Saturday, May 16, 2009

ဖိုးစိန်ရှာတဲ့ ပြဿနာ (သို့) ကြောက်စရာတီတီချမ်း (သို့) အပျက်ပျက်နဲ့သွေးထွက်တဲ့ နှာခေါင်း (သို့) sensitive ဖြစ်ခြင်း

မနေ့ က မိုးခါးမွေးနေ့ ဆုတောင်း မှာ အပြန်အလှန်ရေးကြပါတယ်
နောက်တော့ ညကျ အိပ်ခါနီး နှုတ်ဆက်တဲ့ ထိအိုကေပါပဲ(အိုကေပဲထင်ခဲ့တာပါ)
ဒီနေ့တနေ့လုံးဖိုးစိန်နဲ့ စကားမပြောဖြစ်ပါဘူး
တီ က တနေ့လုံးမိတင်နဲ့ ညားနေလို့ပါ
ညနေကျတော့ ဒီနေ့ ရန်မဖြစ်ရသေးတာနဲ့ တခုခုလိုနေသလိုဖြစ်နေတာနဲ့
စောင့်နေပါတယ် မနက်ဖြန်ထ စရာမလိုတာလဲ ပါတာပေါ့လေ
ဖိုးစိန်ပြန်လာတော့ တီ့ ဆီမှာ ၃ နာရီခွဲပါပြီ မနက် ပါ
ရောက်တော့ စကားပြောမယ် ဆိုပြီး စောင့်နေတာနဲ့ ပြောပါတယ်
စပြောကတည်းက အချိုးမပြေပါဘူး
အောက်မှာတွေ့တဲ့အတိုင်းပါပဲ
သူပြောချင်တာ က တီ က ကြောက်စရာကောင်းပါတယ်တဲ့
ဘာ့ကြောင့်လဲ ဆိုတော့ မိုးခါးလေး မွေးနေ့ ကဗျာ ကို တီ က အစက ဓါတ်ပုံ ထည့်ဖို့ မရည်ရွယ်ပါဘူးတဲ့
သူက မိုးခါးကို မွေးနေ့ မှာ ရည်းစားစကားပြောမယ် ဆိုပြီး တီ့ ကိုပြောတော့ မှ တီ က ဓါတ်ပုံထည့် ဖို့ စိတ်ကူးရသွားတယ် လို့ ဆိုလိုချင်တာပါ တော်ရုံဆိုဘာမှမပြောပါဘူး ခုဟာက စွပ်စွဲတာဖြစ်သွားပြီ ဘောင်ကိုကျော်သွားပြီ အောက်မှာ ပြောကြတဲ့ စကားအသွားအလာ ကိုကြည့်ပါ
သူ့ အသုံးအနှုံးက မသိစိတ်တခု ကို ရိပ်ခနဲ တွေ့ရတယ်လို့ ဆိုပါတယ် သူပြောတဲ့ အတိုင်းပြန် quote လုပ်ထားတာပါ
တီ တကယ်စိတ်ကုန်ပါတယ်
ဒီပိုစ့်မရေးခင် စဉ်းစားပါတယ် မိုးခါးလဲ စိတ်မကောင်းဖြစ်မယ် ဆိုတာ သိပါတယ်
ဒါပေမယ့် မရပါဘူး
ရှင်းရှင်းပဲ ပြောတတ်၊ ပြောချင်ပါတယ် စကားကိုလဲ ယောက်ျား ပီပီ ရှင်းရှင်းပြောတာပဲကြိုက်ပါတယ်
တီချမ်း တို့ က ရှင်းပါတယ် အစကတည်း က -င်ခံတယ်ပြောထားပြီးသား၊ ခြောက်နေတယ်ပြောလဲ စိတ်မဆိုးဘူး
အင်းစကားကိုတော့ ဘွင်းဘွင်းရှင်းရှင်းပွင့်ပွင့်လင်းလင်းပြောမှ ကြိုက်တယ်
ခနဲ့ သလိုလို ရွဲ့သလိုလို အပြောတွေ ကိုမကြိုက်ဘူး ကြည့်မရဘူး
ခုဒီပိုစ့် ကိုရေးတဲ့ အတွက် ဖိုးစိန်နဲ့ ခင်မင်မှု ဆုံးခန်းတိုင်နိုင်တယ် ဆိုတာ သိပါတယ်
တကယ်ခင်ခဲ့တာပါ ထားပါတော့ မနှမြောနေတော့ပါဘူး
မောလို့ပါ
တခါတည်းရှင်းပါမယ် တီ ဒီဘလောခ် ကိုရေးနေတာလဲ ၀ါသနာပါလို့ပါ
ကြိုက်ရင်လာဖတ် ကြိုဆိုပါတယ် မကြိုက်ရင်လဲ မလာပါနဲ့ ရပါတယ် မမုန်းပါဘူး
စိတ်ရှုပ်တော့မခံချင်ဘူး
ပြီးတော့ တီ က စိတ်ဆိုးခဲတယ် စိတ်ပဲ ပျက်တတ်တာ
ပျက်ပြီး “ဟင်” ဆိုလဲ ပြန်မလှည့်ကြည့်ချင်တော့ဘူး
ကိုယ့်ရှေ့လာ “သေ” နေရင်တောင် ကျော်ခွ သွားမယ့် လူမျိုးပါ
ရပါတယ် ခုဒီပိုစ့်ရေးတဲ့ အတွက် စိတ်ဆိုးရင်လဲ ရတယ်
မုန်းရင်လဲ ရတယ်
ေ-ာက်မြင်ကပ်ရင်လဲ ရတယ်
ကြိုက်သလိုလုပ်ကြပါ ဆုံးဖြတ်ကြကပါ
ဒီလိုကိစ္စနောက်ဆုံးရေးခြင်းပါ နောက်ဘာမှမရှင်းပါဘူး
ကြိုက်သလိုပြော ကြိုက်သလောက်ပြောရတယ်

sein lyan tun: မောရှမ်းမြေ အစည်းအဝေးသို့ ဖိုးစိန်အားမဖိတ်သူများ ကုလားကြီးတွေ ကုလားမကြီးတွေနဲ့ညားပါစေ အဟီးး
Addy: စိန်လေးရေ
ပြန်လာရင်ခေါ်နော်
အိပ်သေးဘူး
စောင့်နေမယ်
လွမ်းလို့
Sent at 11:55 PM on Friday
Addy: အံမယ်မခေါ်ဘူးပေါ့လေ
sein: ခုမှပြန်ရောက်တာ
အဝတ်တော်လဲရသေးဘူး
Addy: အင်း
လုပ်
ပြီးရင်ခေါ်လိုက်နော်
sein: ဟုတ်
Sent at 3:04 AM on Saturday
sein: မအိပ်သေးဘူးလား
Addy: အဲ
စောင့်နေတာလေ
စကားပြောချင်လို့
sein: အမ်
ဘာပြောဖို့ လဲ
Addy: ဘာရယ်မဟုတ်ပါဘူး
သတိရနေလို့
ရေတက်နေတယ်
မအားဘူးလား
နားချင်လို့လား
sein:း)
ချမ်းကိုတော့ကြောက်ချင်ချင်ဖြစ်နေပြီးပြ
Addy: မအားရင်လဲရတယ်
ဟင်
sein: အားပါတယ်
Addy: ဘာဖြစ်ပြန်ပြီလဲ
sein: ခုပဲရေချိုးပြီးတာလေ
Addy: ဘာကိုကြောက်တာလဲ
ဟေး
ဘာကိုကြောက်တာလဲ လို့
sein: အင်းပြောလေ
အော်
မနေ့ ကမိုးခါးမွေးနေ့မှာတင်တဲ့ ချမ်းပိုစ့်ကိုကြည့်ချင်းအားဖြင့်
ခန့်မှန်းလို့ရပါတယ်လေ
Addy: ဟင်ဘာတွေပြောနေတာလဲ
တူတူရေးကြတာလေ
ဘာဖြစ်လို့လဲ
sein:း)
တူတူမရေးပါဘူး
ထိုးစစ်ကိုဘယ်သူဆင်တုန်းလေ
း)
Addy: ဖိုးစိန် စကားကိုယောက်ျား လိုရှင်းရှင်းပဲပြော
ကိုယ်ခေါင်းရှုပ်မခံနိုင်ဘူး
sein: ယောကျာ်းလို ပဲပြောနေတာလေ
အား
Addy: ဘာကိုမကျေနပ်နေတာလဲ
sein: ဒါဆိုထားလိုက်
နေတော့
Addy: ဘာမှားလို့လဲ
sein: မကျေနပ်တာတစ်ခုမှမပါပါဘူး
မသိစိတ်ကလေးတစ်ခုကို
Addy: အဲ့တာ ဆိုဘာလို့ ကြောက်စရာကောင်းတယ် လာပြောနေလဲ
sein: ရိပ်ကခနဲတွေ့လိုက်ရတာပဲ
Addy: တွေ့လား
မရှင်းမရှင်းနဲ့
sein: အင်းလေ
ပထမတော့
မိုးခါးကိုမွေးနေ့ဆုတောင်းက
ဓာတ်ပုံတင်ဖို့ရည်ရွယ်ချက်ချမ်းမှာမရှိဘူးလေ
Addy: ဟာ ဘာလဲကွာ
sein: ဟုတ်တယ်မဟုတ်လား
မလိမ်နဲ့ 

Addy: ယောက်ျားစကားမပြောဘူး
လိမ်စရာမလိုဘူး
sein: အမ်
Addy: ပြန်ကြည့်ပါ
sein: တော်ပီး
ထားလိုက်ပါ
Addy: ကိုယ်ရေးတဲ့မွေးနေ့ ဆုတောင်းအားလုံးပုံ ပါတယ်
Calling sein lyan tun at 3:37 AM on Saturday
sein: ယောကျာ်းစကားပဲပြောနေတာ
စကားတော့မပြောချင်ဘူး
မောနေသေးတယ်
Call with sein lyan tun not answered at 3:37 AM on Saturday
sein: ချက်လို့ ရတယ်ဗျ
Addy: ပြန်ကြည့်
sein: အော်
Addy: ကိုယ်ရေးတဲ့ မွေးနေ့ ဆုတောင်းအားလုံးပုံပါတယ်
sein: ကြည့်စရာလိုလား
Addy: အရင်ဟာတွေ ကိုပြောတာ
မောင်ငယ်ကော
sein: ထားလိုက်ပါတော့လို့ပြောနေတယ်လေ
Addy: နန်းညီကော
sein: ရပါတယ်
Addy: ဘာလို့ထားရမှာလဲ
အဲ့တာ ကိုက ယောက်ျားမဆန်တာ
ရတယ်
မင်းကြောက်နေရင်
sein: အဟားး
Addy: အကြောက်ပြေမှလာပြော
မပြောချင်ရင်လဲရတယ်
Sent at 3:38 AM on Saturday


(ပြောသလောက်ကို စပြောတဲ့အချိန်က အတိုင်းအပိုအလိုမရှိ ဘာမှမပြုပြင်ပဲထည့်ထားပါတယ် ကုန်ကုန်ပြောရရင် စာလုံးပေါင်းတောင်ပြင်မထားပါဘူး
လာငြင်းရင်လဲရှင်းမှာ မဟုတ်ပါဘူး ဂျီတော့ခ်ထဲမှာ ရတ်ကော့ခ် ရှိပါတယ်)

နောက်ဆက်တွဲ

sein lyan tun: ဂျန်ရာပီးဂျ
sein: အဲဒီပိုစ့်ကိုဖြုတ်ပေးပါ
ကျုပ်တကယ်မကြိုက်ဘူး

Addy: ကိုယ်လဲ မကြိုက်လို့တင်ထားတာ
မင်းကြိုက်သလိုဆုံးဖြတ်ရတယ်
Sent at 4:09 AM on Saturday


ပိုစ့်ရေးပြီးလို့စဉ်းစားရင်းနဲ့ ထပ်ဖြည့်ပါတယ်
မကြိုက်တဲ့လူတွေများမယ်လို့ထင်ပါတယ် ဖတ်ပြီး ဘယ်သူ့အတွက်မှအကျိုးမရှိတဲ့ပိုစ့်မျိုးပါ
ဒါပေမယ့် အစကတည်းက တီက အကျိုးပြုစာပေရေးနေတာ မဟုတ်ပါဘူး
စိတ်ကူးပေါက်ရာရေးနေတာပါ
အဲ့တော့ ဖတ်လို့ မဆိုင်သူတွေ စိတ်ညစ်သွားရင်တောင်းပန်ပါတယ်
မိုးခါးကိုလဲ ဒီကနေပဲတောင်းပန်ပါတယ် သမီးနဲ့ ဘာမှမဆိုင်သလို သမီးကြောင့်လဲ မဟုတ်ပါဘူး
ကိုယ့်ကိုကိုယ် guilty ဖြစ်မှာဆိုးလို့ ကြိုပြောထားတာပါ
အဲ့လိုဘာမှမဟုတ်ပဲ လူတကာ ကိုဘာမှမဟုတ်ဘဲ ဘာမှမမှားဘဲ ဘာမှမလုပ်မိဘဲ လိုက်တောင်းပန်နေရတာကိုလဲ မကြိုက်ပါဘူး
နောက်ဆုံးပြောချင်တာကတော့ ဖတ်ပြီးသွားလို့ စိတ်ညစ်ရရင် ဘလောခ်လောက ရဲ့ မဲပြာပုဆိုးတထည်၊ရန်ဖြစ်ပွဲတပွဲတိုး တယ်ပဲ ထားလိုက်ပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်..............

10 comments:

  1. ဆိုင်တော့ မဆိုင်ပါဘူး။ ဒါပေမယ့် ဒီလောက်ခင်ကြတာ ကြားထဲက နှမျောတယ်

    ReplyDelete
  2. စိတ်လျော့ပါ.

    ReplyDelete
  3. အချင်းချင်း...

    ReplyDelete
  4. မုန်တိုင်းကျပြီးတိုင်း သီချင်းဆိုမပျက်ကြတဲ့
    ငှက်ကလေးများလိုပဲ ဖြစ်ကြပါကွယ်။

    ReplyDelete
  5. မအားသေးလို့ comment မရေးသေးဘူး ဆိုတဲ့ အကြောင်း လာရေးတာပါ။
    အိမ်ကကြောင်ကြောင်လေးကို ရေချိုးပေးစရာရှိလို့။ ပြီးရင် သနပ်ခါးပါ လိမ်းပေးရဦးမှာ။ Tommy Girl ရေမွှေးပါ ဆွတ်ပေးရဦးမှာ။ ဂါဝန်လည်း ၀တ်ပေးရဦးမှာ။ Beauty Saloon ကို ခေါ်သွားပြီး ဆံပင်ညှပ်ပေးဦးမှာ။ ပြီးရင်တော့ တခါတည်း ယောက်ျားပေးစားလိုက်တော့မယ်။ အဲဒါကြောင့် comment မရေးအားတော့ဘူး။

    ReplyDelete
  6. တီရေ ..
    အဲလိုမဖြစ်ကြပါနဲ့ ..
    အားလုံးကို စိတ်ချမ်းသာစေချင်တယ် ..

    ReplyDelete
  7. Rita မအားလို့ ဘဲနော်။ အားများအားရင် တို့ တွေ ကြောင်ကြောင်လေးရဲ့  family tree အပါအ၀င် whole story ကိုသိရမှာပေါ့နော်။

    ReplyDelete
  8. ဘယ်လိုဖြစ်ကြတာလဲ တီရယ်
း(

    ReplyDelete
  9. စိတ်မကောင်းစရာပဲ

    ReplyDelete
  10. =( ခုမှလာဖတ်ဖစ်တာ...
    တီတီရယ်.. စိတ်လျော့ပါ...နော်

    ReplyDelete