ချစ်ရတဲ့ နန်းညီရေ….
စိတ်ညစ်နေတဲ့အချိန်ဆို ငါလမ်းလျောက်ရတာကြိုက်တယ်
မှုန်မှိုင်းမှိုင်းလမ်းမကြီးတစ်ခုပေါ်မှာ ငါလမ်းလျောက်နေတာပေါ့ဟာ
သွားလိုက်၊ ပြန်လိုက် နဲ့ အခေါက်ခေါက်အခါခါပါပဲလေ
ကောင်းကင်ကြီးက နှင်းဆီပွင့်ဖတ်တွေရဲ့အရောင်ပေါ့ဟာ
ပန်းရိုင်းတွေက ပင်လယ်ပြာပြာကြီးရဲ့အရောင်…..ပြီးတော့
လမ်းရဲ့တစ်ဘက်အဆုံးမှာ ခရမ်းရောင် ယုန်ကြီးတစ်ကောင်က ပြုံးတုံ့တုံ့နဲ့
ငါရှေ့ကို အားတင်းပြီးပြေးတယ်၊ လေဆန်ပြီးပြေးတယ် ဒါပေမယ့်
ဘယ်တော့မှ လမ်းရဲ့အဆုံးကိုရောက်မသွားဘူး ပင်ပန်းမှုတွေနဲ့ ပြန်လှည့်တော့လဲ...
နောက်တစ်ဘက် က လျောက်လို့ဘယ်တော့မှမဆုံးမယ့် လမ်းမကြီးဘဲ
ခရမ်းရောင်ယုန်ကြီးတစ်ကောင် ကလဲ လမ်းဆုံးမှာ လျှို့လျှို့ဝှက်ဝှက်နဲ့ စိုက်ကြည့်လို့
ပြေးလဲမပြေးဘူး၊ ခုန်လဲခုန်မဘူး။
တခါက ငါကြည့်ခဲ့ဘူးတဲ့ ရုပ်ရှင်လေးတစ်ကားကိုသတိရမိတယ်ဟာ……
ဇာတ်လမ်းထဲမှာ ကောင်မလေးတစ်ယောက်က သူ့မောင်လေးကိုခေါ်ပြီး
လမ်းမကြီးတစ်လျောက် အဖေ ကိုလိုက်ရှာတာပေါ့
တစ်လမ်းလုံး စိတ်မကောင်းစရာအဖြစ်အပျက်တွေနဲ့ပဲ ကြုံတွေ့ရတယ်လေ
နောက်ဆုံးဇာတ်သိမ်းလေးကလဲ ၀မ်းနည်းစရာလေးပါ
အခုပြန်စဉ်းစား ကြည့်တော့…တကယ့် ကို မျက်လုံးစိမ်းစိမ်း၊ အေးစက်စက် နဲ့
တို့တွေကိုစောင့်ကြည့်နေတဲ့ ခရမ်းရောင် ယုန်ကြီးတစ်ကောင်ရှိချင်ရှိနေမှာနော်
လူဘ၀မှာအချိန်တိုင်း တို့တွေဟာ မမြင်ရတဲ့ မျက်လုံးတစ်စုံနဲ့ စောင့်ကြည့်ခံနေရသလိုပဲ
နတ်တမန်တော်ရဲ့မျက်လုံးတွေလား? မိစ္ဆာ ရဲ့မျက်လုံးတွေလား?
ဒါမှမဟုတ် တကယ်ကို…တကယ့်ကိုပဲ ခရမ်းရောင်ယုန်ကြီးများလားနော်
စိတ်ညစ်တဲ့အချိန်ဆို ညီ ဘာလုပ်လေ့ရှိလဲဟင်?
အန်တီချမ်း
၃လပိုင်း၊ ၁၁ရက်နေ့၊ ၂၀၀၉ ခုနှစ်။
Wednesday, March 11, 2009
Subscribe to:
Post Comments (Atom)
ကြယ်တွေကိုကြည့်တယ်.. ကြယ်ကလာတဲ့ အလင်းတွေက အနည်းဆုံးတော့ပေါ့လေ.. ယုန်ကြီး လျှို့ဝှက်ပြီးနေလို့ မရအောင်တော့ လင်းပါသေးတယ်..
ReplyDeleteအင်း .. စိတ်ညစ်ပြီဆို ရောက်တတ်ရာရာလျှောက်သွားပြီး ဟိုငေးဒီငေးလုပ်ရတာ အရသာတစ်မျိုးပဲနော် ..း)
ReplyDeleteကိုယ်တော့စိတ်ညစ်ရင် ရယ်တယ်။ အဲဒီစိတ်ညစ်နေရင်းနဲ့ကို စိတ်ညစ်ရတဲ့ အကြောင်းထဲကအလွဲတွေကိုရှာပြီး ဟားတိုက်ကိုရယ်တတ်တယ်။ တီချမ်းဆိုတော့ အသက်ကြီးပြီလားဟင်။ Deadline နားတော့မရောက်လောက်သေးဘူးထင်ပါတယ်။ :P
ReplyDeleteစိတ်ညစ်ရင် ကဗျာရေးမယ်။
ReplyDeleteစိတ်ဝင်စားရင်ဖတ်ကြည့်ဆိုလို့လာထပ်ဖတ်တယ်...
ReplyDeleteကျုပ်ဘလော့မှာ မန့်သွားတာတွေက အလန်းတွေပဲ.. မိုက်တကယ်..
ကျေးဇူးပါ...