Sunday, June 6, 2010

တ...တရုတ်အစားပုတ်...

ပြီးခဲ့တဲ့ စနေက ရန်ကုန်ကနေရောက်နေတဲ့ သူငယ်ချင်းတယောက်ကို ဂျပန်စာ လိုက်ကျွေးပါတယ်။ အိမ်နားက အဝတ်တွေ ရောင်းတဲ့ platinum ပလာဇာမှာပါ (အရင်မောင်နဲ့ စားနေကြ ဖူဂျီ ဂျပန်ဆိုင်ပါပဲ မှာတာတွေကလဲ အရင်ကတွေနဲ့ ထူးမခြားနားဆိုတော့ Data redundancy ကိုပူပင်လို့ ပုံတွေ ထပ်မတင်တော့ပါ ဟိဟိ) စားပြီးတော့ ဘေးနားက ကွန်ပျူတာ စီးတီး ပန်တစ် ပလာဇာ ကို သွားပါတယ် မရောက်တာကြာလို့ ဘာတွေ အသစ်ပေါ်လဲသွားကြည့်တာပါ။ ရောက်တတ်ရာရာပေါ့ .....ပထမဆုံး ပုံလေးကို ကြည့်ပါ အနှိပ်စက်ကလေးပါ ယူအက်စ်ပီ နဲ့ ဆက်လိုက်ရင် ကွန်ပျူတာကနေတဆင့် သုံးလို့ရပါတယ်။ ကွန်ပျူတာ သုံးနေရင်းအညောင်းအညာပြေ နှိပ်လို့ရအောင်ပေါ့ ထွင်တတ်လိုက်ကြတာလို့ တွေးရင် နည်းပညာ တိုးတက်မှု ကို အားပေးကူညီ တဲ့အနေနဲ့ တခု ဝယ်လိုက်ပါတယ် (ခိစ်..................၁)
ဘေးက ပုံလေးကတော့ ကွန်ပျူတာ (၁) SONY VAIO ၁၅ လက်မ နဲ့ မောင်ပါ မောင်ဆိုတာက လက်ရှိရည်းစားဖြစ်ပြီးတော့ ဒီနေရာမှာ ဆိုလိုတဲ့ကွန်ပျူတာ ဆိုတာကတော့ အရင် ရည်းစား လက်ဆောင်ဝယ်ပေးထားတာပါ ကပ်ကြွား မောင်နဲ့ တွဲပြထားတာက နှစ်ထပ်ကြွား ဒီလိုတော်တာနော် သူများသားသမီးတွေများ မကြုံကြုံအောင်ကို ကြွားတတ်တာ ဒေါ်သစ်ဆီက သေချာသင်ထားတာ (ခိစ်...............၂)



ပုံ-၃ ပန်တစ်ပလာဇာထဲလျောက်ကြည့်နေရင်းနဲ့ မရည်ရွယ်ပဲ အသေးသုံး ကွန်ပျူတာလေးတလုံး ထသွားထလာ ခရီးသွားရင် သုံးရအောင် ဝယ်ဖြစ်သွားတယ် နက်ဘွတ်ခ်ဆိုလား ဘာလားပဲ samsung ကထုတ်တာ နောက်ဆုံးမော်ဒယ်လေးပဲ လှကလှနဲ့ ဝယ်လိုက်မိတယ် စကရင်က ၁၀.၁ လက်မ မက်တယ်လစ်အပြာလေးပေါ့ နောက်ပုံ-၄ မှာကြည့်ပါ လက်ရှိသုံးနေတဲ့ SONY VAIO ၁၃လက်မ နဲ့ တူတူယှဉ်ပြထားတယ် ကဲခုတော့ ဒေါ်ချမ်းတယောက် လက်ရှိသုံးနေတဲ့ တလုံးရယ် အရင်က ရည်းစား အမ်းထားတဲ့ တလုံးရယ် အသစ်ဝယ်လိုက်တဲ့ တလုံးရယ် ဆိုတော့ ၁-၂-၃ စုစုပေါင်း သုံးလုံးဖြစ်သွားပြီပေါ့ အဟစ်အဟစ်အဟစ် vaio က နှစ်လုံး samsung က တလုံး ကဲပါ စိတ်မရှိပါနဲ့ လုပ်စရာမရှိလို့ကြွားတယ်ပဲမှတ်ပါ (ခိစ်.....................၃)ဆက်ဘတ်....................ဆက်ဘတ် .....................(ခိစ်..................၄)



ကဲကဲ ကြွားချင်တာလေးတွေကို မဆိုင်ဆိုင်အောင် ဆွဲကြွားပြီးသကာလ လိုရင်းကို ခုမှရောက်ပါမယ် မူလဘုတ ရည်ရွယ်ရာ ရေးဖို့အရာ တ............တရုတ်အစားပုတ်ပါ.....................ဟုတ်...... တီ က တရုတ်စပ်ပါတယ် ခုလိုပဲ မကြာမကြာ ကိုယ်စားချင်တာလေးတွေကို ချက်စားလေ့ရှိပါတယ် ခုတော့ မနေ့ကမှ လောလောလတ်လတ်မောင်က မြန်မာပြည်ပြန်သွားတော့ တီက လောလောလတ်လတ် ကုတင်ပေါ်ကနေပြန်ဆင်းပြီး...အဲလေ........(ခိစ်...................၅) အပျိုလေးပြန်ဖြစ်နေပါတယ် အဲ့တော့ စနေတနင်္ဂနွေ လို အလုပ်အားရက်တွေမှာ အိပ်ချင်တဲ့ အချိန်မှအိပ်ပါတယ် ထချင်တဲ့အချိန်မှ ထပါတယ်။
ဒီနေ့တော့ ညနေ ၃နာရီခွဲမှ ထပြီးတော့ ရေခဲသေတ္တာ ကိုလှန်လောရှာဖွေတဲ့အခါ ကြက်သား တထုပ်တွေ့ပါတယ် နောက်ပြီး အိမ်ကြက် ထိုင်းအခေါ် မြန်မာအခေါ်မြန်မာကြက် (ဟုတ်တာပေါ့နော် မြန်မာလိုခေါ်တော့ မြန်မာကြက်တဲ့ တယ်လဲ ဟုတ်တဲ့နာမည်) ပေါင်းပြီးသား တဘူးတွေ့ပါတယ်။ အဲ့တာနဲ့ ကြက်သားနဲ့ မှိုနဲ့ချက်မယ် ကြက်စွပ်ပြုတ်လေးလုပ်မယ် လို့စိတ်ကူးပါတယ် ကြက်သားမှိုက နည်းနည်းအီမှာ ဖြစ်တဲ့အတွက် ဟင်းရံအနေနဲ့ အချဉ်လေးတခုခုပါအောင် လုပ်မယ် စိတ်ကူးပြန်တော့ ကြက်သားမှိုနဲ့ လိုက်လဲလိုက်တဲ့ လွယ်လဲလွယ် အိမ်မှာ ရှိတာလေးတွေနဲ့ ဖြစ်အောင် လုပ်လို့ရတဲ့ ကြက်သွန်နီ သုပ်လေး တပွဲအမြန်သုပ်လိုက်ပါတယ် အထင်မသေးနဲ့နော် ဒီလိုစားကောင်းတာ ကမ္ဘာပေါ်မှာ အကောင်းဆုံး
ကြက်သွန်ကို ပါးပါးလှီးပါမယ် အပါးဆုံးတတ်နိုင်သလောက်လှီးပေးပါ ပါးလေစားကောင်းလေပါပဲ ပြီးရင်ရေဆေးပြီး ညစ်ပါမယ် နောက် ငရုတ်သီး စိမ်း လေးတွေကို လဲ ညက်ညက်ကလေး လှီးထားပါမယ် ပြီးတော့ ဆား အချိုမှုန့် သင့်ရုံ ထည့် သံပရာသီးလေး ညှစ်လိုက်ပါ နောက်လက်နဲ့ အားရပါးရ နယ်လိုက်ရင် စားကောင်းပြီး အအီပြေလှတဲ့ ကြက်သွန်နီသုပ်တပွဲရပြီပေါ့.........အောက်ပါ ပုံကိုရှူပါ။


အောက်ကပုံလေးတွေကတော့ ကြက်သား စွပ်ပြုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရာလေးတွေပါ ပထမ
ဆုံးပုံက အာလူးရယ် ကြက်သွန်နီဥလေးတွေရယ်ပါ စွပ်ပြုတ်ချိုအောင် ကြက်သွန်နီ ဥလေးတွေ ထည့်ပေးတာပါ ဘေးက မွှေအောင်ထည့်တဲ့ ဂျင်းပါ အခွံခွာ ဓါးပြားရိုက်ပြီး ထည့်ပါမယ် နောက်တပုံကတော့ ကြက်သွန်ဖြုဥတွေပါ လေကြေအောင်ပေါ့..............(ခိစ်......................၆)


နောက် ဘေးက ဘူးလေးကတော့ ခုနကပြောတဲ့ ပေါင်းပြီးသား မြန်မာကြက်ပါ တီက အဲ့တာကို ဘူးလိုက်ဝယ်ဝယ်ထားပြီး ခါတိုင်းဆိုရင် ခေါက်ဆွဲပြုတ်နဲ့ တူတူထည့်ပြုတ်ပါတယ် ဒါမှမဟုတ်လဲ ကြာဇံပေါ့ ချိုပြီးစားကောင်းပါတယ် ခုတော့လဲ စွပ်ပြုတ်ပေါ့လေ...........ဘေးက အိုးကတော့ ရေတွေ လိုသလောက်ထည့် ခုနကက ပစ္စည်းတွေအကုန်ပစ်ထည့် ပြီးတော့ ဆားအချိုမှုန့်သင့်ယုံထည့်ပြီးပြုတ်လိုက်ရင် အရသာ ရှိပြီး အဟာရလဲကောင်းမွန်တဲ့ ကြက်သားစွပ်ပြုတ်တပွဲရပြန်ပြီပေါ့..........စကားမစပ် ခုဘလောခ်ရေးနေရင်းနဲ့တောင် စွပ်ပြုတ်တခွက်သောက်နေပါသေးတယ် ဟမ်း...........................
ကောင်းမှကောင်း..............................................(ခိစ်................၇)


ဒါကမှာ မိန်းဒစ်ရှ်ပါ လာပါပြီ ကြက်သားမှိုပါ
မှိုကတော့ မှိုမွှေးလို့ခေါ်ကြတဲ့ မှိုခြောက်တမျိုးကိုသုံးပါတယ် ဒီမှိုကမှ အရသာရှိပါတယ် အရင်ဆုံး ရေနွေးဆူဆူနဲ့ မှိုကို အရင်စိမ်ထားပါမယ် မှိုက ပွတက်လာမှ အညှာလေးကို လှီးထုတ်ပြီးတော့ လေးစိပ်စိပ်ပါမယ်...ဘေးက ပန်းကန်ထဲမှာ ကြည့်ပါ နောက်ဘေးက တပန်းကန်ကတော့ ကြက်သားပါ ဒီကြက်သားက ခုနက ကြက်သားနဲ့မတူပါဘူး သိပ်စားမကောင်းဘူး စီပီကြက်ပါ တီမုန်းပါတယ် မရှိတော့လဲ အဲ့တာကိုပဲ စားရပါတယ် မြန်မာပြည်ကိုလွမ်းပါတယ်
(အီး...............ဟီး................ဟီး................................ငိုတာပါ)


နောက်တော့ ထုံးစံအတိုင်း ဟင်းချက်ရင်မရှိမဖြစ် ကြက်သွန်ဖြုနီ ဆီသတ်ရပါတယ် ဒီဟင်းမှာ တခု ထူးခြားတာက ဆီအရင်ဆုံးထည့်ပြီး ဆီပူလာအောင် တည်ပါတယ် ပြီးရင် ကြက်သွန်ဖြူနီ မထည့်ခင် အရင် သကြား နည်းနည်းထည့်ရပါမယ် (ဟုတ်ပါတယ် sugar ပါ) ဟင်းက အချိုပါ အချိုတိုင်း သကြားထည့်ချက်စရာမလိုပေမယ့် ဒီဟင်းကျတော့ ဆီပျံတဲ့ အခါကျရင် အရောင်လေးလှနေအောင်ပါ အရသာကလဲချိုသလို တိုတိုလေးဖြစ်နေမယ်လေနော် အဲ့လိုပါ....
သကြားလေးတွေ နည်းနည်းပျော်သွားပြီဆိုမှ ထုံးစံအတိုင်း ကြက်သွန်ဖြူနီ ထည့်ပါမယ် နည်းနည်းလေး အရောင်လှလာအောင်ကြော်ပေးပါမယ်....ပြီးတော့ မှ ကြက်သားထည့်ပါမယ် ကြက်သား ကို နည်းနည်းနီလာတဲ့အထိ ကြော်ပေးရပါမယ်.......ကြက်သားကလဲရေထွက်အုံးမှာ ဆိုတော့ ရေထည့်စရာမလိုသေးပါဘူး ဆီကိုလဲ အများကြီးမထည့်ပါနဲ့ (ကျန်းမာရေးနဲ့ မညီညွတ်ဘူး)



နောက်တဆင့်ကတော့ ကြက်သားတွေ ပုံပါအတိုင်းအရောင်လှသွားပြီဆိုရင် ခုနက စိမ်ပြီး လှီးချွတ်ထားတဲ့ မှို ကို ထည့်ပါမယ် အောက်က အစွန်ပုံမှာ ကြည့်ပါ မှိုထည့်ပြီး ခဏ မွှေပြီးရင်တော့ ရေနည်းနည်းထည့်လို့ရပါပြီ
အလယ်ပုံပါ ပြီးရင်တော့ မတူးအောင်အိုးလေးကိုမွှေပေးနေပါ နောက်ဆုံးပုံအတိုင်း ဆီပျံ ပြီဆိုရင်တော့ ဟင်းအိုးကိုချလို့ရပါပြီ



ဒါဆိုရင်တော့ နာမည်ကျော်ကြား လူကြိုက်များလှတဲ့ စားမိစွဲငြိ အရသာသိ ထပ်စားချင်းသလား ဘန်ကောက်ကို အမြန်လာထား ဆိုတဲ့ မူလလက်ဟောင်း အန်တီချမ်း ရဲ့ ကြက်သားမှို ဟင်းတခွက်ကို ရပါပြီ ပေါ့နော်..................ပေါ့နော်.......ပေါ့နော်........



အဲ့နောက်မှာတော့ ထမင်းနဲ့ ဒီလိုနယ်ဖတ်ပြီးသကာလ ခုနက အအီပြေ ကြက်သွန်နီ သုပ်လေးနဲ့ မြန်မာ ကြက်စွပ်ပြုတ်လေးနဲ့ ခေါင်းမဖော်တမ်းလွေးလိုက်တာ အရီး တို့ အဘတို့ နာမည်တွေတောင် မေ့တေ့တေ့ ဆိုပဲ...........................


A Chen
12:48 am
7th June 2010
Home
Bangkok

18 comments:

  1. တီတီ
    SONY VAIO က နှစ်လုံးတောင်မှလား။ အားကျစရာပဲ...

    ကြက်သွန်သုပ် မြည်းသွားတယ်။ ကြက်သားမှိုချက်က ချိုပေမယ့် တိုတိုလေး ဖြစ်နေလို့ စားတော့ဘူးရယ် :P

    ဒီတစ်ခါကျတော့ သရက်သီး အချိုပွဲ ပါတော့ဘူး :(

    ReplyDelete
  2. တီချမ်းစုတ်....သူ့ဘာသာမရှိ ရှိတာ ကြွားတာတောင်မှ နာ့ကိုအဖျားခတ်သွားသေးတယ်...ကတောက်

    သစ်

    ReplyDelete
  3. နလန်ထလူမမာ စားတဲ့ ဟင်းမျိုးကြီး။
    ချဉ်ချဉ်စပ်စပ်ပဲ စားချင်တယ်။

    ReplyDelete
  4. အမရီတာ ပြောတာ မှန်တယ်။ ယိုးဒယားစာ ချဉ်ချဉ်စပ်စပ် ချက်တာပဲ တင်ပေးပါ။ အခု ကြက်သွန်သုပ် ထပ်လာမြည်းတာ။

    ReplyDelete
  5. ပြောဖို့ မေ့တော့မလို့....

    အဲဒီမှိုနဲ့ ငါးကြင်းနဲ့ ပေါင်းစားကြည့်။ မှိုရယ် ဂျင်းရယ် နှမ်းဆီရယ်ကို ငါးပေါ်ဖြူးပေး။ နှမ်းဆီကို ပါလေကာပဲထည့် ပြီးရင် ခရုဆီဆမ်းပြီးတော့ ပေါင်းပေတော့ပဲ။ အိုး ကောင်းမှကောင်းဗျား... ဂယ်ပြောတာ

    အိမ်မှာဆို အဲလိုပဲ ချက်စားတယ်။

    ReplyDelete
  6. VAIO အနီလေး လိုချင်တယ်..

    ReplyDelete
  7. မလှဘူး ညီ ထူလပြစ် ကြီး
    တီတောင် သွားကြည့်သေးတယ်

    ReplyDelete
  8. hayy...tt can u finish them up all? u cook that much :)

    ReplyDelete
  9. သူဆိုတာ ဘူလေးရဲ ဟင်

    ဟုတ် ကုန်ပါတယ်ကွယ်ကွယ်
    တီက တငယ်ဂျင်းတွေ ကိုလဲခေါ်ကျွေးတယ်လေ

    ReplyDelete
  10. သူ ဆိုတာ သူသူ ပေါ့ တီတီ ရဲ့

    ReplyDelete
  11. ပေါ့သွားအောင် မိုးပျံပူပေါင်းဆိုတဲ့ ကဗျာတစ်ပုဒ်ရေးမယ်။
    ပါးသွားအောင် ၀က်သားတုတ်ထိုးဆိုတဲ့ အက်ဆေးတစ်ပုဒ်ရေးမယ်။
    စီပုံးမတွေ့လို့ ဒီထဲ လာရေးသွားတယ်။
    ပုံတွေမြင်ရတာ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
    မရည်ရွယ်ပါဘဲ ဟိန္ဒူတွေကြားထဲရောက်နေလို့ ဗက်ဂျီတေရီယန်ဖြစ်နေရရှာသူကို လှောင်ပြောင်သရော်နေသလိုပါပဲ။

    ReplyDelete
  12. လာပါ ငတေ လာပါ
    နောက်နေ့ကျရင် ဝက်သားတုတ်ထိုး ရယ်
    ဝက်စတူးရယ်
    ဝက်သားမုန်ညင်းချဉ်ကြော်ရယ်
    လုပ်ကျွေးမယ်

    ReplyDelete
  13. လိုရင်းရောက်ဖို့ ကို ကြွားတာခံလိုက်ရတယ်
    နောက်ဆို ဟင်းချက်နည်းပဲ သီးသန့် တင်ပါ တီချမ်း
    တခါ ခိစ် ဆိုတိုင်း တခါ ရိုက်ချင်တယ်
    သစ်က သူ့ ကို အဖျားခတ်သွားတယ်တဲ့ အဟိ တီချမ်းဘယ်နား နာသွားလဲဟင် သစ်ကတော့ ဘာမှဖစ်မှာမဟုတ်ဘူး (ခိစ်) ဒီတခါ ငါ့အလှည့်

    ReplyDelete
  14. အဲလိုချက်စားဦးမယ် တီ....
း)
    ခုမှ သတိရသွားပြီ....
    ဒါနဲ့ စကားမစပ်..
    မောင် နဲ့ တူတူ ပါတဲ့ ပုံထဲက sony vaio လေးက ဆွိဟာလေးနဲ့ တူတူပဲ...း)
    ခိစ်.. တီလိုပဲ ကပ်ကြွားသွားတယ်..

    ReplyDelete
  15. ဝက်သားမုန်ညင်းချဉ်ကြော်ရယ် လုပ်နည်းရေးပြပါ အန်တီချမ်း
    စိဘောက်စ်လည်း မတွေ့ပါလား

    sdl

    ReplyDelete
  16. အစတော့ ဟုတ်မလိုလို၊ ဟုတ်မလိုလို နဲ့  ထမင်းနဲ့  ကြက်သား နယ်ထားတာကြီးက လည်း ဝက်စာကြီး ကြနေတာပဲ။ အော့ဝေါ့ဝေါ့ .... ဒါကြီးစားပြီး ဆွေမျိုးပါမကဘူး၊ အသက်ပါပါသွားနိုင်တယ်။ ဝေါ့အော့အော့။

    ReplyDelete
  17. ရေးထားတာကောင်းတယ်။
    လောလောလတ်လတ်မောင်က အလတ်ကြီးရှိသေးတယ်နော်။

    ReplyDelete