Thursday, May 13, 2010
ကိုယ်မရှိတော့ရင်…
ကိုယ်မရှိတော့ရင်…
တကယ်လို့ ကိုယ်သာမရှိတော့ရင် ….နောက်ကို ဘယ်သူကမှ မောင့်ကို “ဘယ်တွေ သွားသဝေထိုးနေပြန်ပလဲ?” လို့ မေးမယ့်သူရှိတော့မှာ မဟုတ်ဘူး။ အဲ့တာဆို မောင်များ ပျင်းနေမလားနော်။
မောင်ကို ပွစိပွစိ ပြောမယ့်သူမရှိတော့ရင် မောင်လဲ နေရတာ ကျင့်သား ရပါ့မလား?
နောက်ပြီး မောင့်ကို စိတ်ကောက် စူပွ မယ့်သူ မရှိရင်လဲ မောင့်အတွက် ဘဝက ပျင်းချောက်ချောက်ကြီး လို့ထင်လာမှာလေနော်။
တကယ်လို့ မောင့်ကို နွဲ့ဆိုးဆိုး မယ်လူ ချွဲနွဲ့မယ့်သူမရှိရင်ကော မောင် နေရထိုင်ရတာ တခုခုလိုနေသလို ဖြစ်နေမှာ။
မောင့်ရှေ့မှာ ဝမ်းပမ်း တနည်း ငိုမယ့်သူမရှိတော့ရင်ရော မောင် ချော့စရာမလိုတော့ တဲ့အတွက် မောင့် ကိုယ်မောင် အရေးပါတယ်လို့ ခံစားရတော့မှာမဟုတ်ဘူးလေနော်။
ပြီးတော့ မောင့်ကို “ပိုက်ဆံတွေ လျောက်လျောက် သုံးနေတာပဲ” လို့ အော်မယ့် သူမရှိတော့ရင်ရော အရင်လို ပိုက်ဆံကို ကိုယ်မသိအောင် ခိုးခိုးသုံးရတဲ့ စိတ်လှုပ်ရှားမှု အရသာ မောင်ဘယ်ရတော့မလဲ။
တခါ မောင့်ကိုယ်ပေါ်ခုန်တက် တက်ခွပြီး “ကိုယ့်ကို နမ်းစမ်း” လို့ပြောမယ့် သူမရှိရင်ကော မောင့် အတွက် ဘဝက စိတ်လှုပ်ရှားစရာ ကောင်းပါ့မလား။
တကယ်လို့ မောင့်ကို “ ကိုယ့်ကို ယူမှာလား မယူဘူးလား” လို့မေးမယ့်သူမရှိရင် မောင့်အတွက် ဘဝဆိုတာ တပြေးတည်း သွားနေတဲ့ အရောင်မဲ့ ပလာ အဖြူထည်သက်သက်ပဲလို့ ထင်လာမှာလေ။
မောင်နဲ့အတူတူ bath tub လုမယ့် သူမရှိရင်လဲ မောင့်မှာ ရေချိုးတိုင်းရမယ့် ပျော်စရာတွေ ဆိတ်သုန်း ကုန်မှာ။
နောက်တခုက မောင့်ကို မွေးနေ့ အတင်းမှတ်ခိုင်းမယ့် တယောက်ယောက်မရှိရင်လဲ မောင့်ရဲ့ ချစ်စရာကောင်းလှတဲ့ မှတ်ဥာဏ်လေးတွေ က နှမြောစရာ ဖြစ်ကုန်မှာ။
မောင့်ကို “အလုပ်ဆင်းတိုင်း ကိုယ့်ကို လာကြိုပေးရမယ်” လို့ပြောမယ့် သူမရှိတော့ရင်လဲ နောင်ကို အလုပ်ဆင်း ရင် ဘယ်သွားရမှန်းမသိ ရောင်ချာချာ မောင်ဖြစ်နေမှာ။
နောက် မောင့်ကို ဘဝအမောတွေအကြောင်း အလုပ်ထဲက ဖိစီးမှုတွေအကြောင်း ရင်ဖွင့်မယ် သူမရှိရင်လဲ အားပေစရာ လူမရှိတော့တဲ့အတွက် မောင့် မှာ နေရတာ ပေါ့ပေါ့ပျက်ပျက်ကြီး ဖွယ်တည်တည် ကြီးဖြစ်နေမလား။
တကယ်လို့ အိမ်မှာ မောင့်ကို စောင့်နေမယ့် သူမရှိဘူးဆိုရင်လဲ အိမ်ဆိုတာ မောင့်အတွက် ဟော်တယ်နဲ့ ဘာခြားတော့မလဲနော်။
အဲ့တော့ တကယ်လို့ ကိုယ်သာမရှိတော့ ရင် မောင့်ဘဝကြီးက ဘာအဓိပ္ပါယ်မှရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ မောင်ပျင်းလွန်းလို့ ပြားပြီး ပျက်တောင် သွားနိုင်တယ်။
အဲ့တော့ ကိုယ့်ရှိနေတုံး ကိုယ့်အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပါ။
ဒါပဲ။
တော်သေးပြီ။
A Chen
11:51 pm
13th May 2010
Mandala House
Chiang Mai
Thailand
21 comments:
  1. ပြားပြီး ပျက်သွားမယ်ဆိုပါလား ဘာပြားမှာလဲမသိဘူးတော်ရေ့ ...
    ReplyDelete
  2. စာကြောင်းရေ နံပတ်၇ကို စိတ်ကူးထဲမြင်ကြည့်တယ်
    အရပ်အမြင့်ကြီးနဲ့ ၀ုန်းဆိုခုန်တက်လိုက်ရင် .. အင်း အတက်ခံရတဲ့သူတော့ မချောင်ဘူးမောင် ..
    ReplyDelete
  3. ဟားချင်တာ တော်တော် ထိန်းလိုက်ရတယ်
    ကိုယ်မရှိတော့ရင် ခေါင်းပဲ ကျန်မှာပေါ့ကွယ်။
    ReplyDelete
  4. အင်းပေါ့.. ခေါင်းပဲ ကျန်မှာပေါ့ အရီးတားရယ်.... ကျန်တဲ့ ခေါင်းကို ဘာခေါင်းသုတ်လုပ်စားရင် ကောင်းမလဲ.. ကိုယ်မရှိတော့ရင်ပေါ့... ဟီး
    ReplyDelete
  5. ရေးထားတာတွေဖတ်ပီး အဲဒီ့ကိုယ်မရှိတော့ရင် မောင်ထကနေမှာ မြင်ယောင်လာတယ် ခွိ...
    ReplyDelete
  6. အို မုန်းတယ် မုန်းတယ်
    အားလုံးကို မုန်းတယ်
    သွား...........................................
    ReplyDelete
  7. လူးလိမ့်ရယ် ... အမှန်တစ်ရာ ( နှစ်ရာမဟုတ် )
    ကို ရင်ဆိုင်ပါ တီချမ်းရယ်
    ကျနော်ကတော့ ကျနော်မရှိရင် မြေပုံအေးအောင် ပြာအိုးကို အဲကွန်းခန်းထဲထားလို့ ဒါမှ နောက်တစ်ယောက်မြန်မြန်ယူလို့ ရမှာလေ ဟိဟိ။
    ReplyDelete
  8. ခေါင်းပဲကျန်ခဲ့မယ့်ပို့စ် လာဖတ်သွားတယ်
    ReplyDelete
  9. monica: ကိုယ်မရှိတော့ရင် ခေါင်းပဲကျန်ခဲ့မှာပေါ့ဟဲ့။
    ReplyDelete
  10. Liu: ကိုယ်မရှိတော့ရင် ခေါင်းတော့ကျန်ဦးမှာပါအေ
    ReplyDelete
  11. နောက်တပိုစ့် ရေးရင်
    ကိုယ်မှား သွားတယ်လို့ရေးရမယ်
    အဲ့တာဆိုလဲ ခေါင်းပြန်လာလဲတပ်လို့ပြောကြအုံးမှာပဲ
    ကိုယ်ဘယ်လိုလုပ်ရမလဲ....?
    ReplyDelete
  12. ချက်ထားတဲ့ဟင်းလေးတွေလာငမ်းသွားတယ်..
    အဲဒီနှုတ်ဆက်နည်းများအားကျသလား..အောက်မေ့တယ်။
    ReplyDelete
  13. One had gone, two will come.
    BINO
    ReplyDelete
  14. တီချမ်း ရေ
    အားမငယ်ပါနဲ့ ဖတ်ပြီးတော့ ခံစားလိုက်ရတယ် တကယ်ကို မိုက်တယ် ချွဲတတ်လိုက်တာနော် .. သူ့အစား တီချမ်း မရှိတော့ မှာတောင် စိုးရိမ် လိုက်သေး..
    ReplyDelete
  15. ပျင်း-----> ပြား---->ပျက်......?????????
    ReplyDelete
  16. ရွှေဇင်ဦး ရေ အားပေးတာ ကျေးဇူးတင်ပါတယ်
    ခုလောလောဆယ်တော့ ရန်ဖြစ်နေတယ်
    ဟီး
    အပြုံးရေ
    အဲ့ဒီ ပျင်း ပြား ပျက် ဆိုတာ ဆရာသော်တာဆွေ ရဲ့ ကျတော့ ဘဝ အကြောင်း ထဲက ယူထားတာပါ
    သူက မြို့တမြို့အကြောင်း (ကသာ ထင်တယ်) ရေးတာ
    သူဆန်ကုန်သည် အဖြစ်နဲ့ရောက်တုံးက
    သူဟာက “ပ” ငါးလုံး
    ပျင်းပျော်ပျက်ပြောင်ပြေး
    တဲ့
    ခိခိ
    ReplyDelete
  17. ဆုဆုငယ်: ကိုယ် မရှိတော့ရင် သူလည်း နောက်ချစ်သူ ပျော်ပျော်ကြီး ရှာမှာပေါ့ကွယ် ဟီးဟီး
    Sent at 10:27 PM on Tuesday
    ReplyDelete
  18. ကိုယ်မရှိတော့ရင် နောက်တယောက်ထပ်ရှာမှာ ပူမနေနဲ့  တီချမ်း
    အဟိ
    ReplyDelete
  19. hkan sar ya tal T Chan yal....kol ma shi taw yin thu ko sate ma cha par bu...:(
    ...JULY......
    ReplyDelete