Friday, May 6, 2011

ဆန်(ညှပ်)ခေါက်ဆွဲကြော် နဲ့ ကညွတ်ကြော်

ခုတလောတော့ ဘာ ဆို ဘာမှ သေချာမချက်စားဖြစ်ဘူးဖြစ်နေပြန်တယ် အမေ ကလဲ တညလုံး မိုးလင်းပေါက် ရုပ်ရှင်ကြည့် နေ့ဘက်အိပ် ကိုယ်က အလုပ်သွား မောင်က အမေ နဲ့အပြိုင် အိပ် ဆိုတော့ ဘာမှ သေချာ မချက်ဖြစ်ကြဘူး ညနေစာပဲ စားကြတာကိုး ကိုယ်ကတော့ အစာလျော့စားနေတာပါတယ် ဖူးကက် အတွက်လေ ငှဲငှဲ လှနေမှ ဖြစ်မှာကိုးနော် ဘီကနီနဲ့ လေ ထားတော့ အဲ့တာ နဲ့ ခုတလော ဟင်းချက်တာ ဘာညာတောင် ပြန်မတင်ဖြစ်တာ ကြာသွားပြီ ပြောရအုံးမယ် တလောက ဟင်းချက်တာတွေ ခဏခဏ တင်တော့ လူက တနေ့ ကို ၅၀၀ ကျော်တောင် ဝင်တယ် ခုတော့ ပြန်အေးပြီး ၂၀၀ ပတ်ဝန်းကျင်ပဲ ပြန်ဖြစ်သွားပြီ....အိ......





လွယ်လွယ်ကူကူ ဆန်ပြား (ညှပ်) ခေါက်ဆွဲပဲ ကြော်စားဖြစ်ပါတယ် ညှပ် ကို အချောင်းလေးတွေပဲဖြစ်ဖြစ် အပြား အကွက်လေးတွေ ပဲဖြစ်ဖြစ် အဆင်ပြေရာ ဝယ်လိုက်ပါ ကို်ယ်ကတော့ ပါရာဂွမ်ကပဲ အလွယ် ဘူးသေးသေးလေးတွေ နဲ့ ဟာ ကို ဝယ်လိုက်တယ် ပထမဆုံး ကြော်မယ့် ဒယ်အိုးထဲ ဆီထည့် တကယ်လို့ အရွက်တွေ ဘာတွေထည့်ချင်ရင်လဲ ပဲပင်ပေါက် လိုဟာတွေ ကြက်သွန်မိတ်လို ဟာ ထည့်လို့ရတယ် တီကတော့ ယိုးဒယား လို ကြော်မှာ စားမှာ ဆိုတော့ ဘာမှ မထည့်ဘူး အရွက်က ပြီးမှအစိမ်းစားတာ ဆီထည့်ပြီး ဆီပူလာရင် ခေါက်ဆွဲဘတ်ထည့် ပဲငံပြာရည် အနောက် ထည့်ပြီး ကြော်ပါတယ် မွှေးလာရင် ရပါပြီ ပုံမှာ ကြည့်ပါ ပြီးရင်တော့ နယ်မယ့် ပန်းကန်ထဲထည့်ပါ တီကတော့ ဇလုံပဲ...(ပြုံး)





ပြီးရင် ချက်ထားတဲ့ ငရုတ်သီး ဆီချက်ထည့်ပါမယ် သကြားထည့်မယ် မြေပဲထောင်းထည့်မယ် နံနံပင်ထည့်မယ် ဆီချက် (ကြက်သွန်ဖြူ) ရှိရင်လဲ နည်းနည်းထည့်ပါ ကြိုက်တတ်သာသာထည့် ပြီးတော့ တီက ငရုတ်ဆီ ပုလင်းသေးသေးလေး ပီဇာ စားတဲ့ ဟာမျိုး နည်းနည်းထည့်သေးတယ် (ဒါကတော့ ရှည်တာပါ) ပြီးတော့ နံနံပင်ထည့် နောက် သံပရာသီးလေး ညှစ် ပြီး နယ်လိုက်ရင် စားလို့လဲကောင်း လုပ်ရတာလဲလွယ် အရသာလဲရှိတယ် ညှပ်ခေါက်ဆွဲကြော်ပေါ့နော်





ပြီးရင်တော့ တခါတည်း ခါတိုင်းဆို ဇလုံနဲ့ စားလိုက်တာပါပဲ ခုတော့ လျာရှည်ပြီး ဒီဘလောခ် ဆိုတာ လုပ်မိလို့ ပုံတွေ ရိုက်ရ တင်ရ လှအောင်ပြင်ရတွေ နဲ့ အလုပ်တွေ ရှုပ်နေပါတော့တယ် နောက် စားခါနီးကျရင်သာ ဆလပ်ရွက်ရှိရင် သိပ်ကောင်းပေါ့ တချို့ကလဲ ကြိုက်တတ်ရင် ကြက်သွန်မိတ် အချောင်းလိုက် ကိုက်ကြပါတယ် တီ့တော့ ဆလပ်ရွက်မရှိ ကြက်သွန်မိတ်လဲ မကြိုက်တော့ ရှိတဲ့ ဥနီပဲ လှီးပြီး အစိမ်းစားလိုက်တယ် အေးရော





ဒါကတော့ အိမ်မှာ အဆင်သင့်ရှိနေတဲ့ ဗူးမှို လေးနဲ့ ကညွတ်လေးတွေပါ အမြန်ကြော်လိုက်တော့လဲ စားရတာပေါ့နော် ဘာမှ ထည့်ပါဘူး ဆီပူရင် ကညွတ်ထည့် မှိုထည့် ဆား အချိုမှုန့် နည်းနည်းထည့် အရသာ ပိုချင်ရင် ခရုဆီထည့် ခဏ ရွှားရှဲ လုပ်လိုက်ရင် ရပါပြီ





သုံးဆောင်ကြပါနော်





ဒါတွေကတော့ အအီပြေ အသီးပါ သင်္ဘောသီး နဲ့ နာနတ်သီး ရယ် ဘေးကတော့ သစ်တိုသီးပါ ဒီမှာ က သစ်တိုသီး ကို အခွံ ခွာပြီး ငပိတွေ ဆားတွေငရုတ်သီးတွေ နဲ့ ဒီလိုလုပ်စားတယ် တီက မြန်မာ ပြည်မှာတုံးကဆို သစ်တိုသီး ကို မင်းဂွတ်သီး လိုပဲ အလည်က အမွှာလေးတွေပဲ စားဖူးတာ မှတ်မိသေးတယ် ငယ်ငယ်က ကုတ်ကိုင်း မှာ ရေသွားကူးရင် ခြံထဲ က အပင်ကို ဖိနပ်နဲ့ ပစ်ပြီးစားတာ တော်တော်ဆိုးတယ် ခိ...

မနေ့က ပိတ်ရက်လေ ဆိုတော့ အစက ဒီနေ့ ကိုပါ ခွင့်ယူလိုက်ရင် ဆက်တိုက်ပိတ်မှာပေါ ဒါပမေယ့် အင်တာဗျူး လုပ်ပေးမယ် ပြောလိုက်မိတော့ ရုံးလာနေရတယ် ကိစ္စတော့ မရှိပါဘူးလေ နော်က အပတ်ဆို ၁၃ လဲပိတ်မယ် ၁၆ ၁၇ လဲ ပိတ်မယ် ဆိုတော့ ၅ ရက်ဆက်တိုင် ပိတ်အုံးမှာ ပြီးတော့ ကိုယ်က ၁၈ ကနေ ၂၀ ထိ ခွင့် ယူမယ် ဆိုတော့ ငှဲငှဲငှဲ ကွန်ပလိမ့် မတက်တော့ဘဲ အမ်ပလွိုင်ယီး ကောင်းလေး ယောင်ဆောင်လိုက်မယ်

စကားမစပ် ဒီလ အစိုးရပိတ်ရက် ၅ ရက်တိတိရှိပါတယ် ၂ က (မေဒေး အစား) ၅၊ ၁၃၊ ၁၇၊ အစက အဲ့လို နောက်တော့ အစိုးရက ၁၆ ပါပိတ်လိုက်တာ ရှယ်ရှယ်ရှယ် ပဲ မနာလိုဖြစ်ကြစေသတည်း


A Chen
12:47 PM
Friday
6th May 2100
Bangkok

8 comments:

  1. မနာလို ဖြစ်ရမယ်။ ၁၃ ရက်နေ့  ပိတ်ဘူး။

    ReplyDelete
  2. အကုန်ကြိုက်တယ်။ ပန်းကန်ဖြူဖြူလေးတွေကိုလည်းကြိုက်တယ်

    ReplyDelete
  3. သရေပြန်သိမ်းသွားတယ် .. :D

    ReplyDelete
  4. တီ့ဓာတ်ပုံတွေက ဘယ်လိုရိုက်တာလဲ ဟင်းအိုးထဲမှာအငွေ့တွေမရှိဘူးနော်
    အငွေ့သေသွားမှ ရိုက်တာလားဟင် ?

    ReplyDelete
  5. မအိ မနာလိုဖြစ်စေသတည်း ၁၃ ၁၆ ၁၇ နော် ပိတ်တာ ငှဲငှဲငှဲ၁၇ ဖူးကက်ရောက်မယ်

    အီဗီရေ ပန်းကန်က ပုံထဲမှာ မို့လို့ လှနေတာ အပြင်မှာ သိပ်မလှ သို့သော် ကိစ္စ မရှိ အစာလှဖို့ ပဲလိုတယ်

    မိုးခါး သွားရည်ကျလို့ ရပါတယ် စာလာဘတ်ရင် တစ်ရှုးသာယူခဲ့ ဟိဟိ

    အနော်နိမတ်စ် ရေ ဒီပုံပါပဲ အငွေ့မပါတာ တချို့ပုံတွေ ချက်လက်စ ဆိုပါပါတယ် ကင်မလာ လဲဆိုင်မယ်ထင် တီသုံးတာ က Cannon SX 30 IS ပါ (နည သိတယ်)

    ReplyDelete
  6. ဂလု သစ်တိုသီးစားချင်တယ် မစားဖူးဘူး

    ReplyDelete
  7. ညှပ်ခေါက်ဆွဲစားချင်ဒယ် သစ်တိုသီးကတော့ မဗစ်စ်ဆီကမလုတော့ပါဘူးလေ :P

    ReplyDelete
  8. အိမ်ရှင်မMay 19, 2011 at 9:05 AM

    ချမ်း
    ပတ်ထိုင်း ဆိုတာအဲဒီဟာကိုခေါ်တာလား။ အိမ်မှာ ညှပ်ခေါက်ဆွဲကို ကြော်ရင် အမြဲပျော့ပျော့သွားလို့ အဲလိုတောင့်တောင့်လေးကြော်နည်းကို ပြောပြပါလား။

    ReplyDelete