(၁၁)
ဒီလိုနဲ့ ကျိရိ တယောက်ဖျားလိုက်တာ ၄-၅ ရက်လောက်ကြာသွားတယ်။ သင်္ချာ စာမေးပွဲ စစ်မယ့်ရက်တောင်
ကျောင်းလာမတက်နိုင်ဘူး။ ကျမ သူ့ကို အားကျလိုက်တာ။ ကျောင်းမှာက ကျိရိကလွဲရင် ကျမမှာ တရင်းတနှီးပေါင်း နိုင်တဲ့သူ က မရှိသလောက်ပဲ။ သူမလည်း မရှိရော ကျမလဲ နေ့လည်စာထွက်စားဖို့တောင် ပျင်းလာရော။ အဲ့ဒီနေ့က
နေ့လည် ထမင်းစားလွှတ်ချိန်ကျတော့ ကျမ တဘက်က ဝက်သားချဉ်အသားညှပ်ပေါင်မုန့်စားနေပြီးတော့ တဘက် က ညနေကျရင် စစ်မယ့် သင်္ချာဘာသာရပ်အတွက် စာပြန်နွှေးရင်း လေ့ကျင့်နေမိတယ်။
ကျမ ခေါင်းကို လက်နှစ်ဘက်နဲ့ညှပ်ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ဂျီသြမေထရီသင်ခန်းစာတွေကို ကြည့်နေမိတယ်။ အဲ့ဒီ အချိန်မှာပဲ နောက်ဘက်ကနေ တယောက်ယောက်က ကျမ ကျောကုန်းကို လက်ညိုးနဲ့ လာကုတ်နေတယ်။
လှည့်ကြည့်လိုက်တော့ ဝက်ဝံ။ ကြည့်ရတာ ခုနက ခုန်တန်းပေါ်မှာ မှောက်ရက်အိပ်နေရာကနေ ခုမှ နိုးလာသလိုပုံ နဲ့ ကျမ လက်ထဲက အသားညှပ်ပေါင်မုန့်ကိုကြည့်ပြီးတော့....
“ဗိုက်ဆာလိုက်တာ....ငါ့ကို နည်းနည်းကျွေးမလား?”
“ငါ့မှာ အပိုတခုရှိသေးတယ်။” ကျမ သူ့ကို နောက်ထပ် အသားညှပ်ပေါင်မုန့်အပိုတခုပေးလိုက်ပါတယ်။ အစက ကျမ ညနေပိုင်းခဏ နားချိန်ကျရင် စားမလို့ချန်ထားတာ။
“ကျေးဇူးပါပဲဟာ” လို့သူပြောပြီး အားနာပါးနာပုံနဲ့ စားနေလိုက်တာ ပလုတ်ပလောင်းနဲ့ပါးစပ်တဝိုက်မှာလဲ ပေါင်မုန့်
အစတွေကပ်လို့။
“ဒီတပုဒ်နင်တွက်တတ်လား?” ကျမ လက်ထဲက သင်္ချာစာအုပ် ကိုယူပြီးတော့ ပုစ္ဆာကို သူ့ကိုဘတ်ပြလိုက်ပါတယ်။
လေယာဉ်ပျံမောင်းသမားတယောက်ဟာ တောင်ဘက်စူးစူးကို ကီလို ၁၀၀ ပျံပြီးတော့ အရှေ့ဘက်ကို ကီလို ၁၀၀ ထပ်ပျံပါတယ်။ ပြီးတော့ မြောက်ဘက်စူးကို ကီလို ၁၀၀ ထပ်ပျံပြီးတဲ့အခါမှာတော့ သူဟာ မူလစပျံတဲ့နေရာကိုပြန်
ရောက်နေတာတွေ့ရပါသတဲ့။ သူဘယ်နေရာကနေ စပျံတာပါလဲ?။
“မြောက်ဝင်ရိုးစွန်း” ဝက်ဝံက စဉ်းတောင်မစဉ်းစားဘဲနဲ့ တန်းဖြေပါတယ်။
“ဘာလို့လဲ?” ကျမ နားမလည်ဘဲ ပြန်မေးလိုက်တယ်။
ဝက်ဝံက လက်ထဲက ပေါင်မုန့်ကို ကိုက်ထားပြီးတော့ စာကြည့်စားပွဲရဲ့ အံဆွဲထဲကနေ ကြေတွန့်နေတဲ့ စာရွက် တခုရှာထုတ်လာပြီး အပေါ်မှာ ပုံတပုံ ကျမကိုဆွဲပြပါတယ်။
“ဘာဖြစ်လို့မြောက်ဝင်ရိုးစွန်းဖြစ်ရတာလဲ?”
“ဒါက လှည့်ထားတဲ့ ဥာဏ်စမ်းမေးခွန်းတခုပဲ။ ကမ္ဘာက ဘဲဥ ပုံသဏ္ဍာန် ပတ်လမ်းနဲ့ သူ့ဝင်ရိုးပေါ်ကနေလည်နေ တာကိုး။ ပြီးတော့ မြောက်ဝင်ရိုးစွန်းဆိုတာက ကမ္ဘာ ထိပ်ဆုံးပိုင်းမှာရှိတာလေ။ သူ့ကို ဗဟိုထားပြီး ပျံတဲ့ အခါ ဘယ်ဘက်ကိုပဲ ပျံပျံ နောက်ဆုံးတော့ မူလနေရာကို ပြန်ရောက်မှာပဲလေ။”
ကျမ သူဆွဲတဲ့ ပုံကိုကြည့်ပြီးတော့ နားလည်သလိုလို မလည်သလိုလိုဖြစ်နေပါတယ်။
“နောက်ထပ် စပျံလို့ရတဲ့ နေရာ နှစ်နေရာရှိသေးတယ်” သူက ပေါင်မုန့်ကို တဖဲ့ထပ်ကိုက်လိုက်ပြီးပြောပါတယ်။
“ဟုတ်လား?”
“နေပါစေတော့ဟာ” သူက ခေါင်းကို တချက်ကုတ်ပြီးပြောပါတယ်။ “လူပုလေးက ဒီမေးခွန်းကိုမေးမှာ မဟုတ်ဘူး။
နောက်ပြီး ကမ္ဘာ့ ဝင်ရိုးတို့၊ အီကွေတာတို့၊ လတ္တီကျူတို့ နဲ့ဆိုင်တဲ့ အကြောင်းတွေ နင့်ကိုပြောပြလို့ရှိရင်လဲ နင်နားလည်မှာမှ မဟုတ်တာ။”
“ငါနားမလည်ဘူးလို့ နင်ဘယ်လိုသိလဲ?” ကျမ မကျေမနပ်နဲ့ပြန်ဘုတောလိုက်ပါတယ်။
“နင်အခု အလွယ်ဆုံး ပထမမေးခွန်ူကိုတောင် မဖြေနိုင်ဘဲနဲ့” သူက အပျင်းကျောတချက်ဆန့်ရင်းပြောပါတယ်။
ကျမ နှုတ်ခမ်းတချက်ကိုက်ပြီး သူ့ကို မျက်စောင်းတချက်ထိုးပစ်လိုက်တယ်။
“ပေါင်မုန့်က ဘယ်လောက်ပေးရသလဲ?” သူ ကျမ ကို ရုတ်တရက် မေးလာပါတယ်။
“နေပါစေ”
“ဘယ်လောက်လဲဆို” သူက ဇွတ်ဆက်မေးနေပါတယ်။
ကျမ လက် ၃ ချောင်းကို ထောင်ပြလိုက်တယ်။ သူက သူ့အိပ်ကပ်ထဲကနေ ပိုက်ဆံ ၃ ကျပ် ရှာပြီး ကျမကိုပေးပါ တယ်။ ပြီးတော့ မျက်လုံးတလက်လက်နဲ့ ..
“အရမ်းစားလို့ကောင်းတာပဲ။ မနက်ဖြန်ကော ငါ့ကို တခုလောက်ဝယ်လာပေးနိုင်မလား?”
ကျမ သူ့ကို ကြောင်ကြည့်နေမိပါတယ်။ ဒီဝက်ဝံတကောင်ဟာ စိတ်ပဲဆိုးရမလား ရယ်ပဲ ရယ်ပြစ်လိုက်ရတော့ မလားကို မသိတော့ပါဘူး။
“ခဏနေ သင်္ချာစစ်တဲ့အချိန်ကျတော့ နင်ငါ့ဆီက အဖြေကို ကူးပေါ့ဟာ” သူက ခေါင်းကိုခုံနောက်မီပြီးတော့အပျင်း
တချက်ထပ်ဆန့်ပြီး ပြောပါတယ်။
“ဘုရား ဘုရား မလုပ်ပါနဲ့” ကျမ အလန့်တကြား သူ့ကို တားမိတယ်။ “လူပုလေးက ဖမ်းတဲ့နေရာမှာကာ အပြစ်ပေး
တဲ့နေရာကော နာမည်ကြီးဟ တော်ကြာ မိသွားမှဖြင့် နင့် နောက်ထပ်တခါ ကျောင်းထုတ်ခံနေရပါအုံးမယ်”။
သူတချက် တည်ကနဲ့ဖြစ်သွားပါတယ်။ ကျမ က သူအရင်ကျောင်းကနေ အထုတ်ခံရတယ်ဆိုတဲ့ ကိစ္စ ဘယ်လိုသိ
နေလဲလို့ တွေးနေပုံပါပဲ။ ကျမလဲ ချက်ချင်းလိုလို ခေါင်းကို ခုံရှေ့ ပြန်လှည့်ပြီးတော့ စာဆက်ကြည့်နေသလို ဟန်
ဆောင်လိုက်ပါတယ်။ ပါးစပ်က ဖွင့်မပြောပေမယ့် ကျမ စိတ်ထဲမှာတော့ သူ့ကို ကျေးဇူးတင်သလိုလို ခံစားရပါ
တယ်။
ညနေပိုင်း သင်္ချာစစ်တော့ ဝက်ဝံပြောတဲ့ အတိုင်းပါပဲ။ ခုနက လေယာဉ်မောင်းသမား ပုစ္ဆာ ပါကိုမလာပါဘူး။ မေး
ခွန်း ခြောက်ပုဒ်ထဲမှာ ကျမ သေသေချာချာဖြေနိုင်တာဆိုလို့ နှစ်ပုဒ်ပဲပါတယ်။ ကျန်တာတွေ အကုန်လုံးလိုလို စိတ် ထဲထင်ရာ လျောက်ဖြေလိုက်တာပါပဲ။ ဝက်ဝံ က သူ့အဖြေလွှာကို အရှေ့ဘက် လက်ဆင့်ကမ်းလာတော့ သူ့အဖြေ လွှာကို ခိုး မကူးမိဖို့ ကျမ တော်တော်စိတ်ထိန်းရတယ်။
ဒီလိုနဲ့ စာစစ်တဲ့ အချိန်ပြီးသွားတော့ လူပုလေးက ရုတ်တရက် ကျမတို့နှစ်ယောက်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးတော့
အေးစက်စက် လေသံနဲ့ .....
“ဝန်မိုးညို နဲ့ ကျန့် ဂျင်းနီ မင်းတို့နှစ်ယောက် အတန်းရှေ့ကို ထွက်လာခဲ့စမ်း”
ဘုရားရေ ကျမ ဝက်ဝံ ရဲ့ အဖြေလွှာကို တချက်လေးပဲ မျက်လုံးဝေ့ကြည့်မိတာပါ။ အဲ့တာတောင် လူပုလေးက သိနေသလား? ကျမ ထိုင်ခုံကနေ မတ်တပ်ရပ်ပြီးတော့ မရွံတရွံနဲ့ အတန်းရှေ့ ကိုထွက်လာပါတယ်။ ဝက်ဝံက ကျမနောက်ကနေ ထပ်ကြပ်မကွာလိုက်လို့ပေါ့။
“ကဲ ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းကြစမ်းပါအုံး? နင်တို့နှစ်ယောက်ထဲက ဘယ်သူ့လက်ချက်လဲ?” လူပုလေးက လက်ထဲက ကျောင်း သားဂျာနယ်တအုပ်ကို ယူပြီး ပထမ တမျက်နှာ ကိုလှန်လိုက်ပါတယ်။ အတန်းသားအားလုံးဘက်ကို မျက်နှာမူ ထောင်ပြပြီးတော့ မေးလာပါတယ်။ အဲ့တာ ဝက်ဝံရဲ့ ဂျာနယ်ပဲ။ စာမျက်နှာ
ပေါ်မှာ သူ့ပုံ ကပ်ထားတယ်.....နေအုံး......အဲ့တာ ဝက်ဝံ ပုံမဟုတ်ဘူး။ ဝက်ဝံက သူ့ပုံက မျက်နှာကို ညှပ်ပြီး တခြား လူတယောက်ရဲ့ ဓါတ်ပုံပေါ်မှာကပ်ပြီး သူ့ပုံလုပ်ထားတာပဲ။ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့လက်ရာက ညံ့လိုက်တာ။ သူ့ ဆံပင်တွေကတောင် ထောင်နေသေးတယ်။
လူပုလေးက ကျမတို့နှစ်ယောက်ကို ခပ်စူးစူးတချက်စိုက်ကြည့်လိုက်ပါတယ်။ ပြီးတော့ ဝက်ဝံရဲ့ ခေါင်းကို ဓါတ်ပုံ
ပေါ်ကနေ ခွာချလိုက်တယ်။ ဘုရားရေ.... အောက်ကပုံက ကျမပုံဖြစ်နေတာကိုး။ လက်စသတ်တော့ ဝက်ဝံ ကျမ ပုံ ကို တနေ့က ယူသွားတာ ဒီလိုသုံးဖို့ပါလား။ ဟိုတနေ့က လူပုလေးက ကျောင်းသားတွေကို ဂျာနယ်တွေထပ်ခိုင်း
တော့ သူက ဓါတ်ပုံပါမလာဘူးလေ။ အဲ့တော့ ကြမ်းပေါ်မှာ ကျမ ဓါတ်ပုံကျနေတာတွေ့တော့ တင်္ခနုပ္ဗတ္တိဥာဏ် စူးရောက်ပြီးတော့ သူ့အရင်ပုံဟောင်းတခုခုက ခေါင်းကိုဖြတ်ပြီး ကျမ ခေါင်းပေါ်မှာ ထပ်ကပ်လိုက်တာပါ။ ကျောင်း ဝတ်စုံရဲ့အထက်ပိုင်းကလဲ ကျောင်းသားကျောင်းသူတွေအကုန် အတူတူ ရှပ်အဖြူပဲဝတ်ရတာလေ အောက်ပိုင်းက မှကွာတာဆိုတော့။ သူမို့လို့ စဉ်းစားနိုင်လွန်းတယ်။
“မင်းရဲ့ဓါတ်ပုံရော?” လူပုလေးက ဝက်ဝံကိုမေးပါတယ်။
“မရိုက်ရသေးပါဘူး” ဝက်ဝံတယောက် ရွံတွံ့တွံ့နဲ့ဖြေပါတယ်။
“အဲ့တာနဲ့ပဲ တွေပကရာပုံတပုံရှာပြီး ကျန့် ဂျင်းနီ ပုံမှာ ကပ်လိုက်တယ်ဆိုပါတော့။ နှစ်ယောက်စလုံးကလဲ အပေါ် ပိုင်းတူနေတာကိုး။ ဒါကဘာလဲ......လူ့အရေခွံ မျက်နှဖုံးလား စက္ကူကပ်ထားတဲ့ မျက်နှာလား? နင်တို့နှစ်ယောက်
တော်တော်လှောင်တတ်ပြောင်တတ်နေတယ်ပေါ့ ဟုတ်လား?” လူပုလေးက ရယ်သလိုလိုလုပ်ပြောနေပေမယ့် မျက်နှာပေါ်က အပြုံးက ပြောနေတာကတော့......“ငါတကယ်ရယ်ရတယ်လို့ပြောနေတယ်ထင်နေလား ငါရွဲ့ပြော
နေတယ်ဆိုတာ နင်တို့ နားမလည်ဘူးလား” ဆိုတဲ့ အဓိပ္ဗါယ်မျိုးနဲ့ပါ။
အတန်းထဲက ကျောင်းသားတွေက လူပုလေး ဒီလိုလဲပြောလိုက်ရော ကျွက်စီကျွက်စီနဲ့ ကိုယ်လုံးတွေ လှုပ်ခတ် ကုန်တဲ့ အထိ ရယ်ကုန်ကြပါတယ်။ အဆူခံနေရတဲ့ ကျမကိုယ်တိုင်တောင် မနေနိုင်ပဲ ခိုးရယ်မိပါသေးတယ်။
“နင်တို့နှစ်ယောက်စလုံး ဒီနေ့ကျောင်းဆင်းရင် စာကြည့်တိုက်မှာ အချိန်ပို တနာရီစီနေပြီး စာကြည့်ရမယ်”။
လူပုလေးက ကျမတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့ အဲ့လိုပြောပြီးမှ အတန်းကိုဖြုတ်ပြီး ထွက်သွားပါတယ်။
ဝက်ဝံ က ကျမ ကိုမော့ကြည့်တယ်။ သူ့အကြည့်တွေက တောင်းပန်နေသလိုလို။
A Chen
5:13 AM
Monday
16th Apr 2012
Home
Bangkok
Subscribe to:
Post Comments (Atom)
အော် . ပေါ်လာသေးသကိုး...
ReplyDeleteဒီပို့စ်ကို ဘယ်သူမှ မဘတ်တာတော့ သေချာတယ် တီ။
:P
ဂျူ
အင်း လူ ၆၀ လောက်တော့ ဘတ်တယ် ထင်တယ် stats မှာ ပြတယ် ဒါမှမဟုတ် ဖွင့်ကြည့်ပြီး မဘတ်တာလဲဖြစ်နိုင်တယ်
Deleteဂျူပဲကျန်တာ
ကြာပါတယ် မပြန်တော့ဘူး ပို့ပေးလိုက်မယ် တရုတ်စာသင်တန်း သွားတက်ပြီးသာဘတ်ပေတော့
အမလေး အဲလိုတော့မရက်စက်ပါနဲ့..
Deleteတရုတ်စာဆိုလို့ ခုထိ သွေ့ပချိ တောင် ဌာန်ကရိုဏ်းကျအောင် ပြောတတ်သေးဘူး။
:P
ဂျူ
အရမ်းကြိုက်သွားပြီ ခုမှတွေ့ပြီး ၁ကနေ ပြန်ဖတ်တာ
ReplyDeleteဆက်တင်ပေးပါတီတီရေ စွဲသွားပြီ
မီးမီး
အားလုံးပြီးမှ အီးဘွတ်ခ်ပို့ပေးမှာ စောင့်နေတာ ဖြစ်သည်.. တမြင် မဖတ်ဘဲ ကျော်ထားခြင်းလည်း ဖြစ်သေးသည်..
ReplyDelete