Sunday, May 23, 2010

တန်ဖိုးမရှိတဲ့ အနမ်း

မနေ့က အနမ်း ပိုစ့်တခု ရေးဖြစ်ပါတယ် အရင်ကလဲ အနမ်းနဲ့ပတ်သက်တာရေးဖူးပါတယ်။ ဒီမှာတပိုစ့်ပါ တီချမ်း ရဲ့အချစ်ဒဿန များ ဆိုတာရဲ့အောက်မှာ အနမ်း ဆိုတဲ့နာမည်နဲ့ ရေးခဲ့တာပါ။ မနေ့က ပိုစ့်က ဒုတိယ ပိုစ့် ပေါ့ အခု ပိုစ့်ကတော့ တတိယ ပိုစ့်လို့ပြောလို့ ရပါတယ်။ နောက်လဲ ပရိတ်သတ် လက်ခံရင် အနမ်း ဋီကာ အောက်မှာ မတူထူးတဲ့ အနမ်း ကိုရှူမြင် ပုံတွေဆက်ရေးသွားဖို့ရှိပါတယ်။ အစကတော့ ကိုယ့်ဘလောခ် က တချက်တချက် မထော်မနန်းတွေရေးတယ် လုပ်တယ်ဆိုပြီး အဆော်ခံရလေ့ရှိပါတယ်။ ဟုတ်ကဲ့ ကိုယ်ကလဲ မထော်တာ လုပ်ချင်တာကိုး နော်။ ဒါကတော့ ရိုးရာလေ ရိုးရာ။ လုပ်ပေးရမယ်ပေါ့။ ခုနောက်ပိုင်းတော့ နည်းနည်း ဆင်ခြင်ပါတယ် ကြောက်လို့ တော့မဟုတ်ပါဘူး။ ထားပါတော့။ မနေ့ကပိုစ့်လဲ ရေးသာရေးလိုက်တယ် ကောင်မလေးတွေ ဘာပြောကြအုံးမလဲလို့ ကိုယ့်ဘလောခ်က နူတ်ခမ်းနီမလေးတွေလဲ အဘတ်များတယ်လေ။ အဲ့တာကြောင့် ခုဆင်ခြင်ပါတယ်။ ဒါပေမယ့် မနေ့က ပိုစ့်ကို ထူးဆန်းစွာပဲ သူငယ်ချင်းမလေး တွေက လက်ခံကြပါတယ် သူတို့ကတောင် ယောက်ျားတွေထက် ပိုကွန်မန့်ပေးရဲကြသေးတယ် (ဆတ်ဆလူး မ မိသူသူ မှ အပ)
နောက်ပြီး မမကွမ်လို နာမည်ကျော်က ရီဗြူးထဲထည့်ရေးပေးတယ် ဆိုတော့လဲ အားတက်ရပါ တယ်။ မြောက်တယ်ပဲယူဆပြီးတော့ တက်အောင် “က” ပြီနော်….ကဲလာပြီ…

တန်ဖိုးမရှိတဲ့ အနမ်း

တခါက ယောက်ျား တယောက်က ပြောဖူးတယ်…“ကိုယ့်ရဲ့ အမျိုးသမီးကို ကိုယ် စိတ်ပါ လက်ပါ မနမ်းဖြစ် တာ တော်တော်ကြာပြီ”…တဲ့။

စိတ်ပါလက်ပါ…နမ်းတာ…?

မနက်စောစော ရုံးသွားခါနီး နမ်းတဲ့ နဖူးပေါ်က၊ ပါးပြင်ပေါ်က အပြေးအလွှားအနမ်းမျိုး မဟုတ်ပါဘူး။ ညဘက် အိပ်ခါနီးပေးတဲ့ ပျင်းအိပျင်းတွဲ့ စိတ်မပါ လက်မပါ အာဘွားမျိုး မဟုတ် ပါဘူး။ ခရီးကအပြန် မတွေ့တာကြာတဲ့ လူနှစ်ယောက်ရဲ့ နူတ်ဆက်အနမ်းမျိုး မဟုတ် ပါဘူး။

ကိုယ့်မှာ ရှိရှိသမျှ အချစ်တွေ အားလုံးကို အနမ်းတခုနဲ့ဖွင့်ဆို အဓိပ္ပါယ် ဖော်ပြတာမျိုးပါ။

“ဟုတ်တယ်… တော်တော်ကြာပြီ။ အလုပ်က အရမ်းပင်ပမ်းတယ်” လို့ သူကပြောပါတယ်

“မင်း သူ့ကို မချစ်တော့ဘူးလား?” လို့ ကိုယ်က မေးပါတယ်။

“မချစ်တော့တာ မဟုတ်ပါဘူး။ တခြား ဘယ်သူ့ကိုမှလဲ ကိုယ်ပြောင်းချစ်မိသွားတာမျိုးလဲ မဟုတ်ပါဘူး။ အလုပ်တွေက တအားရှူပ်လာတာမျိုးပါ။ တခါတခါ ပင်ပမ်းလွန်းလို့ ကိုယ့်ကို ကိုယ်တောင် ချစ်ဖို့ အင်အားမရှိတော့ဘူး။ သူ့ကို ဆိုရင် တွေ့လဲမတွေ့ချင်ဘူး။ ဒါပေမယ့် မင်း သိတယ် မှလား? မိန်းမတွေဆိုတာ ဒီလိုကိစ္စမျိုးကို သိပ် စန်းစန်းတင့် (sensitive) ဖြစ်တတ် တယ်လေ။ (ဆတ်ဆတ်ထိမခံနိုင်ကြဘူး) ဆိုပါတော့။ မင်းသူ့ကို ပုံမှန်သွားမတွေ့ရင် မင်းသူ့ကို မချစ်တော့ဘူးလို့ သူက ထင်သွားတတ်တယ်။ အဲ့တာာဆိုရင်တော့ ပြဿနာက ပိုကြီးပြီ”

အဲ့လို ပြောလာတော့ “ယောက်ျားတွေက ကျတော့ရော အတူတူပဲ မဟုတ်ဘူးလား?” လို့ ကိုယ်မေးခွန်းထုတ်မိပါတယ်။

သားမီးရည်းစား နှစ်ယောက်ရယ်လို့ဖြစ်လာရင် ကိုယ်တို့တွေ က နောက်တယောက်ကို….. “မင်းကို တော့ ကိုယ်အရမ်းချစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ / မနက်ဖြန် / နောက်ပြီးတော့ မနက်ဖြန် ရဲ့မနက်ဖြန် (သဘက်ခါ) / ဒီတလလုံးလိုလို တော့ မင်းကိုမတွေ့နိုင်ဘူး” ဒါမှမဟုတ် “မင်း ကိုကိုယ်အရမ်းချစ်ပါတယ် ဒါပေမယ့် လောလောဆယ် တွေ့ဖို့တော့ မအားသေးဘူး” လို့ ပြောလို့ဖြစ်မလားနော်။

လူတယောက်ကို ချစ်ပြီဆိုရင် သူ့အတွက် အချိန်ကို မရရ ရအောင် ရှာပေးနိုင်ရမယ်။ မရှိရင် ရှိအောင် လုပ်ယူနိုင်ရမယ်။ ရှာထွက်လာတဲ့အချိန် လုပ်ယူ ရတဲ့အချိန်က လဲ သူ့တယောက် တည်း အတွက်ပဲဖြစ်ရမယ်။

တကယ်လို့သာ ကိုယ်တို့ အရင် ရည်းစားဘဝတွေ တုံးက တယောက်ကိုတယောက် တနေ့ မတွေ့ရရင် မနေနိုင်လွန်းလို့ မဖြစ်ဖြစ်အောင် ကြံဖန် ခိုးတွေ့ခဲ့ကြတဲ့ အချိန်တွေကို ပြန်ပြောင်း တွေး မိရင် အခုလက်ရှိ ဘဝမှာ ဖြစ်ပျက်နေတာတွေကို တော်တော်စိတ်ကုန်လို့ ကိုယ့် ရဲ့အေးစက်မှု တွေကို ကိုယ်ပြန်စိတ်ပျက်ပြီး အပြစ်ရှိ သလို ခံစားရမှာ အသေအချာပါပဲ။

အတူနေလာတဲ့ ရက်တွေ နှစ်တွေကြာလာတော့ ဘဝရဲ့ ဝန်ထုပ် ဝန်ပိုးတွေက ကိုယ်တွေကို ဖိအားတွေ ပေးပေးလာလိုက်တာ တနေ့တနေ့ အလုပ်…အလုပ်…နောက်ပြီးတော့ အလုပ်…။ အဲ့လို ဘဝ၊ အလုပ်၊ တာဝန်ဆိုတာတွေနဲ့ပဲ နောက်ဆုံးမှာတော့ နမ်းဖို့ အတွက်တောင် ကိုယ် တွေမှာ အင်အား မကျန်တော့တဲ့ အထိဖြစ်လာ ခဲ့ရတယ်။

မိန်းမတွေအတွက်ကတော့ ကိုယ့်ချစ်သူ ရည်းစား ယောက်ျားရဲ့ စိတ်ပါလက်ပါ နမ်းတဲ့ ချိုမြိန်တဲ့အနမ်းတခု ဆိုတာ ကုတင်ပေါ်က ကိစ္စ တွေထက် အများကြီး “တာ” သွားပါတယ်။ အများကြီးအရေးပါ အရာရောက် အဓိပ္ပါယ် ပြည့်ဝပါတယ်။

ဒါပေမယ့် ယောက်ျားတွေအတွက်ကျတော့ ဒီလောက်အလုပ်တွေ ရှူပ်နေတဲ့ကြားက ကုတင် ပေါ်ကိစ္စ ကို အချိန်ပေးနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ အမျိုးသမီး ချစ်သူ ရည်းစား မိန်းမ ကို အဓိပ္ပါယ် ပြည့်ဝတဲ့ နက်ရှိုင်းမှုတဲ့ ခံစားချက်စံချိန်မီတဲ့ အနမ်း တခုပေးဖို့ အချိန် မရှိဘူးဆိုရင်…

စိတ်မပါဘဲနမ်းတဲ့ အနမ်း နက်ရှိုင်းမှုမရှိတဲ့ အနမ်းဆိုတာ တန်းဖိုးမရှိတဲ့အနမ်းပါပဲ….

A Chen
2:30 am
22nd May 2010
Mae Sot
Thailand

5 comments:

  1. ဘယ်လို မှတ်ချက်ရေးရမယ် မသိဘူး။
    ခုတလော... တသက်လုံး ကျွန်ခံကြေး၊ ကိုယ့်ဘာသာ သတ်သေကြေး၊ လူလည်ကောင်မှာ နားရင်းအုပ်ခံကြေးပဲ လောင်းကြေးထပ်ချင်နေတာ။ သိတယ်မို့လား ရှေ့နှစ်ချက်က ရေမျောသီးထဲက ဂျူးရဲ့ စကားလုံး။ နောက်တစ်ခု ကိုယ့်စကားလုံး။ နောက်တချက်လောက် ထပ်ထည့်ချင်တယ်။ ပန်ဆယ်ဟီးလ် စီးထားတဲ့ ခြေထောက်နဲ့ ဖိနပ်မချွတ်ဘဲ နဖူးတည့်တည့် ဖနောင့်နဲ့ ပေါက်ကြေး။

    အနမ်းကြောင်းဆွေးနွေးဖို့ သိပ်အဆင်သင့်မဖြစ်ဘူး ဖြစ်နေတယ်။

    ReplyDelete
  2. တီချမ်းရေ ဒီပိုစ့်လေးကိုတွေ့တော့ ပြုံးမိရဲ့။ ယောက်ျားနဲ့ မိန်းမဆိုတာ သဘာဝကိုက မတူဘူးလေ။ ဒါကြောင့် မတူညီတာတွေ တွေ့လာရတိုင်း ဘယ်မတူလေမလဲ အစကတည်းက ယောက်ျား၊ မိန်းမဖြစ်နေတာကိုးနော်။ လက်ရှိ အခြေအနေကြောင့် အနမ်းဆိုတာ ကိုယ်နဲ့မဆိုင်သလိုဖြစ်နေတယ်။ :(

    ReplyDelete
  3. ဟုတ်တယ် သလင်းရေ
    ဒါပေမယ့် ဒင်းတို့ကို ယောက်ျားဖြစ်လို့မတူဘူး ဆိုပြီးတော့ တော့
    ခွင့်လွှတ်ထားလို့မရဘူးလေနော် ခိခိ
    ခုကိစ္စ က အကြင်နာပေးတဲ့ ကိစ္စ ပေမို့
    နှစ်ဦးနှစ်ဘက် စိုက်ထုတ်သင့်တယ် လို့တီထင်တယ်
    ဘာလို့လဲဆိုတော့ ယောက်ျားတွေက အလုပ်လုပ်ပြီး ငွေရှာတယ်ဆိုပေမယ့်
    မိန်းမတွေလဲ အိမ်မှာ သေအောင်လုပ်ရတာပါပဲ
    ပင်ပမ်းတယ်ပြောရင်လဲ တူတူပါပဲ
    မိန်းမတွေကတောင် အိမ်အလုပ်တွေလုပ်
    သူတို့အတွက် ချက်ပြုတ်ပေးနေနိုင်တဲ့အချိန်မှာ တပြိုက်နက် လုပ်ချင်လဲလုပ် မလုပ်ချင်လဲလုပ် ကုတင်ပေါ်က ကိစ္စ ကို အချိန်ပေးနေရသေးရင်
    သူတို့က ဒီလို စိတ်ပါ လက်ပါ အနမ်းတခုလောက်တောင် မစိုက်ထုတ်သင့်ဘူးလားနော်
    လက်ရှိအခြေအနေ ကိုလဲ အမြန်တိုးတက်အောင် လုပ်ပါ
    အနမ်းကောင်းတပွင့်ဆိုတာ လူတိုင်းနဲ့ထိုက်တန်ပါတယ်လေ

    ReplyDelete
  4. ဖြေးဖြေးလေး နဖူးလေးနမ်းပါ... ဟ ဟ ဟ ... နမ်းပါ.. နမ်းပါ.. နမ်းပါ...

    ဖင်လိမ်တွန့်လိမ် တွန့်လိမ်လှုပ်ရင်း ဖတ်သွား၏.....

    ReplyDelete
  5. How you think a wrinkled face's kiss.

    BINO

    ReplyDelete