Wednesday, June 1, 2011

သူတို့....ခေတ်သစ်မိန်းမတွေ (ကိုယ်မပါ)




foto from google


သူတို့....ခေတ်သစ်မိန်းမတွေ (ကိုယ်မပါ)


ကဲ တနေ့က ခေတ်သစ်ယောက်ျားရေးပြီးတော့ စာဘတ်သူတယောက်က ပြောလာတယ်။ ယောက်ျားတွေ အကြောင်းပဲ မကောင်းရေးတာ တဘက်သတ်ဆန်နေသလားပေါ့။ ရှုထောင့်က တဘက်သတ်ဖြစ်နေတယ်ပေါ့။ ကဲ အဲ့တော့ ခေတ်သစ်မိန်းမတွေ အတွက်လဲ ကိုယ့်အမြင်ကိုရေးပါအုံးမယ်။ ခေါင်းစဉ် ကိုသေချာကြည့်ပါ သူတို့ ခေတ်သစ်မိန်းမတွေ လို့ရေးထားပါတယ် ကိုယ်မပါပါဘူး။ ခုတော့ ကိုယ်က လင်းနို့ ဖြစ်သွားပြီ၊ ကုန်းသတ္တဝါတွေ နဲ့ ရေ သတ္တဝါတွေ စစ်ဖြစ်ကြတော့ ဘက်ရွေးတဲ့ လင်းနို့ တွေ အကြောင်း ကြားဖူးတယ်မှလား။ ကိုယ်က ကမ္ဘာသားပါ အဲ့တော့ မားစ်နဲ့ဗီးနပ်စ် ကြားမှာပဲနေပါတယ်။ ဗီးနပ်စ် က ကိုယ့်အတွက် ပူလွန်းသလို မားစ်ကလဲ ကိုယ့်အတွက် အေးလွန်းပါတယ် အဲ့တော့ ကိုယ်က မစ္စိမ ပဓိပဓာ ပဲ လုပ်မယ့် ကမ္ဘာသား တဖြစ်လဲ လင်းနို့ပေါ့လေ။ ငှဲငှဲ တစ်တီတူးတွေ တောက်တဲ့တွေ တော်တာ တီတီ တော့ အပျော့ .....

ထားပါတော့ ကဲ စမယ် ရယ်ဒီ....................................အက်ရှင်.......................

ဟိုးအရင်ခေတ်က မိန်းမတွေဆိုရင် ဗိုင်းကောင်းကျောက်ဖိ ဖြစ်ရမယ်၊ အပျိုစင်ဘဝ ကိုတန်ဖိုးထားရမယ်။ သားကိုသခင် လင်ကိုဘုရား လိုသဘောထားရမယ် လို့ ကိုယ်တို့ အရှေ့ တိုင်းတွေမှာ သင်ယူ နာကြားကြီးပြင်းကြရပါတယ်။ အဲ့လိုပဲ အနောက်မှာ ဆိုလဲ စတက်ဖို့ မယားလို့ ခေါ်တဲ့ စံ မယားတွေ ရှိခဲ့ပါတယ်။ ဘုရားရှင် လက်ထက် က အမရာ ကိန္နရီ မဒီ တင်ဇာမော် အေးချမ်းမေ လေးလေးဝါး အဲလေ ရောကုန်ပြီ....ထားပါတော့...

ဟော အဲ့လို အတွေးအခေါ်တွေ နဲ့ ကြီးပြင်းကြရသလို စိတ်ထားကလဲ စိတ်ရှည်ရမယ် သည်းခံ ရမယ် ရက်ရောရမယ် နူးညံ့ ရမယ် စတဲ့ သင်ကြားပြသမှုတွေ ရှိသေး။ အမေ့ ရဲ့ အမေက အမေ့ကို အမေက သူ့သမီးကို ဆင့်ကဲဆင့်ကဲပေါ့လေ။

မိန်းမကောင်းဆိုတာ စိတ်ပုပ်စိတ်ယုတ်မရှိရဘူး ကိုယ့်လင် ကိုယ့်သား ကိုယ့်မိသားစု စိတ်ချမ်းသာမှု ကိုသာရှေးရှုရမယ်စသဖြင့်ပေါ့။ မိန်းမကောင်းဆိုတာ တတ်သိလိမ္မာရမယ်၊ အပျိုစင်ဘဝကို ထိန်းသိမ်းရမယ်၊ နှုတ်မကြမ်းရဘူး ၊ အလှအပ ကိုလိုတာထက်ပိုမမက်ရဘူး၊ ကလက်တက်တက်မနေရဘူး၊ ရွယ်တူ ယောက်ျားလေးတွေနဲ့ကစားခုန်စားက အစ အနေအထိုင်ဆင်ခြင်ရမယ်၊ ဒူးထောင်ပေါင်ကားမနေရဘူး၊ မိန်းမပျင်းခြေဆင်း ယောက်ျားပျင်းကျောခင်း၊ မိန်းမကောင်းဆိုတာ ထိုင်ရင်တောင် ခြေဆင်းမထိုင်ရဘူး၊ (ဘုရား ကိုယ်တော်တော်သိတာပါလား) စတာတွေက အပျိုဘဝမှာ တော့ အသေးအဖွဲတွေပါ

နောက်တော့ ရှိသေးတယ် အိမ်ထောင်မှုနိုင်နင်းရမယ် တချိန်ထဲမှာလဲ ယောက်ျားတွေကို ကျိုးနွံရမယ်၊ နာခံရမယ် သစ္စာစောင့်သိရမယ် (မှတ်ချက် ယောက်ျားတွေ မိန်းမ တယောက်ထက်ပိုယူတာကျတော့ တရားဥပဒေတော်တော်များများက လက်ခံကြပါတယ် မိန်းမက ယောက်ျားတယောက်ထက်ပိုယူမိရင် အဲ့တာ မိန်းမပျက်ပဲ) ထားပါတော့...ရှိသေးတယ် ယောက်ျားပြောတာက သာအမှန်၊ ယောက်ျား အမြင်ကသာ လက်ခံဖွယ်ရာ မိန်းမတယောက်ကများ မတော်တဆ အမြင်လေးရှိမိရင် အဲ့ဒီမိန်းမဟာ အင်မတန်လျှာရှည်သော မိန်းမ။ ဖောက်ပြန်ပြီး ပြန်လာတဲ့ ယောက်ျား ကို မိခင်တွေကိုယ်တိုင် ကိုက “သည်းခံပါ သမီးရယ်.....တခါလောက်တော့ ခွင့်လွှတ်လိုက်ပါ၊ သူက အိမ်ထောင်ဦးစီးမှလား၊ ကိုယ့်ယောက်ျားကို ကိုယ်လေးစားမှပေါ့၊ မိန်းကလေး ဆိုတာ သေစာရှင်စာလောက် တတ်ရင်တော်ပြီလေ” ဒီလိုစကားတွေ ကိုယ်တို့ ပတ်ဝန်းကျင်မှာ မီးခိုးတွေ မွှန်နေသလို ပလုတက်ဖြစ်နေတာ ကြာပေါ့။ ကြားဖူးကြရဲ့မှလား။

မိန်းမကောင်းတယောက် အတွက် ဘဝမှာ “အကြီးမားဆုံးပန်းတိုင်” ကယောက်ျားကောင်းတယောက်ရဖို့၊ မယားကောင်းတယောက်ပီသဖို့၊ မိခင်ကောင်းတယောက်ဖြစ်ဖို့ စတာတွေပဲ။ ပြီးတော့ အဲ့ယောက်ျား က မကောင်းရင်တောင် သည်းခံပြီး ဆက်ပေါင်း ဘာလို့လဲဆိုတော့ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုးလေ။ လင်မရှိသောမိန်းမသည် မောင်တကျိပ်ပင်ရှိလင့်ကစားမတင့်တည် ဆိုတဲ့ ဟာကို ဟုတ်သည်မဟုတ်သည် ဘုရားက ပြောပါတယ် လျောက်ပြော။ ဘာသက်သေမှမရှိ။ ရှေးခေတ်လူကြီးတွေ သိပ်ခက်တယ်။ အရင်ခေတ်ကတည်းက မိန်းမကောင်းသည် ငါဆိုတာ မရှိရ၊ အရာရာ အစစ သည် ငါ့လင် ငါ့သား ငါ့မိသားစု သာလျှင်ဦးစားပေးဖြစ်ရမည်။

ဒီနေရာမှာ ကိုယ့် အတွေ့အကြုံ ကို နည်းနည်းပြောချင်သေးတယ်။ မှတ်မိသေးတယ် ကိုယ်လေးငါးတန်းထိ ကျောင်းမှာ အမေ့ အလုပ်အကိုင်ဆိုတာ ကို အမြဲလိုလို အတန်းငယ်ငယ်ကတည်းက “မှီခို” လို့ ဖြည့်ရတာကို သိပ်သဘောမပေါက်ခဲ့ဘူး။ အဲ့အချိန်မှာ ဖေဖေ က အငြိမ်းစား ယူနေပါပြီ အဲ့တော့ အိမ်မှာဆိုရင် ဖေနဲ့ မေ တူတူပါပဲ ဆိုလိုတာ ဘယ်သူမှ အပြင် အလုပ်မလုပ်တော့ဘူးလေ။ သို့သော် ကျောင်းနဲ့ ဆိုင်သော စာရွက်စာတမ်းတွေဖြည့်တိုင်း ဖေ့ကိုတော့ ဗိုလ်မှုး(အငြိမ်းစား) လို့ဖြည့်ရပြီးတော့ မေ့ကို မှီခိုလို့ဖြည့်ရတာ ကိုယ်ဘဝင်မကျပါဘူး။ မေ လုပ်နေရတာတွေ အိမ်မှာ နည်းတာမှ မဟုတ်တာ သို့သော် မေကတော့ ဘာမှမဖြစ်သလိုပါပဲ။

နောက်ရှိသေးတယ် အိမ်မှာ က အရင်ကတည်းက ဖေ အလုပ်လုပ်ကတည်းကလဲ ဘတ်ဂျက်နဲ့ ချက်စားကြရတာပါ ကြက်သားချက်ရင် အသားတတုံး အရိုးတတုံး ဘဲဥ ချဉ်ရည်ဟင်းဆိုရင် မနက် ည တခြမ်းစီ သို့သော် ဖေကတော့ အမြဲ ခြွင်းချက် ကြက်သားဆိုရင် အမြဲ ပေါင် ရင်အုံ စသဖြင့် မေ က ဦးစားပေးတတ်သလို ဘဲဥ ဆိုလဲ တလုံး။ ကိုယ့်ကိုလဲ မေက အငယ်ဆုံးလေး ဆိုပြီး (မွေးစားသားပေမယ့် အရင်းတွေနဲ့မခြား) အမြဲ ပိုကျွေးတတ်ပါတယ်။ မေကိုယ်တိုင်တော့ အရိုးအရင်း အိုးလူးဆီလူးနဲ့ပဲ ပြီးလိုက်တာ၊ အမအိမ်သွားလည်တော့လဲ ထိုနည်းလည်းကောင်း။ ဒါမျိုးတွေ ရေးနေတာ ဘတ်ရတောင်ပျင်းပါသေးတယ် သူများတွေလဲ တော်တော်များများ ရေးဖူးနေပြီးသားပါ။ တကယ်လဲ မြန်မာ့ ကာချရယ်မှာ အိမ်တော်တော်များများ က အဲ့လို ကြုံဖူးကြမှာပါ။

သို့သော် ကိုယ်ပြောချင်တာ က ဘာ့ကြောင့်များ မိန်းမတွေကို ယောက်ျား ကို ဦးစားပေးရမယ် ယောက်ျား ကို ရိုသေရမယ် လို့ မိန်းမတွေကို မိန်းမတွေကပဲ (အဖွားတွေအမေတွေက) အစဉ်အဆက် သင်ပေးခဲ့လဲ။ သေချာတာကတော့ သူတို့ကို ဟိုးကနဦး အစမှာ သင်ပေးတာကတော့ ယောက်ျားတွေပဲ ဖြစ်ရမယ် လို့ ကိုယ် ကလန်ကဆန်လုပ်တွေးတွေးနေမိပါတယ်။

ကိုယ့်မှာ ခပ်ထက်ထက် မိန်းကလေး သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ တယောက်သောသူက ပြောတယ်။ သူ့ကို ငယ်ငယ်လေးကတည်းက မိသားစုဝင်တွေထဲမှာ သူ့အဖေ က ရေလည်နှိပ်ကွပ်တယ်ဆိုပဲ။ သူ့အဖေက ပြောတယ်တဲ့ “ညည်းတော့ ကြပ်ကြပ် လျာရှည် တနေ့ ယောက်ျား ရမှာ မဟုတ်ဘူး” ဆိုပဲ။ သူ့အဖေ အမြင်မှာ မိန်းမ ဆိုတာ “အမြင်” မရှိရဘူး။ ယောက်ျားပြောတာ နားထောင် ယောက်ျား ပြောတာပဲ လုပ် ယောက်ျားပြောတာ အဟုတ်ထင်။ အဲ့တာမှ မိန်းမကောင်းပီသမှာဆိုပဲ။ သူ့မိန်းမ ကိုယ့်သူငယ်ချင်းအမေလိုပေါ့ အရုပ်လိုဖြစ်လေ သူတို့ မဟာ့မဟာ ယောက်ျားတွေပိုကြိုက်လေပဲ။ သူ့အဖေ ရဲ့ စိတ်ထဲမှာ မိန်းမကောင်းဆိုတာ အမြင် သိပ်မရှိရဘူး၊ အိုပီနီယံ မရှိရဘူး ဆိုတာကိုး။ နီခ်ကိုး ရဲ့ စတက်ဖ်ဖို့ထ် မယား ရုပ်ရှင် ကိုတောင်သတိရသေး ဖြစ်နိုင်ရင် သူတို့ မဟာ ပူရိသ တွေ က ရီမုဒ်ကွန်ထရိုး နဲ့ လာတဲ့ မိန်းမ ရရင် လိုချင်မှာ.......စက်ရုံတွေက မထုတ်သေးလို့ တကယ်ပြောတာ

အခုတော့လဲ ခေတ်တွေကပြောင်းလာ အချိန်တွေက ပြောင်းလာတော့ ဟိုတနေ့ က ပိုစ့်မှာ ပြောသလို ခေတ်သစ်ယောက်ျားတွေ ရှိလာရင် သူတို့ ခေတ်သစ် ယောက်ျားတွေ နဲ့ လိုက်လျောညီထွေဖြစ်မယ့် ကိုယ်တို့ (အဲလေ ကို်ယ်မပါဘူး) မယ်တို့ ခေတ်သစ် မိန်းမတွေလဲ လိုအပ်လာတာပေါ့။

ခေတ်သစ်မိန်းမတွေရဲ့ အရောင်တောက်မှု က ယောက်ျားစကား ဘယ်လောက်နားထောင်တယ်ဆိုတာ ကို မူတည်ပြီး မခွဲတော့ဘူး၊ မှီခို ဆိုတာထက် ကိုယ်တို့ က ကိုယ့်အားကိုယ်ကိုး ဆိုတဲ့ စကားလုံး ကို အစားထိုး သုံးလာကြပြီ။ ကိုယ်ရှာတာ မှ ကိုယ့်ပိုက်ဆံ ဆိုတာ ကို သဘောပေါက်လာကြပြီ (ဥပမာတွေလဲ ရှေ့မှာ ရှိထားကြတာကိုး)

ခုခေတ်မှာ ယောက်ျားတွေက ရှာတာလောက်နဲ့ အိမ်ထောင်တခု က မလောက်ငှတော့ဘူး။ အရင်ခေတ်ကလို ဖေ့ လုပ်စာနဲ့ မိသားစု ၈ယောက် ၁၀ ယောက်စားရင် ကန်စွန်းရွက်တောင် အနပ်မှန်ဖို့ မသေချာတော့တဲ့ခေတ်။ အရင်ခေတ်က ဘဲဥ ဆိုတာ ဆင်းရဲသားတွေစားတာ အခု သူဌေးတွေစားတာ၊ အဲ့တော့ မိန်းမတွေလဲ အလုပ်ထွက်လုပ်မှ ရတဲ့ခေတ်။ အဲ့ကနေ ကိုယ်တို့ အားတွေဖြစ်လာတယ်၊ ကိုယ့်အား ကိုယ်ကိုးစိတ်တွေ ထွက်လာတယ်ဆိုပါတော့။

နောက်တခုက တရွာမပြောင်း သူကောင်းမဖြစ် ဆိုသလို တလင်မပြောင်း တပါးမပြောင် (တီချမ်း ဆိုးရိုးအသစ်ဖြစ်ပါသည် မူပိုင်ခွင့် နဲ့ တောင်းသုံးရန်) မဟုတ်သေးရင်တောင် ကိုယ့် အပေါ်မကောင်းတဲ့ သူကို သမီးရယ် တည်ပြီးတဲ့ အိမ်ထောင် မပျက်ပါစေနဲ့ ဆိုပြီးသည်းခံ ပေါင်းတဲ့ ခေတ်ကလဲ လုံးလုံး မကုန်သေးရင်တောင် ခေတ်နှောင်းရောက်နေပါပြီ။ ကိုယ့် ချစ်တဲ့ သူနဲ့ အတူနေရဖို့ ကသာ အဓိက မှလား မကောင်းတဲ့ ယောက်ျား ကို တခုလပ် မဖြစ်ချင်လို့ မကွာဘဲဆက်ပေါင်းမယ်ဆိုတာ တကယ်လားမေးရင် အင်းလို့ ဖြေမှာ လူနည်းစုပါ။

ဒီခေတ်မှာ ကျားကျား မမ ပြားပြား ကွဲကွဲ ကိုယ့်အားကိုယ်ကိုး သို့မဟုတ် ကိုယ့်အတွက် ပဲ ကိုယ်ကြည့် ဆိုတဲ့ အတ္တ ဦးစားပေး ပဓာန ဝါဒ ခေတ်ဦး ကိုရောက်နေပါပြီ တခြားမကြည့်နဲ့ တာဝန်ယူမှု ကိုကြောက်လို့ ကလေးမယူတော့ တဲ့ စုံတွဲက အများစု။ ပါးစပ်တပေါက်ကျွေးရတာ ကျားမြီး ဆွဲရတာထက်ခက်နေပြီ။ ခုခေတ် ခေတ်သစ်မိန်းမတွေက အိမ်ထောင်မပြုဘူး ယောက်ျားမယူဘူး ကလေးမယူဘူး ကိုယ့် အောင်မြင်ရေး ကိုအရင်လုပ်အုံးမယ် ဆိုတာ အများစုပါ။ ဟုတ်တယ်လေ ယောက်ျားတွေက လောက်လောက်လားလား အားကိုးစရာဖြစ်တဲ့ ခေတ်က ကုန်ပြီကိုး။ မိမိကိုယ်သာ အားကိုးရာမှလား ဘုရားပဲ ဟောထားတာ။ ကဲ။

ခေတ်သစ်မိန်းမတွေက ပိုက်ဆံ ရှာနိုင်သလို ကောင်းကောင်း သုံးရမယ် ဆိုတာလဲ သိနေပြီ။ အရင်လို သားအတွက် လင်အတွက် ကိုယ်က အိမ်ထဲက မီးဖိုချောင်ထောင့်မှာ အိုးမဲ ပေပေရေရေ နဲ့ နေတဲ့ခေတ်ထက် ဂူချီမျက်မှန် ပရာဒါအိတ် နဲ့ ကားကို ကိုယ်တိုင်မောင်းပြီး ဈေးဝယ်ထွက်တဲ့ခေတ် ရောက်နေပြီ။ ကိုယ်ရှာတဲ့ ပိုက်ဆံ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့ မဖြစ်တော့ရော ဘာအရေးလဲ အရင်ကလဲ ကိုယ်တွေက ယောက်ျားတွေ ရှာတဲ့ ပိုက်ဆံ သုံးခဲ့တယ် ခုလဲ ဆက်သုံးတယ်ပေါ့။ စိတ်ထားတတ်ဖို့ပဲ လိုတာပါနော့်။တီချမ်း မဟုတ်တာတွေ သင်နေပြန်ပါပြီ။

ခေတ်သစ်မိန်းမတွေက ဖောက်ပြန်ပြီး ပြန်လာတဲ့ ယောက်ျား ကိုခွင့်လွှတ်ပြီး ပြန်ပေါင်း ဖို့ ဆိုတာထက် ရှေ့နေ နဲ့ အမိဖမ်းပြီး ကွာပစ်မှာ။ ခေတ်သစ်မိန်းမတွေက ကုမ္ဗဏီ ညစာစားပွဲကိုတယောက်ထဲ တက်လဲ တင့်တယ်နေပြီ။ စီးပွားရေး ပိုင်းဆိုင်ရာမှာလဲ ယောက်ျားတွေ နဲ့ တန်းတူ စကားပြောနေနို်င်ပြီ။ ဆုံးဖြတ်ချက်ချနေကြပြီ ဦးဆောင်နေကြပြီ။ ခေတ်သစ်မိန်းမတွေမှာ တယောက်ထဲ ညဘက်ထွက်ရင်မသင့်တော်ဘူးဆိုတာထက် ကို ကို်ယ်ပိုင် ဆိုရှယ် နက်ဝေါ့ ရှိလာပြီ (ဖဘ တွေခေတ်စားနေတဲ့ ခေတ်မှာ ဒီလိုပဲရေးရပါမယ်)

ပြောရရင်တော့ မီးဖိုချောင်ဆိုတဲ့ အိမ် “ထောင်” ထဲက ရှင်လိင်ပြန်လာပြီပေါ့လေ။

ခေတ်သစ်မိန်းမတွေက နောက်တခု ဘာကို သေသေချာချာ သိသေးလဲဆိုတော့ ခေတ်သစ်မိန်းမတွေရဲ့ ကိုးကွယ်ရာဟာ ဦးတည်ချက်ဟာ ရည်ရွယ်ချက် ပန်းတိုင်းဟာ အရင်ခေတ်ကလို “ယောက်ျား ကောင်းရရေး” မဟုတ်တော့ဘဲ “ယောက်ျားတွေရဲ့ အောက်ကျ နောက်ကျ လက်ဝေခံ မဖြစ်ရေး” ဖြစ်နေပြီဆိုတာပါပဲ။

ကဲ စိတ်ကြိုက်သာ ဆဲကြပေတော့....

A Chen
3:36 PM
Wednesday
1st June 2011
Bangkok

20 comments:

  1. ဟားဟား.. တီ..
    သိပ်သိသာတာပဲ.. ဒါရေးတော့ ကျတော့ အငေါ်တူးလေသံ သိပ်မပါဘူး.. ဖတ်ကတည်းက မိန်းမတွေဘက်က မြင်ပြီး သာပြီး ဂုဏ်ယူပြီးပြောနေတဲ့ လေသံဖြစ်နေတာ..

    ReplyDelete
  2. ဟယ် ညည်းကတော့ အကောင်းကို မမြင်ပါ့လား ခုကတည်းက ကျားဘက်လိုက်ပြီး ကြိုက်ဘက်ပါနေတာ ဒုက္ခရောက်မှ သိတယ် ညည်းအေ
    ယောင်းမမြင်းစီး

    ReplyDelete
  3. မဆီမဆိုင်တော်..
    (ကောင်းတယ်ပြောမလို့ဟာတောင် မပြောချင်တော့ဘူး)

    ReplyDelete
  4. ((ကိုယ်ရှာတဲ့ ပိုက်ဆံ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့ မဖြစ်တော့ရော ဘာအရေးလဲ အရင်ကလဲ ကိုယ်တွေက ယောက်ျားတွေ ရှာတဲ့ ပိုက်ဆံ သုံးခဲ့တယ် ခုလဲ ဆက်သုံးတယ်ပေါ့။ စိတ်ထားတတ်ဖို့ပဲ လိုတာပါ))

    ဖတ်ဖူးတဲ့ တစ်ကွက်ကာတွန်းကို သတိရတယ်။ "မောင့်ပိုက်ဆံလည်း ခင့်ပိုက်ဆံပေါ့၊ ခင့်ပိုက်ဆံလည်း ခင့်ပိုက်ဆံပေါ့" ဆိုတာ...

    ReplyDelete
  5. တွေ့အောင် ရှာပြီး ရအောင်ပြောသေးတယ်နော် ဒေါ်ရီတာ ဟိဟိဟိ

    အစက ရေးမယ့် စာစု ရှိသေးတယ် ရပ်လိုက်တာ တကယ် ရှင်ပြောလို့အဲ့နေရာမှာ ယောက်ျားတယောက်တည်း ရဲ့ပိုက်ဆံဖြစ်မဖြစ်က ဘာအရေးလဲ လို့ ထည့်မလို့ဟိဟိဟိ

    ReplyDelete
  6. အဲလို ရေးလိုက်ရင် ပြောလိုရင်းအကြောင်းအရာကြီးကလည်း ဂွမ်းသွားမှာပေါ့။ mislead တွေက ပေါပါဘိသနဲ့။

    ReplyDelete
  7. ဟုတ်ပါ့ ခက်တယ်နော် ခုတောင်...ဟိ သစ္စာဖောက်တွေက ရှိနေတာ

    ReplyDelete
  8. ဟားဟား
    တီရေ
    အပျိုကြီးဖြစ်သွားရင် တီတရားခံပဲ :D

    ReplyDelete
  9. ဟယ် အပျိုကြီး ဖြစ်တာ ရေးပြီးသွားပြီလေ ဒီမှာ

    http://chenaddy.blogspot.com/2011/05/blog-post_26.html

    ReplyDelete
  10. ကြိုက်ဧ။် ကြိုက်ဧ။် ...။

    ReplyDelete
  11. 'ဒီခေတ်မှာ ကျားကျား မမ ပြားပြား ကွဲကွဲ ကိုယ့်အားကိုယ်ကိုး သို့မဟုတ် ကိုယ့်အတွက် ပဲ ကိုယ်ကြည့် ဆိုတဲ့ အတ္တ ဦးစားပေး ပဓာန ဝါဒ ခေတ်ဦး ကိုရောက်နေပါပြီ'.. အဲဒါ ဟုတ်တယ်။

    တီ့အမေ အရိုးအရင်း အိုးလူးဆီလူးနဲ့ပဲ ပြီးလိုက်တဲ့ကိစ္စကျတော့ မိခင်စိတ်ကိန်းအောင်းနေတဲ့ မေတ္တာတရား ထင်တယ်နော်။ မိန်းမတွေမှာက မွေးရာပါမိခင်စိတ်ရှိကြတာကိုး။ တချို့လူတွေက အဲတာကို တန်ဖိုးထားတတ်ပြီး တချို့ကျတော့ အဲဒီမေတ္တာတရားနဲ့ ခွင့်လွှတ်မှုကို အခွင့်ကောင်းယူကြတယ်။ အဲဒီစိတ်တွေရော ပျောက်ကုန်ကြပြီလားတီ?
    (တကယ်မသိလို့ အတည်မေးတာ)
    ချော်ကုန်ပြီလား။း)

    ReplyDelete
  12. thump up! really nice post. t chan

    ReplyDelete
  13. အနော်နိမတ်စ်တွေ များလာပါလား

    ဂျူမေးတာ ဂျူးပဲဖြေပြီးသားလေ

    ReplyDelete
  14. Almost agree with you TChan. I like your opinion. :)

    ReplyDelete
  15. ဟွန့်...ပြောချင်တော့ဘူးအေ...ရှေ့ဆက်ပြောမယ်ဟု ခြေဆင်းပျိုးခြင်း)

    မိန်းမတွေအကြောင်းပြောမှတော့ ညည်းမပါလို့ ဘယ်ဖြစ်မလဲအေ...။ အများစုက မှန်နေတာတွေမို့ အားပေးပါတယ်။ ခုခေတ်မှာ အရင်က မိန်းမ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ကျန်ခဲ့ပြီ။ နောက် ဆယ်စုနှစ် တခုပြောင်းရင် အခုဖွင့်ဆိုချက်တွေလည်း ပြောင်းဦးမှာပဲ။ သဘာဝကျပါတယ်...။ လိုက်လျောညီထွေနေတတ်ဖို့ပဲ လိုပါတယ်။ ဘာကိုမှ အတင်း ဆုတ်ကိုင်မထားသင့်ဘူးမို့လား.....

    ReplyDelete
  16. မဟုတ်ဘူး ဒေါ်ဒေါ်ချစ် အထင်တွေမှားနေပြီ
    မီးက ဒီမှာ ပါတော့ဘူး မီးက ခြောက်သွားပီ အခု ဟိ

    လွမ်းသူရင် ပြန်ပေါ်လာပီနော်
    သတိရပါ့အေ

    ReplyDelete
  17. ချမ်းရေ..ဟင်းချက်ပါဦးနော်..

    ReplyDelete
  18. Anonymous တွေများလာပြီဆိုလို့ထပ်ရေးလိုက်ဦးမယ်..တီချမ်းရေးတာကွက်တိပဲ..မှန်လိုက်တာ..

    ReplyDelete
  19. Oh....this encourages me a lot...thanks!!!

    ReplyDelete
  20.း) တီပြောမှ ကျနော်တို့ မိသားစုမှာ ခေတ်မိန်းမတွေ ချည်းပါလား။ အဘွားရဲ့ အဘွားလက်ထက်ကတည်းက မှီခိုမိန်းမမရှိဘူးဗျ။ အလကားနေမယ့်အစား ပွဲရုံလောက်တော့ လုပ်သေးတယ်။ အသက်ကြီးလာတော့ ငွေတိုးပေးသေးတာ။ ဟားဟား။

    ReplyDelete