Sunday, June 28, 2009

ချစ်သူ

ချစ်သူ

Addy:

ပေါ့ပေါ့လေးပါပဲ
မင်းနဲ့တွေ့ခဲ့တယ်
ကော်ဖီဆိုင်အကွေ့
မနက်ခင်းလေး
လှပ

နော့နော့လေးပါပဲ
ဖြတ်တိုက်သွားခဲ့တယ်
လေပြေအေးအေး
ငြိမ့်ငြိမ့်လေး
ငါ့ကိုနှော
ဆော့

သိမ့်သိမ့်လေးပါပဲ
ဘ၀င်မှာ လွင့်သွားတယ်
နင့်ရဲ့အပြုံး
ပြိုကျ
ငါ့ရဲ့အသည်း…
ပဲ့ကျ…

မိန့်မိန့်လေးပါပဲ
ငါပြန်ပြုံးပြခဲ့တယ်
နင်နဲ့ငါ့ မနက်ခင်းလေး
လ်လ်

BS:

နင့္အနားကို
ဝေ့၀ဲပြီးတောင်
မလှမ်းခဲ့ဘူးချစ်သူ
နေတစ်ပြောက်စာတောင်
မငြိုငြင်စေချင်ဘူး . . .

အဝေးကနေပြုံးပြုံးပြခဲ့တယ် . . .
နေ၀င်တော့မယ်ချစ်သူ . . . . .
ချိနဲ့နေတဲ့ ငါ့ရဲ့စိတ်နဲ့
အသံကုန်အော်ခေါ်နေခဲ့တယ်
မိုးတွေက မည်းလို့။

ငါ့ရဲ့တစ်သက်စာ
ညနေအတွက်သည်းခဲ့မိုးက
နင်ဖြစ်တယ်ချစ်သူ . . .
စိတ်ကို
ဘာသာပြန်တတ်ခဲ့ရင်ပေါ့လေ။

BS and A Chen
Online
7:56 pm
16th June 2009
Home
Ygn and Bkk

2 comments:

  1. WOW !!!
    ထိသွားတယ်
    for the first time လေး

    ReplyDelete