Wednesday, December 3, 2014

"A Shape of You "

ဒီသီချင်းလေးကို ဂျူဝဲလ်က (၂၀၁၃ ထင်တယ်) Emmy ဆုပေးပွဲတစ်ခုမှာ အရင့်အရင်က သေဆုံးသွားတဲ့ ရုပ်ရှင် ဂီတ အနုပညာရှင်တွေ အတွက်ကို ရည်ရွယ်ပြီး ဆိုပေးပါတယ်။ သီချင်းမဆိုခင်မှာ  သူက ဒီသီချင်းလေးကို မနှစ်က ကင်ဆာ နဲ့ ဆုံးသွားတဲ့ သူငယ်ချင်းအတွက် ရည်ရွယ်ပြီး ရေးပေးတယ်လို့ ပြောပါတယ်။ သူ့မှာ အဲ့လို လူပုဂ္ဂိုလ်တွေ ကို ဇာတ်လမ်း လုပ်ပြီး ရေးတဲ့ သီချင်းတွေအများကြီး ရှိပါတယ်။ ပထမဆုံး အခွေ Pieces of You မှာပါတဲ့ Adrian ၊ ဒုတိယအခွေမှာပါတဲ့  Fat Boy စတာတွေပေါ့။ ဒီ အခု ခံစားပြီးပြန်ထားတဲ့ သီချင်းကတော့ ခုဏက ပြောသလို သူငယ်ချင်းအတွက်ဆိုပါတယ်။ နောက် တပုဒ်ရှိသေးတယ်။  Violet Eyes ဆိုတာ အဲ့တပုဒ်လဲ သူ့ ဒုတိယမိခင်ပေါ့ (ရှိုးပွဲတစ်ခုမှာ အဲ့လို သူက သုံးသွားပါတယ်။ သူ့အမေရင်းက သူ့တို့ကို ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အတွက် မြန်မာလိုဆို သူ့ မွေးစားအမေ ပေါ့၊ သူ အသက်ကြီးမှာ တွေ့တာမျိုးပါ ဒါပေမယ့် သူ့အပေါ် အမေလို ညီအမလို သူငယ်ချင်းလို ကောင်းတဲ့ သူပါတဲ့။ နောက်ကြုံရင် အဲ့သီချင်းကို ပြန်ပြီး တင်ပါအုံးမယ်။ ခုတော့ ဒီ  A Shape of You ဆိုတဲ့ သီချင်းလေး ကို ခံစားကြည့်ကြပါအုံးနော်။ တချို့ ဆိုက်ဒ် တွေမှာ သီချင်းကို  A Hole In My Heart ဆိုတဲ့ နာမည်နဲ့လဲ ရေးထားတာတွေ မိပါတယ်။

နှစ်သက်ကြမယ်ထင်ပါတယ်နော်။ ဒီသီချင်းလေးကို ဘာသာပြန်ပေးမယ်လို့ ပြောထားတဲ့ တယောက်သောသူ အတွက် ပြန်ပေးတာပါ။ သူလဲဘတ်မိရင် ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လေ။   



"A Shape of You "

September settled softly
Leaves are starting to fall
I recall, last time you were here
Your laughter a melody that lingers still

There's a hole in my heart
And I carry it wherever I go
Like a treasure that travels with me down every road
There's this longing lonesome and deep
Kind of bitter, kind of sweet
There's a hole in my heart in the shape of you

Time stealing swiftly
Children having children of their own
And around life's merry-go round goes
And there you are wanting what you cannot hold

There's a hole in my heart
And I carry it wherever I go
Like a treasure that travels with me down every road
There's this longing lonesome and deep
Kind of bitter, kind of sweet
There's a hole in my heart in the shape of you

Even though my heart aches
There's a smile on my face
Just like a window to heaven
There's a light shining through

This hole in my heart so I carry it wherever I go
Like a treasure that travels with me down every road
There's this longing lonesome and deep
Kind of bitter, kind of sweet
There's a hole in my heart
There's a hole in my heart
There's a hole in my heart in the shape of you



မင်းရဲ့ ပုံရိပ်

စက်တင်ဘာကတော့ အေးငြိမ်းသက်သာ ကုန်ဆုံးတော့မယ်လေ
အပင်တွေလဲရွက်တွေ ကြွေစပြုလို့ပေါ့
အရင်တခေါက် မင်းဒီမှာ ရှိတုံးကို သတိရမိသေးတော့တယ်
မင်း ရယ်သံ သဲ့သဲ့ဟာ သံစဉ်တွေလို တွယ်မီစေတုံးပေါ့

ငါ့ နှလုံးသားထဲမှာ အပေါက်တစ်ခုရှိနေပါတယ်
ငါဘယ်သွားသွား အဲ့ဒီ ကွက်လပ် ကိုသယ်ဆောင်လို့
အဖိုးထိုက်တန်တဲ့ ရတနာတစ်ခုလို ငါနဲ့ ခရီးလမ်းတွေတလျောက်တူတူလိုက်ပါရင်း
တမ်းတမှုတွေဟာ အထီးကျန်မှု နက်နက်ထဲမှာ
ချိုတိုတို ခါးသက်သက်နဲ့ပါ
ငါ့နှလုံးသားထဲမှာ ကွက်လပ်တခု မင်းပုံရိပ်နဲ့ပေါ့

အချိန်တွေက ခိုးသွားတာ မြန်လိုက်တာ
ကလေးတွေတောင် သူတို့ရဲ့ကလေးတွေရှိလာနေပြီလေ
ဘဝရဲ့ သံသရာ စက်ဝန်းကတော့ လှည့်ပတ်မြဲလှည့်ပတ်ဆဲ
အဲ့လို ဘဝထဲမှာ မင်းတို့ ငါတို့က
ကိုယ်မနိုင်တဲ့ အရာတွေကို လိုချင်တပ်မက်ရင်း စီးမျော  

ငါ့ နှလုံးသားထဲမှာ အပေါက်တစ်ခုရှိနေပါတယ်
ငါဘယ်သွားသွား အဲ့ဒီ ကွက်လပ် ကိုသယ်ဆောင်လို့
အဖိုးထိုက်တန်တဲ့ ရတနာတစ်ခုလို ငါနဲ့ ခရီးလမ်းတွေတလျောက်တူတူလိုက်ပါရင်း
တမ်းတမှုတွေဟာ အထီးကျန်မှု နက်နက်ထဲမှာ
ချိုတိုတို ခါးသက်သက်နဲ့ပါ
ငါ့နှလုံးသားထဲမှာ ကွက်လပ်တခု မင်းပုံရိပ်နဲ့ပေါ့

ငါ့နှလုံးသားတွေ နာကျင်နေပေမယ့်လဲ
ငါ့မျက်နှာကတော့ ပြုံးရိပ်ယောင်ယောင်နဲ့ပါ
ကောင်းကင်ဘုံက ပြတင်းတပေါက်လို
လင်းဆန်း ရောင်ခြည် ဖြတ်သန်းတောက်ပလို့ပေါ့

T Chen
3:06 PM
Wednesday
3rd December 2014
LTO, Yangon | MYANMAR


1 comment:

  1. Nice Nice Nice...
    Like Like Like ....
    thanks T Chen ♥♥♥

    ReplyDelete