Wednesday, June 8, 2011

စိတ်ကူးယဉ်ဆုတောင်း



foto from google


လမ်းအတူလျောက်တဲ့ စကားပန်း (သို့) စိတ်ကူးယဉ်ဆုတောင်း

နှစ်သစ်ကူးပြီဆိုတိုင်း လူတွေက မေးတတ်လေ့ရှိကြတယ်။ ဒီနှစ် အတွက် ဘာဆုတောင်းလဲ ဆိုတာလေ။ ဘာဆုတောင်းရမလဲနော်…..ကိုယ်တို့ငယ်ငယ်က မွေးနေ့တိုင်းမှာ ဖယောင်းတိုင် ထွန်းပြီး ကိတ်မုန့် နဲ့ ဆုတွေအများကြီးတောင်းခဲ့ဘူးတာပဲ ဘယ်တခုများ တကယ်ဖြစ်လာခဲ့လို့ လဲနော်။

ကိုယ်ဆုတောင်းရတာ ကိုမယုံပါဘူး။ ဆုတောင်းတာကို မယုံတာ တခါတခါတော့ ကောင်းတဲ့ ကိစ္စတခုပါပဲ။ ဘာကိုပြလဲဆိုတော့ ကိုယ်က ကျေနပ်လွယ်တယ်။ ရောင့်ရဲ လွယ်တာကိုပြတယ် နောက်ပြီးတော့ မယုံတော့ မတောင်း မတောင်းတော့ မမျှော်လင့်မိ မမျှော်လင့်မိတော့ တောင်းတဲ့ ဆု မပြည့် လို့ကြေကွဲရတာတွေ ခံစားရတာတွေ ဝမ်းနည်းရတာတွေ ဘာဆို ဘာမှ မရှိတော့ဘူးပေါ့။ မကောင်းလား…?

တခါက စာအုပ်တအုပ်ထဲမှာ ဘတ်ဘူးတဲ့ ဆိုက်ကိုတက်စ် တခု က ဒီလိုပြောတယ်။

တကယ်လို့သာ ကိုယ့်ကို အချိန်နောက်ပြန်ဆွဲခွင့်ပေးပြီး ကိုယ့်ကိုယ်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာ တခုခု ကိုပြောင်းလဲခွင့်ပေးမယ်ဆိုရင် ဘယ်အရွယ်ကို သင်ပြန်သွားချင်သလဲ…. ဘယ်အရာ ကိုရောပြောင်းလဲချင်သလဲ…..တဲ့။ ဥပမာ ကိုယ် က အသက် ၁၄ နှစ်အရွယ်ကို ပြန်သွားမယ် ပြီးတော့ မျက်နှာပေါ်မှာ ဝက်ခြံ မပေါက်ချင်ဘူးဆိုရင် ဘာကိုပြောသလဲဆိုတော့ ကိုယ့်ဘဝ
တခုလုံးမှာ အသက် ၁၄ နှစ် အရွယ်က မျက်နှာမှာ ဝက်ခြံ ပေါက်တာဟာ ကိုယ့် ကို စိတ် အနှောက်အယှက်အဖြစ်စေဆုံး ကိစ္စပါတဲ့။

ကိုယ်ဘယ်တုံးက မှ အဲ့လို ကာလတွေအဝေးကြီးခြားပြီး ဆုမတောင်းဖူးဘူး။ တောင်းပြီး မပြည့်လာရင် စိတ်ပျက်မိမှာစိုးလို့။ ကိုယ် ဆုတောင်းမယ်ဆိုရင်လဲ ကိုယ်တောင်းတဲ့ဆုမျိုးက လက်ငင်း သိနိုင်မယ့် အရာမျိုးပဲဖြစ်လေ့ရှိတယ်။

ကိုယ့်အိမ်က မြေနီကုန်းဈေးလမ်းထဲမှာရှိတယ် အိမ်ဘေးကနေ ထွက်လိုက်တာနဲ့ ဦးဝိစာရ လမ်းကိုရောက်တယ်။ ရွှေလီလမ်းနဲ့မျက်နှာချင်းဆိုင်လမ်းပါ။ နည်းနည်းဆက်လျောက်လို်က်ရင် ဘလေဇုန် ရှိတဲ့ ချင်တွင်းလမ်းကိုရောက်တာပေါ့ အဲ့ဒီကနေ သံလွင်လမ်းတလျောက် ဟိုဘက် ကိုဆက် ထွက်လိုက်ရင် အင်းလျားလမ်း ကိုပေါက်ပါတယ်။ ဦးဝိစာရလမ်းအတိုင်းဆက်လာရင် ဟံသာဝတီအဝိုင်းနောက် လှည်းတန်း ကိုရောက်ပါတယ်။

အဲ့နေ့မနက်ကတော့ စိတ်ထဲမှာ လမ်းအရမ်းလျောက်ချင်တဲ့စိတ်ဖြစ်မိတယ်။ ဒီတခေါက် အိမ် ပြန်ခရီးက မောင်လဲမပါလာတော့ ကိုယ်နဲ့အတူ လမ်းလျောက်မယ့် အဖော်လဲမရှိဘူး။ အဲ့တာ နဲ့ပဲ လမ်းဝေးဝေးလျောက် လို့ကောင်းအောင် ကင်းဘတ် ဖိနပ်ကိုကောက်စီးပြီး ခုနက ပြောပြ တဲ့ ဒါရိုက်ရှင်အတိုင်း လှည်းတန်းဘက်ကနေ အင်းလျား ကန်ဘောင် ဘက်ကို လျောက်လာ လိုက်တယ်။

မိုးဦးမို့လို့ထင်တယ် ကန်ဘောင်ပေါ်မှာ လူသိပ်မများပါဘူး။ ကိုယ်ထင်တာက အိမ်ကနေ ကန် ဘောင် အထိဆိုရင် တော်တော်မောမယ်ထင်ထားတာ။ တကယ်တမ်း ဖြည်းဖြည်းချင်းလျောက် လာလိုက်တော့လဲ သိပ်မမောပါဘူး။ လမ်းတလျောက်မှာတော့ ခွေးချီးတွေ တွေ့ရတယ်။ ခွေး ချီးတွေကို ရှောင်ရင်းရှားရင်း လျောက်ရတာလဲ တမျိုးတော့ ပျော်စရာကောင်းတာပါပဲ။

အပြန်ကျတော့ လာခဲ့တဲ့လမ်းအတိုင်း မပြန်ဘဲနဲ့ စိမ်းလန်းစိုပြေဘက်ကနေ ပတ်ပြန်လာတယ်။
စကားပန်းပင်လေးတပင်တွေ့တယ်။ အပွင့်တွေကို ဝေလို့ သိပ်လှတာပဲ။ အဲတာနဲ့အပွင့်တပွင့် ကို ခူးခဲ့ပြီး လက်ကကိုင် လျောက်လာလိုက် တယ်။ (နည်းနည်းတော့ ကြောင်တာပေါ့ ပန်းပွင့် ကို လက်ကနေကိုင်ပြီး လမ်းလျောက်နေတာဆိုတော့….ဒါပေမယ့် ကိုယ်က သိပ် စိတ်ကူးယဉ် တတ်တယ်လေ။ ပြီးတော့ လူတွေ ဘာထင်ထင်လဲ သိပ်ဂရုမစိုက်တတ်ဘူး။) ဒီလိုနဲ့ပဲ ပန်းပွင့်နဲ့ ကိုယ် တူတူ လမ်းလျောက်ကြတာပေါ့။

တလျောက်လုံး လူကလွဲရင် ခွေးတွေကပဲ လူတွေနဲ့ တူတူလမ်းလျောက်ထွက်လေ့ရှိတယ်လို့ ကိုယ်ထင်ထားတာ။ ဒါပေမယ့် ကြောင်ကို ခြင်းနဲ့ ထည့်ပြီး လမ်းလျောက်တဲ့ မိန်းမ တယောက် ကို တွေ့ဘူး တယ်။ ခြင်းထဲက ကြောင်ကတော့ ကြည့်ရတာ စိတ်ပျက်ပြီး ရှက်လဲရှက် နေသလို ပါပဲ။ ကြည့်ရတာ ကြောင်က လျောက်ချင်ပုံလဲ မရပါဘူး။ အင်းလေ သူတို့ ပိုင်ရှင်တွေနဲ့တူတူ လမ်းလျောက်နေတဲ့ ခွေးတွေက သူ့ကို ဟာသ လုပ်မှာစိုးလို့နေမှာပေါ့နော့။ ဘယ်တုံးကများ လူနဲ့ တူတူလမ်းလျောက်တဲ့ ကြောင်ရယ်လို့ ကြားဖူးလို့လဲ…?။

ဒီနေ့မနက်တော့ စကားပန်းကလဲ ကိုယ့်ကိုအဖော်ပြုပြီး လမ်းလျောက်နိုင်တာပါပဲလားလို့ ကိုယ်သိလိုက်ရတယ်။

စာရေးရင်းရေးရင်း တခါတခါ ဘာရေးရမှန်းမသိဖြစ်တတ်ပါတယ်။ ကိုယ့်စာဘတ်တဲ့သူတချို့က ကိုယ်ဟင်းချက်တာရေးတာကြိုက်တယ်၊ တချို့ က အမြင်မတော်တာတွေ ခလောက်တာမျိုး ကြိုက်ကြပြန်ရော်။ တချို့ကျပြန်တော့ ကိုယ်ဟာသတွေရေးတာကြိုက်တယ် အဲ့တာနဲ့ ကိုယ်လဲ တခါတခါ ဘာရေးရမှန်းမသိခမ်းကုန်တတ်ပါတယ်။

လမ်းထွက်လျောက်ခါနီးတုံးက လမ်းလျောက်ရင်းနဲ့ ဘာရေးရရင်ကောင်းမလဲလို့ စိတ်ကူးမယ် လို့ မျှော်လင့်ထားတာလေ။ ဒါပေမယ့် အိမ်ပြန်ရောက်မှ လမ်းလျောက်နေတုံးက ကိုယ်ဘာဆို ဘာကိုမှ မစဉ်းစားနေခဲ့မိတာကို သတိရတော့တယ်။

လမ်းလျောက်နေတဲ့အချိန်ကို အကျိုးရှိရှိ အသုံးချပြီးတော့ ရေးစရာ ကုန်ကြမ်း စဉ်းစားလို့ ရပါစေဆိုပြီး အိမ်ကနေ မထွက်ခင်က ဆုတောင်းခဲ့တာလေ။

ပြောသားပဲ ဆုတောင်းရင်မပြည့်တတ်ပါဘူးလို့။

A Chen
4:42 PM
Friday
10th June 2011
Home
Bangkok

11 comments:

  1. ((တလျောက်လုံး လူကလွဲရင် ခွေးတွေကပဲ လူတွေနဲ့ တူတူလမ်းလျောက်ထွက်လေ့ရှိတယ်လို့ ကိုယ်ထင်ထားတာ။ ဒါပေမယ့် ကြောင်ကို ခြင်းနဲ့ ထည့်ပြီး လမ်းလျောက်တဲ့ မိန်းမ တယောက် ကို တွေ့ဘူး တယ်။ ခြင်းထဲက ကြောင်ကတော့ ကြည့်ရတာ စိတ်ပျက်ပြီး ရှက်လဲရှက် နေသလို ပါပဲ။ ကြည့်ရတာ ကြောင်က လျောက်ချင်ပုံလဲ မရပါဘူး။ အင်းလေ သူတို့ ပိုင်ရှင်တွေနဲ့တူတူ လမ်းလျောက်နေတဲ့ ခွေးတွေက သူ့ကို ဟာသ လုပ်မှာစိုးလို့နေမှာပေါ့နော့။ ဘယ်တုံးကများ လူနဲ့ တူတူလမ်းလျောက်တဲ့ ကြောင်ရယ်လို့ ကြားဖူးလို့လဲ…?။))

    LOL =D

    ReplyDelete
  2. (( ကြောင်ကို ခြင်းနဲ့ ထည့်ပြီး လမ်းလျောက်တဲ့ မိန်းမ တယောက် ကို တွေ့ဘူး တယ်။ ခြင်းထဲက ကြောင်ကတော့ ကြည့်ရတာ စိတ်ပျက်ပြီး ရှက်လဲရှက် နေသလို ပါပဲ။ ကြည့်ရတာ ကြောင်က လျောက်ချင်ပုံလဲ မရပါဘူး။ အင်းလေ သူတို့ ပိုင်ရှင်တွေနဲ့တူတူ လမ်းလျောက်နေတဲ့ ခွေးတွေက သူ့ကို ဟာသ လုပ်မှာစိုးလို့နေမှာပေါ့နော့ ))

    You can understand Cat language or Mar Da Ga? lol

    ReplyDelete
  3. ကိုယ်ကတော့.. ကြောင်နဲ့တော့ လမ်းအတူမလျှောက်ဘူး။။ ရေတော့ အတူတူချိုးတယ်... ကြောင်ကို ဂုတ်ကနေကိုင်ပြီး ရေချိုးပေးပါ.. သူလည်း ရေမွန်း.. ကိုယ့်လက်လဲ သွေးတွေရဲ.. တကယ်ပေါက်ပေါက်ရှာရှာ လုပ်တာ.. တခါတလေ.. ကြောင်ဝမ်းဆွဲသည်တောင် လုပ်လိုက်သေးတယ်။။ ဟီး။ မဆိုးဘူး.. နောက်တခါ ကြောင်ကို ခြင်းထဲ ထည့်ပြီး လမ်းလျှောက်ရမယ်...

    စကားမစပ်.. ကိုယ်လည်း ဆုတောင်းခဲတယ်... ဆုတောင်းပြီးရင် မျော်လင့်ရတာ.. မုန်းလို့

    ReplyDelete
  4. တကိုယ်ကိုယ်နဲ့သူများ ကိုအတုခိုးနေတာပေါ့လေ ခွိ ခွီး.........ကုတ်ထည့်လိုက်မယ်

    ReplyDelete
  5. "လမ်းတလျောက်မှာတော့ ခွေးချီးတွေ တွေ့ရတယ်။ ခွေး ချီးတွေကို ရှောင်ရင်းရှားရင်း လျောက်ရတာလဲ တမျိုးတော့ ပျော်စရာကောင်းတာပါပဲ။"
    hahaaa..pretty funny to imagine it. really like ya jolly thinking. lol

    ReplyDelete
  6. အမ် တီချမ်းကလဲ ဘာလို့ဆုတောင်းမပြည့်ရမှာလဲ ပြည့်သားပဲ။
    စကားပန်းနဲ့လမ်းလျှောက်တယ်ဆိုပြီး ပိုစ့် တပုဒ် ရသွားတယ်လေ။

    တီချမ်းစာတွေကို ဖတ်ဖြစ်ပါတယ်။ ရေးပါ ရေးချင်တာသာရေး... စိတ်ထဲရှိတာရေး..။

    ရေခဲမုန့်

    ReplyDelete
  7. တီတော့ ကဗျာဆန်နေပါပီ ဆိုပြီး ဖတ်နေတာ .. ကြောင်ကိစ္စရောက်တော့ ရီရရော..
    မင်းလူ စာတွေ သတိရတယ်။း))

    ReplyDelete
  8. ဒုက္ခပဲ အဲ့လိုမရည်ရွယ်ရိုး အမှန်ပါ မိုးနတ်မင်းကြီး သိပါတယ်လေ

    တီ့စာတွေ ဆို လူတွေ က ကို ရည်ချည်းနေချင်ကြတာကိုး ခက်ပါ့

    ReplyDelete
  9. LikeUnlike · · Share · Delete

    *
    *
    Like this item
    Nang Nyi likes this.
    *
    o
    Nang Nyi ဒါမျိုးကို ကြိုက်ပါသည်
    7 hours ago · LikeUnlike
    o
    Nang Nyi သို့သော် ဒါမျိုးမရေးနိုင်တော့တာလည်း ကြာပါရောလား
    7 hours ago · LikeUnlike
    o
    Addy Chen ဒါမျိုးရေးဖို့ ဒါမျိုးတွေ ဘတ်ဖို့ လိုတာပေါ့
    6 hours ago · LikeUnlike
    o
    Nang Nyi ဒါဖြင့် ဒါမျိုးတွေ များများထပ်ရေးပေါ့
    6 hours ago · LikeUnlike
    o
    Addy Chen နောက်ဆုံးတော့လဲ ငါပဲ မှားတယ်
    6 hours ago · LikeUnlike
    o
    Zar Chi Lwin ဖြစ်ရလေတီချမ်းရယ် စကားမစပ် ပရိုဖိုင်ပုံထဲ ချောလိုက်တာ :))
    3 hours ago · LikeUnlike
    o
    David Aye Myat Godwiller တိုက်ဆိုင်မှုလားတော့မသိဘူး။ ကျုပ်လဲ ရှင့်စာတွေသိပ်တော့ ဖတ်လေ့မရှိဘူး။ သို့သော် ဖတ်လိုက်တိုင်းမောင်မပါတဲ့ ပို့စ်ကို မဖတ်မိဘူး ဖြစ်နေတယ်။ အင်း မောင့်ကို သတိရလိုက်တာ။ မောင်သုပ်ပေးတဲ့ လက်ဖက်သုပ်က ဒီလိုအရသာ ရှိတာနော်။ But Vit Noom, The way Addy Chen cook pork organs is the best in the world! Am I right Co Co Le? Please confirm. :-)
    about an hour ago · LikeUnlike
    o
    Addy Chen the student is PERFECT.........
    about an hour ago · LikeUnlike
    *
    Write a comment...

    ReplyDelete
  10. ဟင်းတွေပဲချက်ပါ .. ခုတလော ဘာချက်ရမှန်းမသိလို့ ပါဆို တီကလည်း အသစ်မချက်တင်ဘူး ..။
    ကြောင်ကို လည်ပတ်တတ်လျှောက်တာကတော့ တွေ့ ဖူးတယ် ကြောင်က ဘဝင်တခွဲသားနဲ့ ကိုလျှောက်နေတာပါ။ လည်ပတ်တည်ကြိုးဆွဲထားလို့ လားတော့မသိဘူး ။
    ကြောင်ကို သေချာ ကြောင်ရှမ်ပူနဲ့ ချိုးပေးနေကြပါ ။ တခါမှ အကုတ်မခံရဘူး။ ငယ်ငယ်ထဲက ချိုးကျင့်ရှိရင် ဖြစ်ပါတယ်။
    ရေနွေးနဲ့ လည်းချိုးရသေးတယ်။

    ReplyDelete
  11. မနေ့ကပဲ သော်တာဆွေ ရဲ့မခင်နှင်းဆီ ပြန်ဘတ်နေတာ ဘတ်ချင်လို့ကို တကူးတက ရန်ကုန်ကနေ ပြန်သယ်လာတာလေ

    ပြီးတော့ ကြောင်ကို တက်နင်းမိတဲ့ အခန်းလဲရောက်ရော ရယ်လိုက်ရတာ
    ပတ်မတုပ်လို့ မရလောက်အောင်ပဲ

    သူသူ့ ကိုလဲသတိရမိတယ်

    ချက်ပါ့မယ် ဗစ် ရယ်
    တီခုတလော အလုပ်တွေတအားများနေလို့ပါ
    အရင်က ချက်ထားတာထဲက ပုံတင်ပြီးရင် ပိုစ့် တင်ပေးမယ်နော်

    ReplyDelete