Sunday, June 21, 2009

အလင်းမဲ့ မနက်ဖြန်

အလင်းမဲ့ မနက်ဖြန်

BS:

ဘ၀နဲ့ အိပ်မက်
သူတစ်ပြန် ကိုယ်တစ်ပြန်
တစ်သက်စာ
အမှန်တရားတွေ
ရှာဖွေနေတုန်း . . .
သူ့မျက်နှာကို
ေ၀၀ါးဝါးလေး
တွေ့လိုက်တယ်။
အိပ်မက်လား . . .
ဘ၀လား . . .
သီချင်းတစ်ပိုင်းတစ်စနဲ့အတူ . . .
အရုဏ်ဦးမှာ
လွင့်လို့။

Addy:

အလှ နဲ့ ရမက်
သူမလှန် ကိုယ်မလှန်
ဒီမျက်နှာ
အရေးပြားတထောက်နဲ့
အမှောင်တွေဖုန်း
မိုက်မဲမှုတွေ
ဝေေ၀၀ါးဝါးလေး
မှားခဲ့တယ်
ငွေအတွက်လား..........
ရွှေအတွက်လား............
အလင်းမဲ့
သန်းခေါင်တွေ က
ငါ့အတွက်မှ
မိုးလင်းပါ့မလား?

BS and A Chen
Online
7:33 pm
Home
Ygn and Bkk

4 comments:

  1. မိုးမလင်းသေးဘူး။ အိပ်ဦး။

    ReplyDelete
  2. ဆွေးစရာတွေ တို့ကိုလည်း ဖွေရှာပေးပါဦး Addy Chen ရယ်။

    ReplyDelete
  3. အလင်းမဲ့သန်းခေါင်တွေက ငါ့အတွက်မှ မိုးလင်းပါ့မလား.. သီချင်းတပိုင်းတစနဲ့အတူ အရုဏ်ဦးမှာလွင့်လို့.. ... .

    ဂျီတော့ခ် စတေးတပ်စ်တင်ချင်တယ်..

    ReplyDelete
  4. မိုးလင်းမှာပါ။ တချိန်ချိန်ပေါ့

    ReplyDelete