Tuesday, June 1, 2010

ပိုက်ဆံမရှိဘူး၊ အလုပ်မရှိဘူး၊ ရည်းစားမရှိဘူး၊ ကိစ္စလဲ မရှိဘူး…

ပိုက်ဆံမရှိဘူး၊ အလုပ်မရှိဘူး၊ ရည်းစားမရှိဘူး၊ ကိစ္စလဲ မရှိဘူး…

လောလောလတ်လတ်ကမှ ဘွဲ့ရထားတဲ့ ဂျေနဲ့ကေ နှစ်ယောက် အလုပ်ရှာမရဖြစ်နေပါတယ်။ ကြားထဲမှာ ရည်းစားတွေကလဲ ပစ်သွားသေးတယ်။ လက်ထဲမှာ ပိုက်ဆံဆိုတာကလဲ ချူး ပြား ဘယ်လောက်မှ မကျန် ချင်တော့ဘူး။ အဲ့တော့ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လျောက်လျောက်မသုံးရဲဘူး။ ဒါပေမယ့် ကေ က ဂျေထက် စာရင် ပိုပျော်နေနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ မျှော်လင့်ချက်က မနက်ဖြန်မှာ ရှိတယ် လို့ ကေ ယုံတယ်လေ။

ပိုက်ဆံမရှိဘူး၊ အလုပ်မရှိဘူး၊ ရည်းစား မရှိဘူး၊ တော်တော်တော့ အဖြစ်က ဆိုးပါတယ်။ ဒါပေမယ့် အဲ့တာတွေအကုန်လုံးက ကမ္ဘာပျက်တဲ့နေ့မဟုတ်သေးဘူး။ အဲ့တာတွေ အားလုံး အတွက် မျှော်လင့်ချက် ဆိုတာ မနက်ဖြန်မှာ ရှိသေးတယ်။ မနက်ဖြန်ဆိုတာ မရှိ တော့ဘူး ဆိုရင်မှ ကမ္ဘာပျက်တာ။

သူငယ်ချင်းတယောက် ရှိဘူးတယ်။ အမြဲတမ်းလိုလို ကိုယ်မြန်မာပြည်ပြန်တိုင်းတွေ့ဖြစ်ကြ တယ်။ ဒီတခေါက်တွေ့ကြတော့ သူက ကိုယ့်ကို သူ့အမေ လွန်ခဲ့တဲ့ ၆ လလောက်က အက်စီ ဒန့် တခုကြောင့် ဆုံးသွားပြီတဲ့။ ဒီလှတပတ ကောင်မလေးက အရင်ကဆိုရင် ရည်းစားသနာ ကိစ္စ တွေနဲ့ အင်မတန်မှ ကို ဒရာမာတွေများနေလေ့ရှိတာပါ။ ခုတော့ သူက သူ့မှာ ရှိသမျှ သူဖြုန်းခဲ့သမျှ အချိန်တွေ ဂရုစိုက်မှုတွေ နာကျင်တဲ့ခံစားချက်တွေ စိတ်ပူပန်မှုတွေ အချစ်တွေ ပေးဆပ်မှုတွေ အကြင်နာတွေ အကုန်လုံးနဲ့ သူ့ မေမေ ရဲ့ ဘဝ ကိုပြန်လဲချင်ပေမယ့် မရတော့ ဘူး။ သူ့မေမေ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ ဘာနဲ့ လဲလဲ မရတော့ဘူး။ ခုတော့ သူ့မှာ ဖေဖေရယ် သူရယ် မောင်လေးရယ်ပဲ ကျန်တော့တယ်။ အခုတော့ အိမ့်တာဝန်တွေအကုန် သူ့တာဝန်တွေချည်းဖြစ်လာခဲ့ပြီလေ။ သူက ကိုယ့်ကို ဘာပြောသလဲဆိုတော့ …
“အဝတ်လျှော် ရတာ ချက်ရ ပြုတ်ရတာ ဒီလောက်ပင်ပန်းတယ်ဆိုတာ အခုမှသိတော့တယ်” တဲ့။

အသက် ရှင်သန်မှုနဲ့ ယှဉ် ရင်တော့ ပိုက်ဆံ၊ အလုပ်၊ ရည်းစား တွေဆိုတာတွေက ဘာများ ပြောပလောက်တာမို့လို့လဲနော်။ အရင်တုံးကတော့ အသဲကွဲတာ ဆို ခံစားလိုက်တာ ဘဝ တခုလုံး အဆုံးသတ်လိုက်ရတော့မလို အသည်းအူတွေ ကြေပြုန်း၊ ရင်ကွဲနာတွေကျ၊ ကျောက်တုံးလေးလေး ကြီး တခု ရင်မှာ ဆွဲထားရသလိုပဲ။ ဒရာမာတွေပေါ့ ဒရာမာတွေ။ ဒါပေမယ့် နောင်များတော့ နှစ်တွေလဲကြာလာရော အသက်တွေလဲကြီးလာရော အတွေ့အကြုံ တွေလဲများလာရော ဆိုတဲ့ အချိန်မှာ အရင်က ခံစားနာကျင် ခဲ့ဖူးတာတွေကို ပြန်လည် လှည့်ကြည့်လိုက်တဲ့အခါမှာ အရင်က ကျောက်တုံးကြီးက ခုတော့လဲ ရွေးနီစေ့လောက်တောင် မဟုတ်ပါလားဆိုတာ သဘောပေါက်လာမှာပါ။

အဲ့လိုတွေးမိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်လဲ ပြန်ပြုံးမိပါလိမ့်မယ် ။ တခါတခါ တချို့ကိစ္စ တွေကို သိပ်ပုံကြီးချဲ့မြင့်မိခဲ့ပါလားလို့ပေါ့။
တကယ်လို့သာ အသက်ရှင်နေသ၍ အိပ်မက်တွေရှိသေးတယ်ဆိုရင် မနက်ဖြန်ဆိုတာလဲ ရှိနေအုံးမှာပါ။ အဲ့တာဆိုရင် ပိုက်ဆံဆိုတာ လဲ ရှာနိုင်ပါလိမ့်မယ်၊ ရည်းစားဆိုတာလဲ ရလာပါလိမ့်မယ်၊ အလုပ်ဆိုတာလဲ မရှာပါဘူးဆိုတာ သိလာပါလိမ့်မယ်။ အဲ့တော့ ကိစ္စ ဆိုတာလဲမရှိတော့ဘူးပေါ့နော်။

A Chen
3:46 pm
1st June 2010
Bangkok

8 comments:

  1. မနက်ဖန်များစွာကို စောင့်နေသူတစ်ယောက်ပါ။

    ReplyDelete
  2. တီတီချမ်း

    ထောက်ခံပါသည်.. ဘဝမှာ လုပ်စရာတွေ အများကြီးပဲ.. အချစ်လောက်က ဘဝရဲ့ အစိတ်အပိုင်းသေးသေးလေး.. ပိစီကွေးလေး.. လာဦးမယ် .. ဒန့်ဒန့်တွေ.. ဟဲ.. စောင့်သာနေ..။

    လာလည်တာ ပထမအကြီမ်ဖြစ်မယ်ထင်ပါတယ်..။

    မဗေဒါ (၈၈)

    ReplyDelete
  3. မပြီးဆုံးနိုင်တဲ့ နက်ဖြန်တွေ အများကြီး..

    ReplyDelete
  4. I really like this post T.
    Yeah .. it's true.

    ReplyDelete
  5. to TChen

    dateWed, Jun 2, 2010 at 10:46 PM
    subjectRe: ပိုက်ဆံမရှိဘူး၊ အလုပ်မရှိဘူး၊ ရည်းစားမရှိဘူး၊ ကိစ္စလဲ မရှိဘူး…
    mailed-bygmail.com
    signed-bygmail.com

    hide details Jun 2 (1 day ago)


    မှန်တယ် အဲ့ပို့စ်အတိုင်းပဲ တကယ်မှန်သည်
    လှိုက်လှိုက်လဲလဲ ထောက်ခံပါသည်း)

    ReplyDelete
  6. အရမ်း အရမ်းကို မှန်တယ်။
    လောလောဆယ် ကျောက်တုံးကနေ မပြောင်းသေးဘူး။ ဒါပေမယ့် အရင်ကထက်စာရင်တော့ အတွေ့အကြုံ ပိုများလာတယ်။

    ReplyDelete
  7. သို့

    တီတီ

    ကိစ္စ မရှိဘူးဆိုလည်း တီတီ့ ဟင်းချက်လက်ရာလေးတွေ မြည်းချင်ပါသေးကြောင်း....း)

    ReplyDelete
  8. ဟင့်..
    မှန်လွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူးးး

    ReplyDelete