Wednesday, August 25, 2010

လူလွတ်ယောက်ျား = နှစ်ယောက်အိပ်ကုတင်…???

လူလွတ်ယောက်ျား = နှစ်ယောက်အိပ်ကုတင်…???

ကြည့်ရတာ ယောက်ျားကောင်းဆိုတာ တကယ်ကို ရှားပါးပစ္စည်း ဖြစ်နေပြီထင်ပါ့။ မဆိုးဘူးလို့ ပြောရမယ့် ယောက်ျားဆိုတာတွေ အကုန်လုံးဟာ မိန်းမ ရှိပြီးသား ဖြစ်ချင်ရင်ဖြစ်၊ မဟုတ်ရင် အနည်းဆုံး ရည်းစားတော့ ရှိပြီးသား အဲ့တာမှ မဟုတ်သေးရင် မိန်းမ ကို စိတ်မဝင်စားတဲ့သူ ဖြစ်ဖို့က ခပ်များများပဲ။

အိမ်ထောင်ပြုဖို့ အရွယ်ရောက်၊ အရွယ်လွန်စပြုနေပြီဖြစ်တဲ့ မိန်းမတွေအများစုဟာ ထိုထိုသော လူလွတ် အမျိုးကောင်းသားများကို မျှော်လင့်ချက်ကြီးစွာ မျှော်လင့်ချက်မဲ့စွာ ရှာဖွေနေ ကြပါ တယ်။ နားရှုပ်သွားသလား၊ မျှော်လင့်ချက်ကို ထားလဲထားချင်တယ် ရှာလာခဲ့တဲ့ နှစ်ပေါင်း အများကြီး ကနေပြီး မျှော်လင့်ချက်ကလဲ ကုန်သလောက်ဖြစ်နေပြီ ဆိုတဲ့ အဖြစ်မျိုးပေါ့။
အဲ့လိုနဲ့ သူတို့တွေဟာ လူလွတ် ဆိုတဲ့ ယောက်ျား တယောက်ယောက်ကို တွေ့ပြီဆိုတာနဲ့ နှစ်ယောက်အိပ်ကုတင် တလုံးကိုပြေးမြင်တော့တာပဲ။

သူသာ လူလွတ်ဖြစ်ပစေ သူမ မှာ အခွင့်အရေးရှိပြီးသားပဲ။

(ဒီနေရာမှာ နှစ်ယောက်အိပ်ကုတင် ဆိုတာ ကို နွေးထွေးမှု၊ ရင်းနှီးမှု၊ အကြင်နာ စတာတွေနဲ့ မြင်ကြည့်စေချင်ပါတယ်။ တမျိုးမမြင် စေချင်ပါ။ အမှန်ကတော့ ရှင်းပြနေရတာ ကိုက စာဘတ်သူ ကို တမျိုးမြင်လိမ့်မယ်လို့ ကြိုတွေး ရှင်းပြနေရတာမျိုးဖြစ်တဲ့အတွက် စော်ကားရာရောက်ပါတယ်။ ကိုယ်က မရှင်းပြချင်ပါ သို့သော် ကိုယ့်စာ လာလာ ဘတ်ကြတဲ့ သူတွေထဲမှာ အမြင်တိမ်တဲ့ ယောက်ျားတွေလဲ အများကြီး ရှိနေ သေးတဲ့အတွက် လွန်ခဲ့သော အတွေ့အကြုံများအရ ရှင်းပြရပါတယ်။)

မိန်းမတယောက်က လူလွတ်ယောက်ျားတယောက် ကိုတွေ့တဲ့အခါမှာ သူမက သူ့ကို ၁၀၀ % ပြည့် သဘောကျတာတော့ မဟုတ်သေးဘူး။ သူ့ကို ဟိုဟာမကြိုက်သလိုလို ဒီဟာမကြိုက် သလိုလိုတော့ ဖြစ်နေသေးတာပဲ။ ဒါပေမယ့် သူမရဲ့ သူငယ်ချင်းတွေ သူမကို ဝိုင်းပြောကြ တာက “လူလွတ် ဖြစ်နေတာကိုက သူ့ရဲ့ အားသာချက်ပဲ” တဲ့ အဲ့လိုမျိုးပြောကြတဲ့အခါ ကျ တော့လဲ မိန်းကလေးအနေနဲ့က သူတို့ပြောတာ ဟုတ်သားပဲ လို့ ခေါင်းငြိမ့် ဝန်ခံရပြန်တာပဲ။

သူသာ လူလွတ်ဖြစ်ပစေ သူမ မှာ အခွင့်အရေးရှိပြီလေ။ သူမ လိုချင်သလို ပြင်ယူနိုင်တာပဲ။ သူ့ကို သူမ ပြောင်းလဲနိုင်ဖို့ အခွင့်အရေး ရှိပြီလေ။ သူ သာ လူလွတ်တယောက်မဟုတ်ခဲ့ရင် ဘာပြောပြော အလကားပဲလေ။ မစားကောင်းတဲ့ အသီး ကိုးနော်။ စပျစ်သီးချဉ်ရတော့မယ် လေ။ အဲ့တော့ ဘာပဲ ပြောပြော လူလွတ်ဖြစ်နေတယ် ဆိုတဲ့ တချက်တည်း ကိုက အမှတ် ၉၀ ပဲ။

ဒီခေတ်ကြီးထဲမှာ လူလွတ်ဆိုတာ ကိုက ရွှေထက်တောင် ရှားပါးနေတာပဲလေ။

ဒီလိုနဲ့ပဲ မိန်းမတွေဟာ လူလွတ်ယောက်ျားတွေ ကို အဓိက ပစ်မှတ်အနေနဲ့ ထားပြီး စတင်ဖွေ ရှာကြပါတော့တယ်။ လူလွတ်ယောက်ျားမှန်သမျှကလဲ သူတို့လိုပဲ လက်ထပ်ဖို့ သင့်တော်တဲ့ ကြင်ယာဘက်ကို လိုက်ရှာနေတယ် ဆိုတဲ့ မှန်းဆ အထင်နဲ့ပေါ့။ အမှန်ကတော့ သူတို့ (ယောက်ျား) တွေ လူလွတ်ဖြစ်နေကြတယ်ဆိုတာက အချစ်ဆုံးဆိုတာကို မတွေ့ကြသေးလို့ပါ။ မိန်းမတွေက သာ ကိုယ့်ထင် ကုတင်ရွှေနန်းနဲ့ အဲ့ဒီ သင့်တော်တဲ့ ကြင်ယာဘက်ဆိုတာ သူ့ကိုပြောတာပဲလို့ ကလေးတွေး တွေတွေးပြီး ထင်နေကြတာ။ သူလိုချင်တာ သူရှာနေတာ သူမပဲ လို့ တထစ်ချမှတ်ယူပြီးတော့လေ။

နောက်ပြီး အရွယ်ရောက် လူလွတ်ယောက်ျားတိုင်းကရော လက်ထပ်ချင်နေကြတယ်လို့ ဘယ်သူက ပြောလဲ။ တကယ်တော့ အရွယ်ရောက်ပြီးရင် သင့်တော်တဲ့ လူတယောက်ရှာ လက်ထပ်ရမယ် ဆိုတာ မိန်းမတွေရဲ့ တဘက်သတ် စိတ်ကူးယဉ်မှု နွေနေ့လည် အိပ်မက် တခုမျှသာပါပဲ။

သူမကတော့ လူလွတ်ယောက်ျားတယောက် ကို သူမ ကောင်းကောင်း ထိန်းချုပ်နိုင် ချုပ်ကိုင်နိုင်မယ် ထင်နေတယ်။ တကယ်တန်းကျတော့ လူလွတ်ယောက်ျားဆိုတာမျိုးတွေက ချုပ်ကိုင်ဖို့ အခက်ခဲဆုံးဖြစ်နေတာကိုး မဟုတ်ရင်လဲ အစောကြီးကတည်းက တခြားမိန်းမတွေ က သူတို့ရဲ့ ပိုင်ရှင်တွေ ဖြစ်ကုန်ကြရောပေါ့။ ချုပ်ကိုင်ပြီး ကုန်ကြရောပေါ့နော်။

နောက်ပြီး လွတ်လပ်တာ၊ အလားအလာကောင်းရှိတာ တွေနဲ့ ပြည့်စုံတိုင်းလဲ ယောက်ျား ကောင်းဖြစ်မယ် လို့ပြောလို့ ရတာမှမဟုတ်တာ။ ပြီးတော့ တကယ်ကောင်းတဲ့ လူလွတ် ယောက်ျားဆိုရင်လဲ အိမ်ထောင်ရေး ကိုစိတ်ဝင်စားတဲ့ သူဖြစ်အုံးမှ။

ဟူး…………………………………………………
နောက်ဆုံးတော့ လူလွတ်ဆိုတိုင်းလဲ ကိုယ်တွေအတွက် နှစ်ယောက်အိပ်ကုတင် မဖြစ်နိုင်ပါဘူးလေနော်။

A Chen
1:39 AM
25th August 2010
Wednesday
Home
Bangkok

3 comments:

  1. အင်း လူလွတ်လို့ သုံးနှုန်းထားတာကို သဘောကျတယ်ရှင်။ သို့သောလည်း မိန်းမတွေရဲ့ သဘောထားအမှန်ကိုတော့ လွဲနေသေးတယ်လို့ စောကျောမိချင်ပါရဲ့။ :)

    ReplyDelete
  2. သိပ်တော့နားမလည်ဘူး။ ဒါပေမယ့် နှစ်ယောက်အိပ်ခုတင်က နွေးထွေး ရင်းနှီးကြင်နာတာထက်... တစ်ယောက်အိပ်ခုတင်က ပိုမကောင်းဘူးလား..
    ပိုနွေးထွေးတာပေါ့.. (နောက်တာ)
    အခုထက်ထိမွေးကတည်းက ၁ ယောက်အိပ်ခုတင်နဲ့မအိပ်တတ်ဘူး။ နှစ်ယောက်အိပ်ခုတင်အကြီးမှာ တစ်ယောက်တည်း ခွေခေါက် ကန့်လန့် အိပ်ချင်သလိုအိပ်တယ်..

    ReplyDelete
  3. ဟုတ်ပါ့ ဒေါ်သလင်းရေ
    ကိုယ်က မိန်းမ အများစု ကို ဆိုလိုတာပါ ကိုယ့်ရဲ့ လိမိတက် နော်လစ်ဂ်ျ နဲ့ ကိုယ့်ပတ်ဝန်းကျင် (တော်တော်ကျယ်တာပါ) မှာ မြင်နေရတဲ့ desperate but not YET housewives တွေ ကြောင့်ရေးဖြစ်တာပါ
    ဒေါ်သနပ်ခါးရေ
    သိပ်လည်း လှိမ့်မနေနဲ့ ပြုတ်ကျရင် လာကောက်မယ့် လူလွတ် မရှိသေးဘူးဟုတ် ....? စတာနော်.............

    ReplyDelete