Thursday, May 6, 2010

ဘန်နာရှင်အတွက် ထမင်းပွဲ

ကဲကဲကဲ တီတီ...............ပြန်လာပြီ........................အိုင် အမ် ဘက်ခ်....................
ဘယ်သူလဲ သိချင်ကြလား.................ဘယ်သူရှိမလဲ.............ဟုတ်ပါတယ်ခင်ဗျား...........

မြေနီကုန်း ဦးပြောင် မယားပါ တူမ၏ ခမည်းခမက်အမျိုး
ပန်းတနော် ဦးမဲ ဟိုဘက်ဒီဘက်အတင်းစပ်တော်သော တူမ
မူလလက်ဟောင်း
ပုသိမ် ဒေါ်ချမ်း aka နန်းမတော် မယ်နု ညီမရဲ့ တူမတော် ကိုငယ်စဉ်တောင်ကျေး ကြည့်ရှူရတဲ့ အထိန်းတော်ရဲ့ ညီမအရင်း စာဆိုတော် မဟာကဝိ နန်းမတော် မိမိချမ်းပဲလေ နော့

စာဖတ်သူတကာလဲ သတိထားမိကြမှာပါ။ ဘန်နာလေးက တီချမ်းရဲ့ ဝတ်လစ်စလစ် ဗျူတီကနေ လှတပတ လူတကာ လက်ခံနိုင်တဲ့ သားနဲ့အမေ မောင်နဲ့နှမ မိသာစုးလိုက် အစရှိသဖြင့် အပါအဝင် ဝေနေယ ဘလောခ် လောက စာရှူသူအပေါင်းတို့ ရုံးမှာ အလုပ်လုပ်ရင်း ခိုးကြည့် (အဲလေ အလုပ်မလုပ်ကြဘဲ ခိုးကြည့် အဲလေ အင်း ဘယ်လိုပြောရတော့မလဲမသိနော် လာလာပြောကြတယ် တီချမ်း ဘလောခ်ကို ဖတ်ချင်လှပါသော်လည်း ရုံးမှာ ဖွင့်ရတာ အမြင်မတော်တာကြောင့်ပါတဲ့ ကဲ ဘယ်သူက သူတို့ကို ရုံးမှာ ဘလောခ် ဖတ်ခိုင်းလဲနော် အလုပ်လာလုပ်ကြပါ့မယ် ဆိုပြီး ပိုက်ဆံယူထားကြတာ မဟုတ်ပါကလား အော် အသင်လောက လူတို့၏ ဖောက်လွဲဖောက်ပြန်သောအမှုများပင်တည်း ကဲကဲ ထားပါ) လို့ရတဲ့ ဟိရိသြတပ္ပ ဘန်နာမျိုးလေးကို ညတွင်းချင်းမှာ ဟပ်ချလောင်း ဆိုပြီးသကာလ ပြောင်းလဲသွားပါရော့လားအေတို့။ ကဲကဲ ဒီလိုထူးထွေဆန်း အံ့ရာသော် ပုံပြင်လေးကို မသိချင်ကြဘူးလားကွယ်တို့....နားထောင်နော်....
အဲ့လို ဘန်နာလေးကို ညတွင်းချင်း လှသွားအောင် လုပ်ပေးတဲ့သူက မင်းသမီးလေးရဲ့ မင်းသားလေးပေါ့ကွယ်။ ပုံပြင်လေးက ဒီလိုပါတဲ့ သားတို့ သမီးတို့ရယ်....
ဟိုးရှေးရှေးတုံးက လက်မလေးလောက်ပဲ ရှိတဲ့ ကျွန်းငယ်ငယ် တိုင်းပြည်လေး ပိစိလေး တပြည်ကို ရေမြေရပ်ခြားက မင်းသားတပါးဟာ စွန်းစားရှာဖွေ ကမ္ဘာမြေ အစီအစဉ်နဲ့ ရောက်လာတယ်တဲ့ကွယ့်။ အဲ့သည်မင်းသားလေးဟာဆိုလို့ရှိရင် လူစင်စစ် မဟုတ်ရှာပါဘူးတဲ့ကွယ်။ သို့ပါသော်လည်းသူဟာ လူတွေရဲ့ မူလဘုတ လို့ မဟာ မနုဿဗေဒကဝိ အင်သရိုပေါလော်ဂျစ် ဦးဦး ဒါဝင် ရဲ့ အလိုအရ ဆိုရင်တော့ သူဟာ လူတွေရဲ့ အော်ရီဂျင်နယ် ဖြစ်ပါချေသတဲ့။ ဒီလိုနဲ့ အဲ့ဒီ မင်းသားလေးဟာ မိထွေးတော် စိတ်ပုပ် ကေအိုအမ် နဲ့ မယားပါသမီးမိုက် စတက်ပ်ဒေါ်တာ ရီတာကို နဲ့ ဂန္ဓာမာသူသူ ညီအမရဲ့ နှိပ်စက်ကလူပြုမှုကြောင့် ဖခင်ဘုရင်ကြီး သေသွားတဲ့နောက်မှာ နေစရာ ဝတ်စရာ စားစရာမှ လူနဲ့သူနဲ့ တူအောင်မရှိရှာတော့တဲ့ မင်းသမီးလေး ခင်ဝတ်လစ် စစစစစစစစစစ (လို့ ဘိုဆန်ဆန် Khin Wittlizzzzzzzzzzz လို့ အမည်တွင်တဲ့) လုံးတီး မင်းသမီးလေးအပေါ် မေတ္တာသက်ဝင် ချစ်ခင်မိပါသတဲ့။
အဲ့တာနဲ့ မင်းသားလေးက နှမတော်လေး ဝတ်လစ်စ....မောင်တော်ကပဲ နှမတော်လေးအတွက် အရှက်လုံအောင် ဖုံးနိုင်ဖို့ရာ ဒွါယရာတွေ ဆင်ယင်ပေးပါရစေလို့ဆိုပြီးသကာလ ကမ္ဘာဦး ရဲ့ နာမည်ကြီးကျော် ဗဲရီး ဖေးမတ်စ် ဧဒင် ဂါးဒင်း (very famous eden garden) က မေပယ်လ်ရွက် (maple leaves)တွေ ခူးယူလာပါသတဲ့။ ပြီးတော့ မေပယ်လ် ရွက်တွေကို သီပြီး လစ်စ မင်းသမီးလေးအတွက် အီးဗနင်းဂေါင်းန် (evening gowns) တွေ ဘာညာတွေ ချုပ်လုပ်ပေးပါသတဲ့။ အဲ့တာတောင်မ အင်မတန် ချေး (ဂျီး) များလှတဲ့ မင်းသမီးလေး မယ်လုံးတီး ဟာဆိုလို့ရှိရင် ကိုကိုကဆင်မယ်ဆိုရင်တော့ ဝတ်ရမှာပါပဲ သို့ပေမယ့် နှမတော် ရဲ့ ဖေးဘရိတ် ကာလာများဖြစ်တဲ့ အက်စန့်လိုက်ဂရင်း (essent light green) အစိမ်းနု ကိုပြောတာပါ ကွန့်တာပေါ့နော်) လာဗင်းဒါး ပါးပယ် (lavender purple)ခရမ်းရောင် ခရမ်းရောင် နဲ့ အဲဗား စကိုင်း ဘလူး (ever sky blue) ကောင်းကင်ပြာနု စတဲ့အရောင်တွေ ရမှ ဝတ်မယ်လို့ သူ့ချစ်သူကို ဂျီတိုက်ပါသတဲ့။ (ဂျီးတိုက်တာ မဟုတ်ဘူးနော် ဝစ္စနှလုံးပေါက် မပါဘူး သေချာ ဘတ်) အဲ့တာနဲ့ မင်းသမီးလေးကိုချစ်တဲ့ မင်းသားလေးကလဲ ချုပ်ပေးရရှာတာပေါ့ကွယ်။ အဲ့လို ချုပ်တဲ့အခါမှာ မင်းသမီးက ခဏခဏ မကျေနပ်နိုင်သေးတဲ့အတွက် အရောင်ကို အမျိုးစုံပြောင်းပေးရရှာတာပေါ့ကွယ်။ အဲ့မှာ မင်းသားလေးက ဘာကိုတောင်စဉ်းစားမိသေးလဲဆိုရင် အန်ချင်စရာ မြည်သံစွဲ (ဝေါ့) ဒစ်စနေ (walt disney) က ထုတ်တဲ့ အိပ်နေသော မိန်းမလှလေး ကာတွန့်ကားထဲက နတ်သမီးလေးတွေရဲ့ မက်ဂျစ်ဝှန်း (Magic wand) မျှော်နှင်တံ ရရင်တောင်ကောင်းမှာပဲ လို့တောင်းတမိသတဲ့....................
ဒီလိုနဲ့ အတိုချုံ့ရမယ်ဆိုရင် မင်းသားလေး ချုပ်ပေးတဲ့ အီးဗနင်းဂေါန်းတွေနဲ့ မင်းသမီးလေး မယ်လစ်စ ဟာဆိုလို့ရှိရင် လှချင်တိုင်းလှနေတဲ့အတွက် မင်းသားလေးက အက်ဝှန့်စ် (at once) မြင်းမြင်းချင်း နွားနွားချင်း အဲလေ ဆော်ရီး (sorry) လဗ် အက်ဖတ်စ် ဆိုက် (love at first sight) တွေဘာတွေနဲ့ ဖော်အင်လဗ် (fall in love) ဖြစ် နောက်တော့ ပရိုပိုစ့် ဝှတ်သည်ရင်း (propose with THE RING) ဒူးထောက်ကာ ဝယ်ယူမယ်ရီးမီ (will you marry me?) ပြီးသကာလ ဒေလစ်ဗ် ဟက်ပီးလီး အဲဗား အာဖတာ (they live happily ever after) ဖြစ်သွားကြပါသတဲ့ကွယ်။

ပုံပြင်ဆိုရင်တော့ အဲ့မှာ ပြီးရမှာပေါ့ကွယ် ဒါပေမယ့် တကယ့်တကယ် လူ့ဘဝမှာတော့ they live happily ever afer ဆိုတာ မရှိတဲ့အတွက် မင်းသမီးလေးဟာ ရှေးလူကြီး မိဘတွေ မဟုတ်တမ်းတရားလျောက်ပြော ရိုက်သွင်းခဲ့ကြတဲ့ မယားဝတ္တရား ၅ ပါးဆိုလား ဘာလား .....

  • လင်မစားခင်စားရမယ်
  • လင်မအိပ်ခင်အိပ်ရမယ်
  • လင်ကိုနွား သားကို ဝက်လို သဘောထားရမယ်
  • လင်နေစ ဆင်သေမှ
  • လင်ထပြီးမှ ထရမယ် စတဲ့စတဲ့ သင်ကြားပေးထားတာတွေနဲ့ ဆန့်ကျင်စွာ လင်ဆိုးမယား တဖားဖား ဖြစ်ရရှာသတဲ့။ အဲ့တော့ သူ့ခမျာ လင်ကို ပြုစု ဖို့အတွက် မီးဖိုးချောင်ဝင်ရတာပေါ့တဲ့ကွယ်

အရင် မိထွေးတော် အိမ်မှာနေတာကမှ သက်သာသေးတယ်လို့လဲ မင်းသမီးလေးခမျာ ချက်ရင်း ပြုတ်ရင်းတွေးမိနေပါသတဲ့။ သို့သော်လည်း ဘဝကို အရှူံးမပေးတဲ့ မင်းသမီးလေး ဖြစ်တာကြောင့် တဘက်တလမ်းကနေ နာမည်ကြီး အောင် သူကလဲ ချစ်သုဝေလို ကျောင်းတွေပြေး အဲလေ ကျားပေါက် လို နာမည်ကြီး ဆိုပြီး စီးရီးမထုတ်နိုင်သေးလေတော့ ဘလောခ် လို့ခေါ်တဲ့ အီလက်ထရောနစ် စာမျက်နှာတွေပေါ်ကနေ တဆင့် မမလုလု မီးဖိုချောင်လိုများ စာအုပ်ထုတ်ရမလား ဒါမှမဟုတ် နာမည်ကြီးလာရင် အယ်ဒီတာတွေကများ လိုက်လာမလား စတဲ့ မျှော်လင့်ချက်တွေနဲ့ ဘလောခ်ရေးဖို့ကြံစည်ပါသတဲ့။ အဲ့တာကနေ တဆင့် အခု စာရှူသူမြင်နေရတဲ့ စားကောင်းသောက်ဖွယ် ခဲဘွယ်ဘောဇင် တွေကို ချက်ရင်းပြုတ်ရင်း မြဝတီကလား မြန်မာ့အသံကလား သေချာမမှတ်မိတော့တဲ့ သိလ္လာစိုး လို ကဲကဲ ပထမ ဦးဆုံး အရင် ဆီ ကို ဒယ်အိုးလေးထဲ ထည့်ပါမယ်။ နောက်တော့ မီး ကို ဟောဒီလို ခလုတ်ကလေးဖွင့်ပြီး ဆီအိုးလေးကို ပူလာအောင်တည်ပါမယ် တွေဘာညာတွေ လုပ်တော့တာပေါ့တဲ့ကွယ်။

အံမယ် မင်းသမီးလေးက သူက သူ့ဘာသာ ချက်ရင်း ပြုတ်ရင်းနဲ့လဲ သူဟာ အရင် မြန်မာရွှေပြည် မြို့တော် ကုန်ကုန်မှာနေတုံးက ဘာမှမချက်တတ်မပြုတ်တတ်ခဲ့တဲ့ မချက်ရ မပြုတ်ရ ဘာအမွှေးမှမီးမလောင်နေခဲ့ရတဲ့ သူဟာဆိုလို့ရှိရင် ဟော အခု ဘန်ကောက်ကိုရောက် ကိုယ့်ထမင်းကိုရှာ ကိုယ်ဝမ်းကိုကျောင်း ကိုယ့်လှေကိုယ်လှော်နေရတဲ့အခါ အရေးကြုံလာတော့ လဲ ဒီလို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်တတ်တာဟာ အန်ကယ် ဦးကျော်သိန်း သမီး မမဖြူဖြူ ရဲ့ စကားနဲ့ ငှားပြောရရင် ဘုရားသခင်ရဲ့ကျေးဇူးတော် အလိုအရ တော်နေလွန်းလို့လား။ ဒါမှမဟုတ် သူဟာ အရင်ဘဝက ရှေးဟောင်း နန်းတွင်း စားတော်ကဲ ချန်ဂင် နဲ့အမျိုးတော်တဲ့ ညီအမ တွေပဲ ဖြစ်ခဲ့လို့လား ချန်ဂင် ကိုယ်တိုင်းပဲများလား စသဖြင့်လဲ ဖြူဖြူ့ရဲ့ အတွေးကမ္ဘာ လို နွေနေ့လည် အိပ်မက် အတွေးကြွယ်နေပါသတဲ့ကွယ်။ ပြီးတော့ သူက ချက်ရင်းပြုတ်ရင်းနဲ့လဲ ရင်မှာခံစား သူမမြင်နိုင်တယ် ငါ့အရဲ့ အသည်းထဲက အတွင်းကြေ တွေဘာတွေအော်နေသတဲ့ အော်နေရင်းလဲ သူက အင်းသူ့ရဲ့ အသံကိုသာ ဆိုနီ ဓါတ်ပြားတိုက်က ကြားရင် သူ့ကို ဖြစ်နိုင်ချေရှိတယ် ဆိုပြီး ချက်ချင်း စာချုပ်ချုပ် အခွေထုတ် ဟော နောက်နှစ်လဲကျရော ကော်ဇောနီပေါ်မှာ လမ်းတွေ ကြွကြွရွရွလေး လျောက်ပြီး သကာလ

this year grammy new artist award goes to....................Miss.........Khin Witlizzzzzzz

ဆိုပြီးကြေပြာတာကိုတောင်ကြားယောင်လာပါသတဲ့ အဲ့အချိန်မှာပဲကလစ်ကလစ် ဆိုတဲ့ မြည်သံတွေကို ကြားရတဲ့အခါ “သမီး ဖြူဖြူ ဘာတွေအတွေးလွန်နေတာလဲ” ဆိုတဲ့ဖေ့ဖေ့ အသံနဲ့အတူ.......ရှေ့မှာမွှေနေတဲ့ ဟင်းအိုးက တူးနံ့ထွက်လာပါသတဲ့ အဲ့တော့မှ “အိုသမီးအတွေးလွန်သွားလို့ပါ ဖေဖေ” လို့ ပြောလိုက်ရသတဲ့ကွယ်။

ကဲကဲ ပုံပြင်လေးလဲ နားထောင်ပြီးကြ ဖတ်ပြီးကြပြီဆိုရင် ဟင်းလေးကို မတူးအောင်သေချာချက်လိုက်ကြရအောင်နော်.............ကဲ အဲ့တော့ ခေါင်းစဉ်တတ်ထားတဲ့အတိုင်း ဘန်နာ လုပ်ပေးတဲ့ မင်းသားလေးအတွက် ချက်ကြွား အဲလေ ချက်ကျွေးတာ ဖြစ်ပါတယ်ကွယ်နော်။

ပထမဆုံး ဆီအိုးကို အရင် ပူအောင်တည်ပါမယ် အဲလေ သိလ္လာစိုး အကျင့်တွေ မပျောက်သေးဘူး ခိခိ
ပထမဆုံး ဟင်းရံအဖြစ် မချက်စားတာအတော်ကြာပြီဖြစ်တဲ့ အရင်ဆုံး မှိုကန်စွန်းလေးကြော်ပါမယ် အရင်ပိုစ့်တွေမှာလဲရေးခဲ့ပြီးသားဖြစ်တဲ့အတွက် (ခက်လဲမခက်တဲ့အတွက်) ရမ်းသရူးပဲ ပြောသွားပါမယ်။ ရေစင်စင်ဆေးထားတဲ့ ကန်စွန်းရွက်တွေရယ် မှိုတွေကို ရေစစ်ထားပါမယ်။ စကားမစပ်ပြောရအုံးမယ် ဒီမှာက ကန်စွန်းရွက် ဝယ်ရတာတောင် နည်းနည်း ရှုပ်ချင်ပါသေးတယ် ဘယ်လိုရှုပ်လဲဟုတ်လား ကုန်တိုက်က ဒီပါမင်တယ် စတိုးတွေမှာဝယ်ရင်လေ (အထူးသဖြင့် တီဝယ်နေကျ စီယမ် ပါရာဂွန်မှာဆိုရင်ပေါ့) အသီးအရွက်တွေဟာ အော်ဂင်းနစ် နဲ့ အင်အော်ဂင်းနစ် ဆိုပြီး နှစ်မျိုးလာပါတယ် သဘာဝနဲ့ ဆေးထိုးနဲ့ ပေါ့လေ ဆယ်တန်း စာကျေတဲ့သူတွေသိပါမယ် ခိခိခိ ကြေငြာ............သဘာဝကတော့ ပိုဈေးကြီးတာပေါ့ကွယ်နော် တီလဲစဉ်းစားမိပါတယ် သူတို့မှာပဲ ရှုပ်ရှုပ် နဲ့ ရှက်ရှက်လို့ တီ့တို့ ရွှေပြည်မှာဆိုရင် အကုန် အော်ဂင်းနစ်ချည်းပဲနော့် ထားပါတော့ အဲ့တော့ ခုန က ဟင်းဆက်ချက်ရရင် .............





ရေဆေးထားတဲ့အရွက်တွေ ကို စစ်ထားပါမယ် ပြီးရင် ဆီပူထဲမှာ ငရုတ်သီး စိမ်း ဒါးပြားရိုက်လေးတွေ ထည့်ကြော်ပေးပါမယ် နောက် ကြက်သါန်ဖြူကိုလဲ ဒါးပြားရိုက် ထည့်လိုက်ပါ ဒါကတော့ တရုတ်ကြော်ပေါ့နော် ယိုးဒယားလိုကြော်ရင်တော့ သူတို့ရဲ့ အကြော်နှစ်လို ဟာမျိုးရယ် ငံပြာရည်တွေ ဘာညာတွေထည့်ပါတယ် အဲ့ဒီ အနံ့တွေကို တီလုံးဝမကြိုက်ပါဘူး အဲ့တော့တီက တီတို့ မျိုးရိုးစဉ်ဆက် ကြော်လာခဲ့တဲ့ ပြည်မ မူလ ကန်စွန်းပလိန်း မီးမြိုက်ပဲ အော် ပြောပါအုံးမယ် တီ အိမ်ငှားဖို့ လိုက်ကြည့်တော့လဲလေ တီသတိထားတာ တခုရှိပါတယ် အဲ့တာကတော့ ဂစ်မီးဖိုနဲ့ ဂစ်အိုးပါပဲ အဲ့တာ တီ့အတွက် အိမ်တအိမ်မှာ အဲကွန်းလိုပဲ အဆန်းရှယ်ဖြစ်ပါတယ် မရှိတဲ့အိမ်ဆို တီ မငှားပါဘူး။ များသောအားဖြင့် ကွန်ဒိုတွေက ဂစ် ပေးမချက်ပါဘူး သူတို့က ဟော့ပလိတ်ပဲ ပေးပါတယ် တီက မနေနိုင်ပါဘူး ချေတာမဟုတ်ပါ အရင် ကျိုင်းတုံအိမ်မှာကတည်းက ဂစ်ပဲသုံးတာပါ အဖွားကတော့ ထင်းပဲသုံးတယ် (စကားမစပ်ပြောရရင် ထင်းနဲ့ကြော်တဲ့ အသီးအရွက်တွေဟာ ပိုမွှေးပါတယ် ထင်းတူးနံ့လေးလိုလိုလေ) အဲ့တော့ တီက ခုနပြောသလိုပဲ ကြက်သွန်ဖြူ ငရုတ်သီး ဒါးပြားရိုက်ဆီပူနဲ့ မှို ကိုအရင် ပစ်ထည့်လိုက်ပါတယ် ပြီးတော့ ကန်စွန်း ထည့် နည်းနည်းကြော် အရောင်ပြောင်းတယ် ဆိုရုံပြောင်းသွားပြီးဆိုရင် အွိုင်စတာ ဆော့ထ် (ခရုဆီ) အနည်းငယ် ထည့် လိုက်ပြီးရင် အိုးကို မီးဖိုပေါ်က ချလို့ရပါပြီ။ ခရုဆီကိုမကြိုက်ရင် မထည့်ပဲ ဆား အချိုမှုန့် နဲ့လဲ အလုပ်ဖြစ်ပါတယ် အဓိကက မီးပူဖို့ပါပဲ။ မီးပူတဲ့ဆီနဲ့ ကြော်မှာ အရွက်တွေက လတ်ဆတ်ပြီး စားကောင်းပါတယ် မှတ်ထားနော်...ကဲ အောက်က ပုံကိုကြည့် စားချင်မလာဘူးလားလို့နော့............




နောက်တမျိုးကတော့ တီမကြာခဏ လုပ်စားဖြစ်တဲ့ အအီပြေ ဝက်သားချဉ်သုပ်ပါ အင်မတန်လွယ်ကူမြန်ဆန် စားကောင်းအမှန်ပါပဲ ဆဲဗင်း အီလဲဗင်း ကဝယ်ထားတဲ့ ဝက်သားချဉ်လေးတွေကို ကိုယ်လိုချင်သလောက်အနေတော် ပါးပါးလှီး နောက် ကြက်သွန်နီ ကြီးရင် တဥ သေးရင် နှစ်ဥ ပါးပါးလှီး ကြိုက်တတ်ရင်ကြက်သွန်ဖြူ ပါးပါးလှီး နံနံပင် ပါးပါးလှီး ငရုတ်သီး စိမ်း သေးသေးပါးပါးလေးတွေလှီး တီကတော့ ပျောက်သွားတော့မလောက်လှီးပြစ်တယ် ကြောက်လို့ ဟိဟိ စားလဲစားချင်သေးတယ် အဖတ် အကြီးကြီးတွေ ဆိုရင် မစားရဲဘူး ပြီးရင်တော့ ဆား အချိုမှုန့် သင့်ရုံထည့် သံပရာသီး ညှစ်ထည့်ပြီးတာနဲ့ နယ်လိုက်ရုံပဲ ကောင်းမှကောင်း အဲ့တာတီက တီတို့ ကျိုင်းတုံဘက်ကလို ရှမ်းဆန်ဆန် တရုတ်ဆန်ဆန် သုပ်တာပါ မြန်မာလို ပဲဆီနဲ့ ကြက်သွန်နီနဲ့ သုပ်ရင်လဲ ငါးဖယ်ချဉ်လိုပဲ ကောင်းမှာပါ နောက်နေ့ကျ စမ်းလုပ်စားကြည့်မယ်...




ဒါက နောက်ဟင်းရံတမျိုးဖြစ်တဲ့ ဂေါ်ဖီကြော်ပါ တီက အမေနဲ့နေတုံးကဆိုရင်တော့ အမေက ဂေါ်ဖီထုပ်ကို တရုတ်ကြော်ကြော်ပါတယ် ဘယ်လိုကြော်လဲ ဟုတ်လား နောက်တခါကျတော့ ပြောပြမယ်နော်...ခုတော့ တီက ဟိုးအရင် ငယ်ငယ် မွေးစားမိသားစုနဲ့နေတုံးက မြန်မာကြော်ပေါ့ အဲ့လို ပါးပါးလေးတွေလှီးပြီး နနွင်းမှုန့် နည်းနည်းနဲ့ ကြော်တာ စားချင်လို့ မောင့်ကိုပဲကြော်ခိုင်းလိုက်တယ် အဲ့တာကတော့ ဂေါ်ဖီ ကို ပါးပါးလှီး ဆီကိုအရင်ပူအောင်တည် ပြီးတော့ နနွင်းမှုန့်နည်းနည်းနဲ့ ဆီသတ်တယ် ပြီးတော့ မွှေပါတယ် နည်းနည်းလေး နွမ်းသွားပြီဆိုရင် အချိုမှုန့် နဲ့ဆား နည်းနည်းစီထည့် ပြီးရင် ခဏ ထပ်မွှေပြီးရင် ချလို့ရပါပြီ (မှတ်ချက်=အိုးကို မီးပူပေါ်မှာ အကြာကြီးမထားပါနဲ့ ပြီးတော့ အဖုံးမဖုံးပါနဲ့ အဲ့တာဆို ဂေါ်ဖီတွေအရမ်းနွမ်းသွားမှာ စိုးရပါတယ် အဲ့တာဆိုရင် စားမကောင်းတော့ဘူးပေါ့ ဒါကလဲ လူတကိုယ် အကြိုက်တမျိုးပါ တီကတော့ နွမ်းနွမ်းလေး ပိုကြိုက်တယ်)

ဒါကတော့ မိန်းဒစ်ရှိ ချက်မယ့် ပုစွန်ပါပဲ မနက်စောစောက ဈေးထဲမှာ ပုစွန်ကြားလို့ခေါ်တယ် ထင်တယ် တွေ့တာနဲ့ ၁ ကီလို ဝယ်လာပါတယ် အခွံခွာ ခေါင်းဖြုတ် တခါတည်း လုပ်ပေးပါတယ် အော် ၁ ကီလိုဆိုတာ ၁ ပိဿာထက်နည်းနည်းလျော့ပါတယ် ၁ ပိဿာ ကို ၁.၆ ကီလိုရှိပါတယ် ဒါက စကားချပ်နော်...ဒီနေ့ မြန်မာစာ ကို အရင်မွေးစားမိဘတွေနဲ့နေခဲ့ရတုန်းကလိုပဲ စားချင်နေတယ် အမှန်က ပုစါန်ကို အကောင်နည်းနည်းသေးတာ လိုချင်တာ ဒီမှာ မရှိလို့ ငရုတ်သီးနဲ့ အိုးကပ် စပ်စပ်လေး ချက်စားချင်တာလေ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာလို ကင်မွန်းချဉ်ရည်ဟင်းလေးပါပါချင်သေးတာပေါ့ ဒီမှာက အဲ့လို အရွက်တွေမရဘူး ပြောရင်နဲ့ ဒန့်ဒလွန်ရွက် ဟင်းခါးလေးလဲသောက်ချင်လာပြီ....................
အီးဟီးဟီး မြန်မာပြည်ပြန်မယ် အီးဟီး..............အိမ်ပြန်မယ်..................ခုပို့ပေး ခုပို့ပေး....အီးဟီး....
ငိုလို့ပြီးတော့ မျက်ရည်တွေသုတ်ပြီး ဟင်းပြန်ချက်ပါမယ်
ဒါက ချက်မယ့် ပုစွန် ၁ ကီလိုလုံးကို ဆားအချိုမှုန့် နနွင်း နည်းနည်းနဲ့အရင်နယ်ဖတ်ပြီးနှပ်ထားပါတယ် မိနစ် ၃၀ လောက်ဆို အိုကေပါတယ် အမှန်ကတော့ နယ်ပြီးတာနဲ့တန်းချက်ရင်လဲရပါတယ် တီကတော့ ရှည်တာပေါ့

ဒါကတော့ ကြက်သွန်နီနဲ့ အဖြူကို ဆီသတ်တာပါ ပြီးရင် ဟင်းချက် ငရုတ်သီးမှုန့်ကို များများလေးထည့်ပါမယ်
အိုးကပ် အစပ်လေနော် အဲ့တော့ ငရုတ်သီးမှုန့်ကို များများသာ ကစ်လိုက်ပါ ကပ်စေးမနဲပါနဲ့ ကိုယ့်ဗိုက်ထဲရောက်မယ့်ဟာပဲလေ လုပ်ပါ လုပ်ပါ ထည့်သာထည့်ပါ ခပ်များများပေါ့ပြီးရင်အရေးကြီးတာ ခြောက်သွားအောင်ဆီသတ်ပေးပါမယ် ငရုတ်သီး အနံ့မွှေးလာတဲ့အထိပေါ့ နည်းနည်းလေး တူးလာသယောင် အထိပေါ့ (တူးလာသယောင်နော် တူးလာတဲ့အထိမဟုတ်ဘူး)


ပြီးရင်တော့ နောက်ဆင့် ပုစွန်တွေထည့်ပါမယ် ပြီးရင်လဲနောက် တခါ ပုစွန်က ရေထွက်မှာဖြစ်တဲ့အတွက် ခြောက်ခြောက်ကလေး ဖြစ်တဲ့အထိ ကြော်ပေးပါမယ် တော်တော်ကိုခြောက်တာနော် ခြောက်ချင်းတွေထပ်ပြီး ခြောက်နေတာပဲ ပုစွန်တွေတော်တော်ခြောက်ပြီး ဆီပျံလာပြီဆိုမှ ရေနည်းနည်းထည့်ပြီး မဖုံးဘဲမွှေပေးပါမယ် ရေခန်းတဲ့အထိ အဲ့လို ဆက်တိုက်မွှေပေးနေပါ။ လိုအပ်ရင် အရသာ မြည်းပြီး ပေါ့ငံ ကြိုက်သလို ငံပြာရည်လေးလဲ နည်းနည်း ထည့်လို့ရပါတယ် တီကတော့ ငံပြာရည် အနံ့ကို တခါတခါ အာရုံမလာတာနဲ့ ဆားပိုသုံများပါတယ်။ ပြီးရင်တော့ ရေခန်းတဲ့အထိ မွှေရင်း အိုးတော်တော်လေးကပ်သွားပြီဆိုရင် ချလို့ရပါပြီ။
ပုံတွေမှာကြည့်ပါ မကပ်တတ်တဲ့အိုးနဲ့ချက်ရင် အိုးဆေးရတာ ပိုသက်သာပါတယ် ဟိဟိ တီကတော့ အပျင်းကြီးပဲနော်.......


ကဲအခုဆိုရင် အင်မတန် ကြည့်ရတာနဲ့တင် စားချင်စရာကောင်းပြီး သွားရည် တမြားမြား ကျစေတဲ့ ပုစွန် အစပ်အိုးကလေးကပ်ပါ ခုနက ဟင်းရံတွေနဲ့ တွဲဘက် အုပ်လိုက်လို့ကတော့ အနည်းဆုံး နှစ်ကီလို လောက်တော့ တက်လာမှာအသေအချာပါပဲ...........ပိန်ချင်သော သူများ တီချမ်းကိုဝေးဝေးရှောင်ပါ ပေါ့လေ




အောက်ကဟာတွေကတော့ ထမင်းစားပြီးလွေးစရာ အသီးအနှံများပါကွယ် သင်္ဘောသီး မှည့် နဲ့ မက်မန်းသီး မှည့်ပါ




မာလကာသီးနဲ့ ကျွဲကော်သီး ပါ ဘန်ကောက်မှာ တခုကောင်းတာ အသီးအနှံအကုန်က ဆယ်နှလရာသီ ရပါတယ် အော်ဂင်းနစ် တော့မဟုတ်ဘူးပေါ့လေနော် ကွာသလားဆိုတော့ စားတော့စားရတာကောင်းပါတယ် သို့သော်လဲတီတို့ ရွှေပြည်မြန်မာလို အသီးတွေက မမွှေးပါ တီဆိုရင် ကိုယ့်နိုင်ငံကဆိုရင် ဓညင်းသီးလေးက အစမွှေးတာပါ မုန့်တီဖတ်လေးကအစ ချစ်တာပါ အခါတသောင်းလဲ မြန်မာပြည်မှာပဲ လူဖြစ်ချင်ပါတယ် အဲ့တော့ ပြန်မယ်ကွယ် (ဘယ်သူ့ကိုမှမရွဲ့ဘူးနော်)



နောက်ဆုံးကတော့ မင်းသားလေး အရမ်းကြိုက်တဲ့ သရက်သီးပါပဲကွယ် အချဉ်ကော အချို အမှည့်ကော နှစ်မျိုးစလုံး ရှာလာခဲ့တယ်နော် စိတ်ကြိုက်စားရအောင်............



ဒါတွေကတော့ မာလကာသီးနဲ့တို့စားစရာ ဆားမှုန့် (အမှန်က ဆားမှုန့်လို့သာခေါ်တာ ဆားမပါပါဘူး သကြားရယ် မက်မုံသီးစေ့ရယ်နဲ့ လုပ်ထားတာပါ ယိုးဒယား မှာပဲရှိမယ် ထင်ပါတယ် တီတို့ဆီက နွယ်ချိုမှုန့်လောက်တော့မကောင်းတာအမှန်ပဲ သူလဲအရသာတမျိုးပေါ့ ရှမ်းပြည်ဘက်မှာလဲရပါတယ် တီတို့ရှမ်းရှေ့ပေါ့) နွယ်ချိုမှုန့်အကြောင်းပြောရင်းနဲ့ မြန်မာပြည်ကို ပြန်သတိရလာပြန်ပြီ ငိုအုံးမယ် ခဏ........................
အီးဟီးဟီး မြန်မာပြည်ပြန်မယ် အီးဟီး..............အိမ်ပြန်မယ်..................ခုပို့ပေး ခုပို့ပေး....အီးဟီး....
..............အင့် အဟင့် အဟင့် ရွှတ် ဘတ် (နှပ်ချေးနဲ့ လှမ်းပစ်သံ)
နောက်တမျိုးကတော့ သရက်သီး စိမ်းနဲ့စားဖို့ ငပိချက်ပါ နောက် ကြုံတော့ လုပ်နည်းပြောပါမယ် ခုတော့ လက်အရမ်းညောင်းနေပြီနော် နားတော့မယ် ပျော်ရွှင်ကြပါစေ




A Chen
7th May 2010
8:06 am
Home Bangkok

22 comments:

  1.း)

    ဖတ်ပြီး မရီတာကို အရင်ပြေးမြင်တယ်။ သူကတော့ပြောတော့မယ်။ ဒင်းတို့ တကြော့ပြန်တာလား ဆိုပြီး

    ဘာဖြစ်ဖြစ်လေ

    ဘန်နာလေးက သိပ်ပြီး လက်ရာ မမြောက်ပေမယ့် လုပ်ပေးရကျိုးနပ်ပါတယ်။

    ဘာပြောပြော အရင်ဘန်နာထက်စာရင် စာလာဖတ်တဲ့သူတွေ စိတ်ချမ်းသာမယ်ထင်ပါတယ်။

    ခုလိုပြောင်းပေးလို့ လဲ ကျေးဇူးတင်ပါတယ်။

    အရင်အတိုင်းပဲ ဟင်းတွေ ချက်လိုက်၊ ပညာပေးရေးလိုက်၊ ဟာသရေးလိုက် ဘာသာပြန်လိုက်နဲ့ အရင်လို ပျော်ပျော်ရွင်ရွင် ဘလော့ဂင်နိုင်ပါစေ။

    ခုချိန်ထိ စိန် ကြိုက်တယ်ဆိုတာတွေ အမှတ်တရ ရှိတဲ့အတွက် ပီတိဖြစ် ကျေနပ်ပါတယ်။

    ခုချက်ထားတာတွေလဲ စိန်အကြိုက်ဆုံး ဟင်းတွေပါပဲ။

    အားရပါးရ သွားရည်ယိုသွားတယ်။

    ပြန်တော့မယ် မရီတာမလာခင်။

    တော်ကြာ ကိုယ်လဲ ပြေးမလွတ် ဖြစ်နေမယ်။ အဟားးးး

    ReplyDelete
  2. စားချင်စရာကြီး
    တကယ်မစားရတာ ခက် :P

    ReplyDelete
  3. အမြဲတမ်း အဲ့လိုပဲ
    ကိုယ်က ဘယ်တော့မှမဖော်ဘူး သူကပဲ လူတကာသိအောင်
    ဘာဘု ငပိလုပ်တယ်
    လူဇိုး

    ReplyDelete
  4. အဲ

    အဲလိုဖြစ်သွားသလား။


    ဆောဒီးနော်.... ခွီးးးး

    ReplyDelete
  5. ခုထပ်စားနေပါတယယ် မနေ့က ကျန်တာကို
    ဒန်ဒန့်ဒန့်
    စလုံးလာရင် ချက်ကျွေးမယ် မိမိခါး

    ReplyDelete
  6. ကန်စွန်းရွက်ကြော်တာများ...
    ဒါတွေက ကိုယ် ၅ တန်းမတက်ခင်တည်းက လုပ်လာတာတွေ။

    ကိုယ်က ဘယ်လိုလုပ် မာမီ KOM ရဲ့ မယားပါသမီး ဖြစ်ရတာလဲ ဖျစ်ညှစ်ပြီး စဉ်းစားနေမိတယ်။ ဘယ်လို အမျိုးစပ်လိုက်တာပါလိမ့်။

    ဖိုးစိန်နဲ့ Addy က 10 ခါပြန်ပြတ်တယ် ဆိုတဲ့ လူစားမျိုးတွေ ဖြစ်မယ်။

    ကိုယ်သိသလောက်တော့ 10 ခါ မပြည့်သေးဘူး။

    (ခုချိန်ထိ စိန် ကြိုက်တယ်ဆိုတာတွေ အမှတ်တရ ရှိတဲ့အတွက် ပီတိဖြစ် ကျေနပ်ပါတယ်။) ရှိရှိသမျှ ကလီစာတွေ ယားလိုက်တာ။

    ရိုးးးးးးးးးးးးးးးး........နေပြီ။

    ReplyDelete
  7. အလိုဗျာ.. ညီ ဘန်နာဆွဲပေးတုန်းကတော့ ဒီလိုထမင်းပွဲမျိုးကြီး မကြုံခဲ့ရပါတကား..

    ReplyDelete
  8. အံမလေး ဒေါ်နန်းညီ ကျုပ်ရှင့်ကို မုန့်တွေကျွေးတယ်လေ
    တုတ်ထိုးကော်
    အင်း ပြောရင်းနဲ့ စားချင်လိုက်တာတော်
    ပြန်လာရင် တကယ် ထမင်းချက်ကျွေးမယ်
    နော် စိတ်ဆိုးနဲ့
    ဘန်နာလဲ လုပ်ပေးအုံး လှလှလေး

    ReplyDelete
  9. ဖတ်ဖူးသမျှထဲမှာ...အရှည်ဆုံး Post လေးဖြစ်ခဲ့သလို
    ဖတ်နေရင်းကိုပျော်တဲ့ ခံစားချက်တွေရတယ်။
    တီချမ်းတို့ အဖွဲ့ နဲ့ ကောင်းကောင်းကြီး
    မသိပေမဲ့..(တကယ်တော့လည်း နဲနဲလေးတောင်မသိ:P)..
    တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်မင်ရင်းနှီးတာတွေ့ တော့
    ရောရောင်အားကျပျော်မိပါတယ်။ ဟင်းတွေကတော့...
    တကယ်ပါပဲတီချမ်း..ကန်စွမ်းရွက်နဲ့ မှိုက အကြိုက်ဆုံးထဲမှာ
    ပါတော့ တကယ်စားချင်စိတ်တွေပေါက်လာလို့  တီချမ်းချက်ကျွေးတာ
    မစားရသေးခင်.City Hall ကိုပဲအမြန်ပြေးပြီး သွားစားတော့မယ်။
    ကံကောင်းလို့ များ တီချမ်းလဲဆန္ဒရှိခဲ့ရင် Singapore ရောက်လို့ 
    မမခါးကို ချက်ကျွေးရင် ကပ်စားမယ်။
    ဟဲဟဲ။။ မာလကာသီး၊ မက်မန်းသီး...အားလုံးပါပဲ..အကုန်ကြိုက်တယ်။
    ပြီးတော့လေ...Banner လေး..ရိုးရိုးလေးနဲ့ လှတယ်ဆိုတာဒါမျိုးလေးပေါ့။
    Maple Tree ...Is it? :)...Designer ရဲ့ ရိုးဆင်းတဲ့ စိတ်အသွင်ကို
    ခံစားမိပါတယ်။ ....
    ခင်မင်လေးစားလျှက်....ခင်မာလာအောင်....:)

    ReplyDelete
  10. သြော် ဘယ်သူများလဲလို့ :P

    နနခ

    ReplyDelete
  11. တီချမ်းရဲ့ ကမ္ဘာ.... ရသာစုံ ဘလော့ဂ်စပေါ့
    :P

    ReplyDelete
  12. cbox ဖြုတ်ထားတယ် ဆိုလို့ ဒီမှာရေးလိုက်ဦးမယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက profile မှာ ကိုယ်နဲ့တူတူ 28 နှစ် လို့ ပြထားတာ။ ကိုယ် အသက် 30 ရောက်တာတောင် ခုထိ ဒီမှာ 28 နှစ်ပဲ ဖြစ်နေသေးတယ်။ ဘာဖြစ်လို့ ရပ်နေတာလဲ။ ငုတ်တုတ်မေ့နေတာလား။

    ???

    ReplyDelete
  13. အိုမဟုတ်ပါဘူး မရှုပ်ပါဘူး
    မင်းထင်သလို မဟုတ်ပါဘူး
    ပြောင်းမလို့ပါပဲ
    မနေ့ကတောင် ကြည့်ဖြစ်သေးတယ်
    ပြန်တွက်ကြည့်တော့ ကိုက အခုမှ ၂၉ ပြည့်မှာလေ
    အဲ့တာတောင်လိုသေးတယ်
    နှစ်ကုန်ပိုင်းမှ
    အဲ့တော့ ဗြိတိသျှတွေလိုတွက်ရင် ကိုယ်က မပြည့်မချင်း ၂၈ ပဲ မမ
    အဟီး.......................

    ReplyDelete
  14. ကဲပြင်လိုက်ပြီနော်
    အရင်က ထဲမှာပါ ကိုဖြုတ်လိုက်ပြီ ၂၈ ပဲ
    မပြည့်ခင်တရက်အထိ ၂၈ တိတိပဲ
    ကဲ ပြော

    ReplyDelete
  15. ကျိုင်းတုံဘယ်ရပ်ကွက်ကပါလဲ?
    တမြို့ထဲသားတွေနော်

    ReplyDelete
  16. ရပ်ကွက်တော့မသိဘူး
    ၂ ထင်တယ် တာရောလမ်းလား လွယ်မွေလမ်းလားမသိဘူးခေါ်တယ်
    ဘဏ်ဘေးနားကလေ ပီးကော့ အဲလုံးဆိုင်ဘေးက လေးးခန်းတွဲအိမ်က အဖွားအိမ်ပါ
    အဖိုးက အရင် အမှတ် ၅ ပွဲရုံနဲ့ နာမည်ကြီးစဉ်က မြို့မျက်နှာဖုံးပြောတာပဲ
    ကိုယ်တွေက ခေတ်ကောင်းမမှီလိုက်ပါဘူး
    ပြီးတော့ ကိုယ်က ၁ နှစ်သားကတည်းက မွေးစားမိဘတွေနဲ့
    ရန်ကုန်မှာကြီးတာပါ

    ReplyDelete
  17. ခေါက်ဆွဲဆိုင်ကိုသိတယ်
    အမှတ်၅ပွဲရုံလည်းသိတယ်
    အရမ်းချမ်းသာခဲ့ကြတယ်
    ခုတော့မသိတော့ဘူး
    သူတို့မိသားစုမှာမောင်နမအများကြီးရှိတယ်
    အလက၃ မှာ၅တန်း အထိနေဖူခဲ့တယ်
    အရင်တုံး ကအဲဒါကတရုထ်ကျောင်းလေ
    ဒါကြောင့်ငယ်သူချင်းတွေကတရုတ်တွေချဉ်းဘဲ
    အမှတ်မမှားဘူးဆိုရင် အမှတ်၅ပွဲရုံက ချန်ချလု
    ဆိုတာနဲ့၃တန်းလောက်မှာတခန်းထဲဖြစ်ခဲ့ဖူးတယ်
    သူများကိုသူ့အနိုင်ကျင့်တတ်လွန်းလို့မှတ်မိတယ်
    ကိုယ်လုံးထွားထွားကြီးလေ..
    ဟား..သူများအများအမျိုးအကြောင်းသူများဆီမှာဘဲပြန်တုပ်မိတယ်
    :))

    ReplyDelete
  18. I don't like that cooking style.
    Let me take some fruits.
    Anyhow....
    I would like to support your new banner by following traditional song.

    " LAVENDER'S BLUE "
    Lav-en-der's blue, dilly dilly, lav-en-der's green.
    When I am King, dilly dilly you shall be queen.
    Lav-ender's green, dilly dilly, lav-ender's blue.
    If you love me, dilly dilly, I will love you.

    ReplyDelete
  19. ချစ်စ၇ာကောင်းအောင်ေ၇းတတ်တဲ့တီတီချမ်းbanner လေးပြောင်းထားတော့ပိုချစ်ဖို့ကောင်းတယ်

    ReplyDelete
  20. တီချမ်း ရေ ပျော်ပျော်ကြီး ဖတ်သွားတယ်
    ဝက်သားချဉ် ကို အကြိုက်ဆုံးဘဲ များများ ကြွေးပါ

    ReplyDelete
  21. တီချမ်း ရေ Thai ဝက်သားချဉ်စားချင်တယ်....

    ReplyDelete