Thursday, May 6, 2010

ကိုယ်ရက်စက်တတ်တယ်။

ကိုယ်ရက်စက်တတ်တယ်။

အရင်တုံးက ဆို ကိုယ်က တော်တော်ရက်စက်တဲ့စကားတွေပြောခဲ့ဖူးပါတယ်။ ဥပမာ…

“နင့်ကို ငါ ကြိုက်ပါတယ် ဒါပေမယ့် မချစ်ဘူး”
“ငါ့လို ကိုယ်လုံး ရှိတဲ့ သူက နင့်လို မျက်နှာ ရှိတဲ့သူကို အဖက်လုပ်မယ်ထင်သလား”
“ငါလို အရည်အချင်းရှိတဲ့သူက နင်လို့ လူမျိုးကို အပေါင်းအသင်းမပြောနဲ့ ဖိနပ်တောင် ပေးမတိုက်ဘူး”
“ကိုယ့်အသက်အရွယ်လဲပြန်ကြည့်ပါအုံး သားတယောက်မွေးထားရင် ကျတော့ နဲ့ ရွယ်တူ လောက်တောင်ရှိနေပြီ” ဘာညာ စသဖြင့်ပေါ့လေ။ ပြောဖူးပါတယ်။ ပြောခဲ့ဖူးပါတယ်။

တခါတလေ ကိုယ့်ကို လိုက်နေတဲ့သူတယောက်ယောက်ကများ ညဘက်ကြီး ဖုန်းဆက်ပြီး သူ့အချစ်တွေ ကို လှစ်ပြ ငိုကြွေး တောင်းဆိုလာတဲ့အခါများဆို ကိုယ်က အစပိုင်းဆို အင်းလိုက် နောက်ကျတော့ ဖုန်းခွက်ကို ဘေးချထားခဲ့ပြီး အိမ်သာတောင် သွားတက်နေ လိုက်သေးတယ်။ ကိုယ့်ကိစ္စ ကိုယ်ပြီးမှ ကုတင်ဘေးပြန်လာ ဖုန်းခွက်ကိုကောက်ကိုင်ပြီး အေးစက်စက်နဲ့ သွေးအေးအေးနဲ့ “ကဲ ပြောလို့ပြီးပြီလား” လို့မေးလိုက်တာပဲ။ သူပြောနေတုံး ကတောင် ကိုယ်ထွက်သွားခဲ့တယ်ဆိုတာ သူသိတောင်မသိလိုက်ဘူး။

တနေ့ကတော့ ပြန်စဉ်းစားကြည့်တော့မှ တယောက်ယောက်ကို ကိုယ်အဲ့လို ရက်စက်တဲ့ စကားတွေတောင်မပြောဖြစ်တာ တော်တော်ကြာသွားပြီပဲ။

တကယ်လို့ တယောက်ယောက်ကို မချစ်ဘူးဆိုရင်လဲ အမှန်တော့ သူ့ကို ဘာမှတောင် သွားပြောနေစရာ မလိုဘူးလေနော်။ အချိန်တွေတဖြည်းဖြည်း ကြာသွားရင် သူ့ဘာသာ နေတတ်သွားမှာပါ။
သိုးဆောင်း ဘာသာ စကားနဲ့ဆိုရင်တော့ “This too shall pass” “Time will heal” ဘာညာပေါ့။ မြန်မာလိုဆိုရင်လဲ “အချိန်က ကုစားသွားမှာပါ” စသဖြင့်ပေါ့။

ကိုယ့်အဖေ အရွယ် အသက်ရှိတာ အပြစ်တခုမှ မဟုတ်တာနော်။ ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် တခြားလူတယောက်ကို ချစ်ဖို့အခွင့်အရေး ရှိတာပဲ မဟုတ်လား။ နောက်ဆုံး ကုန်ကုန် ပြောရရင် မချစ်သင့်တဲ့ လူကိုတောင် ချစ်ခွင့်ရှိတာပဲလေနော့။

ကိုယ်လဲဖုန်းခွက်ကိုချထားပြီး အိမ်သာသွားတက်နေစရာမလိုတော့ဘူးပေါ့နော်။ တဘက်သား မှာလဲ အရူးကြီးကို တယောက်တည်း စကားတွေပြောနေစရာ မလိုတော့ဘူးပေါ့။

အရင်က အဲ့လိုပြောခဲ့ဖူးတဲ့ ရက်စက်တဲ့စကားတွေ လူတဘက်သားကို ဘယ်လောက်တောင် ထိခိုက်ခံစား နစ်နာစေခဲ့ရမလဲ။ ကိုယ့်ရဲ့ အပြစ်တွေပါပဲ။

အမှန်ကတော့ အခုလဲ အဲ့လိုစကားတွေ လာလာပြောနေကြလို့ အဟောင်းတွေ အသစ်ပြန် ဖော်ပြောနေတာ မဟုတ်ပါဘူး။ တကယ်က အခုဆို တချို့စကားတွေဟာ မပြောဘဲနေလိုက် တာက မှပိုကောင်းအုံးမယ်လို့တွေးမိလာလို့ပါ။ အသက်ကြီးလာတာလဲပါမယ်ထင်တယ်။ တဖြည်းဖြည်း အဲ့လိုပဲခံစားလာရတယ်။

ဘာမှမပြောတာက တကယ်တော့ ပိုရက်စက်ပါတယ်။ မင်းကို ချစ်လား မချစ်ဘူးလား ဆိုတာ မင်းကို ဘယ်တော့မှပေးမသိဘူး။ ပြီးတော့ ကိုယ့် စိတ်ထဲမှာ ဘာတွေတွေးနေတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာလဲ မင်းကို ဘယ်တော့မှပေးမသိဘူး။

ကဲ ကိုယ်အခုဆို အရင်ကထက်တောင် ပိုရက်စက်တတ်လာပြီ။

A Chen
5:21 am
6 May 2010
Home
Bangkok

16 comments:

  1. ဟီး ဟီး တီချမ်း ကျနော် တို့ တော့ မရက်စက်ပါနဲ့နော်
    မခံစားတတ်လို့ပါ

    ကျနော့် ဘလော့ ကိုလာလည်တာ ကျေးဇူးတင်ပါတယ် တီချမ်း စီကျနော် က အမြဲလာဖတ်နေကြပါ

    ရွှေစင်

    ReplyDelete
  2. အံမလေး ရောက်ပါ ဦးရွှေဇင်
    အမြဲမဟုတ်ပေမယ့် ရောက်ဖြစ်ပါတယ်
    လာလာကြည့်တယ်
    ဘာတွေ မုန်းစရာ လုပ်နေသလဲလို့ ရက်စက်သင့်ရင် ရက်စက်ရအောင်
    ဟိဟိ

    ReplyDelete
  3. စမ်း စမ်း စမ်း

    ReplyDelete
  4. ထွန်းအိမ်ဒါဘို သီချင်းလားလို့ :D

    ReplyDelete
  5. ကိုယ်ကတော့ အသည်းနုတယ်။
    ဘယ်တော့မှ မရက်စက်ဘူး။
    ယုန်လားတော့ မသိဘူး ခြုံထဲမှာတော့ လှုပ်တုတ်တုတ်ပဲ။

    ReplyDelete
  6. ဘူ့ ကိုမှ မရက်စက်တတ်ဘူး neglect တော့လုပ်တတ်တယ်

    ReplyDelete
  7. တကယ်ဆို ပြတ်ပြတ်သားသား ရက်စက်တတ်တာက ကောင်းပါတယ်။

    ဒါပေမယ့် ကိုယ်က ရက်စက်ချင်တယ်။ ပြီးရင်ပိုသနားတတ်လို့။း))

    ReplyDelete
  8. အင်းပြောကြတယ်
    ဘန်နာပြောင်းလိုက်လို့လားမသိဘူး စောစောစီးစီး
    ကါန်မန့် ၇ ခုတောင်

    ReplyDelete
  9. တီလို့တော့ ကျွန်တော်က အများကြီး မရက်စက်ဘူး..
    တစ်ခုပဲ I like you... but i dont love you... ဆိုပီးတော့လေ.. ဟီး ဟီး.. ဒီလိုနဲ့ ညာတီးတာတွေ များလာလို့ မှတ်တောင်မမှတ်မိတော့ဘူး

    ReplyDelete
  10. ပြန်လာဖတ်တယ်။
    ရက်စက်တတ်သူကြီးတွေ၊ လူဇိုးတွေ အတော်များမှန်း သိလိုက်ရတယ်။

    ဒီလို ရက်စက်တတ်တဲ့ လောကကြီးမှာ ကိုယ့်လို နှလုံးသား နုသူတွေ သနားစရာကောင်းလိုက်တာ။

    ReplyDelete
  11. ကွန်မန့် ၇ ခုလောက် ရတာများ စကားလုပ်လို့ ပြောနေသေးတယ်။

    (အင်း ကိုယ်လဲ မမ KOM နဲ့ စတိုင်တူလာပြီ)

    ReplyDelete
  12. မမရီတာ အဲ့တာကြောင့်ပြောထားတယ်လေ
    နားနားပြီးပြော ...............လို့

    စကားမစပ် ဘန်နာ လှတယ်မှလား
    ဒီဇိုင်းလဲနည်းနည်းပြောင်းထားတယ် ပိုသပ်ရပ်သွားသလိုပဲနော်

    ReplyDelete
  13. လှပါတယ် ကိုယ်ပြောဖူးသားပဲ။
    မြသန်းတင့် ရဲ့ တိုက်ပုံလိုပါပဲလို့။
    အမြင်မှန်ရတာ ဝမ်းသာပါတယ်။

    ReplyDelete
  14. တီချမ်းလိုပဲ ကိုယ်လည်း ရက်စက်တတ်လာပီ။

    ReplyDelete
  15. တီတီရက်စက်တယ်ကွယ် ဟီး ဟီး ဟီး

    ReplyDelete
  16. တီချမ်းရေ ကြိုက်လို့ကူးသွားပါတယ်.... ဖေ့ဘွတ်က ကျွန်တော့်နုတ်ထဲမှာ သိမ်းချင်လို့ပါ... ပေးသိမ်းနော်.....

    ReplyDelete