မှုန်ရီေ၀၀ါး
ငါ့အထက်က ကောင်းကင်မှိုင်းမှိုင်းကြီးပေါ်မှာ
ငါ့ စိတ် နဲ့ အတွေးတွေ ဘော်လောမျောလို့
ရှေ့ က ကူးနေတာ ငါးလေးလား
အစိမ်းရောင် ငါးကလေးလေ
တိမ်ပင်လယ်ကြီးကနေ ငါရုန်းထွက်လိုက်တော့…
ဘုရားရေ
ကောင်းကင်ကြီးက အပြဲရာကြီးနဲ့ပါလား
အဲဒီ အပေါက်ပြဲကြီးရဲ့ဟိုတဘက်ကို ၀င်သွားရင်……..
ဘာရှိမလဲ (အဲဒီနောက်မှာ)
အာကာသဟင်းလင်းပြင်လား
ဂြိုလ်သားတွေလား
တွင်းနက်ကြီးတွေလား
ဒါမှမဟုတ်
လူတွေပြောပြောနေကြတဲ့
ကောင်းကင်ဘုံလား (တချို့ဘာသာက)
(တချို့ ကနိဗ္ဗာန်)
တကယ် လို့အဲဒါတွေတကယ်ရှိခဲ့ရင်ပေါ့လေ
ဒါမှမဟုတ်
ဘာသာတိုင်းမှာရှိတာ သေချာတဲ့ ‘‘ငရဲ’’ လား
တခါတခါ ငါယုံကြည့်ချင်ပါတယ်
ဒါပေမယ့် ‘‘မယုံကြည်သူ’’ အနေနဲ့လဲ
ငါ့ကိုယ် ငါကျေနပ်နေနိုင်တော့
ဘ၀ဆိုတာဘာလဲ
ဘာသာတရားဆိုတာကရော
လူတစ်ယောက်ရဲ့ဖြစ်တည်မှုကရော
ငါဘာလို့ ဒီအချိန်မှာ ဒီနေရာမှာရှိနေတာလဲ
ဘာလို့ ငါ့ မှာမှ…
နတ်တမန်တော်တွေ သီချင်းဆိုနေကြတာ ငါကြားတယ်
တကယ်ကြားရတာလား…………ဒါမှမဟုတ်…
ကြားရတယ်လို့ ငါ့စိတ်ထဲမှာထင်နေတာလား
(ထင်ယောင်ထင်မှားဖြစ်မှုလား)
အာရုံတွေလဲ နောက်လို့ ရှုတ်ထွေးကုန်ပါပြီ
အရာရာလဲမှုန်ရီေ၀၀ါးလို့ပေါ့
ကွက်လပ်တွေ…အမှောင်တွေ…..၀ိုးတ၀ါးဖြစ်မှုတွေ…………
ငါ…ဆွံ့ပါရစေ..ကန်းပါရစေ…..အ ပါရစေ…
ငါ…သွားပါရစေတော့….သွားနှင့်ပါရစေတော့……….
A Chen,
4:26 pm,
5th Jan 2009,
Home,
Bkk.
Monday, March 9, 2009
Subscribe to:
Post Comments (Atom)
အပေါ်က ကဗျာထက် ဒီဟာလေး ပိုကြိုက်ပါတယ်။ နောက်လည်းလာပါဦးမယ်။ Good Night။
ReplyDeleteအခုတလောတော့
ReplyDeleteရိုးရာဟန်လေးတွေဘက်ပြန်လှည့်နေတယ်
မယ်ခွေကိုသတိရလို့
လာအားပေးအုံး