Thursday, May 14, 2009

ထာဝရ ကြယ်စင်

မနက်ဖြန်မှာ ကျရောက်မယ့် တီ့တူမ မိုးခါးလေးအတွက် မွေးနေ့ (ဒေါ်ရီတာထောက်ပြလို့ ထပ်ထည့်သည်။ အဲ့လိုပဲ ဆရာမကြီးစကားနားထောင်ရတယ်ရှင့် ခိခိပါရှင့် ကျန်သွားတာဆော်ရီးရှင့်) အမှတ်တရ ကဗျာပါရှင့်
အသိပေးသူချစ်တူမ မိရောင်ကိုကျေးဇူးအထူး အာဘွားပါတယ်ရှင့်
အမှန်ကတော့ ရိုးရိုးရေးမလို့ပါရှင့် ဒါပေမယ့် တူမတော်ကလှတပတကလေးဆိုတော့
မျောက်တွေရန်ကိုကြောက်တာနဲ့ ဒီပုံလေးနဲ့တင်လိုက်ရပါတယ်ရှင့် ပိုင်ရှင်ရှိတယ်ပေါ့ရှင့်
ဒူးရင်သီး သရက်သီး နာနတ်သီး တွေကိုသောကြာနေ့တိုင်း မရောင်းချင်ရင် လက်ရှောင်ပါပေါ့နော်ရှင့်
(ဒု သ န သော ကိုပြောချင်တာပါရှင့်)
ခိခိရှင့်
ပြီးတော့ အောက်ဆုံးမှာ ကိုကိုကာကာ ကိုအားကျလို့ဘောနပ်စ် ထည့်ပေးထားပါတယ် ရှင့်
ဖတ်ဖြစ်အောင်ဖတ်သွားကြပါနော်
ခိခိခိပါရှင့်
ချစ်စရာလေးနော် သူတို့အတွဲလေးက၊
အိုအောင်မင်းအောင်ပေါင်းကြရပါစေရှင့်
မျောက်တွေရန်ကလဲကင်းဝေးပါစေရှင့်
တီချမ်း ဆုတောင်းပေးပါတယ်ရှင့်




ထာဝရ ကြယ်စင်

ထာဝရ ကြယ်စင်
နာမည်က မမိုးခါး
ကိုမိုးခါးမဟုတ်ဘူးရှင့်
သိကြရဲ့လား

ကြိုက်တဲ့မုန့်တွေ
အချဉ်ရယ်ချောကလက်ပြား
မစ်ရှိတ် နဲ့ကော်ဖီ
သူမ အမြဲစား

အသက်က ဒွေး နဲ့ လေး
“သက်သက်” တဲ့လား
နေတာက ဂျပန်မှာ
သူမ ရည်းစား

ပြိဿခွင် ရာသီနဲ့
နွားနှစ်မှာဖွား
ကဗျာတွေ စာတွေ စပ်စပ်
ရေးချင်ပြန်သား

စာဆိုရင် အကုန်ဝါး
ဝတ္ထုတွေလဲ အကုန်လာထား
ဖတ်နိုင်လိုက်တဲ့ မိမိခါး
ဝါးစားတဲ့အလား

စိတ်ပြောင်းလဲတကယ်မြန်
လှစ်နေတဲ့အလား
ခုနက ဆီထမင်း
အခု စာကလေးစား

ဝါသနာက တော်တော်များ
စာဖတ်မယ်တအား
ခရီးကထွက်ချင်ပြန်တယ်
သီချင်းဆိုမလား
လာထား…လာထား
တကယ့်ပြိုင်စံရှား
အဲ့တာက “ဘူလေးရဲ”
တီ့တူမ “မိမိုးခါး”
သိကြရဲ့လား။ ။

A Chen
9:40 pm
14th May 2009
Home
Bkk

Bonus:

ငစိန်ကောင်ရန်စပါလို့
တောင်ကြီးဖြိုရန်
ကြိုးစာတယ်ငမျောက်ကောင်က
ပြိုင်ရေးမယ်သူ့အကြံ
မိုးခါးအတွက်ဖန်
ကဗျာ့ဥာဏ်သူ မထွက်
ဖင်ကချီးထွက်
အဟက်ဟက်ဟက်
မျောက်ချေးခါးဟင်းချက်စား
လွှတ်ကောင်းတယ်ဗျား
အဟားဟားဟား

စာဆိုတော်
မိန်းမရွှင်မ မိမိချမ်း
လျှမ်းလျှမ်းလျှမ်း...............

29 comments:

  1. တီရေ
    ကျေးဇူးအထူးပင်တင်ရှိပါကြောင်း
    ဒါတွေကြောင့်ချစ်နေရတာ
း)

    ခါးခါး

    ReplyDelete
  2. ဟီးဟီး... မိုးခါး ဘာတွေ ၀ါးစားလည်း ဆိုတာ အခုမှပဲ သိတော့တယ်....

    တီရေ ကိုကိုစိန်ကို သွားမလည်တော့ဘူးနော်
    ဟိုဒင်းနံလို့....
    အဟတ်

    ReplyDelete
  3. မနက်ဖန်မှာ ကျရောက်မယ့် တီ့တူမလေး မိုးခါး ဟုတ်လား။
    ဘယ်ကနေ ကျလာမှာလဲ။ တော်ကြာ ၀ိုင်းကောက်နေကြဦးမယ်။ စာကို သေချာမရေးဘူး။ မွေးနေ့ဖြင့် မွေးနေ့ ထည့်ရေးပါလား။

    ReplyDelete
  4. ချစ်တီက အရမ်းတော်တယ်နော်။ တူမတွေကို ဂလိုဂလိုချစ်တာ။ Happy Birthday ပါ ချစ်ညီမလေးရေ။ ထာဝရပျော်ရွှင်ပါစေ။

    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  5. သြော်အဲ့လိုလား ကိုဖိုးစိန်က
    တော်ပြီ မသွားတော့ဘူး.........
    အနံ အသက်မကောင်းဘူး....
    :P

    အင်း မိုးခါး ကို မနက်ဖြန်ဘာကျွေးခိုင်း၇င် ကောင်းမလဲ

    ReplyDelete
  6. တီချမ်းတို့များ ရေးတတ်ပါ့

    မိုးခါးရေ..
    Happy Birthday...

    ReplyDelete
  7. ငစိန်ကောင်ရန်စပါလို့
    တောင်ကြီးဖြိုရန်
    ကြိုးစာတယ်ငမျောက်ကောင်က
    ပြိုင်ရေးမယ်သူ့အကြံ
    မိုးခါးအတွက်ဖန်
    ကဗျာ့ဥာဏ်သူ မထွက်
    ဖင်ကချီးထွက်

    ထွက်တဲ့ချီးသူထိုင်မျှော်
    မိန်းမရွှင်တီချမ်းနော်
    ပျောက်စေကြောင်းရောဂါများ
    စားပြစ်မယ်ဖိုးစိန်ချီးများ
    စားမယ်ဟန်ပြင် မကြည်ရွှင်ဖိုးစိန်ဘဝင်ကြောင့်
    သူကလှော် လူလစ်ကာစားပါတော့
    နစ်ပါတယ် ချီးတပိုးးး
    သြော် မိန်းမရွှင် မိချမ်းဘဝ
    အမျှ အမျှ..
    အဲ မှားလို့ 
    မလှ မလှ
    အဲလိုပြန်ကစ်တာကွ
    ဖိုးစိန်

    ReplyDelete
  8. ဟေးးးးးးး ငါ့မောင်လေးကလည်း တော်တယ်ကွ။ လေးချိုးကဗျာလေး နဲ့တူတယ်။ လုပ်ထားကွ ...........

    ချစ်တီ ကိုယ့်အလုံးနဲ့ကို ပြန်အသွင်းခံရပြီနော်။

    ချစ်တူမ
    တီခေါ်တဲ့မိရောင်

    ReplyDelete
  9. ဟား ဟား တိပီ တိပီ.... တီချမ်း အားအားရှိ စားနေတာ ဘာလဲဆိုတာ.. . ခိခိ... တီချမ်းချက်တာ ဆို၇င် ဝေါင်ဝါင် ရှေးတော့မယ်

    ReplyDelete
  10. ချီးစိမ်းပန်းမျောက်ကောင်မှာ
    စိတ်ကယောင်ချောက်ချား
    ဖြစ်နေတာ သနားစရာ
    တွေးမိလေသား

    ခုများတော့မတတ်နိုင်
    မကယ်နိုင်ပါသွား
    ကဗျာတောင်ကာရံသူ မမိတော့
    တွေးမိတိုင်းမျက်ရည်ဝိုင်းတယ်
    အဖြစ်ဆိုးမျောက်မောင်မောင်မှာ
    တီချမ်း ကိုထိုင်ရှိခိုး
    ဆရာတင်မဗျိုး
    ပြောနေလွန်းလို့
    စာဆိုတော် မိမိချမ်းကျမ
    မျောက်ကောင်ကိုသနားလာလို့
    တော်ကောက်မယ်ကြံ
    ဒီအချိန်သူစောင့်ပါလို့
    လက်သည်းနဲ့ကုတ်
    အံမလေးတော်သေးတာပေါ့
    ဒီအရေးတီကြိုမြင်တယ်
    ကြိုးနဲ့ နာနာတုတ်
    ဒုတ်ကိုထုတ်
    ဖင်ကိုအုတ်
    မျောက်မောင်အမြီးကုတ်
    ဂုတ်ဂုတ်ဂုတ်
    (မြည်သံစွဲတောင်ထည့်ပေးလိုက်တယ်
    ကဗျာဆိုတာဘယ်လိုရေးလဲ
    ကြိုးစားပြီး လေ့လာသင်ယူပါလေ့
    အမောင်မျောက်ငမိုက်သား)

    ReplyDelete
  11. သတ်ပွဲဆိုလို့ဘာများလဲ အောက်မေ့တာ။
    တီ့ ချစ်တူမ မမိုခါး ထာဝရပျော်ရွှင်ပါစေ။
    တီလဲ မျောက်ချေးခါးစားပီး အလားဂျစ်ရပါစေ......

    ReplyDelete
  12. အမ် မြည်သံစွဲ အလကာင်္ဆိုတာ ဒါလား။ မှားပါတယ်နော်။ ထွက်လည်းထွက်တယ်။


    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  13. ကဗျာရေးတဲ့ မိန်းမရွှင်
    ဘဝင်ကိုလေဟပ်
    သူကိုယ့်သူ မိုးမမြင်
    ထိုးထောင်မြင် နန်းအသွင်မှတ်ပါလို့
    ခုန်တက်မယ်ကြံ မျောက်မင်းကိုအံတုလို့
    ကျိုးပါတဲ့အရိုး သူအထင်မျောက်ဘုရင်ထိုင်ရှိခိုး
    ရှိခိုးပေါင် သူ့ပေါင်မှာဝဲတွေနဲ့မို့
    သနားတယ်မိန်းမရွှင်ဘဝ
    ဇာတ်သိမ်းတောင်နာမည်မလှမှာမို့
    သနားလို့လူရာသွင်း
    သို့ရာတွင်
    လင်တစ်ရာ ဖင်မကြွနန့်ပါလို့
    မျောက်ဘုရင်အမျက်တော်ဝင်တယ်
    မျောင်တစ်သောင်းကိုလင်လုပ်စေ
    ပေးလိုက်မယ်ဘွဲ့အမည်တော်
    မိန်းမရွင်တီတီချမ်း ခေါ်သာပ
    မပျက်တော် ဆက်ကာလုပ်ပေးတော့
    မိန်းမရွင် မိမိချမ်း

    ReplyDelete
  14. လင်တရာဖင်မကြွနန့်တာကို
    မျောက်ဘုရင်အမျက်တော်ဝင်မှာပေါ့
    စာဆိုတော်မိမိချမ်းကို
    အူတိုသူ မောင်မောင်မျောက်
    အခုမှ သူ့ရင်ကထဲမြင်နေရတယ်
    ဪ ကိုရီးယားဇာတ်

    မျောက်တသောင်းလင်လုပ်ရရင်
    တွေးမိတိုင်းပျော်လွန်လွန်းလို့
    မျက်နှာတော် ရွှင်ပြုံး
    မိန်းမရွှင်မိမိချမ်းမှာ
    တစိမ့်စိမ့်နဲ့ ပြုံး

    ကျေးဇူးတွေတင် မျောက်ဘုရင်မောင်မောင်ဘုရား
    ပေးသနားမျောက်တသောင်းနဲ့ ပျော်လိုက်မယ်တအား
    နောက်များမှ အူတိုကာ
    မျောက်ဘုရင် ဖင်မကြိမ်းနဲ့
    ပန်းထားတဲ့ချီးစိမ်းတွေ အားနာပါလား

    ReplyDelete
  15. တီလဲ မျောက်ချေးခါးစားပီး စာဆိုတော် တအား ထက်ပါစေ ဆုတောင်းတာ။ မွှားတွားရို့

    ReplyDelete
  16. ဟဟဟဟဟဟဟဟဟဟဟဟဟဟ
    လုပ်ကြာကွာ... ထိုင်ကြည့်နေမယ်
    ဟားဟား

    လေးချိုးတွေ ဒွေးချိုးတွေ နဲ့ ......

    ချကွချကွ
    မဖြန်ဖြေဘူး...... လက်ခုပ်တီးမယ်
    ဟားဟား

    ReplyDelete
  17. သြော် ..မမြင်နိုင်တဲ့အလင်းရောင်
    မကြားနိုင်တဲ့စကားလုံးကြား
    ရေအိုင်ထဲက ဖားသငယ်လို
    ဝါးလုံးကြား လသာပါလို့
    သူ့ကိုယ်သူအဟုတ်ထင်
    မိန်းမရွှင် သူ့စိတ်ထင် မျောက်ဘုရင်ကြိုက်တယ်ထင်ပ
    မတန်ရာ မတူတာမှန်းပါလို့
    မိန်းမရွှင် နဲ့ မျောက်ဘုရင်ဘဝ
    လားလားမှ မအပ်စပ်
    ခပ်သန့်သန့် မျောက်ဘုရင်
    မိန်းမရွှင်ဘာပြောပြော
    ပြုံးပြုံးနဲ့ သူ့ဟန်သွင်
    စိတ်ထဲတွင်တော့
    မတန်ရာကြံကာမှန်းပါတဲ့
    မိန်းမရွှင်တီတီချမ်း
    ပို့လိုက်မယ် ရွာသာကြီးစခန်း

    လမင်းကိုခွေးဟောင်
    ပတ္တမြားဂူဝက်ပွတ်သလို
    မျောက်မင်းကို မိန်းမရွှင်ဟောင်တယ်
    ကောင်းလိုက်တဲ့ပွဲ
    သိုသော့်လည်း
    မျောက်မင်းကတော့ စင်ပေါ်မှာပဲ

    ReplyDelete
  18. ညီမလေး မိုးခါး အတွက်
    မွေးနေ့ အမှတ်တရတော့ ဖြစ်ရပါတယ် ။

    ရီနိုး

    ReplyDelete
  19. လက်ရာမှန်တွေ ဖော်ကြပါပြီ .. မမိုးခါးမွေးနေ့ပွဲ ပွဲစီပါပြီ .. လုပ်ပါလုပ်ပါ ...အားပေးကြပါ .. EE ဘယ်သူစားရမလဲ ကြည့်ပါမယ် :D

    ReplyDelete
  20. Addy: စိန်
    စိတ်ဆိုးနေလား


    sein: ပြော
    မဆိုးပါဘူး
    သူပြောကိုယ်ပြော


    Addy: အင်း


    sein: ပျော်တောင်ပျော်သေး
    အဟီးးး


    Addy: ကိုယ်အိပ်ပြီ
    မရေးတော့ဘူး


    sein: အနော်ဘယ်တော့မှစိတ်မဆိုးဘူး
    နောက်ကမဖတ်ဘူးလား
    လုပ်လေ
    ပျော်တယ်ဝေးးးးး


    Addy: ဖတ်ပြီးပြီလေ


    sein: အဟီးးး
    နိုင်အောင်တိုက်မယ်လေ


    Addy: ရပါတယ်
    အရှုံးပေးပြီးသား


    sein: အဟားး
    နိုင်တယ်ပေါ့


    Addy: ယူစေ


    sein: ဝေးးးးးးးးးးးးး


    Addy: အစကတည်းက အနိုင်လိုချင်တာမှမဟုတ်တာ
    အားလုံးပျော်စေချင်တာပါ


    sein: ဟုတ်ပါဘူး
    အားလုံးကိုပျော်စေချင်တာပါ


    Addy: ရန်လာတိုက်တဲ့လူတောင်ရှိတယ်သိလား
    ခိခိ


    sein: ချမ်းကရေးဆိုလို့ နော်
    အဟီးး
    ဒူတုန်း


    Addy: အံမယ်
    ကဲကဲ အိပ်ပြီနော်
    နှိုက်
    နှိုက်ပြီ
    ခိခိ


    sein: အားး


    Addy: ဟင်


    sein: ဖြည်းဖြည်းမိန်းမရွှင်ရဲ့ 


    Addy: ဘာဖြစ်သွားတာလဲ
    ခိခိ


    sein: နင့်တခွန်မရတဲ့လက်နဲ့ 


    Addy: မောင်မျောက်ကလဲ


    sein: လာနှိုက်နေတယ်
    အဟီးးး


    Addy: ဟဟဟ


    sein: အားလုံးကသဘောကျနေတယ်
    သိလား


    Addy: ကဲကဲ တော်ပြီ တော်ကြာထလာမယ်
    တာ့တာ


    sein: အနော်တို့ နှစ်ယောက်ဖွိုက်တာ


    Addy: ကောင်းသောည


    sein: အဟီးးး
    ပျော်စရာကြီး


    Addy: ချစ်တယ်နော် ရွှတ် အာဘွား ကစ်

    sein: ရွှတ် ဖတ်
    အဲဒါနှပ်

    ReplyDelete
  21. မိန်းမရွှင် ချမ်းချမ်းကိုပြန်တိုက်နေတာနဲ့
    မိုးခါးအတွက်ဆုတောင်းဖို့မေ့နေတယ်
    မိုးခါးရေ
    ပျော်ရွှင်ချမ်းမြေ့သောဘဝကိုပိုင်ဆိုင်နိုင်ပါစေဗျာ

    ReplyDelete
  22. အင်း မိုးခါးမွေးနေ့ ပျော်ရွှင်ပါစေဗျာ
    တီချမ်းနဲ့ ကိုဖိုးစိန်ဖိုက်တာလည်းကောင်းတယ်
    ဖတ်ပြီးအူတောင်တက်တယ် ရီလိုက်ရတာ

    ReplyDelete
  23. မနက်ဖြန် ကျရောက်မဲ့ ဟီး အမှန်တော့ အခုပဲ ၂ နာရီထိုးနေပီ
    HapPy BirTHday ပါ အမမိုးခါးရေ
    ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေဗျာ
    ချစ်တဲ့ သူနဲ့ ထာဝရ လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

    ခင်တဲ့ ဖိုးဂျယ်

    ReplyDelete
  24. မိုးခါးမွေးနေ့မှာအမှတ်တရလေးဖြစ်သွားပြီ..ပျော်စရာကြီး. တီရောဖိုးစိန်ရောတော်လိုက်တာ...ဟိဟိ...

    ReplyDelete
  25. ရီလိုက်ရတာ.. အားလုံးကိုကျေးဇူးတင်ပါတယ် .. အမှတ်တရပါပဲ ..း)
    တီရေ ကျေးဇူးအထူးပါ ..း)

    ReplyDelete
  26. ကိုဖိုးစိန်ကြီးလည်း ကျေးဇူးအထူး ..း))
    ဖိုက်ပြီး မောသွားလို့ :D

    ReplyDelete
  27. T Chan, Pho Sein,
    Both are so terrific.
    I really salute you, guys.
    BTW, Happy Birthday မိုးခါး
    Glacier

    ReplyDelete
  28. တော်တယ် သယ်ရင်းကော တီကော
    လက်တန်ရေးနိုင်ကြတယ်။
    ကာရံမိမိလေးနဲ့ ဖဲ့နေကျတာ။

    ညီမလေး မိုးခါး အတွက်တော့ ပွဲစီသွားတာပေါ့

    ရီနို

    ReplyDelete