Friday, May 13, 2011

တို့ကို ချိုးဖဲ့ပါ


တို့ကို ချိုးဖဲ့ပါ


မင်းကို တို့ တနေရာရာမှာ တွေ့မယ်လေ
အလင်းတွေသူ့ဘာသာ
အေးငြိမ်းသက်သက်
ကျရောက်နေတဲ့ နေရာမျိုးပေါ့

ပြီးရင် တို့ ကို ဝတ်လစ်စလစ်ဖြစ်စေဖို့
မင်းကို တို့ ခွင့်ပြုပါ့မယ်
ဒါပေမယ့်
နှင်းဆီတိုင်းလိုပဲ တို့မှာ
ဆူးတွေ ရှိတယ် ဆိုတာ
သတိပေးပါရဲ့နော်

မင်းရဲ့လက်တွေ သက်သက်နဲ့
တို့ကို မင်းနာကျင်စေနိုင်သလို
မင်းပြောတဲ့ စကားချွန်ချွန်တွေကလဲ
နာကျင်စေပါတယ်

ဘယ်လိုပဲဖြစ်ဖြစ်
ကယ်နိုင်မဲ့ အကြောင်းပြချက်မဲ့စွာနဲ့
မင်းဆီမှာ တို့ ကျဆုံးနေပါပြီလေ

ကဲ အဲ့ဒီတော့
တို့ကို ချိုးဖဲ့ပါ
အနိုင်ယူပါ
မင်းရဲ့လက်မောင်းတွေပေါ်မှာတော့
တခါမှေးစက်ခွင့်ပြုပါအုံး

တို့ကို ချိုးဖဲ့ပါ
အနိုင်ယူပါ
မင်းရဲ့အချစ်တွေကိုတော့
တခါ ပြန်ခံစားခွင့်ပြုပါ.....


အရာရာကို လက်လွှတ်လိုက်ပြီး
ပိုင်ဆိုင်ထိန်းချုပ်ခွင့်တွေ မဲ့သွားချိန်မှာ
ရေအောက်ထဲရောက်နေသလိုပဲ
တို့ ခံစားရပါတယ်

ရေမှုန်တွေ ရဲ့အနမ်းတွေက
တို့ ရဲ့အဆုတ်တွေကို
ဖြည့်တင်းနေသလို
တို့ ရဲ့ ဝိညဉ် ကိုလဲ
ဖြည့်တင်းလို့ပေါ့

ကဲ အဲ့ဒီတော့
တို့ကို ချိုးဖဲ့ပါ
အနိုင်ယူပါ
မင်းရဲ့လက်မောင်းတွေပေါ်မှာတော့
တခါမှေးစက်ခွင့်ပြုပါအုံး

တို့ကို ချိုးဖဲ့ပါ
အနိုင်ယူပါ
မင်းရဲ့အချစ်တွေကိုတော့
တခါ ပြန်ခံစားခွင့်ပြုပါ.....

ကဲပါလေ
တို့ ကို တခါလောက်တော့
နမ်းပါအုံး
အို တခါထက်ပိုနမ်းစမ်းပါ
ဘယ်တုံးကမှ
ခုလောက်....
မမွတ်သိပ်ခဲ့သလိုပဲ

ကဲ အဲ့ဒီတော့
တို့ကို ချိုးဖဲ့ပါ
အနိုင်ယူပါ
မင်းရဲ့လက်မောင်းတွေပေါ်မှာတော့
တခါမှေးစက်ခွင့်ပြုပါအုံး

တို့ကို ချိုးဖဲ့ပါ
အနိုင်ယူပါ
မင်းရဲ့အချစ်တွေကိုတော့
တခါ ပြန်ခံစားခွင့်ပြုပါ.....

မင်းရဲ့ အချစ်တွေကို
တခါပြန်ခံစားခွင့် ပြုပါ...

BREAK ME
jewel


I will meet you
In some place
Where the light lends itself
To soft repose
I will let you undress me
But I warn you
I have thorns
Like any rose


And you could hurt me
With your bare hands
You could hurt me
With the sharp end
Of what you say
But I'm lost to you now
And there's no
Amount of reason
That could save me


So break me
Take me
Just let me
Feel your arms again
Break me
I'll let you make me
Just let me
Feel your love again

Feels like being underwater
Now that I've let go
And lost control
Water kisses fill my mouth
Water fills my soul

So break me
Take me
Just let me
Feel your arms again
Break me
Make me
Just let me
Feel your love again

Kiss me once
Well, maybe twice
Oh, it never felt so nice
So break me
Take me
Let me
Feel your arms again
Break me
Make me
Just let me
Feel your arms again
Just let me
Feel your love again



Translated by
A Chen
11:12AM
12th May 2011
Thursday
Bangkok

No comments:

Post a Comment