Thursday, August 26, 2010

Every relationship

Every relationship

ကိုယ်တို့ တလျောက်လုံး ကိုယ်တို့နဲ့ ကာလာ အရောင်တူ၊ အတွေးအခေါ်တူ၊ ရင်ခုန်သံတူတဲ့ ဘဝအဖော် မျိုးကိုရှာနေခဲ့ကြပါတယ်။ အထူးသဖြင့် စမ်းသပ်ကာလ လို့ခေါ်ခေါ် ဘာပဲဖြစ်ဖြစ် ဆိုပြီး မျက်စိမှိတ်ချစ်တဲ့ ကာလပဲပြောပြော အဲ့လို အချိန်ကာလ တခုကို တူတူကျော်ဖြတ်ပြီးတဲ့ အခါမှာ ဒီလူတယောက်ဟာ တကယ်ပဲ ကိုယ့်အတွက် ကျန်နေတဲ့ ဘဝ တလျောက်လုံး တူတူ လက်တွဲ သင့်တဲ့ လူလား၊ သင့်တော်တဲ့လူဟုတ်ရဲ့လား ဆိုတာ ကို စဉ်းစားရမယ့် အချိန်ကို ရောက်လာပါတယ်။ အများအားဖြင့်တော့ ကိုယ်ရွေးချယ်မယ့်သူဟာ ခုနက ပြောသလို ကိုယ်နဲ့
ကာလာ အရောင်တူ၊ အတွေးအခေါ်တူ၊ ရင်ခုန်သံတူတဲ့ သူမျိုးဖြစ်စေချင်ကြပါတယ်။

ဒီလိုနဲ့ တနေ့လဲကျရော သူဟာ သူမ နဲ့ ကာလာ အရောင်လဲမတူ၊ အတွေးအခေါ်လဲမတူ၊ ရင်ခုန်သံလဲမတူ (အထူးသဖြင့် အနေကြာလာတဲ့အခါ အရေးကြီးလာတာက အဖြစ်အပျက် တခု အပေါ်မြင်တဲ့ အမြင်ပါပဲ) တာကို သိလာတဲ့ခါ သူမ ရဲ့ ရုတ်တရက် အံ့သြတကြီး တုံ့ပြန် မှုဟာ ချက်ချင်း ဆိုသလိုပဲ…“ကျမ ကတော့ ဒီကိစ္စ ကို ဒီလိုမထင်ဘူး” ဆိုပြီး ဖြစ်လာတော့ တာပဲ။

အဲ့ဒီအခါမှာ သူကလဲ သူ့ဘေးက မိန်းမမှာ သူနဲ့မတူတဲ့အမြင်တွေရှိနေတာ၊ သူ့အမြင်ကို တိတ်တိတ်လေး ပါးစပ်ပိတ်ပြီး လက်မခံနိုင်တာကို အံ့သြတကြီးနဲ့ ရှော့ခ် ရပြီး သူမကို “ဒါပေမယ့် ကိုယ့် အထင်က အမှန်ပဲလေ” လို့ ပြန်ပြောပါတယ်။

တလျောက်လုံး ညင်သာ နူးညံ့စွာနဲ့ အရာရာ ခေါင်းငြိမ့် နေခဲ့တဲ့ မိန်းမ ဘက်ကလဲ ဒီတခါတော့ သူမ ဆက်လက်ပြီး မငုံ့ခံနိုင်တော့ဘူးလို့ ခံစားရပါတယ်။ သူ့အမြင်ကို သူမ သဘောမတူနိုင်ပါ ဘူး၊ သူမ ရည်ရွယ်ချက်က သူ့ရဲ့ ယောက်ျား မာန ကိုစော်ကားဖို့မဟုတ်ပါဘူး။ သူမ မှာလဲ သူမရဲ့ ပုဂ္ဂလ အမြင်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိတယ် လို့ ထင်တာ သက်သက်ပါ။
အဲ့တာနဲ့ သူ့ကို စိန်ခေါ် သလိုလိုနဲ့…“ရှင့်အမြင်က အမြဲမှန်နေတာမှမဟုတ်ဘဲ” လို့ပြောလိုက်ပါ တယ်။

ယောက်ျားဘက်ကလဲ ဘယ်လိုမြင်လဲဆိုတော့ ဒီမိန်းမ သူ့ကို သက်သက် ပုန်ကန်နေတာပဲပေါ့ အမှန်ဆို သူကတောင်ကိုယ့်ယောက်ျားကို လေးစား အထင်ကြီးရမှာ မဟုတ်လား? ဒီတော့ သူက သူမကို ပုံစံပေးတဲ့အနေနဲ့ “မင်းက ဘာအရည်အချင်း နဲ့များ မင်းကိုယ်မင်း မှန်တယ်ထင် နေရတာလဲ?” လို့ပြန်မေးလိုက်ပါတယ်။

မိန်းမဘက်ကလဲ နောက် နည်းဗျူဟာ တမျိုးနဲ့ ယောက်ျား ကိုဆန့်ကျင်ဖို့ ကြိုးစားပြန်ပါတယ်။ သူမက အေးစက်စက် တချက် ရယ်လိုက်ပြီးတော့ ….“ဟုတ်တယ် ရှင်ပဲသိတယ်၊ ရှင်ပဲ တတ် တယ်၊ ရှင်ပဲ အမြဲမှန်တယ်၊ အဲ့တာကြောင့် ဒီနေ့ ညတော့ ကျေးဇူးပြုပြီး ရှင်ပဲ ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာ အိပ်လိုက်ပေတော့”

ယောက်ျားကလဲ ဧည့်ခန်းထဲမှာအိပ်ဖို့ အနှင်ခံရတော့ ဆိုဖာပေါ်မှာ တယောက်တည်း အိပ်ရင်း ဘာကိုစဉ်းစားနေလဲဆိုတော့ ဒီမိန်းမ ကိုမှတ်လောက်သားလောက်အောင် ပုံစံတော့ ပေးမှဖြစ် တော့မယ်ပေါ့။ ဘယ်လိုပုံစံပေးမလဲဆိုတော့ သူမနဲ့ အတူတူ တကုတင်ထဲ မအိပ်တော့ဘဲ ကုတင် ခွဲအိပ်ခြင်းအားဖြင့် ပညာပေးမယ်ပေါ့လေ။

မိန်းမလဲ အခန်းထဲက ကုတင်ပေါ်မှာ တယောက်တည်း ဟိုလှိမ့် ဒီလှိမ့် အိပ်ရင်းနဲ့ ဒီယောက်ျား တယောက် ဟာတကယ်ပဲ သူမနဲ့ တဘဝလုံးစာ အတူလက်တွဲသွားရမယ့် ယောက်ျား ဟုတ်မှ ဟုတ်ရဲ့လား လို့ သံသယတွေနဲ့ အတွေးတွေဝေနေပါတယ်။ ဒီပုံအတိုင်းဆို ရှေ့လျောက် တသက်လုံး အတူတူနေလို့ရပါ့မလားပေါ့လေ။

နောက်တနေ့မနက်ကျတော့ ရေချိုးခန်း ရှေ့မှာ ယောက်ျားနဲ့ မိန်းမ ဆုံကြတယ်။ ယောက်ျားက အရင် မိန်းမ ကို စကားစပြောတယ်။ မိန်းမ က ယောက်ျား ကိုရေချိုးခန်း အရင်သုံးဖို့ ဦးစားပေး တယ်။
မနက်စာ စားကြတော့လဲ တခြားအကြောင်းအရာတွေကို ပဲ သူတို့ ဦးတည်ပြောကြတယ်။

မိန်းမရော ယောက်ျားပါ မငယ်ကြတော့ဘူးလေ။ အဲ့တော့ ဘယ်လို relationship မျိုးမဆို အခက်အခဲ နဲ့ ညှိနိုင်းမှု တွေရှိရတယ်၊ တယောက်နဲ့တယောက် တကယ့်တကယ်တော့လဲ အဲ့လောက် အတွေးအခေါ်တွေ မိုးနဲ့မြေ လို မတူ ကွဲပြား ခြားနားနေကြတာမဟုတ်ပါဘူး ဆို တာ နားလည်ကြပါတယ်။

လူတယောက်အပေါ်မှာ ကိုယ်တို့တွေ တကယ်တော့ အဆိုးတွေကိုချည်း မမြင်ဘဲနဲ့ ကောင်း ကွက်လေးတွေလဲကို ပိုမြင်နိုင်အောင် ကြိုးစားကြဖို့သင့်တယ်လေနော်။

A Chen
3:30 PM
26th August 2010
Thursday
Bangkok

3 comments:

  1. Well written and agree Ko AM. Positive attitude is a must. Patience, love, trust, mutual respect and understanding will also be a good recipe for ever lasting relationship:). Peace naw Ko AM. In case, you pick on me for my comments :).

    ReplyDelete
  2. Agree Addy....If we want to maintain the relationship, why not we can't compromise if it is not a big deal? Switch and let it go our pride if we are not ready to accept other consequences.

    ReplyDelete
  3. ရုတ်တရက် ကြီး ကို အင်္ဂလိပ် စကားပြောသောသူများ ကွန်မန့်ပေးနေကြပါလား

    မဒေဂိုး နေကောင်းလား
    ဒေါ်ဆွေဇင် မှန်၏ မှန်၏ အမှန်တွေပဲရေးထား၏

    ReplyDelete