Tuesday, May 4, 2010

ပန်းစကား နဲ့ တခွန်းစကား ရဲ့ အဖြေ



ပုံက တီ ၁၀ တန်းလောက်တုံးက ဆွဲထားတာထင်တယ် ၉ တန်း ၈ တန်းလောက်ကလဲ ဖြစ်ကောင်းဖြစ်မယ်
ကြာလွန်းလို့ မမှတ်မိတော့တာကတော့ သေချာတယ် နောက် တီ ၁၀ တန်းတုံးက ရန်ကင်း အထက ၂ မှာတက်တာပါ လ ၄ ကနေပြောင်းလာတဲ့ သူငယ်ချင်းတယောက်ရှိပါတယ်
နာမည်က ၄ လုံးတွဲပါ သေချာ မမှတ်မိတော့ပြန်ဘူး ဒီလိုပုံပါပဲ
ပုံဆွဲတုံးက ပန်းချီ ဧရာ ရဲ့ ကာတွန်းတွေကို ကြိုက်နေတဲ့အချိန်ပါ အတုယူဆွဲခဲ့ပါတယ်
နာမည်တောင် သူ့ ကာတွန်း တခုထဲက နာမည်ပဲပေးခဲ့တာပါ
ဇာဇာတဲ့ ခုတော့ ပိုစ့်မှာ တင်ထားတဲ့ ဒေါ်သစ်ပေါ့ ခိခိ
တိုက်ဆိုင်လို့ နောက် ကဗျာ တပုဒ်ကိုလဲ သတိရမိပါတယ်
ငယ်ငယ်လေးတုံးကပါ

မမဝဝ ထထက
အက ပထမ
ကပါကပါ မမရာ
ညည လသာသာ
လအခါ ငါ စာရ
မမဝဝ ထထက။

ကတာလဲကတာပေါ့ မမရာ ဟင်းလေးဘာလေး ချက်အုံးလေဟာ

အော် ငယ်ငယ်ကသူငယ်ချင်းတွေကို သတိရမိပါတယ် ခုတော့ ကျောင်းတုံးက သူငယ်ချင်းတွေကို တခါတလေ တောင် မတွေ့မိပါဘူး

ကြွယ်ဝတဲ့ ဗမာ စကားနဲ့ ၈ လုံးတွဲပြောရရင်တော့

“ဘဝဆိုတာ ဒီလိုပါပဲ” ပေါ့လေ

အင်းဂလိရှ် လိုတော့ “life is like this” ပေါ့

this is life, well that's life, such a life စသဖြင့်လဲ ပြောလေ့ရှိကြပါတယ် သူတို့ သိုးဆောင်းဘာသာစကားကလဲကြွယ်ဝသားလေနော်

ပြင်သစ်လိုတော့ “c'est la vie” လို့ပြောကြတယ် တီကတော့ နောက်ပြောင်ပြီး ဘဝဆိုတာ အထီးကြီးပါလို့အမြဲပြောတယ် ဟဲဟဲဟဲ အဖြေနော် အဖြေ

6 comments:

  1. တီချမ်း သတင်းကြားလို့ လိုက်လာတာ တန်းမိတာပဲ လာခဲ့ဗစ်စီဘောက်ကို ၀ိုင်းရိုက်ပေးမယ် ဟွန့်....

    ပုံ- သစ်သစ်

    ReplyDelete
  2. ဘုရား
    ကယ်ကြပါရှင် ကယ်ကြပါ
    ကျမ ဘာမှမသိပါဘူး ကယ်ကြပါရှင်
    ကျူမီးအား...............................

    ဒီလောက်လှလှလေး ဆွဲပေးထားတာကို နော်
    အော်

    “ဘဝဆိုတာ ဒီလိုပါပဲ” အကောင်းလုပ်လဲ အပြောခံရ

    ReplyDelete
  3. ဟုတ်တယ် ပန်းချီဧရာ လက်ရာနဲ့တူတယ်..
    တို့က ပန်းချီကျော်အောင်မော် လက်ရာတွေကိုကြိုက်ခဲ့တာ..
    တူအောင်တော့ လိုက်မဆွဲနိုင်ခဲ့ပါဘူး

    (နာလည်း ဒီပန်းချီပုံက ပိုလှတယ်ထင်တာပဲ :P )

    ReplyDelete
  4. အင်းလေ
    ပုံက ပိုလှတယ်နော် ...........................
    ဟိဟိ

    ကျော်အောင်မော် လဲဖတ်တယ် စိုးင်းလာရှိုး လဲဖတ်တယ်

    ReplyDelete
  5. သစ်သစ်နဲ့ တီချမ်း ငယ်သူငယ်ချင်းလားအောက်မေ့ရတယ် အဟိ
    အတော့်ကို တူတာပဲအေ တကယ်တူတာ

    ReplyDelete
  6. တကိုယ်လုံးပုံ ဘာလို့ မဆွဲတာလဲ
    အော် သိပြီ သိပြီ မမေးတော့ဘူး မဖြေနဲ့ တော့
    ဘလော့စာမျက်နှာ မဆန့် မှာစိုးလို့ 

    ReplyDelete