Monday, February 2, 2009

ငါ့ရဲ့ရည်းစား(ဟောင်း)လေးအတွက်

ငါ့ရဲ့ရည်းစား(ဟောင်း)လေးအတွက်

တကယ်လို့သာ
ကိုယ့်ဘ၀အတွက် ပြီးပြည့်စုံတဲ့
တစ်ယောက်ယောက် ကို ကိုယ့်ရဲ့ချစ်သူ အဖြစ်
ကိုယ့်ဘ၀ကိုမျှဝေခံစားရမယ်ဆိုရင်
အဲဒီသူဟာမင်းနဲ့တစ်ပုံစံထဲထပ်တူကျတဲ့သူဖြစ်ရမယ်

တခါတုံးက ကောင်လေးတစ်ယောက်ကပြောဖူးတယ်
ခရီးတစ်ခု ကိုအတူတူလျှောက်ကြတဲ့အခါမှာ
လျှောက်ရင်းနဲ့ ညောင်းလာခဲ့ရင်တောင်
သူ ထိုင်ချလိုက်မယ်တဲ့
ကိုယ့်ရင်ထဲက သူ့အတွက်နေရာ
(ရှိခဲ့တဲ့ ရှိကောင်းရှိ ခဲ့နိုင်တဲ့နေရာ)
ပျောက်သွားမှာစိုးလို့တဲ့

ရှေရီ
မင်းနဲ့ကိုယ်နဲ့ မဖြစ်နိုင်ဘူးဆိုတာ
(ကိုယ့်ဘက်ကတနေ့တခြား)
သေချာလာတဲ့အခါ
သက်ပြင်းတွေကိုသာ
အကြိမ်ကြိမ်ချမိပေါ့

ကိုယ့်ရင်ထဲကအပူကို
မင်းခံစားမိရဲ့လားဟင်

I want a man that I can intellectually impress!

A Chen
12:51 am
9th January 2009

No comments:

Post a Comment