Tuesday, May 25, 2010

တင်တင်တုံ ရဲ့အဖျက်အမှောင့်ကဗျာ

ကဗျာ မတင်တာကြာပါပြီ….ရေးလဲမရေးဖြစ်ပါဘူး အင်စပရေးရှင်းတွေ ခမ်းနေပါတယ် ခုတလောတော့ အက်ဆေးတွေပဲရေးဖြစ်နေတယ် အဲ့တာလဲ ဒီလိုပါပဲ စိတ်ထဲပေါ်လာတာတွေလျောက်ရေးနေတာပါ ဒီနေ့ သူငယ်ချင်းတယောက်က သူဖျက်ထားတဲ့ တီ့ကဗျာ တပုဒ်ကို ပို့ပေးလာပါတယ် တီဟိုးအရင်တုံးက တင်ထားခဲ့ဖူးတဲ့ ထီဆန်းခင်ရမ် ဆိုတဲ့ ကဗျာလေးပါ တိုင်းရင်းသား ချစ်သူလေးတယောက်ကို ရေးပေးထားတာပါ အဲ့တာကို သူက တီ့ ဖဘ ကိုမွှေရင်းနဲ့ တွေ့သွားတယ် ထင်ပါတယ် အဖျက်ကဗျာရေးတော့တာပဲ သူက အရင်တုံးကလဲ တီ့ ကဗျာတွေကို အခွီ အနှောက် ကဗျာတွေ အဖြစ်ဖျက်ရေးနေကြပါ။ ဒီကဗျာလေးက ပြောရရင် ကံမကောင်းပါဘူး တီစရေးတုံးကလြ ဂန္တဝင် ဘုတ်ဆုံက ဖျက်ပါတယ် ဝင်နှောက်ပါတယ်။ ခုတော့ ဒုတိယံမိ အနှောက်ခံရခြင်းပေါ့လေ။ ဒါပေမယ့် ရယ်ရပါတယ် တီ့သူငယ်ချင်းက ကဗျာရေးရင် အပျော်တွေပဲ ရေးတာများပါတယ် အဲ့တာကြောင့် တီ့ ပရိတ်သတ်တွေလဲပျော်စေဖို့ ပြန်တင်ပေးလိုက်ပါတယ် အော်ရီဂျင်နယ် နဲ့တွဲပြီး တင်းပေးလိုက်ပါတယ် အရင်ပိုစ့်ကတော့ ဒီမှာပါ….ကဗျာနာမည်က ထီဆန်းခင်ရမ် တဲ့…


ထီဆန်းခင်ရမ်

တခါက မျှော်မိတိုင်းလွမ်းရတယ်
မြစ်ဆုံမှာ နေလေတဲ့
ချစ်ခဲ့ဖူးသူ
တွေးလေလေ
အဆွေးတွေဝေလေလေမို့
မင်းကိုလေ မေ့ကာထားရတယ်
တမ်းတဲ့ စိတ်ကို
လွမ်းတာတွေဖြေမယ်လို့ကြံတိုင်း
နွမ်းစာခွေ တွေတွေရေးကာဖွဲ့
ပို့မ၀င့်ခဲ့ သူ
အတိတ်ကယ် ချိန်တွေကလေနှောင်း
မမေ့အောင် ကိုယ်လေဆုတွေတောင်း
ဆွေးလုသည်းအူ
သည်းဆိုင်တွေ ကိုင်ကာဆုပ်သလိုပ
တွေးလေတိုင်းကိုယ်လေလွမ်းတာမို့
ငါ့ကမ္ဘာ ငါသာရှိတော့တယ်
ဪ……….
မြူတွေကဆိုင်း။ ။

တီချမ်း
4:44 pm


တင်တင်တုံ ရဲ့အဖျက်အမှောင့်ကဗျာ

ချိန်မဆိုင်း
တွေးတိုင်းရယ်တဲ့ကတုံကရင်
မုန်းခဲ့ဘူးသူ
တွေးသလေ
ဘေးတွေမပြေစေကြောင်း
ဒင်းကိုလေ ကျိန်စာငယ်နာနာတိုက်ပါလို့
မုန်းစိတ်တွေဝေ…
မေ့ပါမယ်အခါခါကြံပေမယ့်
ပစ်စာသာတွင်တွင်ရေးပါလို့
ရပ်ကွက်ကိုတဲ့တိုင်ချင်
ချိန်ခါနော်ကြာတယ်ကိုယ်မမေ့
မေ့ချင်တယ်ဒီမုန်းစိတ်ကိုလ
ဆုံးကမ္ဘာတိုင်
မပြုံးပါနိုင်
ဒင်းကိုတွေ့ရင်ဖြင့်
ပြေးကာသာခြေကိုခုန်လို့ရယ်
သြော်…..
နဘန်ကျင်းမယ်မှန်း……………..

မင်းကြီးကတော် ခင်ဆုံ ၏အနွယ်တော်
သူကြီးကတော် ယင်အုံ၏ အဆက်
ကုလားကြီးကတော် တင်တုံ

4 comments:

  1. တီချမ်း ရေ

    ကဗျာ တော့ သိပ်မသိဘူး

    ဒင်းကိုတွေ့ရင်ဖြင့်
    ပြေးကာသာခြေကိုခုန်လို့ရယ်.

    အဲလိုသာ ခုန်လိုက်ရင် အခုန်ခံရတဲ သူတော့ သက်သာမှာ မဟုတ်ဘူး

    ရွှေစင်ဦး

    ReplyDelete
  2. တွေးလေတိုင်းကိုယ်လေလွမ်းတာမို့
    ငါ့ကမ္ဘာ ငါသာရှိတော့တယ်
    ဪ……….
    မြူတွေကဆိုင်း။ ။

    တခါတလေ အမြဲတမ်းလို တွေးမိလိုက်တိုင်း ကိုယ်က တစ်ယောက်တည်း အထီးကျန်သလိုပါပဲ။ ဘယ်လောက်ပဲ အသင်းအဖွဲ့နဲ့နေနေပေါ့။ စိတ်က ကိုဖြစ်နေတာ။

    ကဗျာလေးကောင်း

    ReplyDelete
  3. အဖျက်အမှောင့်ကဗျာဆိုတဲ့ ခေါင်းစဉ်ကို ခိုက်တယ်။
    ဒါနဲ့ ဘန်နာက သူငယ်(မ) ဘယ်ရောက်သွားပါလိမ့်...။း)

    ReplyDelete
  4. ဘန်နာက သူငယ်မ လို လှတပတ သူငယ်မလေးတွေ အများကြီး
    ဖဘ ကိုရောက်ကုန်ပြီလေ
    ခိခိ

    ReplyDelete