Thursday, June 9, 2011

စတယ်လာတာ....



ဓါတ်ပုံ ခရက်ဒစ်
နာမည်ကျော် အန်တီချမ်း

ကဗျာ အမည် - စတယ်လာတာ
ကဗျာ အမျိုးအစား - ပန်းဖွဲ့ကဗျာ
ရေးသူ - စာဆိုတော် နန်းမတော် မိမိချမ်း


စတယ်လာတာ

ချစ်သူလား...စကားတပွင့်ပွင့်ခဲ့တယ်
မငွားမစွင့် ရှိခဲ့တယ်
မကြွားမဝင့် ဖြစ်ခဲ့တယ်

မောင့်ကိုယ်စား...စကားတပွင့်ပွင့်ခဲ့တယ်
မယ့်ခေါင်း မြင်ဆင့်တင့်ခဲ့တယ်
ဖြူဝါညက်ညက်မွှေးမြတယ်

နွမ်းကာသွား...ကေသာထက်က လျောခဲ့တယ်
ရနံ့သင်းသင်း ဖျော့ခဲ့တယ်
နောက်မိုးတလင်း ကင်းခဲ့တယ်

နွမ်းလေငြား မယ့်အိပ်ရာထဲ ထားခဲ့တယ်
ပန်းရွှေစကား...ကဗျာတပုဒ်ဖွဲ့ လို့ရယ်
လွမ်းနေမလား မောင်မောင်ဘတ်ဖို့ ပို့ခဲ့တယ်
မယ့်ကိုယ်စား မောင့်ကို စာလွှာဆွေးစိတ်ပြယ်။


ဝန်ခံချက်
ဆရာမ ဂျူး၏ ဝတ္တုခေါင်းစဉ် ကို ကဗျာ အစ စာကြောင်းအဖြစ် ယူသုံးထားပါသည်

A Chen
1:52 PM
9th June 2011
Thursday
Bangkok

5 comments:

  1. မိုက်အိ။

    ReplyDelete
  2. "အလွမ်းပြေငြား မောင်မောင်ဘတ်ဖို့ ပို့ခဲ့တယ်"
    ကဗျာလေးက လှပေမယ့် ဒီစာကြောင်းလည်းရောက်ရော ရီမိသွားရော။

    ReplyDelete
  3. ရီပြန်ပြီ
    ဒေါ်ရီတာ လား

    အနော်နိမတ်စ် တွေ အောက် က နာမည် ထည့်ရေးပါ ယုံထင်ကြောင်ထင်ဖြစ်ကုန်ပီ

    ReplyDelete
  4. အနောနိမတ်နဲ့ ဘယ်တုန်းက ရေးဖူးလို့လဲ

    ReplyDelete
  5. comment ရေးအုံးလေ ကဗျာ ကို

    ReplyDelete