Thursday, June 25, 2009

ဒေါ်နွေး-ခ-အမေနွေး

ဒေါ်နွေး-ခ-အမေနွေး

တခါကပေါ့ကွယ်
တီကအဲတုန်းက လောကကြီးကိုစိတ်ကုန်နေတာ
လူကညစ်နေတာပေါ့
တနေ့ဖြစ်ချင်တော့ ကျောင်းကအပြန်.............
လမ်းမှာကားအက်ဆီ့ဒင့်ဖြစ်တာ နဲ့ကြုံပါလေရော
တီကလဲ စ ၃ လုံးစပ်စုစိန် ဆိုတော့ ၀င်ကြည့်တာပေါ့အေ
ဘယ်ရမလဲနော်အဲမှာ ဘာတွေ့လဲဆိုတော့ အဒေါ်ကြီးတဲ့



အမေကြီးအရွယ်ပါ တော်တော်တော့ကြီးပြီ.............
ကားကတိုက်ပြီးတက်ကြိတ်လိုက်တာ ပွဲချင်ပြီးဆိုပဲ
သွေးတွေဆိုတာ ရဲနေတာ
လမ်းမပေါ်မှာ
ခေါင်းကလဲ ကတ္တရာလမ်းနဲ့ရိုက်မိတော့ ဦးနှောက်တွေက ပွင့်ပြီးတော့
တ၀က်လောက်ကထွက်ကျနေသေးတယ်
အဲမှာတီလဲကြည့်နေရင်း
တီ့ဘေးကိုအမေကြီးတယောက်မသိမသာကပ်လာ
တာသတိထားလိုက်မိတယ်အဲတာနဲ့မော့ကြည့်လိုက်တော့ လားလား..........

ကတ္တရာလမ်းမပေါ်မှာ စန့်စန့်ကြီးလဲနေတာလဲ သူပဲ
အင်းဟုတ်တော့နေပြီပေါ့နော် ငါတော့ ချက်ချင်းတွေ့နေရပြီပေါ့
ဒါပေမယ့် တီအဲဒီအမေကြီးကိုစိုက်ကြည့်မိတဲ့အခိုက်လေးမှာ ပဲ
တီသိလိုက်တယ် သူခု သွားစရာနေရာမရှိဘူးဆိုတာကို
အဲတာနဲ့ တီကလဲလောလောလတ်လတ်စိတ်ညစ်နေတာနဲ့
နေရာမရှိလဲ သားနဲ့သာလိုက်ခဲ့တော့ အမေဆိုပြီးခေါ်ထားလာလိုက်တာ
ခုထိပဲဆိုပါတော့
တီက သူ့နာမည်လဲမသိတော့ ကိုယ်ဘာသာခေါ်ရပြုရလွယ်အောင် ဒေါ်နွေးလို့ ပေးထားတယ်
တခါတခါတော့လဲသူကသနားစရာကောင်းပါတယ်
သူတို့က တခါတခါ ရှာစားရတာမလွယ်ဘူးတဲ့
သူပြောပြောပြတယ်
အဲတာနဲ့
အဲ့ဒီနေ့ ကတည်းက တီလဲဘာစားစား နဲနဲလေးချန်ထားတတ်တဲ့အကျင့်ဖြစ်လာတယ်လေ
အမေနွေးဖို့ပေါ့
သမီးတို့ မြင်ဖူးချင်ရင် လွှတ်လိုက်မယ်လေ
ကိုကိုကာကာကြီး ဆီလဲလွှတ်မယ်


တခုပဲ
သူက ဆုံးတဲ့အချိန်တုံးက အွန်သည်စပေါ့ ဖြစ်တာရယ်
ဦးဆက်ပွင့် သွားတာရယ်ကြောင့် မြင်နေမကျရင်တော့ နည်းနည်းကြောက်စရာလိုလိုဖြစ်နေတာပေါ့
ဒါပေမယ့် အမေနွေးက သဘောကောင်းပါတယ်
သူကအရမ်းချစ်လာရင် လူကို လက်သည်းလေးတွေနဲ့ ကုတ်ခြစ်ပြီး ကျီဆယ်တတ်သေးတယ်လေ
တခုတော့ရှိတယ်နော် ၃ လုံးတွေဘာတွေမတောင်းရဘူး သူအရမ်းစိတ်ဆိုးတယ် သူ့သားက အဲတာတွေလုပ်ပြီးထောင်ကျသွားတာတဲ့
ပြောစကားလဲနားမထောင်၊တော်တော်လဲဆိုးတယ်တဲ့ အဲတာကြောင့်သူက အဲတာတွေတောင်းတဲ့ကောင်တွေဆို လည်ပင်းညစ်ချင်တာတဲ့..............
ကဲပါမြင်ဖူးတယ်ရှိအောင်လွှတ်လိုက်မယ်နော်
အဖော်ရအောင်ပါလေ
အဆင်မပြေတော့လဲပြန်လွှတ်လိုက်ပေါ့
တီကတော့ သူနဲ့နေလာတာကြာပြီဆိုတော့ မရှိရင်တောင်မနေတတ်သလိုဖြစ်နေပြီ
တခါတခါတော့ သူက ရုတ်တရက်ကြီးတွေ ကိုယ်ယောင်ပြတတ်သေးတယ်
တီ အိမ်သာထဲလှမ်းအ၀င်မှာ ကမုတ်မှာထိုင်နေတာမျိုး
အိမ်ပြန်အလာမှာ မီးဖွင့်လိုက်တာနဲ့
ဘွားကနဲ့ပေါ်လာတာမျိုးပေါ့
အစကတော့ လန့်လန့်အော်မိတယ်
နောက်ကျတော့လဲ ကျင့်သားရသွားတော့ အိုကေပါတယ်
နော်
ခင်ကြည့်ပါ
အမေနွေးက ခင်ဖို့အကောင်းသားပါ
ပို့လိုက်ပြီ
ချစ်တီချမ်း

A Chen
1:24 am
23rd April 2009
Home
Bkk
(မိုးခါးပိုစ့်လေးဖတ်အပြီးမှာရေးတာ သတိရလို့)




5 comments:

  1. အာ.. ပုံတွေနဲ့ နှိပ်စက်တယ်၊

    ချမ်းက သတ္တိကောင်းပြီး စိတ်ကောင်းရှိတယ်၊ တို့ဆို ဘုရားစာရွတ်ပြီး ထွက်ပြေးမှာပဲ၊ လူကို အရှင်ဆို ဘယ်လောက်ပဲ သွေးသန်ရဲရဲနဲ့ ဖြစ်ဖြစ် ရတယ်၊ တေပြီးသားဆို ဒီတိုင်းကို မကြည့်ရဲဘူး.....

    ReplyDelete
  2. တတိယပုံထဲက တစ်ယောက်က ချောတယ်။
    အသားလေးကို ဖြူဝင်းလို့။
    ပုံမှန်အတိုင်းပြင်ထားတာလေး မြင်ချင်လိုထှာ...။

    ReplyDelete
  3. အီးးးးးးးးးးးး
    တီ
    ဘာမှန်းမသိဘူးးးးး လန့်သွားတာပဲ
    တော်သေးတယ် မနက်မှာဖတ်မိလို့။
    တော်ပီ
    နောက်ဆို ဒါမျိုးကြိုအင်ဖောင်းလုပ်။
    မနက်မှပဲကြည့်မယ်။

    ReplyDelete
  4. လူဇိုးးးးးးးးးးးးးးးးးးပပပပပပပပပပပပပပပပဲ
    အခန်းဖော် ဟောင်းက မြန်မာပြည် အပြီးပြန်သွားတယ်။ အသစ်က နောက်လမှ ရောက်မယ်။ ခု တယောက်တည်း အိပ်နေရတာ။ ဘေးခန်းက ညီမလေးက မအိပ်ရဲရင် လာအိပ်ပေးမယ်ပြောတာကို အိုက်တင်ခံပြီး ရပါတယ် ပြောထားတဲ့ အချိန်မှာမှ

    လုပ်ရက်လေခြင်း !!!

    ဒီ blog ကို တပတ်တိတိ မလာဘူးးးးးးးးးးးးးးးးးးးး ဒါပဲ

    ReplyDelete
  5. ပြီးသေးဘူးလားး(((
    ကော်ပီကူးချတာ မသိတာလိုက်လို့
    ပုံတွေတော့ကျော်ကြည့်တယ်
    ဟီး
    ဟိုတခါရေးတာနဲ့ဘာကွာလဲက သိချင်သေးတယ်လေ :P

    ReplyDelete