Tuesday, June 14, 2011

အိုဘယ့်...ဖနွမ်ပင်...



foto from google

အိုဘယ့်..... ဖနွမ်ပင်

နွမ်းနေသလား ဖနွမ်ပင်
ပန်းနေသလား ဖနွမ်ပင်
မလန်းပါလား ဖနွမ်ပင်

မင်းဆီကို ငါတခေါက်
ထပ်ရောက်ရပြန်ပြီ

နေပူနေတုံးပဲ
ဖုန်ထူနေတုံးပဲ
ဂုဏ်မယူနိုင်တုံးပဲ

ကြာခဲ့ပြီ
နှစ်တွေ ကြာခဲ့ပြီ
၃ နှစ်လောက်ရှိမလား

ဒါပေမယ့်...
မင်းကတော့
အရင်အတိုင်း

ဘာမှ မပြောင်းလဲသေးပါဘူးလေ

လူတွေလဲ ရုန်းကန်ဆဲ
အပူဒဏ်ကိုလဲ တွန်းလှန်ဆဲ
ဆူညံ ပူညံ လဲ မဖြစ်သလိုပဲ

မဲခေါင်မြစ်ဝှမ်းချင်းယှဉ်ရင်တော့
ကိုယ်တွေက သာတယ်ပြောရမယ်

တခုတော့ တိုးတက်လာတယ်
အခု အာဆီယံ ထဲကနေ
ရွှေတွေ ဗီအိုအေ ရပြီ။

A Chen
10:45 AM
Tuesday
14th June 2011
Asia Hotel,
Phnom Penh
Cambodia

5 comments:

  1. တီရေ.. Phnom Penh က ပုံလေးတွေ ပြန်ကြည့်ချင်လို့ ပါ။ တင်လို့ ရရင် တင်ပေးပါဦးနော်။ လွန်ခဲ့တဲ့ သုံးနှစ် ကတော့ ရောက်ဖူးခဲ့ပါတယ်။ up to date လေးတွေ ကြည့်ချင်လို့ ပါနော်။ မြို့ ထဲက shopping mall ကြီး အပြင်မှာရော ဆိုင်ကယ်တွေ အပြည့် ဖြစ်နေတုန်းဘဲလား၊ အဲ့ဒီ့က လူတွေ က သနားဖို့ ကောင်းတယ်။ ဒါပေမဲ့ ဘာသာစကားကတော့ အခက်အခဲ မရှိခဲ့ဘူး၊ တောင်းစားတဲ့ ကလေးသေးသေးလေးတွေတောင် အင်္ဂလိပ်လို ပြောတတ်ကြလို့ လေနော်။ ဈေးကြီးက ပုံကို မြင်လိုက်တော့ သတိရသွားလို့  ပါ။ အဲ့ဒီ့နားက အမှိုက်ပုံ တွေရော အရင်အတိုင်းဘဲလား တီ..
    မေးခွန်းတွေက များသွားပြန်ပြီ။ အမှတ်ရသွားလို့ ပါ။ ကျေးဇူးပါတီချမ်း။

    ReplyDelete
  2. အင်း တီ အရင်တခေါက်ရောက်ဖူးတာ ၃ နှစ်လောက်ရှိမလားပဲ
    ခုနေတဲ့ ဟိုတယ် က အဲ့ဒီဈေးကြီးနားမှာပဲလေ
    ရှိသေးတယ် အမှိုက်ပုံကော ဆိုက်ကယ်တွေတော့ ဒီနေ့သိပ်မတွေ့ဘူး ခုပဲပြန်ရောက်တယ် ၉ နာရီခွဲပဲ ရှိသေးတယ်
    အပြင်မှာ ခြောက်ကပ်နေပြီ မိုးရွာလို့ထင်တယ် သိပ်မထွက်ကြဘူး တီလဲ မနက်ဖြန် အစည်းအဝေးအတွက် ပြင်စရာတွေ ရှိလို့သိပ်ညည့်မနက်တော့ဘူး
    ခုနကတော့ မြစ်ဘက်ရောက်သေးတယ် အများကြီးကို တိုးတက်လာတာပဲ အရင်တခေါက်ထက်စာရင်လေ ကာစီနို ကြီးလဲ မီးတွေ လင်းလို့ ထိန်လို့ သိပ်တော့ မစည်တာ တခုပဲ

    ReplyDelete
  3. သနားစရာကောင်းတယ်ဆိုလို့ တီ့ ပုဂ္ဂလအမြင်ကတော့ သူတို့တွေလဲ ရုန်းကန်ရတာပါပဲ တခုပဲ တီတို့ က ယေဘုယျ ပြောရင် ပိုအဆင်ပြေသလားလို့ လာအို ကမ္ဘောဒီးယားနဲ့ယှဉ်လိုက်တော့လေ
    ထိုင်းကတော့ တဘာသာပေါ့လေ

    အင်းလေ တချို့ အပိုင်းတွေကျတော့ သူတို့ က ပိုသာနိုင်သလို ကိုယ်တွေပိုသာတဲ့ အပိုင်းလဲရှိမှာပေါ့နော်

    ReplyDelete
  4. ကဗျာတွေကို သိပ်မကြိုက်တတ်ဘူး။ ဒါပေမယ့် ဒီတစ်ပုဒ်တော့ ကြိုက်တယ်။ မျက်စိထဲမှာ တန်းပြီး မြင်ယောင်သွားတယ်။

    ReplyDelete
  5. ပုံတွေကို ဖဘ မှာ တင်ပါမယ် မျှော့်

    ReplyDelete