Tuesday, April 3, 2012
အပြင်ကလူ ၁-၂
နာမည်ကိုကြည့်လိုက်တာနဲ့ ကြည်အေးအကြောင်းပြောတော့မယ်ဆိုတာသိမှာပေါ့နော်။ ကြည်အေးအကြောင်း မဟုတ်ပါဘူး။ သူ့ဝတ္ထုအကြောင်းပါ။ ကိုယ်က ဂျူး ပရိတ်သတ်စစ်စစ်ပါ။ အရင်က ကြည်အေးကို မဘတ်ပါဘူး။ ကြည်အေးကို စဘတ်မိတာနွမ်းလျအိမ်ပြန်ပါ။ တကယ်ပါပဲ ဘတ်ပြီးတော့နွမ်းသွားစေပါတယ်။ အဲ့ကတည်းက
မောလို့ မဘတ်ပါဘူး။ သို့သော် စိတ်ကူးချိုချို က ပြန်ထုတ်တော့ စာအုပ်စုတဲ့အနေနဲ့ ကြည်အေးရဲ့ ဝတ္ထုတိုပေါင်းချုပ် ကိုဝယ်ဖြစ်ပါတယ်။ မဘတ်ဖြစ်သေးပါဘူး။ နောက် အပြင်ကလူကို ပထမ ပိုင်း သပ်သပ်ဝယ်သေးတယ်။ ဒုတိယပိုင်း ရှိမှန်းလဲ မသိပါဘူး။ နောက်တော့မှ စိတ်ကူးချိုချိုကပဲ အပိုင်း ၁-၂ ကို ပူးတွဲပြန်ထုတ်တော့ ဝယ်ဖြစ်တယ်။ အစကတော့ စာအုပ်လေးက သေးသေးသပ်သပ်ရပ်ရပ် နဲ့မို့ပေါ့။ အလွယ်တကူ ခရီးသွားရင်းဘတ်ဖို့လွယ်တယ် ဆိုပြီး ဝယ်လိုက်တာပါပဲ။ မဘတ်ဖြစ်ပါဘူး။
ကြည်အေးကို ကိုင်ကြည့်ရမှာ ကြောက်နေတယ်ပဲ ပြောရမယ်။ ဝိတ်ကြောင့်ဖြစ်မယ်။ တကယ်ပါ ကိုယ်အရင်က ပုဏ္ဏမီိတို့ လမင်းမိုမိုတို့ ရှင်မိုးတို့ လွန်းထားထားတို့ မနော်ဟရီတို့လို အပျော်ဘတ် ပေါ်ပင်တွေဆို တညကို ၄ အုပ်လောက်ပြီး တယ် အိမ်သာ တခါတက်ရင် တအုပ်ပြီးတယ်။ ဟုတ်ကဲ့ အဲ့လို စာတွေကို အိမ်သာဘတ် စာအုပ် များလို့ ကိုယ့်ဘာသာ သတ်မှတ်ပါတယ်။ တခါဘတ်ပြီး နောက်တခါ ပြန်ဘတ်ချင်စရာမရှိ၊ ဘတ်နေရင်းနဲ့ ဇာတ်လမ်းကိုကြိုသိ စတာမျိုးပါ။ နောက် အရေးအသားအနေနဲ့ကလဲ သေသေချာချာ ဘတ်ချင်စရာမရှိ။ ဘတ်ပြီး တော့လဲ ဘာမှမကျန် အဲ့တာဆို ဘာလို့ဘတ်နေသေးလဲဆိုတော့ အပျင်းပြေလို့ပါ။ ကိုယ်မှာ အကုန်ရှိပြီး ခဏခဏ ပြန်ဘတ်ဖြစ်တာကတော့ တာရာမင်းဝေနဲ့ ဂျူးပါ။ ဘက်ပြိုင်ထဲမှာဆို မင်းခိုက်စိုးစံ တို့ တောင် တယ်မကြိုက်ပါဘူး။ အဲ့လိုပါပဲ ဝယ်ပြီး မဘတ်ရသေးတာအများကြီးရှိတယ်။ ခုအလုပ်ထွက်တာလဲ အဲ့တာပါတယ်။ တနှစ်လောက်တော့ နားပြီး (သောက်) အလုပ်မလုပ်ဘဲ တောလို အေးချမ်းတဲ့ အရပ် အင်တာနက်နဲ့ဝေးသော အရပ်မှာ သွားနေပြီး စာအုပ်တွေချည်းပဲ တဝကြီးဘတ်ချင်သေးတာ။ ကိုယ်သိပ်စိတ်ကူးယဉ်ပါတယ်။
ခုတော့ ပြီးခဲ့တဲ့ လကုန်က ဖနွမ်ပင်ကို အလုပ်ကိစ္စနဲ့ သွားရတော့ ဟိုတယ်မှာ အေးအေးဆေးဆေး စာဘတ်ဖြစ်ပါ တယ်။ အဲ့တာနဲ့ အပြင်ကလူ ကို သေသေချာချာ ဘတ်ဖြစ်တယ်။ ကိုယ်ထင်တယ် ဒီလို စာအုပ်ဘတ်ဖို့ ခေါင်းရော ဦးနှောက်ရော နှလုံးသားရော အပြည့်ပေးနိုင်ရမယ်။ စာတကြောင်းချင်းကို ရေးထားတဲ့ အဓိပ္ဗါယ်ကော စာကြောင်း တွေကြားထဲက ဝှက်ထားတဲ့ အဓိပ္ဗါယ်ကော သေသေချာချာ ခံစားနိုင်မှ ဝတ္ထု ကို ဘတ်ပြီးတဲ့ အခါ ကျေနပ်နှစ်သိမ့်တဲ့ ခံစားချက်ကို ရမယ်လို့ ထင်တယ်။
အရင်နွမ်းလျအိမ်ပြန်ကို ဘတ်တုံးက မောနေတာပဲ မှတ်မိတယ် တီဘီ ရောဂါသည်ကောင်မလေးအကြောင်း ဆိုတာ မှတ်မိတယ်။ အဲ့လောက်ပဲ ရင်ထဲ ထိထိခိုက်ခိုက်မရှိခဲ့ဘူး။ အခုကတော့ မတူဘူး။ ကမျူး ရဲ့ စည်းအပြင်ကလူ ကိုဘတ်ခဲ့ဖူးလို့လား ကိုယ်တိုင်လဲ အပြင်ကလူ ဆန်ဆန် ခံစားခဲ့ရ ဖြစ်နေခဲ့လို့လားတော့ မသိဘူး။ ပိုပြီးတော့ ခံစားနိုင်တယ် ကိုနှင်းနွယ်ကို ပို ကူလူးလို့ရတယ် လို့ခံစားရတယ်။
နောက်တခုကတော့ ကြည်အေးကို သိပ်သဘောကျသွားတယ်။ အတွေးတွေအမြင်တွေ သူဟာ အပြင်ကလူ ၁ ကိုရေးတုံးက ၁၉ ၇၁ ခုနှစ် ကိုယ့်ကို မမွေးသေးဘူး။ သို့သော် ဒီစာအုပ်ထဲမှာ သူရေးထားတဲ့ အရေးအသား အတွေးအခေါ် ပေးချင်တဲ့ မက်စေ့ခ်ျတွေက အခုတောင် ကိုယ်တို့ မြန်မာပြည်မှာ လူတော်တော်များများ မမီသေးဘူးပဲ ပြောရမယ်။ မမီသေးဘူးဆိုတာ ခံစားနိုင်တာ လိုက်မီ တာ ကို မဆိုလိုဘူး။ ကျင့်သုံးနိုင်တာကိုပြောချင်တာ။ ဥပမာ ကလေးတွေကို မိဘတွေ ထိန်းကြောင်းတာနဲ့ပတ်သက်ပြီးပြောထားတာ..ကိုနှင်းနွယ်ရဲ့သူ့သားအပေါ်ဖြစ်စေချင်တဲ့ ဆန္ဒ၊ ကလေးကို ထိန်ကြောင်းချင်တဲ့ ပုံစံကို အေးကို ပြန်ပြောပြနေတဲ့အချိန်မှာ ဒီလိုရေးထားတာ....... “သားကို လွတ်လပ်ခွင့်ပေးချင်တယ်၊ သူဖြစ်စေချင်တာဖြစ်ရမယ်၊ လုပ်ချင်တာလုပ်ရမယ်၊ သားရဲ့ စိတ်ကူကို ကျွန်တော် ရိုသေချင်တယ်၊ သားရဲ့ လူ့အဖြစ်ကို မျှော်တွေးတယ်၊ ကလေးဟာ မိဘနှစ်ပါးစလုံး ပိုင်ဆိုင်တဲ့ ပစ္စည်းမဟုတ်ဘူး၊ ချယ်လှယ်စရာမဟုတ်ဘူး၊ တစ်သီးတခြား ဖြစ်ထွန်းရမယ့် လူ့ဘဝယ တရပ်ဖြစ်တယ်၊ မိဘက ကူညီရုံ ထောက်ပံ့ရုံ
ပဲ။” လို့ရေးထားပါတယ်။ အတွေးအခေါ်တင် အနောက်တိုင်းဆန်တာမဟုတ်ဘူး အရေးအသားလဲ အနောက်တိုင်း ဆန်ပါတယ်။ မှီးထားတာတောင် ဖြစ်နိုင်တယ်။ အဲ့လို မဟုတ်ရင်လဲ စာရေးသူ အဘတ်များတဲ့ အနောက်တိုင်း စာအုပ်တွေရဲ့အတွေးအမြင်လွှမ်းမိုးမှုတွေ အများကြီး မြင်ရတယ်။ အရေးအသားကိုယ်တိုင်ကိုက တော်တော် အနောက်တိုင်းဆန်နေတာ တွေ့ရမယ်။ စကားလုံး အသုံးအနှုံးရွေးချယ်ပုံက အစပေါ့။ ဥပမာ လွတ်လပ်ခွင့်ပေးချင်တယ် တို့ သားစိတ်ကူးကို ကျွန်တော် ရိုသေချင်တယ်တို့ လူ့အဖြစ်ကိုမျှော်တွေးတယ်တို့ အဲ့တာ မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ အသုံးများတဲ့ စကားလုံးမျိုး မဟုတ်ဘူး။ အင်္ဂလိပ်စကားကို မြန်မာပြန်ရင်သာ အတွေးများမယ့်စကားလုံးမျိုးပဲ။ respect, expect, independent စသည်ဖြင့်ပေါ့။
နောက် လက်ထပ်ခြင်းကိုတင်ပြတဲ့ အယူအဆ၊ အချစ်ကို ပုံဖော်ပုံ လက်ထပ်တာ နဲ့ အချစ် ကို နှိုင်းယှဉ်ပြပုံ......
“အချစ်ဆိုတဲ့ ပုံပြင်ဟာ လက်ထပ်ထိမ်းမြားခြင်းမှာ ပြီးဆုံးတယ်လို့ နုနု ထင်တယ်၊ အများတကာလည်း ဒီလိုပဲ မြင်ကြတယ်ထင်ပါရဲ့ ကျွန်တော် မသိဘူး၊ ဒါကြောင့်လဲ လက်ထပ်ထိမ်းမြားခြင်းဟာ အချစ်ရဲ့သင်္ချိုင်းပဲလို့ စကားပုံတောင်ပြုရက်ကြတာပေါ့။ ကြည့်ပါဦးဗျာ၊ အချစ်ဆိုတဲ့ ပုံပြင်ဟာ ဘယ်လောက် ကြီးကျယ်ခမ်းနားတယ်ဆိုတာ မသိကြတဲ့အတိုင်းပဲ မင်္ဂလာဆောင်တဲ့အမှုကို အကြီးအကျယ်ပြုနေလိုက်ကြတာ ရက်စက်တယ်လို့ဆိုချင်ဆို သူတို့လုပ်နေပုံက အချစ်ဆိုတာကို မသာချနေသလိုပဲ၊ နောက်ဆုံးပြုစုခြင်းပေါ့။ တကယ်တော့ထိမ်းမြားလက်ထပ်ခြင်းဟာ အချစ်ဆိုတဲ့ ကိစ္စရဲ့ အလိုလိုဖြစ်လာတဲ့ ကြံစည်တွေးတောနေစရာမလို တဲ့ တစိတ်တဒေသ အပိုင်းအစလေးပါ။”
အချစ်အပေါ်တွေးမြင်ပုံ ဖွဲ့နွဲ့ပုံတွေက မြန်မာ့ ယဉ်ကျေးမှု နဲ့ ဖြောင့်ဖြောင့်ကြီးမဆန့်ကျင်နေဘူးလား။ ဒါပေမယ့် သိပ်လှတယ်။ ကိုနှင်းနွယ် အမြင်အနေနဲ့ သူ့ကို (အရှေ့တိုင်း) လူ့ဘောင်လောကရဲ့ အပြင်ဘက်ကလူအနေနဲ့ ဖွဲ့ပေမယ့် ရေးတာက စာရေးသူ အမြင်တွေ သူဘတ်ဖူးလို့ လွှမ်းမိုးခဲ့တဲ့ စာအုပ်တွေက လာတဲ့ အတွေးအခေါ်တွေ လို့ထင်တယ်။ နောက်တခါ ဖွဲ့ဆိုပုံ အနောက်တိုင်း ဆန်ပြန်တယ်။
ကလေးကြောင့်ပန်းကန်ကွဲသွားလို့ နုနုက ကလေးကို ရိုက်တဲ့အခါ...“ပန်းကန်က တစ်ချပ်ဟာ ကလေးစိတ် တစ်ချက် နာကျင်သွားတာရဲ့ ဆယ်ပုံ တစ်ပုံ အဖိုးမတန်ပါဘူး၊ လူဟာ ပစ္စည်းရဲ့ကျွန်မဟုတ်ဘူး” လို့ ရေးထားပြန်တယ်။ ကိုယ်တို့တွေငယ်ငယ်ကတည်းက လိမ်တာ မကောင်းဘူး စောက်နဲ့ မဆဲရဘူးဆိုတဲ့ မိဘ မျိုးကနေ ကြီးပြင်းလာရတာပါ။ ဒါပေမယ့် အရိုက်က မလွတ်ခဲ့ပါဘူး။ ပြောချင်တာက မြန်မာပြည် အရှေ့တိုင်း တွေမှာ မိဘအများစုက ကလေးတွေကို ရိုက်နှက်ဆုံးမတာ ပိုထိရောက်တယ် လို့ ထင်နေ ကျင့်သုံးနေဆဲပါ။ တရုတ်တို့ အိန္ဒိယ တို့လို နိုင်ငံတွေပိုဆိုးမယ်ထင်ပါတယ်။ အနောက်တိုင်းကသာ ကလေးတွေကို သိသာအောင် နားဝင်အောင် စိတ်ရှည်လက်ရှည် ဆုံးမ ပြောပြတတ်တာမဟုတ်ဘူး။ ကလေးကို မလိုအပ်ပဲ ရိုက်ရင် မိဘကို ဖမ်းနိုင်တဲ့ ဥပဒေလဲ သူတို့ဆီမှာပဲ ရှိတယ်လေ။ ပြောချင်တာက စာရေးသူရဲ့ အတွေးအခေါ်တွေအရေးအသားတွေဟာ မြန်မာပြည်အတိုင်းအတာနဲ့ဆိုရင် အနည်းကလေး အနှစ် ၅၀ ကနေ ၁၀၀ လောက်ထိ ရှေ့ပြေးနေသေးတယ်ဆိုတာပြောချင်တာပါ။ ခုထိကို မိဘတော်တော်များများက ကလေးတွေကို ဆုံးမပုံ၊ လူတော်တော်များများက အချစ်နဲ့ အိမ်ထောင်ရေးကို ရှုမြင်ပုံ စတာတွေက ခေတ်နောက်ကျနေသေးတယ်
ပြောရမလား အမြင်ကျဉ်းနေသေးတယ်ပြောရမလား။
နောက် အချစ်ခန်းတွေကို ရေးရာမှာလဲ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က အမျိုးသမီး စာရေးသူတယောက်အနေနဲ့ ဆို လွတ်လပ်ပွင့်လင်းတာကိုတွေ့ရပါတယ်။ (ဘာ့ကြောင့်လူတွေက ရှေ့မှာ ကြည်အေးတယောက်လုံး ရှိရဲ့နဲ့ ဂျူးကိုပဲ အမြဲ အပြစ်မြင်ကြ ပြောကြ ဝေဖန် ကြသလဲဆိုတာ ကိုယ်နားမလည်ဘူး)။
ဇာတ်လမ်းက generic ဆန်တဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ရိုးရိုးပေမယ့် အရေးအသားကတော့ ပထမတန်းစားပါပဲ။ ဒီလို အေးအေးဆေးဆေး အားအားယားယား ကောင်းကောင်းနားပြီး သေသေချာချာဘတ်ရတဲ့ အတွက် တကယ့်ကို ကျေကျေနပ်နပ် ဖြစ်မိတယ်။ အစားကောင်းစားပြီးရင် ကျေနပ်နှစ်သိမ့်မှုမျိုးမဟုတ်ပေမယ့် ကိုယ်ပြောချင်တာ စာဘတ်သူသိပါတယ်လေ။
P.S
မောင်ဒီနေ့ ပြန်ရောက်မယ်။ ခဏနေရင်ကို လေယာဉ်ဆိုက်တော့မှာ ရုံးမသွားပါ။
A Chen
10:37AM
4th Apr 2012
Wednesday
Home
Bangkok
Subscribe to:
Post Comments (Atom)
ကြည်အေး အကြိုက်ဆုံးပါ၊တချို့ စာတွေအလွတ်တောင်ရတယ် ကြည်အေးဖတ်လို့ ကုန်မှ .. ဂျူုးဆီရောက်သွားတာ။
ReplyDeleteအော် လက်စသတ်တော့ ဒင်းက ဘတ်စရာ မရှိမှ ဂျူးဆီရောက်လာတာကိုး နင်ထွက်သွားလိုက်တော့ မိဗစ် အခုချက်ချင်း ထွက်သွားလိုက်တော့
ReplyDelete((ဒီလို စာအုပ်ဘတ်ဖို့ ခေါင်းရော ဦးနှောက်ရော နှလုံးသားရော အပြည့်ပေးနိုင်ရမယ်။))
ReplyDeleteအဲဒါအတော်မှန်တယ်။ ဘာလို့ဆို အဲဒီစာအုပ်ဖတ်တော့ ဒီလာခါနီး အလော၃၀ နဲ့ ဖတ်လိုက်တာ။
ဟိုတလောကမှ နှစ်ပိုင်းလုံး ebook ကနေ ပြန်ဖတ်ရတယ်။
ဟုတ်တယ် ဒီတခါ ဖနွမ်ပင်သွားတာ ဟိုတယ်မှာလဲ ကောင်းကောင်းနားရတယ် ကြည်အေးလဲ ပြီးတယ် နောက် အင်္ဂလိပ်လိုတောင် ကဗျာ ၃ ပုဒ်ရတယ် တင်အုံးမယ်
ReplyDeleteကြည်အေးကို မီကနေစဖတ်ပြီးတယ်... မီ့ရဲ့ ကာရိုက်တာက အခုထက်ထိ ခေါင်းထဲ ရောက်နေတုန်းပဲ.. နောက်တော့ နွမ်းလျအိမ်အပြန်ဖတ်ရတယ်.. စိတ်ထဲမှာမောပြီး ကျန်ခဲ့တယ်.. ထပ်ကာတလဲလဲ ဖတ်ဖြစ်တယ်။ တင်မေ့၇ဲ့ရေထဲခုန်ဆင်းပြီး သတ်သေချင်တဲ့စိတ်ကလေးက ဖလပ်ဖလပ်နဲ့ အတွေးထဲရောက်လာတယ်။ နောက်တော့ ကျွန်မပညာသည်ဖတ်ရတယ်.. ကြည်အေးကို ထပ်ပြီး ဆလံသရတယ်..လူက ကောင်းပေမယ့် ပတ်ဝန်းကျင်ကမကောင်းတဲ့အခါ အတ္တစိတ်ကလေးနဲ့ ပတ်ဝန်းကျင်မှာ မျှောမိတယ်။။ နောက်တော့ တမ်းတတတ်တယ်။ အခုတော့ သူ့ဝတ္ထုတိုပေါင်းချုပ်ဖတ်နေတယ်.. ဖတ်ရင်းနဲ့ လက်ဖျားခါလာတယ်။ တွေးရဲ ရေးရဲတဲ့ ကြည်အေး စာတွေ ဖတ်ပြီး ဂျူးထက် ပိုကြိုက်လာမိတယ်။ ကြည်အေးက ပိုပြီး အနုစိတ်ထင်တယ်
ReplyDeleteအော် .. လူများဘ၀တွေ သာယာလိုက်တာနော်။း))
ReplyDeleteတီရေ .. ပြောချင်တာကို စာဖတ်သူသိပါတယ်။
ဂျူ
တပုဒ်လုံး ဘတ်နေတာ အကောင်း
ReplyDeleteအောက်ကျမှ ဟင် သွားတယ် .. ခိခိ :P
မဖတ်ဘူးသေးဘူး .. ဖတ်အူးမယ်း))
"တနှစ်လောက်တော့ နားပြီး (သောက်) အလုပ်မလုပ်ဘဲ တောလို အေးချမ်းတဲ့ အရပ် အင်တာနက်နဲ့ဝေးသော အရပ်မှာ သွားနေပြီး စာအုပ်တွေချည်းပဲ တဝကြီးဘတ်ချင်သေးတာ။ ကိုယ်သိပ်စိတ်ကူးယဉ်ပါတယ်။"
ReplyDeleteကြိုက်တယ်... Quote of the day for me ....
ကြည်အေး ရဲ.စာသား “ကိုဦး အိပ်စို.”
ReplyDeleteး)
Pls share kyi aye's ebook link. I do wanna read after reading this post.
ReplyDeleteThanks!
အနော ရေ
ReplyDeleteကြည်အေး ကို ဂူဂဲလ် လိုက်ပါနော်
Like · · Share · April 4 at 11:09am
Aung Phyoe, Cuttie Htut Thiha and 2 others like this.
Addy Chen လိုက်ခ် နဲ့ ဘတ်ပြီးမှ လာပြော
April 4 at 11:27am · Like
Lai Lai Win ဖတ်ပြီးမှ Like တာပါ တီ :P
April 4 at 11:34am · Like
Cuttie Htut Thiha ebook လေးပါ ရှဲပေးရင် သိပ်ကောင်းမှာပဲ။ အရင်တုံးကတော့ ကြည်အေးကို သိပ်နားမလည်ဘူး။ ခေတ်ရှေ့ပြေးတဲ့ အတွေးအခေါ်ရှိတာတော့ သိတယ်။ ဂျူးကတော့ လာမပြောနဲ့ဆရာ။ အကြိမ်ကြိမ်အထပ်ထပ် ပြန်ဖတ်တယ်။ တီ့လိုမျိုး လူကိုမောပန်းစေတဲ့စာအုပ်ကတော့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်ပဲ။း)
April 4 at 11:36am · Like
Addy Chen ခြင်္သေ့လေး ဂူးဂဲ မှာ အပြင်ကလူ လို့ရိုက်လိုက် အပြာစာအုပ်များဆိုတာ အရင်ပေါ်လာမယ် ကျော်လိုက်နော် ပြီးရင် လင့်အတိုင်းသွား တွေ့ကရော တီပုံရှာတာ အဲ့တာတွေ့တာပဲ
April 4 at 11:36am · Like · 1
Maw Maw Tun ကလေးကြောင့်ပန်းကန်ကွဲသွားလို့ နုနုက ကလေးကို ရိုက်တဲ့အခါ...“ပန်းကန်က တစ်ချပ်ဟာ ကလေးစိတ် တစ်ချက် နာကျင်သွားတာရဲ့ ဆယ်ပုံ တစ်ပုံ အဖိုးမတန်ပါဘူး၊ လူဟာ ပစ္စည်းရဲ့ကျွန်မဟုတ်ဘူး” လို့ ရေးထားပြန်တယ်။
April 4 at 11:46am · Like
As Paing ကြည်အေးကို မီကနေစဖတ်ပြီးတယ်... မီ့ရဲ့ ကာရိုက်တာက အခုထက်ထိ ခေါင်းထဲ ရောက်နေတုန်းပဲ.. နောက်တော့ နွမ်းလျအိမ်အပြန်ဖတ်ရတယ်.. စိတ်ထဲမှာမောပြီး ကျန်ခဲ့တယ်.. ထပ်ကာတလဲလဲ ဖတ်ဖြစ်တယ်။ တင်မေ့၇ဲ့ရေထဲခုန်ဆင်းပြီး သတ်သေချင်တဲ့စိတ်ကလေးက ဖလပ်ဖလပ်နဲ့ အတွေးထဲရောက်လာတယ်။ နောက်တော့ ကျွန်မပညာသည်ဖတ်ရတယ်.. ကြည်အေးကို ထပ်ပြီး ဆလံသရတယ်..လူက ကောင်းပေမယ့် ပတ်ဝန်းကျင်ကမကောင်းတဲ့အခါ အတ္တစိတ်ကလေးနဲ့ ပတ်ဝန်းကျင်မှာ မျှောမိတယ်။။ နောက်တော့ တမ်းတတတ်တယ်။ အခုတော့ သူ့ဝတ္ထုတိုပေါင်းချုပ်ဖတ်နေတယ်.. ဖတ်ရင်းနဲ့ လက်ဖျားခါလာတယ်။ တွေးရဲ ရေးရဲတဲ့ ကြည်အေး စာတွေ ဖတ်ပြီး ဂျူးထက် ပိုကြိုက်လာမိတယ်။ ကြည်အေးက ပိုပြီး အနုစိတ်ထင်တယ်
April 4 at 11:48am · Like
Addy Chen ဂျူးထက်ပိုကြိုက်တယ်လို့ ပြောလို့မရပေမယ့် အရင်က ကြည်အေးကို အခု ဂျူးထက်တော့ ပိုကြိုက်တယ်လို့ပြောလို့ရတယ်
April 4 at 11:58am · Like · 1
(ဘာ့ကြောင့်လူတွေက ရှေ့မှာ ကြည်အေးတယောက်လုံး ရှိရဲ့နဲ့ ဂျူးကိုပဲ အမြဲ အပြစ်မြင်ကြ ပြောကြ ဝေဖန် ကြသလဲဆိုတာ ကိုယ်နားမလည်ဘူး)
ReplyDelete1) ဂျူးကို ပြောတာတွေပဲ ဖတ်ဖူး ကြားဖူးနေလို့၊ တကယ်တော့ ကြည်အေးကို ပြောကြတာတွေကျ ကိုယ်တွေက မသိ မမီလိုက်လို့။
2) သူ စာ စရေးတဲ့ 47/48 တဝိုက်မှာ အများစုသော လူတွေက ဂျူး ရဲ့ ခေတ် (80 ပတ်ဝန်းကျင်) က လူတွေလို မဆလ နွားခြေရာခွက်ထဲက မှိုင်းမိထားတဲ့ လူတွေ မဟုတ်လို့။
ကြည်အေးရဲ အပြင်လူ ၃ များရှိသေးသလာလို့..နူနူရဲ့ဖွင့်ဟဝံခံချက်ပေါ့...ရှိရင်ဖတ်ချင်ပါတယ်
ReplyDeleteအပြင်ကလူ ၁-၂ အမှာစာမှာတော့ ကြည်အေးက ပြောပါတယ် နောင်မှာ နုနုရဲ့ ခံစားချက်များဆိုပြီး အပြင်ကလူ ၃ လဲ ထွက်ချင်ထွက်လာနိုင်တာပေါ့တဲ့မပြောတတ်ပါဘူးတဲ့
ReplyDeletei doubt it
like
ReplyDeleteတောလို အေးချမ်းတဲ့ အရပ် အင်တာနက်နဲ့ဝေးသော အရပ်မှာ သွားနေပြီး စာအုပ်တွေချည်းပဲ တဝကြီးဘတ်ချင်သေးတာ။ ကိုယ်သိပ်စိတ်ကူးယဉ်ပါတယ်။
like more
မောင်ဒီနေ့ ပြန်ရောက်မယ်။ ခဏနေရင်ကို လေယာဉ်ဆိုက်တော့မှာ ရုံးမသွားပါ။ :D