Wednesday, May 26, 2010

စိုနေတဲ့နူတ်ခမ်းတစုံ

စိုနေတဲ့နူတ်ခမ်းတစုံ

မိန်းကလေးတွေဟာ အမြဲတမ်းလိုလို အရင်ရည်းစား ရဲ့ အနမ်း စွမ်းရည် ကို အခု လက်ရှိ ရည်းစားရဲ့ အနမ်းစွမ်းရည်နဲ့ ယှဉ်ယှဉ်ကြည့်ကြလေ့ရှိတယ်။

အရင်တုံးက ရည်းစားကို ခုချိန်မှာ မိန်းကလေးမချစ်တော့ပေမယ့် သူ့ရဲ့ နက်ရှိုင်းနွေးထွေးတဲ့ အနမ်းတွေကိုတော့ ခုထိသတိရနေမိတုံးပဲ။ တကယ်ပါ သူက လူကိုအရမ်းနမ်းတတ်တယ်။ ခုလက်ရှိ ရည်းစားကို ကျတော့လဲ မိန်းကလေးက သူ့ကိုအရမ်းချစ်ပါတယ်။ ဒါပေမယ့် နှမြော စရာ တခုက သူက လုံးဝ မနမ်းတတ်ရှာဘူး။ အဲ့တော့ ဘယ်လိုမှ အရင်ရည်းစားနဲ့ မပြိုင်နိုင် ဘူးဖြစ်နေတယ်။

ဘာလို့များ ယောက်ျားတယောက်မှာ နှစ်ခုစလုံး ကောင်းမွန်ပြည်စုံလို့မရနိုင်တာလဲနော်…?

ယောက်ျားလေးတွေ ဘယ်ကနေ နမ်းတာ ကိုတတ်လာကြတာပါလိမ့်…?

မိန်းမတယောက်ဆီကနေတတ်လာတာလား?
ရုပ်ရှင်တွေကြည့်ရင်းတတ်လာတာလား?
စာအုပ်တွေထဲကနေ တတ်လာတာလား?
ဒါမှမဟုတ်…
မွေးကတည်းက ပါလာတဲ့မွေးရာပါ အတတ်လား…?

တကယ်လို့သာ နမ်းတာ ဟာမွေးရာပါ အတတ်ထဲမှာပါမယ်ဆိုရင်တော့ လူတယောက်နဲ့ တယောက်မှာ gifted ဘုရားပေးတဲ့အရည်အချင်း ဖြစ်တာတို့ talented ထက်မြက်တာတို့ စတဲ့ ကွဲပြားမှုလေးတွေရှိမယ်ထင်တယ်။

တချို့ယောက်ျားတွေဟာ သိပ်နမ်းတတ်ပါတယ်။ သူတို့ရဲ့ နူတ်ခမ်းတွေဟာ စိုစွတ်နေပြီးတော့ သူတို့ရဲ့ လျာကလဲ ဘယ်နေရာကို ဘယ်လိုကလိရမယ်ဆိုတာ သိနေတာမျိုးပါ။ နမ်းတဲ့အခါ ကိုယ့်လျာ ကို ဘယ်လို လိပ်သွင်း ချော့မြူရမယ်ဆိုတာ ကိုလဲ သူတို့ ရော သူတို့ ရဲ့ လျာရော က ကောင်းကောင်း သိကြပါတယ်။

တချို့မနမ်းတတ်တဲ့ယောက်ျားတွေများဆိုရင် နမ်းတဲ့အခါမှာ ကိုယ့် အာခေါင်ထဲ မှာ လျာနဲ့ လျောက်ထိုးနေသလိုမျိုးချည်းပါပဲ။ ဘယ်တော့ မှ အဆင်ပြေပြေ မဖြစ် ပါဘူး။ သူတို့တွေရဲ့ သွားဖုံးကလဲ ကိုယ့်တို့တွေရဲ့ သွားဖုံးနဲ့ လာလာတိုက်မိတတ်သေးတယ်။ သိပ်စိတ် ပျက်ဖို့ကောင်း ပါတယ်။

တချို့ယောက်ျားတွေကျတော့ လဲ သိပ်သနားစရာကောင်းပါတယ်။ သူတို့ဟာ မိန်းကလေး တယောက် စိတ်ကျေနပ် ကြည်နူးအောင် ဘယ်လိုနမ်းရမယ်ဆိုတာ ကို လုံးဝမသိပါဘူး။ အဲ့လို ပဲ သူတို့က မိန်းကလေးတယောက်ကို စိတ်ပါလက်ပါကြည်ကြည်နူးနူး သေသေချာချာ ကြိုးစား ပြီး နမ်းပြီဆိုရင်လဲ တဘက်သား မိန်းကလေးမှာ ဘယ်လိုမှ ကြည်နူးမှု သာယာမှု ကိုမခံစားရ ပါဘူး။ သူတို့ရဲ့ လျာက သိပ်တုံးပြီးတော့ တိုနေသလိုပါပဲ။ ပြီးတော့ သူ့တို့ နူတ်ခမ်းတွေဟာလဲ ခြောက်ခြောက်သွေ့သွေ့နဲ့ပါ။ သူတို့ ရဲ့ အနမ်းဟာ ဘယ်တော့မှ မိန်းကလေးတယောက်ကို ရင်ခုန်ခြင်းရဲ့ အနက်ရှိုင်းဆုံးနေရာ ကိုခေါ်မသွားနိုင်ပါဘူး။ အဲ့လိုပဲ နက်ရှိုင်း ပြီး စိတ်လှုပ်ရှား စရာကောင်း တဲ့ အနမ်းတပွင့် နဲ့ မိန်းကလေးတွေ ရဲ့ စိတ်ကို ဘယ်လိုမှ သူတို့ မဖမ်းစားနိုင် ပါဘူး။ သူတို့က ဘယ်လိုပဲ ကြိုးစားပေမယ့် ဘာမှအကြောင်းမထူးလာတဲ့အခါ မိန်းကလေး ခမျာ သူတို့ ကိုသနားရပါတယ်။ သူနမ်းတာ သိပ်ညံ့တယ်လို့ ဘယ်လို စကားလုံးနဲ့ ပြောပြရ မလဲ မိန်းကလေး မသိတော့ပါဘူး။

သူနမ်းလို့ ပြီးသွားတဲ့ အခါမှာ သိပ်ချိုမြိန်တာပဲ လို့ (ခံစားချက်အပြုံးတုတခု မျက်နှာပေါ် တပ်ဆင် ပြီး) ဟန်ဆောင်ဖော်ပြရပါတယ်။ သူ့ယောက်ျား မာန အတွက်ပါ။ ဒီလိုနဲ့ သူနဲ့ နမ်းတဲ့ အခါတိုင်း သူမရဲ့ စိတ်ထဲမှာတော့ အရမ်းနမ်းတတ်တဲ့ အရင်က ရည်းစားရဲ့ ပူနွေး စိုစွတ်တဲ့ နူတ်ခမ်းတစုံရယ်၊ ကျွမ်းကျင်တဲ့ လျာနဲ့ ကိုယ်ထဲမှာ ရှိတဲ့ ကလီစာ တွေအကုန်ကို ဆွဲထုတ် သွားသလို ခံစားမှုတွေအပြည့်အဝပေးတဲ့ နက်ရှိုင်းတဲ့ အနမ်း တွေရယ်ကိုသာ တမ်းတ မှန်းဆ လွမ်းလျ နေမိတော့တာပါပဲ။

A Chen
1:49 am
26th May 2010
Home
Bangkok

6 comments:

  1. တီချမ်း ရေ

    ဘယ်သူ့ကို စောင်းရေးမှန်းတော့ မသိဘူး ဒါပေမဲ့ အနမ်းခံရာ မှာတော့ ကျွမ်းကျင် အဆင့် ၁ ဆိုတာ အတော်ကို သိသာပါတယ်

    ကဲ ခံချင်တဲ့ အနမ်းလေး အမြန်ဆုံးရပါစေ

    ReplyDelete
  2. ရွှေဇင်ဦးရေ
    ရှင်တော်တော်မွှေတယ်နော်
    တီက နှာခေါင်းကြီးကြီးကောင်လေး နမ်းတာကိုခံချင်တာ
    (အဲလေ ပြောမိသွားပြီ)
    မဟုတ်ဘူး
    တီ အဲ့တာတွေ အကုန် စိတ်ကူးယဉ် ပြီးလျောက်ရေးနေတာ
    တီက အပျို
    ဘာမှမသိဘူးတော့
    မေမေဆူလိမ့်မယ်
    (နန်းဆု လို နူတ်ခမ်းလေး ဆူပြီး ပြောလိုက်သည်)

    ReplyDelete
  3. တီရေ.. နမ်းရင် နှုတ်ခမ်းနှစ်ခုလုံးနဲ့ ပူးမနမ်းရဘူး.. သူ့ရဲ့နှုတ်ခမ်းတစ်ခုကို ကိုယ့်ရဲ့နှုတ်ခမ်းနှစ်ခုကြားမှာ ညှပ်ပြီး ဖွဖွလေး ဆွဲနမ်းရတယ်။။ အဲဒီတော့မှ သူ့နှုတ်ခမ်းလေးက ပျော်ဝင်ပြီး ကိုယ့်နှုတ်ခမ်းကြားထဲ ပျော်ဝင်လာရော.. ကိုယ့်နှုတ်ခမ်းကလည်း သူ့ဆီပျေယ်ဝင်သွားတယ်.. အဲဒီလိုနမ်းရင်း မသိမသာ ဆံပင်တွေကြားထဲ လက်ချောင်းလေးထိုးထည့်ပြီး ပွတ်သပ်ပေး။ နမ်းရင်းနမ်းရင်း အားမရသလိုလိုနဲ့ သူ့နှုတ်ခမ်းလေးကို ဖွဖွလေးဖိဆွဲလိုက်။ အဲဒီနောက်တော့မှ လျာလေးနဲ့ ကလိပေါ့.. ဟီး ဟီး
    ဖတ်ဖူးတာတွေရေးလိုက်တာ

    ReplyDelete
  4. topic ပြောင်းဖို့ အချိန်တန်ပြီလို့ ထင်တယ်။ သိချင်တဲ့သူ လက်တွေ့လုပ်လိမ့်မယ်။ သီအိုရီတွေ သိပ်ပြောမနေနဲ့။ များရင် ဟုန်သွားလိမ့်မယ်။
    :)

    ReplyDelete
  5. ဘာပြောရမှန်းမသိ. စုံပလုံစိ.

    ReplyDelete
  6. အဲ... သူပြောမှပဲဒါတွေ ကြားဘူးတော့တယ်.. ဘုရားရေ.. တကယ်ပါ

    ReplyDelete