ဆင်းရဲသား (နင်းပြား)
ဆည်ကြီးတွေ၊ မြောင်းကြီးတွေ
ဆောက်ပေးလဲ
ဆင်းရဲတွင်းကနက်မြဲ
ဆာလောင်မှုတွေနဲ့
ဆယ်ပြားစေ့ကိုခွာနေလဲ
ဆိုက်ကားသမားအတွက်ကတော့
ဆယ်ပင်သာသာကန်စွန်းစည်းရယ်ပါ
ဆွမ်းတောင်ကပ်စရာမရှိ
ဆံပင်ညှပ်စရာပိုက်ဆံမရှိ
ဆိုင်တွေပေါ်မှာတော့
ဆီတစ်ထပ် သားတစ်ထပ်ပေါ့
ဆေးမရှိတဲ့
ဆောင်း
ဆွယ်တာကလဲမရှိတော့
ဆင်းရဲသားငါ့မှာ
ဆင်းစိုက်စိုက်စိတ်တွေကိုပိုက်ပြီး
ဆာဆာနဲ့
ဆွေးရပြန်တာပဲ
ဆံရစ်ဝိုင်းကလေးတောင်
ဆံတောက်ဖြစ်တော့
ဆတ်စလူးထပြီး
ဆတ်ဖလူးပန်းလေးကိုပန်ကာ
ဆိုင်ရာလူကိုမျှော်တတ်နေပြီလေ
ဆန်းစစနေရယ် ငါ့အတွက်ကျတော့
ဆည်းဆာတောင်ရောက်နေပြီလား
ဆွေးလိုက်တာနော်
ဆန္ဒတွေရယ်ပြည့်ပါတော့လို့
ဆုတောင်းမိပါတယ်
ဆာနေသူအတွက်ကတော့
ဆားနဲ့ပဲစားရစားရပါ
ဆိတ်တို့၊ဆတ်တို့
ဆိုတာ ဂျိုပါမပါတောင်မေ့နေခဲ့တာကြာပြီပဲလေ။ ။
A Chen
7:26 am
21st Feb 2009
Home
Bkk
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
2 weeks ago
No comments:
Post a Comment