Tuesday, August 3, 2010

လမ်းမခွဲချင်တာ ဘာ့ကြောင့်လဲ…?

လမ်းမခွဲချင်တာ ဘာ့ကြောင့်လဲ…?

ကိုယ်တို့ရဲ့ ဘဝတွေ မှာ တနေ့တနေ့ နေထိုင်မှုပုံစံတွေ မတူလာတဲ့အခါ၊ နေ့တဓူဝ ရှင်သန်မှု တွေအတွက် ရုန်းကန်းရတာ ပိုခက်ခဲလာတဲ့အခါ၊ လူတွေရဲ့ ရည်ရွယ်ရာတွေ၊ လူတွေ လိုက် နေတဲ့ အရာတွေ၊ ပန်းတိုင်တွေ စတာတွေဟာ တဖြည်းဖြည်းလိုက်ပါ ပြောင်းလဲ လာပါတယ်။
အဲ့လိုအချိန်အခါ အခြေအနေမျိုးမှာ မင်းကော relationship တခု ကို ဘယ်လောက် အတိုင်း အတာ အထိ မရမက ဆက်လက် ဖက်တွယ်ထားအုံးမလဲ…?

တကယ်လို့ ကိုယ်တို့တွေသာ ဘေးကနေ ကြည့်နေတဲ့ ပွဲကြည့် ပရိတ်သတ်မျိုးဆိုရင်တော့ အေးအေးဆေးဆေးပဲ “ဘာလုပ်မှာလဲ အဆင်မပြေရင် ဝမ်းဂိုး တူးကမ်း လုပ်လိုက်မှာပေါ့ တနေ့တနေ့ ရုန်းကန်ရတာ မလွယ်တဲ့ ဘဝမှာ အချစ်ရေး ကိုလဲ အချိန် သိပ်မပေးနိုင်တော့ ခေါင်းရှုပ်မခံနိုင်ပါဘူး” လို့ ပြောဖို့ လွယ်ပါတယ်။

ဒါပေမယ့် ကိုယ်ကသာ အဲ့ဒီ relationship ထဲမှာ ပါဝင်ပတ်သက်နေသူဆိုရင်ကော…
အဲ့လိုမျိုးအေးအေးဆေးဆေးပြောနိုင်ပါအုံးမလားနော်…

လူဆိုတဲ့အမျိုးကတော့ သူများကိုပြောရတာ ငှက်ပျော်သီး အခွံ ခွာစားရသလိုလွယ်သလောက် ကိုယ့်ကိုယ်ကို နဲ့ ပတ်သက်လာတဲ့ အခါမျိုး ကျတော့ အသိခေါက်ခက် အဝင်နက် ဆိုသလို ဖြစ်တတ်တဲ့ အမျိုးဆိုတော့လဲနော်….ခက်တယ်…..

အားလုံးရဲ့ အမြင်တွေ ဘဝကို ရှူမြင်ပုံတွေ အတွေးအခေါ်တွေ ကြလေ ဝေးလေ မတူကြလေ ဆိုတာ ကိုသိလာကြပေမယ့် ချစ်လာခဲ့ ကြတဲ့ နှစ်တွေ၊ အချိန်တွေကို ငှဲ့ပြီး ဘယ်သူကမှ လွယ်လွယ်နဲ့ relationship တခုကို အဆုံးမသတ်ချင်ကြပါဘူး။ ဒါ သဘာဝပါ။ ဆက်လို့ရသမျှ ကို အိပဲ့အိပဲ့နဲ့ပဲ ဖြစ်ဖြစ် ဆက်ချင်နေကြပါသေးတယ်။ relationship တခုတည်တန့်ဖို့ ရုန်းကန် ရတာ ကိုလဲ ပုံမှန်ပဲ လို့ ကိုယ့်ကိုယ်ကို စိတ်ဖြေကြ ထင်တတ်ကြပါသေးတယ်။ အရင်တုံးကလဲ ကိုယ်တို့တွေ ရန်ဖြစ်နေကြပဲ၊ relationship တလျောက်လုံးလဲ ရန်ဖြစ်နေကြတာပဲ ဒါပုံမှန်ပဲ၊ သဘာဝပဲလို့ ငြင်းချက်ထုတ်ချင်ကြပါတယ်။ ရက်နည်းနည်းကြာရင် စိတ်ဆိုးပြောသွားရင် ပုံမှန် ပြန်ဖြစ်မယ် အရင်လို ပြန်ချစ်ကြလိမ့်မယ်လို့ ထင်မှတ်ယုံကြည် ကြပါတယ်။

ဒါပေမယ့် အခု ရန်ဖြစ်ကြတဲ့ အကြောင်းအရင်းနဲ့ အရင်တုံးက ရန်ဖြစ် ကြတဲ့ အကြောင်းအရင်း တွေက မတူကြတော့တာကိုတော့ ကိုယ်တို့ လွယ်လွယ်နဲ့ လက်လည်းမခံနိုင်ကြသလို ဝန်လဲ မခံချင်ကြဘူး။ အရင်တုံးက ရန်ဖြစ်ကြတယ်ဆိုတာ တကယ့်ကို အသေးအမွှးကိစ္စလေးတွေကို စိတ်လုပ်ပြီး ဖြစ်ကြ ပြန်ချော့ကြ စိတ်ကောက်ကြ ပြန်ဖြေကြ ပြန်ချစ်ကြ စတာတွေကိုက ကို ချစ်စခင်စ ကြင်နာစမှာက အရသာဖြစ်နေတာမျိုးပါ။ ခုနောက်ပိုင်းဖြစ်ကြတဲ့ ရန်ပွဲတွေကတော့ အချင်းချင်း အမြင်တွေ အတွေးတွေ မတူကြတော့လို့ ရှိလာတဲ့ နှစ်ယောက် ကြားထဲက အကွာ အဝေးတွေ မတူညီမှုတွေပါ။ အဲ့တာတွေ ကို အဲ့လို လို့ ကိုယ်တို့ လွယ်လွယ် ဝန်မခံချင်ကြဘူး၊ လက်လည်းမခံချင်ကြဘူး။

Relationshipတခုမှာ နှစ်ယောက်ကြား အေးစက်လာပြီ၊ အရင်လို ချစ်မီးတွေမတောက် လောင်တော့ဘူး၊ တဖြည်းဖြည်းသွေးအေးလာပြီ၊ စိတ်ထဲမှာ လဲ သူနဲ့ ပတ်သက်ပြီး သိပ်မခံစား ရတော့ဘူး စသဖြင့် ဖြစ်လာ ကြပြီဆိုရင် ကိုယ်တို့တွေဟာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ ဖြေသိမ့်ဖို့ အကြောင်းပြချက်တွေ ရှာကြတော့တာပါပဲ။ ဥပမာ…

ကြည့်ရတာ ခုတလော အလုပ်တွေက သိပ်များလာတော့ ဖိအားတွေများလာတယ် စိတ်ဖိစီးမှု တွေများလာတော့ သူသူ ကိုယ်ကိုယ် စိတ်မရှည်ကြတာပါ။ ခုတလော ဘာပြဿနာမှ မဖြစ်ကြ တော့လဲ ပြောစရာ ဘာမှထွေထွေထူးထူး မရှိဘူးလေ။ အချစ် ဆိုတာလဲ ဒီလိုပါပဲ ဒီရေ လိုပဲ ရေတက်ချိန် ရေကျချိန်ဆိုတာ ရှိတာပဲပေါ့ စသဖြင့်ပေါ့ အကြောင်းပြချက်တွေ ရှာပြီး ကိုယ့်ကို ကိုယ် နှစ်သိမ့်တတ်ကြပါတယ်။

ဘာလို့ အဲ့လောက် အကြောင်းပြချက်တွေ အများကြီးရှာပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်မှုပေးနေရ တာလဲ ဆိုတော့ ကိုယ်တို့ လမ်းခွဲရမှာ ကြောက်တယ်လေ။ ဘဝမှာနောက်တယောက်ကိုလဲ အချိန်တွေအများကြီးပေးပြီး အစကနေ ပြန်မရင်းနှီးချင် မသိကျွမ်းချင်တော့ဘူး။ အဲ့တာထက် ပိုပြီး ကိုယ်တို့ ကြောက်ကြတာ တခု ရှိသေးတယ်။ အဲ့တာက အထီးကျန် မှာကိုပါ။

သူနဲ့နေရတာ တကယ်လဲ ပျင်းဖို့တော့ ကောင်းပါရဲ့ ဒါပေမယ့် သူမရှိတော့ရင်ကော ဘယ်လို လုပ်ရပါ့ မလဲနော်…………..

တွေးကြည့်တာပါ
ဖြေကြည့်ကြပါအုံးလေနော်….

A Chen
2:08 pm
3rd August 2010
Tuesday
Bangkok

8 comments:

  1. thu ma shi lal lwan nay ya tar pal ha hote lar?

    ReplyDelete
  2. Hnin Su - ငါ့အမြင်ပြောရရင်တော့ Relationship တစ်ခုကို တစ်သက်လုံးတည်မြဲဖို့ဆိုရင် “အေးစက်ကာလ” ကို ကျော်နိုင်သလား . . . မကျော်နိုင်ဘူးလားနဲ့ဆိုင်မယ်။ တစ်ယောက်နဲ့တစ်ယောက် အရင်လိုအရူးအမူးမဟုတ်တော့ပေမယ့် (အတိုင်းအတာတစ်ခုထိ) သံယောဇဉ်ရှိနေသေးတယ် ဆိုရင်တော့ “သူနဲ့နေရတာ ပျင်းစရာကောင်းတယ်” ဆိုတဲ့အေးစက်စက် အချိန်ကို ကျော်နိုင်မှာပေါ့ . . . အဲဒါကလည်း Relationship ရဲ့အတိမ်အနက်ပေါ် မူတည်တယ် . . . နောက်ပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အစွဲအလမ်းကြီးတာ၊ မေ့လွယ်ပျောက်လွယ်ဖြစ်တာနဲ့လည်းဆိုင်မယ်။
    နင်ရေးထားတဲ့ပုံက “သူနဲ့နေရတာပျင်းတယ်၊ နောက်တစ်ယောက်ကို ထပ်အချိန်ပေးရမှာလည်း ပျင်းတယ်၊ တစ်ယောက်တည်းနေရမှာလည်းပဲ ပျင်းတယ်” ဆိုတော့ . . . . . အင်း . . . . ငါလည်း Comment ပေးရမှာ ပျင်းလိုက်တာ ♣♣♣3:17 pmDeleteUndo deleteReport spamNot spam

    Addy Chen - လွတ်လပ်စွာကွဲလွဲနိုင်ပါသည်
    ရီလေးရှင်းရှစ်ပ် မရှိသောသူက ဆရာလုပ်တာ ကို ခံရတာပဲခွိEdit3:28 pm

    ReplyDelete
  3. naydanalynn: တီ ..စာတွေ အတော် ကောင်းတယ် ..တင်သမျှ ဖတ်နေတယ်နော
    4:30 PM အားလုံးလက်ခံမိတာ စိတ်သဘောတိုက်ဆိုင်လို့ပဲဖြစ်မယ်
    သဘောကြတယ် နောက်ဆုံး post ၂ခုကို

    ReplyDelete
  4. I don't know whether it is your personal feeling or not. But it doesn't matter, I will write down anyway. I built up my relationship for 5 years, and then committed to marriage for more than 5 years. I do feel bored sometimes, but most of the time due to our life style: we are away from our home and the only family we have is just us two. What I have learnt to make my relationship/marriage work is that "trust" and "support". If you are bored, go on a trip with him, then you could find the connection again or alone, so that you have time to think what you really want in your life.

    ReplyDelete
  5. Dear Mon petit Avator et al,

    First of all, I would like to say thanks for caring my feelings and sharing your story and experience.

    I don’t know what to say, but always wonder….why every time I post something people always assumed that that is from my personal experiences or my personal feelings, but in fact they are not, most of them are just my random thoughts and some are just simply from the conversation I have with friends and they inspired me to write such things.

    But may be this has to do with what I have done most in the past which is always whine about my personal life and make it public more then it needed, may be Rita is right some thoughts and things should only be two body tiger, but I did write down a lot of them in the past and shared with my readers,
    So I conclude from that whenever I post something new as article or essay people just simply assume that this is my personal experiences.
    But regardless, I have to thanks you all for continuous reading all my stupid posts and encourage me for writing more and more, and regardless morally support me when I am downs and happy for me when I am ups, without you all I won’t be able to come this far in this blogging path.

    Thanks you all
    And with lots of love.

    Addy

    PS after I wrote this down I start to think may be this will be good for thanks column when I actually publish my essays……………

    ReplyDelete
  6. T.Chan....
    Want to write a lot about this post.
    Will come back after office hours are over.

    :)

    ReplyDelete
  7. တီချမ်းရေ...အချစ်ရဲ့ သဘောကိုက ကြာလာရင် သွေးအေးတတ်တာ၊ အိမ်ထောင်ပြုပြီး အတူနေကြတာနဲ့၊ မပြုဘဲ နားလည်မှုနဲ့ အတူနေကြတဲ့အခါ ဒုတိယအမျိုးအစားက ပိုပြီး တက်သာ ဆုတ်သာရှိတယ် စာချုပ်ဘာညာ မရှိဘူး။ ဒါပေမဲ့ ဘယ်လိုပဲ နေနေ ကြာရင် အေးခဲလာမှာပဲ။ စတူဒီယိုသွား ပေါ့ထရိတ်ပုံကောင်းလေးတွေ အတူတွဲရိုက်၊ အိမ်မှာ အစားအသောက် စနက်လေး စားပြီး ဗီဒီယို ဟာသကားမျိုးလေး အတူကြည့်၊ အားလပ်ရက်မှာ အပြင် အတူတူသွား သူလိုအပ်မယ် ထင်တာလေးတွေ ဝယ်ပေး၊ သူမထင်မှတ်တဲ့ အချိန်မှာ လက်ဆောင် ပစ္စည်းလေး အမှတ်တရဝယ်ပေး...ဒီလိုနဲ့ပဲ အချစ်တွေကို ပြန်နွှေးယူကြရတယ်။ ကြာလာတော့လည်း အချစ်ထက် မေတ္တာက ပိုလာတယ်။ ဆက်ဆံမှု တခုမှာ မာနကို အမြဲ ဘေးချထားနိုင်ရင် အကောင်းဆုံးပဲ။ အေးမြမှူဟာ ဘယ်သူ့ဆီကမှ မရနိုင်ပဲ ကိုယ့်ဆီကသာ သူ ရယူပါစေ။ တယောက်နဲ့ တယောက် ချစ်ကြပြီး အတူနေခဲ့ကြပြီ ဆိုမှတော့ လိုအပ်ကြလို့ပေါ့...။ စဉ်းစားကြည့်လေ...လူတွေ ဒီလောက် အများကြီးထဲကမှ သူနဲ့ကိုယ်ရဲ့ ပတ်သတ်မှု...ဒါဟာ အကြောင်းမဲ့ ဖြစ်ခဲ့တာ မဟုတ်ဘူး...
    ချစ်ကြသူတွေကို လမ်းမခွဲစေချင်ပါဘူး တီချမ်းရေ...။

    စာဖတ်သူတွေက စာနဲ့လူကို အမြဲ ယှဉ်ကြည့်တတ်ကြတာ... ထုံးစံပါလေ....

    ချစ်ခင်စွာ...
    ချစ်ကြည်အေး

    ReplyDelete
  8. အေးစက်ကာလဆိုပြီး အက်ဆေးလေးတစ်ပုဒ်လောက် ရေးရင်ကောင်းမယ်။
    စိတ်ဝင်စားဖို့ကောင်းတယ်။း)

    ReplyDelete