Thursday, August 12, 2010

မန္တလေး-ရန်ကုန် (၁၆ ရက် ဇွန် ၂၀၁၀ ခုနှစ် ဗုဒ္ဓဟူးနေ့ည)

မန္တလေးကနေပြန်မယ့် ရက် မနက်က စားဖြစ်အောင် သွားစားလိုက်သေးတဲ့ မန်းမြီးရှည်ပါ
သေသေချာချာ သွားစားတဲ့အတွက် ကောင်းလွန်းစွာ အရသာရှိလှပါတယ် အစပိုင်း ကို အသုပ်စားပြီး ကုန်ခါနီးမှာ ဟင်းရည်တွေ ထည့်လိုက်တော့ အရည် ဖြစ်သွားပါတယ် နှစ်မျိုးလုံးကောင်းတာပါပဲ
ဒီတခေါက်ပြန်လို့ မန်းတလေး သွားဖြစ်ရင် သွားစားပါအုံးမယ်
ဖြစ်နိုင်ရင် နေ့တိုင်းတောင် စားချင်တာ တခြားဟာတွေ စားဖို့ အချိန်ပေးရလို့ ........ဟင်းဟင်း (မကျေမချမ်း သံ)





အပြန်ခရီး ရဲ့ အညာ ပုံလေးတွေ ကားပေါ်ကနေ ရိုက်လာတာပါ အလွမ်းပြေပေါ့ အညာသူအညာသား ကျမဆွေမျိုးများအတွက်ပေါ့လေ (ခင်ခင်ထူးတွေ ဆန်လိုက်တယ် ညှင်းညှင်း)




ဒါလေးကတော့ လမ်းမှာ စားရတဲ့ ထမင်းဆိုင်လေးပါ အစကတော့ ခေါ်နေတာ မလာလို့ (ဆားဗစ် ညံ့လို့) မကောင်းရေးဖို့ ဆိုင်နာမည်ကို သေသေချာချာ ဓါတ်ပုံရိုက်လာတာပါ စာဘတ်သူတွေ ကို မကောင်းသတင်းပေးမလို့ပေါ့လေ သို့သော် ဘတ်...စားကြည့်တဲ့အခါမှာ အရသာ ကောင်းတာတွေ့ရလို့ အကောင်းပဲရေးပါတော့မယ် ဆားဗစ်ညံ့တာကတော့ မြန်မာ တပြည်လုံး လိုလိုဆိုတော့ ထူးပြီးရေးမနေတော့ပါဘူး





ကြည့်ကြည့်ပါ ဆိုက်ဒစ်ရှ်လေးတွေလဲများပါတယ် ကြက်ဟင်းခါးသီးကြော်ရယ် ချဉ်ပေါင်ကြော်ရယ် ခရမ်းသီးကြော်ရယ် ငါးနီတူ ခြောက်စပ်ကြော်လေးတွေရယ်ပါ တို့စရာကတော့ နည်းနည်းဂွမ်းတယ် မမိုက်ဘူး ငါးပိရည်လဲမကောင်းဘူး





ကိုယ်က ဆိတ်သားဆီပြန်နဲ့စားပါတယ် ဘေးကဟာက ပဲဟင်းရည်ပါ မောင်ကတော့ ဘာမှမစားပါဘူး





ဒါကတော့ ညလယ်ရောက်တဲ့ နေရာမှာစားတာပါ ကိုယ်က ပဲအီကြာ စားပြီးတော့ မောင်က ကြာဇံချက်စားပါတယ် ကော်ဖီကတော့ တယောက်တခွက်သောက်ကြတာပါ ပရီးမီးယား ကို ဖျော်ပြီး နှပ်ပြီးသားပါ မကောင်းပါဘူး အရမ်းချိုလွန်းပါတယ် နို့ဆီတွေ များပြီးတော့လေ မြန်မာ ဆန်ဆန်ပေါ့ ကိုယ်နဲ့တော့ မဖြစ်ပါဘူး ဒါတောင် ကိုယ်က အင်မတန်မှ ကို အချိုစားတာပါ ကိုယ့်အတွက်တောင် ချိုတယ်ဆိုတော့ ပြောမနေနဲ့တော့ ..........





ဒါလေးကတော့ မနက် ပဲခူးအရောက်မှာ စားတဲ့ မုန့်ဟင်းငါးပါ ဂွတ်ရှယ်ပါပဲ
အမြင်မလှသလောက် စားလို့ ကောင်းရှာပါတယ်
မန်းတလေး အပြန်ခရီး ကတော့ ဒီလောက်ပါပဲ

6 comments:

  1. ဒီလောက်နဲ့ ရပ်သွားပေလို့ ဗိုက်ဆာတုံးလာဖတ်မိတာ အနော့်အမှားပါ

    ReplyDelete
  2. လာလည်သွားတယ်နော်။

    ReplyDelete
  3. မြို့မငြိမ်းရဲ့ မန္တလေး .....

    ReplyDelete
  4. မောင်သိတ်ကံကောင်းတယ်မောင်။

    ReplyDelete
  5. မန္တလေး မြီးရှည်လဲ မဟုတ်ပဲနဲ့ 
    ရှမ်းမြီးရှည်ကြီး ကို

    ReplyDelete