Friday, May 21, 2010

အထူး သတင်းကြေငြာချက်

အထူး သတင်းကြေငြာချက်

အင်ဒိုနီးရှား.... မလေးရှား.... ခရိုယေးရှား..... စသော နိုင်ငံများနှယ် နိုင်ငံအမည် လေးလှစေရန်၊ တိုင်းသူပြည်သားများသာယာဝပြော အေးချမ်းစိုပြေရန်အလို့ငှာ ယမန်နေ့ နံနက် မင်္ဂလာစံတော်ချိန် နံနက် ၉ နာရီ တိတိမှာ တော်ဝင်နန်းတွင်း ပညာကဝိကြီးများ၏ အခါတော်ပေးချက်အရ ယခင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးအား "ရေမီးရှား" နိုင်ငံတော်ကြီး ဟုပြောင်းလဲခေါ်ဝေါ်ရန်။

နောက်ဆက်တွဲအနေဖြင့် စီးပွားရေးမြို့တော် ယခင် အခေါ်အဝေါ် ရန်ကုန်အားလည်း စင်္ကာပူ ကွာလာလမ်ပူ မဏိပူ တို့ကဲ့သို့ “အရမ်းပူ” ဟုပြောင်းလဲခေါ်တွင်စေမည်ဖြစ်ပါသည်

ထို့ပြင်တဝ ဒုတိယ မြို့တော် မန္တလေး ရတနာပုံ ရွှေနန်းမြို့အားလဲ “ရတနာပူ” ဟု ဂုဏ်ယူစွာပြောင်းလဲ ခေါ်ဝေါ်ကာ နေပြည်တော် အားလည်း “ရေကြည်မပေါ်” ဟု ပြောင်းလဲ ခေါ်ဝေါ်စေမည်ဖြစ်ပါသည် ရှန့်။

ယနေ့ ကြားဖြတ် အထူးသတင်း ကိုကြေငြာလို့ပြီးပါပြီ ရှန် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော်မူကြပါစေရှန်။

13 comments:

  1. ရန်ကုန်ပြန်ရင်တော့ သေချာရုပ်ဖျက်သွားနော်။

    ReplyDelete
  2. ကြောက်ဖူးလားးးးးးးးးးး :P

    ReplyDelete
  3. ကားပြာလေး စီးချင်တာထင်တယ် .. ဗော်လဗို အပြာပြောတာပါ

    ReplyDelete
  4. ဟုတ် မမရီတာ ရေ
    ခုကတည်းက ဆံပင်အရှည်ထားနေပြီ ခိခိ
    ပြီးတော့ အမေရိကန်ကိုလဲ အစိမ်းရောင် ကဒ်ပြားနဲ့ ခိုလှူံခွင့်လျောက်မယ် ခိခိခိ

    ReplyDelete
  5. တီချမ်းတို့ များ ဉာဏ်ကောင်းချက်အေ
    ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော

    ကဲ တီချမ်း ရေ စခန်းက ခဏလောက် လိုက်ခဲ့ပါတဲ့ ငါးပိကြော် နဲ့  ထမင်းကျွေးချင်လို့ တဲ့ တီချမ်းချက်ရမှာ ပင်ပန်းမစိုးလို့ တဲ့
    ခွိ

    ReplyDelete
  6. အဟိ ထပ်ဖတ်ပြီး ထပ် ရီသွားတယ် အဟိ

    ReplyDelete
  7. ခွိ.. ရေမီးရှား နိုင်ငံ အရမ်းပူ မြို့သူပါရှန့်

    ReplyDelete
  8. အမည်=အန်တီချမ်း
    နိုင်ငံသား=ရေမီးရှန်း
    နေရပ်=အရမ်းပူမြို့

    ReplyDelete
  9. သတင်းနားထောင်ဖို့ ရေဒီယို ကို ဟိုလှည့် ဒီလှည့် လိုင်းက မမိဘူးလေ...

    ရန်ကုန်ကနေ သတင်းနားထောင်နေရတာ ဆိုတော့ကာ..

    ReplyDelete
  10. Comment by pao pao ( lord O ) 51 minutes ago Delete Comment အေး ..နော် .. တီ့  ကို .. ပြော လိုက် ဦး မယ် .. နဲ နဲ ..ညိ နေ သ လား လို့  ..။ . Comment by pao pao ( lord O ) 53 minutes ago Delete Comment အော် ..စာ ရေးတဲ့  မမ တွေ ၇ဲ့ .. နာ မည် ကို ပြောပြ တာ ပါ ..။ . Comment by Prince of Supernova 3 hours ago Delete Comment မမပေါင်။ နေရာများမှားနေလားလို့နော်။ ဒါက အဖွဲ့နံမယ်ကြေငြာချက်ဟုတ်ဘူးလေ။ . Comment by pao pao ( lord O ) 3 hours ago Delete Comment အော် .. ၃ ယောက် လုံး .. မျက် နှာ သစ် လေး တွေ ဆို တော့  .. ဒီ အ ဖွဲ့  ကို အား ပေး ကြ မှာ ပါ ..။ ဟိဟိ..မွှေပေါ့ ..။ . Comment by Nay Yaung Lin Khant 5 hours ago Delete Comment ကောင်းလိုက်တဲ့ နာမည်လေးတွေဗျာ...

    ReplyDelete
  11. တီချမ်းရေ..ဘာဖြစ်ဖြစ်အားပေးနေတယ်သိလား..စိတ်ကို ပျော်အောင်နေပြီး သူများကို ပျော်အောင်ထားတာကလည်း ကုသိုလ်တစ်ပါးပဲ..
    ဒါပေမယ့် အချစ်အတွက်ခံစားစရာရှိခဲ့ရင် အရမ်းမခံစားနဲ့နော်..
    အဲလိုလူတွေက အချစ်အတွက် အရမ်းခံစားတတ်ဆိုတာ သိတယ်..ကျမမှာလည်း တီချမ်းလို သူငယ်ချင်းတစ်ယောက်ရှိတယ်..အမြဲတမ်း ကျမတို့ကို ပျော်အောင်ထားတယ်..ယောကျာင်္းနဲ့စကားများတဲ့အခါ အိမ်ထောင် တာဝန်တွေပင်ပန်းတဲ့အခါတိုင်း သူကလေ စိတ်ပျော်အောင်ပေါက်ကရတွေလိုက်ပြောတယ်..သူ့ကို အရမ်းခင်ပြီး သူမ အသည်းကွဲတိုင်းလည်း ပြန်ပျော်အောင်ထားလိုက်တယ်..ဟိဟိ

    ReplyDelete