Monday, May 4, 2009

စောယူရီဂဲလာ ရိုးမြူးလက် စမိ(သ်)ဒွန်း


တီချမ်း ရဲ့ အချစ်ဆုံးသူငယ်ချင်းများထဲက one of the ပါ
တီ နေမကောင်းဖြစ်တဲ့အချိန်တုံး ကဆိုလဲ တကယ် ကို ဘေးနားက ရှိခဲ့ ဂရုစိုက်ခဲ့တာပါ
သူ့အမေ အမိုးတောင်ပါသေးတယ်။ တီကြိုက်တတ်တဲ့ ကရင် ဟင်းတွေ ချက်ချက်ပြီးလာာလပို့ပါတယ်။
ခိခိ
ဘယ်လောက်တောင်လဲ ဆိုရင် တီ ကိုယ့်အခြေအနေ ကိုစသိခါစ က
အမိုးကလဲ ဘယ်ကကြားလာတယ် မသိပါဘူး
ပုတ်သင်ညို ၇ ကောင်ကို ၇ ရက် ဆက်တိုင် စားရင် HIV ပျောက်တယ်ဆိုပြီး
သူတို့ရပ်ကွက်ထဲက ကလေးတွေ ကို ရှာခိုင်းပါတယ် ရလာတော့ အဲ ပုတ်သင်ညိုလေးတွေကို ခေါင်းဖြတ် ကျတ်တိုက် အကြွတ်ကြော်ပြီးကျွေးပါတယ်။
(အဲဒီအချိန်တုံးက တီ တို့ ပေါင်းတဲ့ သူငယ်ချင်းတွေ က တအုပ်ကြီး အယောက် ၂၀ လောက်ရှိတာ ပျော်စရာကြီး ရှုပ်လဲတော်တော်ရှုပ်ကြတာပတ်ပြီးတော့လေ။ ဒီလိုဒီလို ပြောပြမယ် ဥပမာပေါ့.... သူက သူမ ကိုချစ်၊ သူမ က သူမဟုတ်တဲ့ နောက်တယောက် ကိုချစ်၊ သူကလဲ နောက်ထပ် သူမ ကိုချစ်၊ သူနဲ့ သူမနဲ့ က ချစ်သလိုလိုဖြစ် အဲလိုအဲလို။
အဲဒီ ကြားထဲမှာ မိန်းမတွေကို ကြိုက်တဲ့ ယောက်ျားတွေ အဲဒီယောက်ျားတွေ ကိုကြိုက်တဲ့ ဂေးတွေ နောက် အဲဒီယောက်ျားတွေ ကို ရော မိန်းမတွေ ကိုရော ကြိုက်တဲ့ ၃ ဘက်ချွန်တွေ အိုစုံစီနဖာ ကိုဖြစ်နေတာပဲ။ အမှတ်တရလေးတွေပါ။ တော်တော်ပျော်ခဲ့ကြပါတယ်။ အဲလိုအချိန်တွေက ဒီတသက်ပြန်မရနိုင်တော့ဘူးလေ။)
ခုန က ပုတ်သင်ညို ဇာတ်လမ်း ကိုပြန်ဆက်ရရင် အမိုးက ကြော်ပေးတဲ့ အဲဒီ ပုတ်သင်ညိုတွေ ကို မမယူရီက တီတို့ ကာရာအိုကေသီချင်းဆိုနေတဲ့ အမ် သရီး အထိလိုက်ပေးပါတယ် ၇ ရက်ဆက်တိုက်စားတာပျက်မှာ စိုးလို့တဲ့လေ။
အဲတုံးက တီက မြေနီကုန်းမှာနေပြီ မမယူ က အရှေ့ကြို့ကုန်း မှာနေတာပါ။ လာရတဲ့ ခရီးမနီးပါဘူး။ သူကလဲ ခပ်လာချင်ချင်ပါ။ အဲလိုချစ်ခဲ့ကြတာပါ။ နောက်တီ လေယာဉ်မောင် လျောက်ဖြစ်တာကလဲ ပြောမယ် ဆိုရင် သူ့ကြောင့်ပါပဲ။ အဲတာကြောင့်လဲလျောက်ပြီးတော့ ရ။ ရတော့ သွေးစစ်။ စစ်တော့ အဖြေပေါ်ဆိုသလို ပြောမယ် ဆိုရင် သူ့အပြစ်မကင်းပါဘူး ခိခိ။
ကဲကဲ အဲလိုလေးတွေ အမှတ်တရ ရှိခဲ့တဲ့ အခုတော့ သူက လင်ကောင်းသားကောင်းနဲ့ အိမ်ထောင်တွေဘာတွေ ကျပြီး ဘ၀ က ဂိမ်းအိုဗာ (အဲလေ.................................... အပျို ဘ၀ပြောပါတယ်) သွားပြီပေါ့လေ။ ခုတော့ ၂၈ ဧပရယ် ၂၀၀၉ မှာကျရောက်တဲ့ မမယူရဲ့မွေးနေ့ အတွက် အမှတ်တရ ကဗျာလေး တီချမ်းကရေးပေးတာပေါ့လေ။ အသက်ကတော့ အောက်မှာ ဖော်ပြထားပါတယ်ပေါ့လေနော်။ ပုံကတော့ တွေ့တဲ့အတိုင်းပဲ နည်းနည်းတော့ ကွန်ပျူတာနဲ့ ပြင်ထားတယ် (touched) ပေါ့။
အသေးဆုံးပုံးလေးက ပိုလှတယ် တွေ့တယ်မှလား။ ဝေးလေ လှလေ၊ ၀ါးလေ လှလေ၊မှောင်လေ လှလေ လေ။ သူနဲ့ က အရင်တလောကတောင် ၀ဘ်ဆိုက်တခုမှာ သူ့စာလုံးပေါင်းအမှားတွေ ကို တီက လျှာရှည် ပြီး သွားပြင်ပြင်ပေးမိတဲ့အတွက် သတ်ကြပါသေးတယ်။ ခုတော့ လဲ ပြန်ချစ်နေပါပြီ အဲလိုပေါ့နော်။ သူငယ်ချင်းတွေ ဆိုပေမယ့် ပေါင်းလာတဲ့ နှစ်တွေမနည်းတော့လဲ လျှာနဲ့သွားလိုပါပဲ ခဏခဏ ကိုက်မိကြပါတယ်။ နောက်ဆုံးတော့လဲ ကြာကြာ စိတ်မဆိုးနိုင်ကြပါဘူးလေနော်။ ကလေးတွေလဲ မဟုတ်မှမဟုတ်တော့တာပဲလေ။ ကဲကဲ လျှာရှည်တာလဲ တော်တော် ရှည်နေပြီ ကဗျာလေးကို ခံစားသွားကြပါအုံးနော်။ ခေါင်းစဉ်ကိုတော့ သူ့နာမည် ပဲတပ်လိုက်တယ်လေနော်။

စောယူရီဂဲလာ ရိုးမြူးလက် စမိ(သ်)ဒွန်း
(Saw Yuri Galler Romulus Smith Dun)

ခင်မင်မှုကို “ပြန်ကာစစ်”
သိလာကြတာ “၁၀ နှစ်”
မင်းကိုငါက “တော်တော်ချစ်”
မုန်းပြန်တော့လဲ “ပျစ်ပျစ်နှစ်နှစ်”
အခုတော့လဲ OK “ပြန်ဖြစ်”
ဘ၀ မှာလိုတာ အဲ့လို “အစစ်”
တကယ့် သူငယ်ချင်း “အချစ်”
သံယောဇဉ်တွေ “နှောင်တွယ်ရစ်”
ဘယ်ခါတွေးတွေး အမှန် “လိုနှစ်”
မင်းလဲငါ့ကို “တော်တော်ချစ်”
ရန်ဖြစ်ပြီးတော့ “ပြန်ပြန်ချစ်”
အိုဘာတဲ့……“ပြန်ပြန်ချစ်”
လာထား…..“တပြွတ်ပြွတ်ကစ်”
“ခစ်ခစ်ခစ်”………….။

Remembrance for 28th April 2009
Congratulation u r 40!

A Chen
2:00 am
30th April 2009
Home
Bkk

14 comments:

  1. အဟား ဥဥဖျားဖျားလာမန့် သွားတယ်တီချမ်းရေ
    စောင့်နေတာကြာပြီသူများဦးဦးသွားလို့ မမန့် တာ
    ခုတော့လာတိုင်းစောင့်ကြည့်နေတာ ခုတော့ဦးသွားပြီ
    အကိုဖိုးစိန်ကတီချမ်းကိုမကျေနပ်ဘူးတဲ့ ပြောနေတယ်
    အသစ်တွေ့ သွားလို့ သူ့ ကိုမေ့နေတယ်လို့ လည်းပြောနေတယ်
    အဟတ် အမြဲလာပါတယ် ဒီခါ ဦးဆုံးမန့် ရလို့ ပျော်ပြီးပြန်သွားပြီ
    တီချမ်းအဆင်ပြေပါစေဗျာ ဆုတောင်းပေးလိုက်ပါတယ်

    ပေတလူဆိုးပေ အကောင်းစား
    အိုက်ခီလောက်

    ReplyDelete
  2. ဟွင့်..ယောက်ဖကတော့ဖွတယ်ဗျ.
    မပြောမိပါဘူး
    ဘာဖြစ်ဖြစ်
    ချမ်းသူငယ်ချင်းအတွက်
    ရင်ထဲကနေဆုတောင်းပေးခဲ့ပါတယ်
    ကဗျာကလဲရှယ်ပဲ
    ဖတ်ရင်းနဲ့
    ဗြွတ်တွေရော ဘွတ် အဲလေ ခိတွေရောလို့ ပြောတာ
    ဘာဖြစ်ဖြစ်သူငယ်ချင်းကောင်းရှိတာလဲမင်္ဂလာတစ်ပါးပါဗျ
    ခင်တဲ့
    ဖိုးစိန်

    ReplyDelete
  3. ကဗျာလေးကကောင်တယ်ရှင့်။
    ပထမဆုံးမန့် ဖူးတာပါ။
    နောက်လဲရေးနော်။
    ရယ်ချင်စရာလေး။

    ReplyDelete
  4. တီရေ တီ့ သူငယ်ချင်းအတွက် ဟက်ပီးဘတ်ဒေးပါလို့

    ReplyDelete
  5. ချစ်တီရေ.. အိမ်သန့်ရှင်းနေတာနဲ့ ဦးဆုံးမမန့်ရတော့ဘူး။ ငမူးလေးဦးသွားတယ်။ တီသယ်ရင်းအတွက် Happy Birthday!နော်။

    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  6. T chan yay,
    Plz convey my birthday wish to your friend.
    Happy Birthday
    Glacier

    ReplyDelete
  7. အဲ့ဒီလို သူငယ်ချင်းကောင်းတွေ ရှိတာ Addy အရန်းကံကောင်းပါတယ်၊ ဖတ်ရတာ ပျော်စရာကောင်းတယ်

    ReplyDelete
  8. HappY biRthDaY ပါ တီချမ်း သယ်ရင်းရေ

    ReplyDelete
  9. သူက သူမ ကိုချစ်၊ သူမ က သူမဟုတ်တဲ့ နောက်တယောက် ကိုချစ်၊ သူကလဲ နောက်ထပ် သူမ ကိုချစ်၊ သူနဲ့ သူမနဲ့ က ချစ်သလိုလိုဖြစ်

    စုစုပေါင်း အဲဒါ ဘယ်နှစ်ယောက်လဲ ???
    မူးသွားပါတယ်

    ReplyDelete
  10. အားလုံးကို မတွေ့ ဖူးပေမယ့် ခုလို birthday wishes တွေ ပေးကြတော့ ကြည်နူးမိပါတယ် ... ကျေးဇူးဘဲနော် အားလုံး ...
    (သငယ်ချင်းတစ်ယောက်က ပြောဒယ် ဒီပုံက စန္တရား ခင်နုနုနဲ့ တူတယ်တဲ့
    အဟိ .... ဗီလိန်မကြီးပေါ့ ..) ဘာဖြစ်ဖြစ် ကျေနပ်ပါတယ် ...
    သင့်ခယူး အားလုံး
    ယူရီ

    ReplyDelete
  11. ကဗျာနာမည်က အရှည်ကြီးပဲ... ဒါပေမယ့် ကဗျာလေးက ကောင်းတယ်။ ခိခိ

    ReplyDelete
  12. တီ့သူငယ်ချင်းနာမည်က ရှည်လိုက်တာ။ သူများက ဘယ်ရုပ်ရှင်မင်းသားကို တီတင်ထားပြန်ပြီလဲလို့။

    ReplyDelete
  13. ကဗျာကတော့ကောင်းပါရဲ့
    ဘာလို့ ခစ်ခစ် ကပါလာရတာလည်း

    ReplyDelete
  14. ယူရီ-ကမ အသက်(တက်) ရာကျော် ရှည်စေသော်ဝ်

    ReplyDelete