Friday, August 19, 2011

မိန်းမတွေနဲ့ယောက်ျား ၁၀ ၂၀ ၃၀ ၄၀ ၅၀ ...




foto from google


မိန်းမတွေနဲ့ယောက်ျား ၁၀ ၂၀ ၃၀ ၄၀ ၅၀ ...

မိန်းမတွေ နဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ဖော်ဝတ်မေးကနေတဆင့် ပို့တဲ့ ဟာသတွေတွေ့ဖူး ဘတ်ဖူးကြတယ်မှလား။ ဥပမာ တခုက မိန်းမတွေကို အားကစား အလုံးတွေနဲ့ နှိုင်းယှဉ်တဲ့ဟာသ....

အသက်၂၀ အရွယ်မှာ မိန်းမတွေဟာ ဘောလုံးတဲ့ ဆိုလိုတာ ယောက်ျားလေး ၂၂ ယောက်က သူ့နောက်ကနေ ပြေးလိုက်ပြီး လုနေကြတယ်ပေါ့

ဟော ၃၀ ရောက်တော့ ကိုယ်တို့တွေကို ဘောလီဘော လို့ပြောကြပြန်ရော....
ကိုယ်တို့နောက်မှာ လိုက်နေတာ ယောက်ျားလေး ၁၀ ယောက်ကနေ ၁၂ ယောက်ထိရှိနေသေးတယ်လို့ပြောချင်တာပါ

ဟော ၄၀ လဲ ရောက်ရော ကိုယ်တို့ကို တင်းနစ် နဲ့ တင်စားလာပြန်တယ်
ယောက်ျား ၂ ယောက် (သို့) ကိုယ့်ကိုကိုယ်အထင်ကြီးချင်တဲ့ မမတွေ အတွက်တော့ ၄ ယောက်ပေါ့လေ
က တယောက်ကို တယောက် တွန်းလွှတ်ပေးနေတယ်တဲ့ ပြောချက်နော်....

ဟော ၅၀ ရောက်တော့ ပိုဆိုးတယ် ဂေါက်သီးတဲ့ (ကြောင်သွားတာပြောတာမဟုတ်ပါဘူး စပေါ့လေ စပေါ့ ပြောနေတာ) လူတယောက်က အဝေးကို အားနဲ့ ရိုက်လွှတ်တယ်တဲ့ ကဲ ကန်းကုန်ရောမှလား....

နောက်တခုက တိုက်တွေနဲ့ တင်စားတာ ရှိသေးတယ် ကိုယ် နည်းနည်းတော့ မေ့နေပြီ မှတ်မိသလောက်ပေါ့

၁၀ ကျော်သက်မိန်းကလေးတွေက အာန္တာတိက တိုက်တဲ့ အသစ်ရှာဖွေတွေ့ရှိတယ် ဆိုပဲ

၂၀ကျော် ကျတော့ အာရှဆိုပါတယ် အများစု အပိုင်းတွေက ခုမှ တိုးတက်တုံးတဲ့

၃၀ ကျတော့ အာဖရိကတဲ့ နွေးထွေတယ် ရင့်ကျယ်တယ် နက်ရှိုင်းတယ်တဲ့ အတွေ့အကြုံလဲ ရှိလာပြီ စူးစမ်းဖို့လဲ ဝံ့ရဲလာပြီပေါ့လေ

၄၀ကျတော့ ဥရောပဆိုပြန်ပါတယ် အတွေ့အကြုံတွေများနေပြီပေါ့လေ

၅၀ ကျတော့ အမေရိကတဲ့ ပြောပြန်ပါတယ် တော်တော်ပျက်စီးနေပြီတဲ့

ဟော ၆၀ ကျော်လဲကျတော့ တိုက်မဟုတ်တော့ပါဘူး သူက နိုင်ငံ ဖြစ်သွားတယ် ဆိုက်ဘေးရီးယားတဲ့ ဘယ်သူမှမသွားချင်ကြတော့ဘူးတဲ့

တိုက်တွေနဲ့ တင်စားတဲ့ဟာသ က ကိုယ် နည်းနည်းမေ့နေပါပြီ မှတ်မိသလောက်ရေးထားတာ မှားတာ ရှိနိုင်တယ်

ခုပြောချင်တာက ခုနက နဲ့ မဆိုင်ပါဘူး ယောက်ျားတွေကို ဟာသပြန်လုပ်ထားတာလဲ မဟုတ်ဘူး တိုက်တိုက်ဆိုင်ဆိုင် တနေ့က သူငယ်ချင်းတယောက်နဲ့ စကားပြောကြရင်းနဲ့ ရောက်သွားတဲ့ အကြောင်းအရာကို ပြန်ပြောပြချင်တာပါ သူငယ်ချင်းက အေ လို့ ဆိုကြပါစို့ အလွယ်ပေါ့....

သူက ကိုယ့် ကို မေးလာပါတယ် မေးခွန်းက
“ဘယ်အသက်အရွယ် အပိုင်းအခြား က ယောက်ျားလေးတွေကို ချစ်ရတာ တနည်း ရည်းစားထားရတာ တွဲသွားတွဲလာလုပ်ရတာ အကြိုက်ဆုံးလဲ” တဲ့။ မေးလာရတာကလဲ အကြောင်းရှိတယ် ဘယ်လိုပြောမလဲ ကိုယ်က အရင်ကတည်းက ရည်းစားနည်းနည်းများတယ် အခုလို အတည်မကျခင်ပေါ့ ကိုယ်က ရည်းစားတထောင်လင်ကောင်တယောက်ဆိုတဲ့ စကားပုံကို ယုံတယ်လေ။ အတွေ့အကြုံ သည်သာ ပဓာန ဝါဒီပေါ့ ကိုယ့်သဘောက ဘာမဆိုလုပ်ဘူးရမယ် လုပ်ပြီးတော့မှသာ ကိုယ့်အသိဥာဏ်နဲ့ ဝေဖန်ပိုင်းခြား မှားမှန်စိရင် တွေ့ကြုံဆုံးဖြတ် လုပ်မယ်။ မလုပ်ဘူးမသိဘူးဘဲနဲ့ ရှေးလူကြီးပြောတိုင်း မကောင်းပါဘူး မလုပ်သင့်ဘူး ဆိုတာ ကို လွယ်လွယ်နဲ့ လက်မခံတတ်ဘူး။ မကောင်းတာ ဖြစ်နေပေ့စေ လုပ်ကြည့် ကိုယ်တိုင်တွေ့ကြုံပြီးတော့ မှ မကောင်းတာ ကို သေချာ သိ ပြီးတော့ မှလက်ခံ ရလာတာကို အတွေ့အကြုံလို့သဘောထား အဲ့လိုပါ။ ထားတော့ အကြောင်းအရာ လွဲသွားမယ်။ သူက အဲ့လိုမေးတော့ ကိုယ်က ဖြေရပါတယ်။ အမေးနွားကျောင်းသား အဖြေဘုရားလောင်းဘာညာလဲမဟုတ်ပါဘူး။ ခုနပြောတဲ့ ကိုယ့် ကိုယ်တွေ့ အတွေ့အကြုံ တွေ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်သူငယ်ချင်းမတွေ ရဲ့အတွေ့အကြုံတွေ နဲ့နှိုင်းယှဉ်ချိန်ထိုးပြီး ဖြေရတာပေါ့။ ပြောလို့ ပြောတာမဟုတ်ဘူး ကိုယ့်အတွေ့အကြုံတွေ ကလဲ တော်တော်ပြည့်စုံတဲ့ အပြင် ကိုယ်ကလဲ မိန်းကလေး အပေါင်းအသင်းပိုများပါတယ်။ well obviously ....

ရုတ်တရက်အဲ့လိုအမေးခံရတော့ ကိုယ်လဲ ဘယ်လိုဖြေရမှန်းတော့ မသိဘူး။ ဘာလို့လဲဆိုတော့ ကိုယ်အရင်က နည်းနည်းငယ်ငယ်တုံးကပေါ့ ကိုယ့်ထက် အသက် ၂၀ ကျော်ကြီးတဲ့ လူတယောက်နဲ့ ချစ်ကြိုက်ဖူးသလို အသက် ၃၀ ကျော်လောက်ကြီးတဲ့ လူနဲ့ လဲ ချစ်ကြိုက်ဖူးပါတယ် နောက်ပိုင်း အသက်လေး နည်းနည်း ရလာတော့ ကိုယ့်ထက် အသက် တော်တော်ငယ်တဲ့ ကောင်လေးနဲ့လဲ ချစ်ကြိုက်ဖူးပြန်ပါတယ်။

ကိုယ်သေချာပေါက် ပြောနိုင်တာတခုကတော့ ဘယ်အသက်အရွယ်အပိုင်းအခြားမှာ ရှိတဲ့ ယောက်ျားမဆို သူ့နည်း သူ့ဟန်နဲ့တော့ ချစ်စရာ ကောင်းတဲ့အကွက်တွေရှိသလို မုန်းစရာကောင်းတဲ့ အချက်တွေလဲ ရှိကြတယ် ဆိုတာပါပဲ။

ဒီလိုပြောကြည့်မယ် မိန်းမတွေအတွက် ပြီးပြည့်စုံတဲ့ အချစ်ဇာတ်လမ်း အချစ်ဘဝ ကတော့ ဆယ်ကျော်သက်ကောင်လေးတွေ ရဲ့ တိတ်တခိုးအချစ်ခံရ၊ ၂၀ ကျော်သက်တွေ ရဲ့ ကိုးကွယ်မှုနဲ့ချစ်တာကိုခံရ၊ ၃၀ကျော် ယောက်ျားနဲ့ နှစ်ကိုယ်တူမျှချစ်ကြည်ရ၊ ၄၀ ကျော်ယောက်ျားရဲ့ နက်ရှိုင်းတဲ့ အချစ်နဲ့အချစ်ခံရပြီးတော့ ၅၀ ကျော်ယောက်ျားနဲ့ ဘဝ အကြောင်းဆွေးနွေးနိုင်တဲ့ ဘဝမျိုးပါ။ ၅၀ ကျော်ကျတော့ ဘာလို့ မချစ်တော့တာလဲဆိုတာ နောက်ကျလာမယ်နော်။

ကဲ ဖြေရှင်းပြမယ်နော်.....

၁၀ကျော် ၂၀ ကျော် ကောင်လေးတွေဆိုတာ ဘာပဲ ပြောပြော ယောက်ျားရယ်လို့ အရွယ်ရောက်လာပေမယ့် သူတို့ စိတ်တွေ တော်တော်များများက ကလေးသာသာပဲ ရှိကြပါသေးတယ်။ အရမ်းကလေးဆန်နေသေးတယ်။ (ချွင်းချက်တွေ တော့ရှိမယ် အခုဟာက ဂျင်နရယ်ယေဘုယျပြောပြောနေတာပါ) သူတို့ ရဲ့ကောင်းကွက်ကတော့ အပြစ်ကင်းစင်တာပါပဲ ဒါပေမယ့် တကယ့်လက်တွေ့ဘဝက အပြစ်ကင်းစင်ရုံနဲ့ ဘဝလက်တွဲဖော်ဖြစ်ဖို့ က သိပ်ခက်ပါတယ်။ အဲ့တော့ အဲ့လို အပြစ်ကင်းစင် ကလေးဆန်တဲ့ ကောင်ငယ်လေးတွေဟာ ကိုယ်တို့ ကို ကိုးကွယ်ပြီးချစ်ဖို့ တိတ်တခိုးချစ်ဖို့ လောက်ပဲ ကောင်းတယ်။

အသက် ၃၀ အရွယ်ယောက်ျားတွေကျတော့ ဘဝမှာ အောင်မြင်မှုတွေလဲ စရလာပြီ၊ ကိုယ်ဘာလိုချင်လဲ ဆိုတာ ကိုလဲ သေသေချာချာ သိကြပြီ။ မိန်းမတွေ အပေါ် တန်ဖိုးထားရကောင်းမှန်း ဖေးမရကောင်းမှန်း ဦးစားပေး ရ ကောင်းမှန်းလဲသိလာကြပြီ။ တကယ်လို့ စာဘတ်သူကသာ ဆယ်ကျော်သက် ၂၀ ကျော်သက် အမျိုးသမီးလေးဆိုရင် ၃၀ ကျော်ယောက်ျားတွေက ကိုယ့်အတွက် အသင့်တော်ဆုံးပဲ။ သူတို့ဆီကနေ ကိုယ်တွေက အများကြီး သင်ယူနိုင်လို့ပဲ။

ဒါပေမယ့် ၃၀ ကျော်တွေက ၄၀ ကျော်ယောက်ျားတွေ နဲ့ကျတော့လဲမယှဉ်နိုင်ပြန်ဘူး။ ၃၀ ကျော်တွေ က ဘဝမှာ စတင်တွေကြုံ အောင်မြင် တက်ကြွတဲ့ အရွယ်ဆိုတော့ သူတို့မှာ ငါဆိုတဲ့ အတ္တတွေက ဒီကရီတော်တော်များများ ရှိနေသေးတယ်။ ၄၀ ကျော်တွေက အသိ ရှိနေပြီ။ ဘဝနဲ့ ရင်းတဲ့ အတွေ့အကြုံတွေရှိနေပြီဆိုတော့ .... ကတိတခုပေးပြီးရင် ကိုယ့်ရဲ့ ကတိ ကို တန်ဖိုးထားတတ်ရကောင်းမှန်းလဲ သိလာကြပြီ။ သူတို့ ဘဝမှာ တကယ်ချစ်ရမယ့် မိန်းမတယောက်ကိုတွေ့ပြီဆိုရင် တကယ်လဲ နက်နက်ရှိုင်းရှိုင်း လေးလေးနက်နက် ချစ်တတ် လာကြပြီ၊ အတည်ကျချင်ပြီလေ၊ ဘဝ ဆိုတာ ကို အခုမှ သေသေချာချာ စတင်စဉ်းစားလာကြတဲ့အရွယ်ပေါ့။ ၂၀ ကျော်တွေလို နေ့တိုင်း တချိန်လုံး “ဟိုကိစ္စ” ပဲဦးတည်တွေးတောနေကြတော့တာမဟုတ်ဘူး။

အသက် ၅၀ ကျော်တဲ့ ယောက်ျားတွေ နဲ့စကားပြောတာကျတော့ တမျိုး၊ ကိုယ့်ရဲ့ဘဝ အတွေးအမြင်တွေ ဖွင့်ပေးနိုင်တယ်။ ကိုယ့်အသိ ကိုအမြင် ကို ပိုကျယ်လာစေတယ်။ သူတို့မှာ ဘဝအတွေ့အကြုံတွေရော အသိပညာတွေရောက တော်တော်ပြည့်စုံနေပြီလေ။ ကိုယ်တို့ ကို တခါတခါ အထင်ကြီးစိတ်နဲ့တောင် ချစ်မိစေနိုင်တဲ့ အစွမ်းတွေ သူတို့မှာ ရှိတယ်။

ဒါပေမယ့်........

၅၀ ဆိုတာ နည်းနည်းတော့ “အို” နေပြီလေ။ ဘဝရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေ၊ ဝန်ထုပ်ဝန်ပိုးတွေ နဲ့ ဇရာက သူတို့ အပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ မဟုတ်ရင်တောင် အမာရွတ်တွေ အနေနဲ့တော့ ပေးခဲ့ပြီးပြီ။
အဲ့ဒီတော့ ကိုယ်နောက်ဆုံး အကြံပေးချင်တာက ၅၀ ကျော်တွေ ကို ချစ်မိရင် ချစ်လိုက်ပါ။ ယူတော့ မယူမိစေနဲ့။
ပိုက်ဆံ အတွက်ဆိုရင်တော့ တမျိုးစဉ်းစားကြတာပေါ့။ သူကလဲ ဘဝအတွက် အရေးကြီးတာကိုးနော်။

A Chen
7:39 AM
Friday
19th August 2011
Home
Bangkok





7 comments:

  1. နော့် ဘိုးတော်က 30 ကွ.. ဟီးဟီး

    ReplyDelete
  2. ခုလိုမျိုး ရေးတာတွေက ဖတ်ရ ပို အဆင်ပြေတယ်။

    အရင်တုန်းကလို ကိုယ်တို့ မိန်းမတွေက ဘာဖြစ်တယ်.. ညာဖြစ်တယ်.. မောင်တို့ ယောက်ျားတွေက ဘာဖြစ်တယ်.. ညာဖြစ်တယ်.. ဆိုတာမျိုးတွေကို ဖတ်ရတာ တစ်မျိုးကြီးပဲ။ အတွင်းက အကြောင်းအရာထဲမှာ သဘောကျတာရှိတောင် သိပ်မကြိုက်လှဘူး။

    Just my opinion.

    ReplyDelete
  3. who i shall now mentioned:

    i know you meant who

    snow:

    ဘက်ပင်းတယ် ပြောချင်တာလား အရေးအသားက ခုနောက်ပိုင်း အဲ့လို ပြောတဲ့သူတွေရှိလို့ နည်းနည်း ပြန်ကြည့်တယ်

    ReplyDelete
  4. David Aye Myat - ၂၀ ကျော်တွေလို နေ့တိုင်း တချိန်လုံး “ဟိုကိစ္စ” ပဲဦးတည်တွေးတောနေကြတော့တာမဟုတ်ဘူး။ - ဟိုကိစ္စဆိုတာ ဘာကိုပြောတာလဲ ဟင်။ 40 ကျော် ကို ကြိုက်ရတာတော့ အင်မတန်ကောင်းတယ်။ သို့သော် nobody is perfect....9:30 am

    ReplyDelete
  5. ၅၀ ကျော်ကတော့ ပိုက်ဆံများများရှိမှဖြစ်မယ်
    မဟုတ်ရင် နောက် ၁၀နှစ်လောက်ဆို ဒင်းတို့ ဆေးကုရတော့မှာ ခွိ

    ReplyDelete
  6. အတည်ရေးမလို့ဟာ အပေါ်က ဗစ်စရေးတာဖတ်ပြီး ရယ်လိုက်မိတော့ ဖီလင်တွေ ပျောက်ကုန်တယ်အေ ကလူကလူ....။ အမှန်ကတော့ ဘာမှပုံသေကားချပြောမရပါဘူးအေ။ အေးလေ ယေဘူယျတော့လည်း ဟုတ်မှာပေါ့။ ညည်းလို ရည်းစားမများခဲ့တော့ မသိနိုင်ဘူးပေါ့ စောမိမိချမ်းရယ်....:)

    ReplyDelete
  7. တီချမ်းကမ္ဘာကို အလည်ရောက်လာပါတယ်ကွယ်။ မှတ်သားစရာတွေ ဖတ်သွားတယ်နော်။ ဟာသလေးနှောထားတဲ့ ဖော်ဝပ်မေးလ်ကို သဘောကျတယ်း)
    မေတ္တာအစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete