Tuesday, May 4, 2010

မနာလိုကြစေသတည်း

ဒီတပတ် ပိတ်ရက် ၂ ရက်ရှိပါတယ်
တနင်္လာက ၃ ရက်နေ့က ၁ ရက်နေ့ မေဒေး (အလုပ်သမားနေ့) စနေ ကျသွားတဲ့ အတွက် အစားထိုးပြန်ပိတ်ပါတယ် တီတို့လို နှစ်ရက် လုပ်မှာ တရက်လောက် မဝမလင် စားရတဲ့ အလုပ်သမားတွေအတွက် ပိတ်ပေးပါတယ် နောက် ဗုဒ္ဓဟူး က ကော်ရောနေရှင်းဒေးပါ ဘိသိတ် သွန်းတဲ့နေ့လို့ပြောရင်ရမယ်ထင်ပါတယ် အဲ့တာကြောင့် ပိတ်ပါတယ် လောင်းလစ်ဗ် သည်ကင်းပေါ့နော်

အဲ့တော့ တီက အန်နျူရယ် လိဗ်ထဲကနေ ၄ ရက် ၆ ရက်နေ့ နဲ့ ၇ ရက်နေ့ တို့ ကို ခွင့် သုံး ရက် ယူလိုက်တဲ့ သကာလ အရှေ့အနောက် စနေ တနင်္ဂနွေ လေးရက်နဲ့ ဆက်ပြီး ကိုး ရက်တိတိ နားရပါတယ်
အဟေးဟေး ပျော်ပါတယ် ရေရေ လည်လည် အိပ်ပါတယ်
ဘယ်မှမသွားပါဘူး ညလုံးပေါက် တီဗီ ကြည့်ပါတယ် desperate housewives နဲ့ lost season အကုန်ပြန်ကြည့်ပါတယ် အခွေသစ်ရှိသမျှ တော်တော်များများ ကြည့်ဖြစ်ပါတယ် ပြီးရင် တနေ့လုံး အသေကောင်လို အိပ်ပါတယ် ညနေကျမှ ၇ နာရီ တခါတလေ ၈ နာရီ ၉ နာရီလောက်မှ ထပြီးတော့ စားစရာ ရှာပါတယ် နောက် အခွေဆက်ကြည့်ပါတယ် စိတ်ကူးပေါက်ရင် ဘလောခ် ထရေးပါတယ်
၇ ရက်သားသမီးတွေ မနာလိုပြီး မေတ္တာပို့အောင် လုပ်နေပါတယ်
ကောင်းမှကောင်း

7 comments:

  1. ဟင့်.. နာလိုဘူးးးးးးးးးးးးးးး
    တီ အဲလိုနားနေရတုန်းလေး ချက်စားသမျှကို တင်ပေးပါလားလို့

    ReplyDelete
  2. မနာလိုတော့ ဖစ်ပါဝူး...
    မေတ္တာတော့ များများပို့ပေးမယ်။
    တီချမ်း အလုပ်မြန်မြန် ပြန်တက်ရပါစေလို့
    :P

    သတိရခြင်း များစွာနဲ့ အလည်လာခဲ့တယ်။
    mayD

    ReplyDelete
  3. မေတ္တာပို့နေပါဒယ် ။။ ဟိဟိ
    ကျန်းမာပါစေ ချမ်းသာပါစေ ..ဂလိုပါ
    တီရေ သစ်တော့ ဒုတ်ကိုင်စောင့်နေတယ်နော် ..ကျနော့်စီကိုလာမယ်ဆိုသတိထားဝင်လာခဲ့  ။

    ReplyDelete
  4. :)....လာလည်တယ် တီတီချမ်း။။။။ မနာလိုတော့ ဖြစ်ဘူးလေနော်။
    ဇိမ်ရှိရှိနဲ့  အချိန်တွေသုံးနေတယ်ဆိုတော့.....:)
    အားကျမိပါရဲ့။။။

    ReplyDelete
  5. အားကျလိုက်တာ တစ်ပတ် တစ်ပတ် ပိတ်ရက်မျှော်နေရတဲ့ဘဝ

    ReplyDelete
  6. ဘန်နာကို မြင်လိုက်တော့ ပို ပိုပြီး မနာလို ဖြစ်သွားတယ်။ အရောင်ကော သစ်ရွက်လေးတွေကိုပါ ချစ်လို့လေ...

    ချစ်လို့ မနာလို ဖြစ်မိတာပဲလေ... နော့ တီတီ စိတ်တော့ ဆိုးနဲ့ :P

    အဲဒီ တစုံတယောက်ကို မေးပေးပါလား။ blogspot ၀န်ဆောင်မှူ လုပ်ပေးပါသလားလို့?????

    သတင်းကောင်းမျှော်နေမည်...

    မှ
    may

    ReplyDelete
  7. အို မဟုတ်တာ အဲ့ဒီ တစုံတယောက် က တီ့အတွက်ပဲ လုပ်ပေးတာ ခိခိ
    ပြီးတော့ နောက်ဆို ရောင်စုံလေးတွေတောင်တင်ဦးမှာ ဟိဟိ
    မေဒီ တော့ ပိုမနာလိုဖြစ်တော့မှာပဲ

    ReplyDelete