2009

အဆုံးသတ် (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

အဆုံးသတ်

လူတစ်ယောက်ရဲ့ခေါင်းမာမှုက
ခေါင်းမာမှုပဲ သက်သက်ပဲ
လူနှစ်ယောက်ရဲ့ခေါင်းမာမှုကတော့
ပြီးဆုံးခြင်းပေါ့
“အချစ်” က ကျန်နေသေးတယ်
ဆိုရင်တောင်မှလေ
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

7 comments:

  1. ချမ်းရယ်.. သိပ်မလွမ်းပါနဲ့၊ မမောဘူးလား??

    ဂျင်းစိမ်းနဲ့ မိတ်သလင် ဆိုလား? မီးဖိုချောင်မှာ နှစ်ခု ခွဲထားလိုက်၊ ပြီးရင် သတိရတိုင်း ကြည့်ပြီး အားတင်း၊ သူကြင်မှ ကိုယ်ကြင်မယ်လို့

    ReplyDelete
  2. ဒုက္ခတော့များပြီ တီရေ..
    ဒီက ခေါင်းမာတယ်ရှင့်..
    ဒီတော့...
    ခေါင်းမာချင်ရင်တောင် တစ်ယောက်တစ်လှည့်...
    လျော့လို့ရတာလျော့လိုက်...
    :P

    ReplyDelete
  3. ကဲကဲ
    မမတို့ စိတ်ပူဖော်ရတာ ကျေးဇူးတင်ပါတယ်တော်
    တကယ်က တီဘာမှမဖြစ်ပါ
    အဲ့လိုပဲ တီ့ ရဲ့အချစ်ဒဿန တွေတင်ရင် တီချမ်း ဘာဖြစ်ပြန်ပြီလဲ
    အသည်းကွဲပြန်ပြီလား (ကွဲနိုင်လိုက်တဲ့အသည်း မိကြယ်အဒေါ်လို့မပြောရဘူး)
    စသဖြင့်ပေါ့လေ ဂရက်တွေရိုက်ပါတယ်
    တကယ်က ဒဿန သည် ဒဿန သညဖြစ်သည် ဆိုတာ ပါပဲ
    တီ့ အချစ်ဒဿန တွေဟာ တီ့ အချစ်အတွေ့အကြုံတွေပေါ်မူတည် ပါလိမ့်မယ်
    လောလောဆယ် တီ ဖြစ်နေတာလို့တော့ မတွေးစေလိုပါ
    ခုန ပြောသလိုပဲ စိတ်ပူတာကို ကျေးဇူးတင်ပါတယ် နောက်လဲ လာပါလိမ့်အုံးမယ် အချစ်ဒဿန တွေ အမှန်အတိုင်းပြောရရင်တော့ နေ့တိုင်းရေးဖို့းလောလောဆယ် အခြေအနေ မပေးသေးလို့
    လွယ်တာလေးတွေ လုပ်ထားတာပါ
    ပုံမှန်လာဖတ်တဲ့အတွက် မေ နဲ့ ပီအိုနီ တို့ ကိုကျေးဇူးပါ
    ကျန်တဲ့လူတော်တော်များများက တီ့ ကိုကြောက်တာပဲလား လန်သွားတာလား မလာကြတော့ပါ ခိခိခိ

    ReplyDelete
  4. လူတစ်ယောက်ရဲ့အိပ်မက်က အိပ်မက်ပဲ.. လူနှစ်ယောက်ရဲ့ အိပ်မက်က ဘဝတစ်ခုဖြစ်သွားရော.. လူအများကြီးမက်ရင်တော့ အနာဂတ်လို့ ပြောခဲ့ဖူး..

    ဒါထက် ဂရက်မဟုတ်ပါဗျာ.. ဂယက်ပါ
    ပြီးတော့ မလန်ပြေးသေးသူ ညီညီလည်းရှိပါသေးကြောင်း..

    ReplyDelete
  5. လူတယောက်ရဲ့ အကြွေးက အကြွေးပဲ။
    လူနှစ်ယောက်ရဲ့ အကြွေးကတော့ လျှော်လိုက်လို့ရတာပေါ့
    (ဘာမှလည်း မဆိုင်ဘူး)

    ReplyDelete
  6. မမရီတာ
    လူတယောက်ရဲ့ အကြွေးက အကြွေးပဲ
    အဲ...... အကြွေးများလာရင် အဲ့ဒီလူ ကို သိမ်းလိုက်မှာ
    ဟဲဟဲ
    အပိုင်ပဲနော်

    ReplyDelete
  7. တီရေ
    လူနှစ်ယောက် ခေါင်းမာမှုက ပြီးဆုံးခြင်းလား .. ??????????
    ဟုတ်မယ်နော်

    ReplyDelete