ဘူဆန် ဒေးတူး
ဘူဆန်ရောက်ပြီး ဒုတိယမြောက်နေ့ ပါ။ ဒီနေ့ တော့ အလုပ်ကူပေးဖို့ ရှိပါတယ်။ ညီလာခံ က ၂၆ မှ စမှာပေမယ့် pre conference community forum လို့ ခေါ်တဲ့ ညီလာခံ ပဏာမ အစီအစဉ်တွေ ရှိပါတယ်။ နည်းနည်း ရှင်းပြပါမယ်။ ညီလာခံမှာ သူ့ဘာသာသူ အစီအစဉ် နဲ့ သွားတာပေမယ့် ကွန်မြူနတီ လို့ခေါ်တဲ့ ဦးတည်အုပ်စုလေးတွေ က သူ့တို့ဘာသာ သူတို့ အစီအစဉ်နဲ့ သူတို့ တူရာတူရာ စုပြီး ညီလာခံ ကြီးထဲမှာ သူတို့အသံတွေဘယ်လို မြှင့်တင်နိုင်ဖို့ သူတို့ လိုအပ်ချက်တွေ ဘယ်လို ပြောကြားနိုင်ဖို့တသွေးထဲတသံတည်း ထွက်အောင် ဆိုပြီး ကြိုတင်စည်းဝေးကြပါ တယ်။
ဒီပဏာမ ညီလာခံမှာ ဘယ်သူတွေပါဝင်ကြလဲဆိုတော့ Men have sex with Men (MSM) အမ်အက်စ်အမ်လို့ အတိုကောက်ခေါ်တဲ့ ယောက်ျားချင်းလိင်ဆက်ဆံ ကြတဲ့ အုပ်စုတွေ, Drug Users (DU) ဒီယူ ခေါ် ဆေးသုံးစွဲသူတွေ (ထိုးသွင်းသုံးစွဲ injecting drugs users လို့ အရင်က ခေါ်ပေမယ့် နောက်ပိုင်း ပိုကျယ်ပြန့်တဲ့ ဆေးသုံးစွဲသူများ ဒီယူ လို့ သုံးလာကြပါတယ်), Sex Workers (SW) အက်စ်ဒဗလျူ လို့ ခေါ်တဲ့ လိင်လုပ်သားတွေ (ဒီမှာ မိန်းမလိင်လုပ်သားသာမက၊ ယောက်ျားလိင်လုပ်သား၊ Transgenders SW လို့ခေါ်တဲ့ မိန်းမပုံဝတ်ဆင်ပြီး လိင်လုပ်ငန်း လုပ်တဲ့ ဂျန်ဒါပြောင်းလဲထားသူတွေ (တချို့လဲခွဲစိတ်ပြီး တချို့ လဲ အပေါ်တပိုင်းပဲ ခွဲစိတ်ထားတဲ့) သူတွေလဲပါပါတယ်, Faith based group လို့ခေါ်တဲ့ ဘာသာရေး အဖွဲ့အစည်းတွေ ညီလာခံတွေ အိတ်ခ်ျအိုင်ဗီအေစ့် လုပ်ငန်းတွေ လုပ်ရာမှာ ဒီ ဘာသာရေး အခြေပြု အဖွဲ့တွေအလုပ်လက်တွဲ လုပ်ကြတာ စိတ်ဝင်စားစရာပါ။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် အကုန် တူတူပူးပေါင်းလုပ်ကြပါတယ်။ Youth ကတော့ ရှင်းပါတယ် လူငယ်တွေပေါ့။ သူတို့ကတော့ ဆယ်ကျော်သက်ကနေ ၂၅ ထိ သတ်မှတ်ပါတယ်။ တချို့ အပိုင်း၊ ဒေသတွေမှာတော့ သတ်မှတ်ချက် ကွာခြားတာ ရှိပြီး ၃၀ ထိ ကို Young Adults ဆိုပြီး ပါကြတာလဲရှိပါတယ်။ နောက်ဆုံးပိတ်ကတော့ PLHIV လို့ ခေါ်တဲ့ People Living HIV တွေပေါ့။
ကိုယ်ကတော့ အများသိကြတဲ့ အတိုင်း PLHIV forum မှာ ပါပါတယ်။ ကိုယ်က ဖိုရမ်မှာ အဖွဲ့ငယ်ဆွေးနွေးတာတွေကို အဆင်ပြေ ချော့မွေ့အောင် ကူညီပေးတဲ့ facilitator လုပ်ရပါတယ်။ ပြီးတော့ အဖွဲ့ငယ်လေးတွေရဲ့ ဆွေးနွေးချက်တွေကို ပါဝါပွိုင့် ပြင်ပေးပြီး ဖိုရမ်တခုလုံး ကို ပြန်လည်တင်ပြပေးရတာပေါ့။ အာရှ ပစိဖိတ် ညီလာခံ ဖြစ်တဲ့ အတွက် တောင်အာရှမှသည် မဲခေါင်မြစ်ဝှမ်း အရှေ့တောင် အာရှ အရှေ့ အာရှ တရုတ် နဲ့ ဟိုးဘက် ပစိဖိတ် ကျွန်းစုတွေ အထိ ၾသစေတ်းလ် နဲ့ နယူဇီလန်ပါပါတယ်။ အာဖရိက တို့ အမေရိက တို့ လက်တင်အမေရိက တို့ က သူတို့ဘာသာ ICAAP လိုပဲ ဒေသဆိုင်ရာ ညီလာခံ တွေ လုပ်ကြပါတယ်။ ကမ္ဘာ့ ဒေသဆိုင်ရာ တွေမှာ တော့ အာရှ ပစိဖိတ်က အတက်ကြွဆုံး အရှေ့အရောက်ဆုံး အအောင်မြင်ဆုံး လို့ ဆိုကြပါတယ်။
ပြောတာတွေလဲ များပြီးဆိုတော့ စားကြစို့။ ကိုယ်က ညီလာခံ ကျင်းပရာ BEXCO နဲ့ နီးတဲ့ HOME PLUS ဆိုတဲ့ Departmental စတိုး က ဖွတ်ကော့ထ် မှာ သွားစားပါတယ်။ (အောင်မလေးဟဲ့ ငါတော်တော်ညံ့နေပြီ မြန်မာစာ ကိုမြန်မာစာချည်းပဲ သေချာ မရေးတတ်တော့ဘူး)
ကိုယ်က ညီလာခံကျင်းပရာ ခန်းမ နဲ့ နီးတဲ့ အိမ်အပေါင်းဆိုတဲ့ ကုန်တိုက်အောက်က အစားအသောက်တန်းမှာ သွားစားပါတယ်။ (အင်း.......နည်းနည်းတော်သေးတယ်....ထင်တာပဲ)
ကိုရီးယားကားတွေမလွတ်တမ်းကြည့်တဲ့ သူတွေ သေချာသိပါတယ်။ ဟုတ်ကဲ့ ပဲခေါက်ဆွဲပါ။ ပုံကြည့်ပြီး စားကြည့်ချင်တာနဲ့ လျှာရှည်ပြီး မှာလိုက်တာပါ။ ပြောပြရအုံးမယ် သူတို့ က ဘန်ကောက် လို့ ကဒ် စနစ်၊ ကူပွန်စနစ် မဟုတ်ဘူး။ လျှာရှည် စနစ်တော့။ ပထမ မှန်ပုံးထဲမှာ အစားအသောက် မော်ဒယ်လေးတွေ ပုံတူ ကို ပလပ်စတစ်နဲ့ လုပ်ထားတာရှိတယ်။
အဲ့ထဲက ကိုယ်ကြိုက်ရာတွေကို နံပါတ်မှတ်ရပါတယ်။ နောက်တော့ ကောင်တာမှာ လိုချင်တဲ့ နံပါတ်ကို ပြောပြီး ငွေရှင်းရပါတယ်။ အီးလိုပြောရင် မသိပါဘူးစာရွက်လေးနဲ့ ဘောပင် ကမ်းပေးပါတယ်။
အဲ့မှာ ကိုယ်စားချင်တာကို နံပါတ် ရေးပေး ငွေချေ ပြီးတော့ တဘက်မှာ တန်းစီနေတဲ့ ဆိုင်တွေမှာ ကောင်တာ အပေါ်နားက မီးနီလေးတွေ နဲ့ ကိုယ့် မှာတာနဲ့ ဆိုင်ရာ ဆိုင်ရာ နံပါတ်တွေ တန်းစီ ပေါ်ပါတယ်။ ဥပမာ ဆိုင်တွေက သတ်မှတ်ထားတယ် တော်ဘူကီ က တဆိုင် ကမ်ဘုခ် က တဆိုင် ခေါက်ဆွဲက တဆိုင်ဆိုပါတော့ ကိုယ်မှာတာနဲ့ ဆိုင်တဲ့ ဆိုင်က မီးနီမှာ ကိုယ့် စလစ်ထဲက နံပါတ်ပေါ်ပါတယ်။ အဲ့မှာ သွားယူလိုက်ယုံပဲ။ ဘေးမှာ မှန်ပုံးသေးလေးနဲ့ အပူပေးထားတဲ့ တူ၊ ဇွန်း၊ ခက်ရင်း စတာတွေကို လိုသလောက်ယူပြီး ထိုင်စားယုံပါပဲ။
ညနေပိုင်းကျတော့ ကိုယ့်ဟော်တယ်နား ကိုပြန်ပြီးတော့ ဘေးနားက ဟိုင်ယွမ်ဒေး ကမ်းခြေ ကို ခဏ ဆင်းပါတယ် ပုံတွေကို ရှု။ ဟိုရိုက် ဒီရိုက် ဘာဘာ ညာညာ ပေါ့။ တီ ချမ်း ရဲ့လျှပ်တပျက် ဓါတ်ပုံ ပညာကိုလဲ ရှု နိုင်ပါတယ် ဒေါ်ချစ်ကို မရှုံးဘူးပဲ။
ဒါလေးတွေက ဘေးနားပတ်ဝန်းကျင်က ဗျူးလေးတွေပေါ့
ဒါကတော့ အီဖေကိုယ်နဲ့ သူငယ်ချင်းမလေးပါ။ ဒေးဝမ်းမှာတုံးက ပြောတဲ့ ကိုရီးကား အဆိပ်တက်နေတယ် ဆိုတာ သူပေါ့။ ကိုယ်တွေ ရေလည်လှတာ လူသိမှာစိုးလို့အဝေးကပဲ ပြတယ်။ မမကွမ်လိုပေါ့။
တီချမ်း၏ ရိုက်ချက် လက်ရာများ...
ကမ်းခြေကတော့ မြို့ ကြီးတွေမှာ ဘယ်နားကြည့်ကြည့် တူတူပါပဲ ပရိုက်ဘိတ် ဘီခ်ျ တွေသွားနိုင်မှာ မိုက်တာ...
ဥပမာ ဖထရား မိန်းဘိခ်ျ က ဘာလီ မိန်းဘိခ်ျ ပသောင် (ဖူးကက်) မိန်းဘိခ်ျ တွေ နဲ့ အကုန်လုံး အပ်ထူထူပါပဲ။
ပင်လယ်ဘက်လည်း တချက် နှစ်ချက် နည်းနည်းမှ မလျော့ဘူး။ လျော့လိုက်ရင် လျော့သွားမှာပေါ့နော့။
ညနေဘက်ကျတော့ ဒီနေ့မှ ရောက်လာတဲ့ သူငယ်ချင်းက တော်ဘူကီးမှ တော်ဘူကီး ဆိုလို့ မနေ့ ညက စားခဲ့တဲ့ ဆိုင်ကလေး လိုက်ပို့ပါတယ်။ စားကြတာတွေက ဒီမှာပါ။
ညာမှ ဘယ်သို့ ပုံ (၁) စားသမျှပုံပါ။ အသေးစိတ်တွေ လာပါမယ်။ ပုံ (၂) ဟင်းရည်ပါ ယွန်းခွက်လေးနဲ့ ကော်ချင်ခွက်လေးနဲ့ တိုက်ပါတယ်။ ကော်ချင်ခွက်ထဲကဟာ ကို ယွန်းခွက်ထဲ ထည့်ထည့်သောက်ရပါတယ်။ ပူတုံးလေးတော့ ကောင်းတယ် သူက အပြင်မှာ ရှိတဲ့ ပဲပြားတွေအမဲအူတွေကို ပြုတ်တဲ့ အရည်ပါပဲ။ မြန်မာပြည်က (ဝက်ခြေထောက် ကို မမှီ)။ ပုံ (၃) က တော့ နာမည်ကျော်ကျား လူတိုင်းစားတဲ့ တော်ဘူကီးပါပဲ။ အမှန်က ဘာမှလဲ မဟုတ်ပါဘူး ဝက်ခေါက်လိုလိုဟာရယ် ဂျုံ(ကော် အရသာနဲ့)ချောင်းရယ်၊ နောက် ကြက်အူချောင်း ဝက်အူချောင်း တွေ ကို ပြုတ် (မြန်မာပြည်က ခေါက်ဆွဲသုပ်စားရင် ထည့်တဲ့ အချဉ်လိုဟာတွေနဲ့ သုပ်ပေးတာပါပဲ) Again မြန်မာပြည်လောက်မကောင်းပါ။ အရပ်ထဲမှာ ဗန်းနဲ့ လည်ရောင်းတဲ့ ပဲပြား အာလူး ပဲသွေး တုတ်ထိုးတွေ ကို သတိရသေးတယ်။ အဲ့တာက ပိုကောင်းတယ်။ တူတူပဲ။ ကိုယ်တွေက သာ ပန်းကန်နဲ့ထည့်စားတာ အများစုက အပြင်မှာ ရပ်ပြီးတော့ တုတ်နဲ့ အချဉ် ရည်တို့စားနေကြတာပဲ။
ပုံ (၄) အမဲအူမကြီး ပါးပါးလှီးထားတာရယ်။ အမဲအူထဲ ကို ကောက်ညှင်းမဲ အစာသွပ်တာရယ်။ အမဲအသည်း၊ နှလုံး စတာတွေရယ်ပါ။ တပွဲ။ ပုံ (၅) သခွားသီး ခါကြက်ဥ နဲ့ လိပ်ထားတဲ့ ကင်ဘုခ်ပါ။ ဘေးက ပုံ(၆) ကတော့ တန်ပူရာပါ။ ကွမ်းရွက်လို အရွက်ကလေး (အကွမ်းရွက်တော့ မဟုတ်ဘူး ပုံတူတာ သူက ရှားရှရှ အရသာနဲ့) နောက် ခရမ်းသီး ရွှေဖရုံသီး စတာတွေကို မုန့်နှစ်နဲ့ ကြော်တာပါ။ အချဉ်နဲ့ တို့စားတာပါပဲ။
မူလလက်ဟောင်း ကမ်ချီပါ။ ဘေးကတော့ ပဲပိစပ် နဲ့ လုပ်ထားတဲ့ အချဉ်နဲ့ ကြက်သွန်ဖြူ (ဆလပ်ထဲထည့်စားတဲ့ဟာမျိုး) ကို အတုံးလေးတွေ လုပ်ပြီးပေးတာပါ။ မြင်အောင်ပြောရရင် ဆာတေးနဲ့ စားတဲ့ မြေပဲ အချိုနှစ် နဲ့ စားတာမျိုးပဲ။ ဆာတေးမှာက သခွားသီးလေးတွေ ပေးတယ် ခု ကြက်သွန်ပေးတယ်။ ဒါပဲ။
ကြားထဲမှာ နည်းနည်းကြာသွားတယ်။ အခု နည်းနည်း ပြန်အားပြီပြန်ရေးမယ်နော်။
A Chen
6:05 PM
21st Sept 2011
Wednesday
Home
Bangkok
Wednesday, September 21, 2011
Subscribe to:
Post Comments (Atom)
စောင့်ဖတ်နေပါတယ် တီ၊ ဆွေးနွေးချက်တွေထဲက စိတ်ဝင်စားဖို့ကောင်းတာလေးတွေ ထုတ်နှုတ်ပြောပြပါဦး တီရေ...
ReplyDeleteကင်မ်ဂျူံအေးလ်နဲ့ သွားတွေ့ခဲ့တာတွေလည်း လျှိုမထားနဲ့ အကုန်ရေး...ဒါပဲ:)
ဘတ်ဖို့ စောင့်နေပါတယ် ဆက်ရေးပါတီ..
ReplyDeleteတီချမ်းရေ .. စိတ်ဝင်စားအောင်ရေးတတ်လိုက်တာ.. ၁၀ရက်လောက်မို့ လိုပဲ၁ လလောက်ဆို ကိုရီးယားကို အရမ်းကျွမ်းသွားမှာပဲ.. ဖတ်ဖို့စောင့်နေပါတယ်..
ReplyDeleteT.....Waiting for Buasn sequel.I'm reading and interested in both forum and trip.
ReplyDeleteGyidaw
အော် ဒေါ်ချစ်ရေ အဲ့ဒီ ကမ်ဂျုံခေါက်ဆွဲကလေ မီး ကို အီးမေးကော ဖုန်းနံပါတ်ကော ပေးသွားတယ် သိလား အသေးစိတ်သိချင်ရင် ဂျီမ မှာ လာမေး
ReplyDeleteဗစ် ရေးမှာပေါ့ကွယ် မျှော့်
ရင်....၁၀ ရက်ဆို လုံးလောက်ပြီလေ အဲ့တာ ဘူဆန် အကုန်နှံ့ခဲ့တယ် မရောက်သင့်တဲ့နေရာတွေ ကလွဲရင် အကုန်ရောက်ပဲ ဟိ
ဂျီတော် လာမယ် အကုန်ပါမယ် အစုံလာမယ်
တီချမ်း လာမယ်ဆို ကြိုပြောပေါ့ ငွေယားလေးသာ ထည့်လာခဲ့ ကောင်းပေ့ဆိုတဲ့ဆိုင်တွေ မီး လိုက်ပို့မှာပေါ့ တီချမ်း ရယ် :P
ReplyDeleteတီရေ.. ပဲခေါက်ဆွဲ စားချင်လိုက်တာ .. ကောင်းလား?
ReplyDeleteအဲဒါတွေ အကုန်စားချင်တယ် .. :'(
ဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ် တီချမ်းရေ။ ဆက်ရေးမှာကိုလည်း စောင့်ဖတ်နေပါမယ်။ ကျေးဇူးပါနော်။
ReplyDeleteစိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တီချမ်း
ReplyDeleteရုံးကခုထိ ပြန်မရောက်သေးဝူးလား ကတည်း မျှော်လိုက်ရတာ
ဆက်လဲ မတင်တော့ဘူး..း(
စာဘတ်သူ အားလုံး ကိုကျေးဇူးတင်ပါတယ်
ReplyDeleteတီ ခုတလော အလုပ်နည်းနည်းရှုပ်နေတဲ့ အတွက် ၂၀ နောက်ပိုင်းမှ
ပိုစ့် အသစ် တင်နိုင်ပါမယ်
ကြားထဲမှာ အဆင်ပြေရင်တော့ ကြိုးစားပြီး တင်ပါ့မယ်
ခေါက်ဆွဲအေး မစားလာဘူးလား.. အဲ့ဒါကြိုက်တယ်.. ရှလူးးးး
ReplyDeleteအဲဒီ ကိုရီးယားပဲခေါက်ဆွဲကို ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ တွေ့တွေ့နေတာ။ စားမယ် ... စားမယ်ဆို ခုချိန်ထိ မစားဖူးသေးဘူး။ အိမ်နားမှာတော့ ကိုရီးယားမိသားစုနေတယ်။ ပဲခေါက်ဆွဲ အကြောင်းပြောပြီး တစ်ခါလောက် ဧည့်သည်သွားလုပ်ဦးမှ။
ReplyDelete