Wednesday, May 13, 2009
တီချမ်း ရဲ့ ၀ါသနာများ (တက်ခ်ပိုစ့်)
ဟိုးလွန်လေပြီးသော ရှေးပဝေသဏီ အခါကပေါ့ ....................ဘယ်သူကလဲမသိဘူး တီချမ်း ကိုတက်ခ်(tag)ပါတယ် တက်ခ်တာ ကတော့ ၀ါသနာတဲ့ ဘယ်လောက်တောင်ကြာပြီလဲဆို တက်ခ်တဲ့လူတောင်မေ့နေတာသာကြည့်တော့ အဲ့လိုမကောင်းတာနော် (jel jel and May D) လို့ထင်ပါတယ်
ဒါပေမယ့် အကြွေးတွေ ကိုမှတ်မိပါတယ် ရှိမရှိမသေချာတဲ့ သံသရာ ဆိုတဲ့ဟာကြီးဆီကို ယူမသွားပါဘူး ခိခိ
အဲ့တော့ အကုန်ပြန်ပေးခဲ့မယ် အမေးရှိတော့ အဖြေရှိရတာပေါ့နော် ဖြေတော့ဖြေတာပဲ
အဲ............ဒါပေမယ့် တီချမ်း တို့ ထုံးစံအတိုင်းပေါ့ ဖြေတာရိုးရိုးမဖြေဘူး ပြန်မေးမယ် မဟော်သဓာ ဆန်ဆန်ပေါ့ ပြောပါတယ် ခသမဟ လို့အစကတည်းက နော်
အဲ့တော့ တက်ခ်သူတွေ လဲကျေနပ်ပါစေ အမှန်က တီချမ်း က ပိုစ့်တော်တော်များများမှာ
ကိုယ့်အကြောင်းကိုယ် တခါတခါ မကြာမကြာ ဆိုသလို လှစ်ဟ ပြတတ်ပါတယ်
ကြည့်သောသူမြင်၏ပေါ့လေ
ခုလဲ လာပြန်ပါပြီပေါ့.................တီချမ်း ဟာ ဒီလိုလူမျိုးဖြစ်ပါတယ်ပေါ့
ဒါတွေ ၀ါသနာပါပါတယ်ပေါ့ နော် .........................အဖြေကိုတော့ ကိုယ့်ဘာသာ ဂတ်စ် (guess)စေချင်တယ်လေ အဲ့တာကြောင့် ၀ါသနာ လေးတွေ ကို နံပတ်တတ်သွားတယ် ပြောမပြသွားဘူး ကိုယ့်ဘာသာတွေးကြည့်ဖြေကြည့် အဖြေညှိပေါ့လေနော် ......................
တခုဖြည့်ပြောချင်ပါတယ် ၀ါသနာတွေ ကိုအမှတ်စဉ်တတ်ထားတာ ဖြေရလွယ်အောင်ပါ အမှတ်စဉ်ရှေ့ရောက်တာ ကိုဝါသနာပိုပါတယ် လို့ မသတ်မှတ်ပါဘူးလေနော်..........
ပေါက်တယ်ဟုတ်
တီချမ်းစာတွေ ဒီလောက်ဖတ်နေရင်တော့ အိုင်ကျူက မြင့်ပြီးသားနေမှာပါနော်.........ခိခိ ချူပ်စ် ချူစ်........
ဒါကတော့ ၀ါသနာ အမှတ်စဉ် (၁)ပါတဲ့ အမှန်ကတော့ အသေးစိတ်စကားကို ကပ်ပြောရရင် နံပါတ် (၁)က
ဝါသနာ ၃ ခုပေါင်းပါတဲ့လေနော်
ဘာများဖြစ်မလဲ မောင်ညီမလေးတို့ရယ် တွေးကြည့်ကြပါအုံးလေ......................နော်
ဝါသနာ အမှတ်စဉ် (၂)ပါ
ဝါသနာ အမှတ်စဉ် (၃)ပါ
ဝါသနာ အမှတ်စဉ် (၄)ပါ
ဝါသနာ အမှတ်စဉ် (၅)ပါ
ဝါသနာ အမှတ်စဉ် (၆)ပါ ဒါလေးက ငယ်နုစဉ် က ပိုလုပ်ဖြစ်တဲ့ ၀ါသနာလေးပါ ခုတော့ အချိန်မရတာရယ် စိတ်မပါတာရယ်နဲ့မလုပ်ဖြစ်တာကြာပြီပေါ့ ဒီပုံက CD ကာဗာပါ မဆလာမဟောင်းလေ ဂျယ်ရီ ဟော်လီဝယ်လ် ရဲ့ တကိုယ်တော်အခွေကာဗာဖြစ်ပါတယ် ရှိက်ဇိုဖော်နစ် ဆိုတဲ့အခွေပါ အစက အင်္ကျံပါတယ် တီက ဟိုစကားဘာတဲ့ မိန်းကလေးဆိုတာ ဖော်ရမယ့်နေရာတွေ ကိုဖော်ရတယ် အဲ ဖုံးရမယ့် နေရာတွေ ဆိုလဲ လှတာလေးတွေနဲ့ပဲဖုံးရတယ် ဆိုတာ သတိရလို့ ဖော်ပေးလိုက်တယ် အကိုကာလသားများအတွက်စ်..........
ဝါသနာ အမှတ်စဉ် (၇)ပါ ခုနောက်ပိုင်းလွယ်လို့ တော်တော်လုပ်ဖြစ်ပါတယ်
ဝါသနာ အမှတ်စဉ် (၈)ပါ
ဝါသနာ အမှတ်စဉ် (၉)ပါ ဒါလဲ နှစ်ခုပဲ တခု က နေ့တိုင်းလုပ်တယ် အမြဲလုပ်ဖြစ်တာပါ နေ့တိုင်းအချိန်တိုင်း လို့တောင်ပြောလို့ရပါတယ်လေ
၂၄-၇ ပေါ့နော် အဲ့လောက်ကို တစိုက်မတ်မတ်လုပ်ဖြစ်ပါတယ် ဒီလောက်ကြိုက်တဲ့ ၀ါသနာပါနော်
နောက်တခု က တခါတခါ မှလုပ်ဖြစ်တယ်
ဝါသနာ အမှတ်စဉ် (၁၀)ပါ ဒါကလဲ အလုပ်နဲ့ ပတ်သက်ပြီးတော့ ကြိုကြားကြိုကြား တော်တော်လုပ်ဖြစ်တဲ့
ဝါသနာပါပဲ ရှေ့တခုနဲ့တောင်ဆက်စပ်လို့ရတယ်နော်...............
ကဲကဲ ဖြေကြနော်
အားလုံးပျော်ရွှင်ကြမယ် လို့မျှော်လင့်ပါတယ်
မိန်းမရွှင်
တီတီချမ်း
ခိခိခိ
A Chen
13th May 2009
11:29 pm
Home
Bkk
17 comments:
  1. အမှတ်စဉ် (၂) ကတော့တော်တော် အာဘီထရိတ်တင်းဖြစ်နေတယ်။ ရေကူးတာလား။ လျမ်းတာလား။ ယာက IQ မမြင့်တော့ မစဉ်းစားတတ်ဘူးကွယ်။
    ReplyDelete
  2. တီချမ်းတို့များ idea ကောင်းပါ့
    ၀ါသနာကို ပုံတွေနဲ့ပြောသွားတာ..
    10 က ဘာကြီးတုန်း ကျန်တာ တွေက သူ့ဟာနဲ့သူရှင်းနေတာ..
    ReplyDelete
  3. တီကတော့ လုပ်ပြီ..
    အမှတ်စဉ် ၇က ဘာကြီးတုန်း ကျောက်စိမ်းအဆောင်လားဟေ တီကတော့နော် ဘန်ကောက်မှာ ပူလို့ဖြစ်မယ် မြွေသိုင်းကျင့်နေတယ် ကြည့်ဦး အဲ့တာကြောင့်ဖြစ်မယ် ညနေက ဘန်ကောက်မှာ မိုးတွေခြိမ်းနေတာ.
    ReplyDelete
  4. တီချမ်းဆီမှာ ခုမှ မန့်ဖူးတာပါ။
    သိသလောက် ဖြေကြည့်မယ်နော်။
    ၁) စာရေးခြင်း
    ၂) ရေကူးခြင်း
    ၃) စိတ်ဝင်းစားခြင်း
    ၄)ဗီဒီယိုကြည့်ခြင်း
    ၅)ခရီးသွားခြင်း
    ၆)ပန်ချီးဆွဲခြင်း
    ၇)သိသလိုလိုနဲ့ မသိဘူးဖြစ်နေတယ်ဗျ
    ၈)စာဖတ်ခြင်း
    ၉)နားထောင်ခြင်း နှင့် ကခုန်ခြင်း
    ၁၀) စိုက်ပျိုးခြင်း
    မှားတာတွေပြန်ပြောပြပါအုံး ဗျို့
    ReplyDelete
  5. ဝါသနာ ၄ ၅ ၈ ကိုတော့စိတ်ဝင်စားတယ်
    ReplyDelete
  6. Oh ... this is a 18+++ post.
    We must check the IDs of visitors before reading this post. :P
    ReplyDelete
  7. ၁။ စာရေး၊ သီချင်းနားထောင်၊ ဓါတ်ပုံရိုက်ခံခြင်း
    ၂။ ရေကူး
    ၃။ ကလေးထိန်း (ဒါရောဂါပြန်ထတာတဲ့ :P)
    ၄။ ဗီဒီယို ရုပ်ရှင်ကြည့်ခြင်း
    ၅။ ခရီးထွက်တာလို့ထင်တာပဲ
    ၆။ ပုံဆွဲပေါ့နော်
    ၇။ အဲဒါတော့ ဘာကြီးလဲမသိဘူး .. သေချာလဲမကြည့်ရဲဘူး .. :P
    ၈။ စာအုပ်ဖတ်တာနဲ့ စာအုပ်စုတာလားသိဘူး .. :D
    ၉။ ဒွန့်တာ ဒွန့်တာ .. :D
    ၁၀။ ခရီးထွက်ရင်း ရှုခင်းပုံ ဓါတ်ပုံရိုက်တာလား သိဘူး ..
    ဟုတ်လား .. မှန်လား .. ပြောဦးနော် တီ .. :D
    ReplyDelete
  8. တီရေ...ဖြေပြီ..
    ၁။ စာရေး..သီချင်းနားထောင်..ဓါတ်ပုံအရိုက်ခံ..
    ၂။ရေကူး
    ၃။သုံးကတော့သိဘူး..ရမ်းဖြေမယ်...ကလေးလိုချင်တာ..ဟိဟိ
    ၄။ရုပ်ရှင်ကြည့်မယ်
    ၅။ခရီးသွားမယ်
    ၆။ပန်းချီဆွဲခြင်း.
    ၇။တီတို့ဘန်ကောက်မှာအရမ်းပူတာလို့ပြောတာလားတီ...
    ၈။စာဖတ်တာ
    ၉။အလုပ်လုပ်ရတာညောင်းလို့..ဒန့်တာ...:P..နှစ်ခုဆိုတော့.. နားထောင်ရင်းနဲ့ဒန့်တာ...ရွှီးတာ...မှန်လိုမှန်ငြား...
    ၁၀။ ခရီးထွက်ရင်လက်ကအငြိမ်မနေနိုင်လို့..ကင်မရာလေးနဲ့ မှတ်တမ်းတင်တာ..
    မှန်လားတီ..၇ခုလောက်မှန်ရင်ဟင်းချက်ကျွေး...ဒါဘဲ..မန့်လိုက် တာဗိုက်ဆာသွားပြီ...
    ReplyDelete
  9. ၁) စာရေးခြင်း
    ၂) ရေကူးခြင်း၊ ဒိုင်ပင်ထိုးခြင်း
    ၃) ကလေးချစ်တတ်ခြင်း
    ၄) ရုပ်ရှင်ကြည့်ခြင်း၊ ကြိုက်သောရုပ်ရှင်များကိုစုဆောင်းခြင်း
    ၅) ခရီးသွားခြင်း
    ၆) ပန်းချီဆွဲခြင်း
    ၇) ယောဂကျင့်ခြင်း
    ၈) အချိန်မှန်စာဖတ်တတ်ခြင်း
    ၉) သီချင်းနားထောင်ခြင်း၊ ကခုန်ခြင်း
    ၁၀) ဓါတ်ပုံရိုက်ခြင်း
    ကဲ တီ
    ကုန်ပီ။
    ဖြေပြီးပြီ။
    ကျွေးတော့ တစ်ခုခု။
    ဦးနှောက်က အလုပ်လုပ်ရလို့  ဗိုက်ဆာလာပြီ။
    အင်နာဂျီကုန်တယ်။
    ReplyDelete
  10. PG 13
    :P
    Thanks for long post.
    For No. (3) Plz contact with Angelina Jolie.
    Glacier
    ReplyDelete
  11. ၁။ စာရေး၊ သီချင်းနားထောင်၊ ပါးစပ်ဖြဲ၍ ဓါတ်ပုံ အ၇ိုက်ခံခြင်း
    ၂။ ရေကူး ချင်ယောင်ဆောင် ရင်း လိုအပ်သည်များကို ရှာဖွေ စားသောက်ခြင်း
    ၃။ ကလေးလိုချင်တဲ့ ရောဂါ (ခုတလော ဒီရော ဂါတော်တော်ဖြစ်တာ ၊ ၀က်တုတ်ကွေးနဲ့ အပြိုင်ဘဲ)
    ၄။ ဗီဒီယို ရုပ်ရှင်ကြည့်ခြင်း( ဒရမ်မာ နဲ့ သရဲကား နဲ့  အသက်အရွယ်တိုင်း ကြည့်လို့ မရတဲ့ကားတွေ)
    ၅။ တောင်ပြေးလိုက် မြောက်ပြေးလိုက် ဟိုပြေးဒီပြေး ခရီးထွက်ခြင်း (ရှင် သွားခြင်တဲ့နေရာလေးတွေလေ ... မသေခင် ဒို့ တွေလည်း ရောက်အောင် သွားလိုက်ပါအုံးမယ်။)
    ၆။ ပုံတူလေးတွေကို ဆွဲတာလေ ။
    ၇။ အနုပညာကို ခနွာ လှစ်ဟကာ ကြည့်သူများသရိုးသရီဖြစ်အောင် ဖော်ပြခြင်း ( ကိုယ်ခန္ဒာကို လူအများအား ပြ ပြီး အလှူပြုခြင်း)
    ၈။ စာအုပ်တွေလေ စာအုပ်တွေကို အဟောင်းဆိုင်ကရော အသစ်ဆိုင်ကပါ ၀ယ်ပြီး စုတဲ့ အကျင့်
    ၉။ အစက ရှင့်မှာ ဒီ အဒွန့် ဒန့်  ဒန့်  ရောဂါ သိပ်မကြီးသေးပါဘူး ။ ခုတော့ ကိုယ့်ဟာကို နားမှာ တပ်ပြီး တော်တော် ဒန့် ဖြစ်နေပြီပေါ့လေ ... အင်းပေါ့လေ ဘိုလို လုံးလီး ဖြစ်လို့  တစ်ယောက်တည်း ဒန့် တာနေမှာပါ။
    ၁၀။ ရှုခင်းပုံ ဓါတ်ပုံရိုက်တာ
    ကဲ မုန့် ကြွေးတော့ ။ ကျမဖြေပြီးပြီ
    ReplyDelete
  12. အချက်အပြုတ်က ၀ါသနာထဲ မထည့်ထားဘူးလားဗျ
    ReplyDelete
  13. အမှတ်စဉ် ၃.. ကလေးပုံတွေဆိုတော့..
    ကလေးမွေးတာ ၀ါသနာပါတာလားတီတီ... ဟီး :D
    ReplyDelete
  14. ကဲ ချစ်တီရေ ... မိရောင်တို့ စတင်ရွှီးပါမယ်နော့်။
    ၁) စိတ်လွတ်ကိုယ်လွတ် သီချင်းနားထောင်ရင်း စာရေးရတာကို ၀ါသနာပါတယ်။
    ၂) ရေကူးတာဝါသနာ
    ၃) ကလေးချစ်တာလည်းဝါသနာ
    ၄) ရုပ်ရှင်ကြည့်ရင်း အပန်းဖြေတဲ့ဝါသနာ
    ၅) ခရီးသွားတတ်တဲ့ဝါသနာ
    ၆) ပန်းချီဆွဲတဲ့ ၀ါသနာ
    ၇) စိတ်လက်ပေါ့ပါးစွာ အိပ်စက်အနားယူတဲ့ ၀ါသနာ
    ၈) အချိန်ရရင် ရသလို စာဖတ်တတ်တဲ့ ၀ါသနာ
    ၉) သီချင်းနားထောင်ရင်း ကခုန်ရတဲ့ ၀ါသနာ
    ၁၀) အပျော်တမ်း ဓါတ်ပုံရိုက်တတ်တဲ့ ၀ါသနာ
    ကဲ ချစ်တီရေ... မိရောင်တော့ ရေးပြီးပြီနော်။ မှန်မမှန်တော့ တီဆုံးဖြတ်တော့။ တူအရီးနှစ်ယောက်က အမြဲတမ်း ရှေ့သွားနောက်လိုက် ညီတတ်တယ်လေ။ တီ့ဝါသနာတွေကို မှန်းတာရော ဘယ်လောက်ရာခိုင်နှုန်းလောက် မှန်မမှန် ပြန်ပြောပါနော်။
    ချစ်တူမ
    တီခေါ်တဲ့ မိရောင်
    ReplyDelete
  15. သူများပြောသလို တီ့ဝါသနာကို ပြောပြရမှာလား...။
    ဒါမှမဟုတ် သူများပြောထားတာကို ကော်ပီလုပ်ရမှာလား
    ဟီးးးး
    အိုင်ဒီယာကတော့ ကောင်းပါတယ်
    မဂ္ဂဇင်းလေ :P
    ReplyDelete
  16. အကုန်ဖြေပြီးကုန်ကြပြီ ဆိုတော့ ကိုယ်သက်သာသွားတာပေါ့။
    ဒါနဲ့ အမေးနွားကျောင်း အဖြေဘုရားလောင်းတဲ့... ဟုတ်လားဟင်
    ReplyDelete
  17. ဒါမျိုးဖြေချင်တာ နောက်ကျသွားတယ်
    ReplyDelete