Thursday, September 29, 2011

မြစ်ဆုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍ NDF ပါတီ၏ ထုတ်ပြန်ချက်





အမျိုးသားဒီမိုကရေစီအင်အားစု
NATIONAL DEMOCRATIC FORCE
အမှတ် (၁၀၃)၊ တိုက်(၃)၊ ဒဂုံလွင်လမ်း၊ သီရိလမ်းနှင့်စပယ်လမ်းကြား၊
မေတ္တာညွှန့်ရပ်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
Ph- ၀၁-၅၅၁၆၅၄ ; emailး info@ndfmyanmar.com
ကြေညာချက်အမှတ်( ၆ /၂၀၁၁)
၂၀၁၁ခုနှစ်၊စက်တင်္ဘာလ(၂၇)ရက်

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီ
မံကိန်း
တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍လူထုလူတန်းစားအလွှာ အသီးသီး၊
အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးနှင့် နယ်ပယ်ပေါင်းစုံမှ
ပညာရှင်အသီးသီးတို့က မိမိတို့၏ သဘောထားများကို ၀ိုင်းဝန်းအကြံပြု
ထုတ်ပြန်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
ဤကိစ္စရပ်နှင့်ပတ်သက်၍ ၂၀၁၁ခုနှစ် စက်တင်္ဘာလ (၁၇)ရက်နေ့က နေပြည်တော်တွင်
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်
ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင်
အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးက
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပါအ၀င်
လျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ ” ယခုအခါ ပြည်သူက ရွေးချယ်ထားသော၊
ပြည်သူ့ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်အသီးသီး
ပေါ်ပေါက်လာပြီဖြစ်သဖြင့် လွှတ်တော်၏ သဘောထား၊ အဆုံးအဖြတ်၊ အစိုးရအဖွဲ့၏
မူဝါဒအဆုံးအဖြတ်အတိုင်း ဥပဒေနှင့်အညီ ၀န်ကြီးဌာန အနေဖြင့်
လျှပ်စစ်စီမံကိန်းများကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု
ပြောကြားခဲ့ကြောင်းကို မီဒီယာများမှတဆင့် သိရှိရပါသည်။
ဤ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကိစ္စရပ်သည်
တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်ကိစ္စ တနည်းအားဖြင့်
အမျိုးသားရေးကိစ္စတစ်ရပ် ဖြစ်ပါသဖြင့် လွှတ်တော်၏သဘောထားအဆုံးအဖြတ်
ခံယူရုံမျှဖြင့် လုံလောက်မည်ဟု မယုံကြည်ပါ။ တစ်ဦး၊ တစ်ယောက်၊
တစ်ဖွဲ့တစ်သင်း၏ လွှမ်းမိုးမှုဖြင့် ဆုံးဖြတ်၍ ဖြစ် ကောင်းသော အရာမဟုတ်ပါ။
ဤကိစ္စရပ်ကြောင့် အားလုံးအယူအဆတူညီမျှတ၍ အမျိုးသားစည်းလုံးညီညွတ်မှု
တည်ဆောက်ရန် အခွင့်အလမ်းတစ်ခု ရနိုင်သလို ဤကိစ္စရပ်ကြောင့်
အမျိုးသားစည်းလုံးညီညွတ်မှုကို တစ်နည်းနည်းဖြင့် ထိခိုက်
စေနိုင်သည်ကိုလည်း အထူးသတိပြုသင့်ကြပါသည်။ ၂၀၁၁ ခုနှစ်
စက်တင်္ဘာလ(၁၇)ရက်နေ့ အလုပ်ရုံ ဆွေးနွေးပွဲတွင်ပင် အမှတ်(၁)နှင့်အမှတ်(၂)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက “ ဒီကိစ္စ ၊ ဒီ issue ကြောင့်
စည်းလုံးညီညွတ်မှုအား ချည့်နဲ့မသွားစေသင့်ပါကြောင်း တင်ပြအကြံပြုအပ်ပါတယ်
” ဟု အလေး အနက်ထား ပြောကြားခဲ့သည်ကို သိရှိရပါသဖြင့်
အထူးစဉ်းစားဆင်ခြင်သင့်ကြပေသည်။
ဧရာဝတီအရေးသည် အမျိုးသားရေး၊ ဧရာဝတီသည် အမျိုးသားအမွေအနှစ်၊
အမျိုးသားအကျိုးစီးပွါး
အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားစည်းလုံးညီညွတ်မှု အမှတ်သင်္ကေတဖြစ်၍
အဖိုးမဖြတ်နိုင်အောင် တန်ဖိုး ကြီးမားလှသည့် ရတနာတစ်ပါးဆိုသည်ကို
မည်သူမျှ မငြင်းနိုင်ပါ။ အခြားအမျိုးသားအမွေအနှစ်များကို ထိန်း
သိမ်းစောင့်ရှောက် ကာကွယ်ကြသလို ဧရာဝတီကိုလည်း အမျိုးသားအမွေအနှစ်အဖြစ်
ဘိုးဘေးဘီဘင်မှစ၍ နောက်အနာဂတ် မျိုးဆက်သစ်တို့ထိတိုင်
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိ ပါသည်။
သို့ပါ၍ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိစ္စကို
စဉ်းစားဆုံးဖြတ်ရာတွင် လွှတ်တော်၏ သဘောထားအဆုံးအဖြတ်သာမက မြန်မာပြည်အရေး၊
အမျိုးသားအရေး ဖြစ်ပါသဖြင့် ပြည်သူလူထုအားလုံး၏ ဆန္ဒကို
တိုက်ရိုက်ခံယူခြင်း ( Referendum) နည်းဖြင့် ဆောင်ရွက်သင့်ပါသည်။
လူထုဆန္ဒခံယူပွဲ ဆောင်ရွက်ရန် မဖြစ်နိုင်သေးပါကလည်း ဤကြားကာလတွင်
အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားသင့် ပါကြောင်း အလေးအနက်
တိုက်တွန်းကြေညာအပ်ပါသည်

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု

No comments:

Post a Comment