Tuesday, May 19, 2009

ဘ၀ ဘ၀ ဘဝ


ဘ၀ ဘ၀ ဘဝ

အလုပ်တွေက ပုံ
အလုပ်တွေကမထွက်
စိတ်နာရအောင်
ဘယ်သူ့ရှာရမလဲ

ဒိုနာကလော
ရီပိုတ့်ကမထွက်
သတ်ချင်နေတာ
မောင်ဘောစ့် ကိုပဲ

မိတင်ကများ
ထိုင်နေရမလား
ထသွားရခက်
အကုန်ကိုစိတ်ပျက်

ပါးပိတ်ရိုက်ချင်
လျှာရှည်နေလို့
ဘယ်သူလို့ထင်
မပြောချင် စိတ်ပျက်

ဘ၀ကဒီလို
ငွေအတွက်ကြောင့်ခက်
မလုပ်ချင်တာတွေ
လုပ်နေရလျက်

လကကုန်ပြန်
စုငွေက မပျက်
ဘယ်လောက်တဲ့လဲ
သုညတောင်မကွဲ

အသုံးစရိတ်တွေ
ကြီးတာတော့ခက်
လျော့ဖို့ကျတော့
လက်ဖွာတာခက်

ပြောလိုက်ချင်တယ်
စာလေးတကြောင်းထဲ
ဘာလဲမေးရင်
ဒီလိုလေးတဲ့

“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
……………..
ငါ့ကိုယ်ငါလဲ သတ်ချင်နေတယ်
ကြောက်လို့……………….


A Chen
12:05 pm
19th May 2009
Office
Bkk

10 comments:

  1. တုတ်စွဲ ဓားစွဲတော့ မလုပ်ပါနဲ့။ ဒီရက်ပိုင်း အိပ်ဆေးပုလင်း ဝေးဝေးမှာထား။

    ReplyDelete
  2. တီရေ..ဘော့စ်ကိုလက်သည်မပေါ်ဘဲသတ်နည်းလေးတွေ့ရင် ပို့တင်ဦးနော်..ကို့ကိုကိုတော့မသတ်နဲ့နော်တီ...သရဲကြောက် တတ်လို့..
    ခင်မင်လျှက်
    ကြယ်ဖြူစင်

    ReplyDelete
  3. လုပ်ပါနဲ့တီရယ် တနားပါတယ်။ နည်းလမ်းလေးများ ရှိရင် မစပါနော်။ ရောင်လဲ သမချင်တယ်။ တင်းလာပြီ ဒီမှာ သေတော့မယ်။

    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  4. ဒီတူမတွေနဲ့ ဒီအဒေါ်နဲ့တော့ ဟုတ်နေတာပဲ ..း))
    တီ စိတ်လျှော့နော် ..း)

    ReplyDelete
  5. During these days, I wanna kill someone as well. I look at my luggages and shout "Let me go home". I plan to go back to MM since 8, but up to now I am still in here. :'(
    Glacier

    ReplyDelete
  6. အလုပ်တွေပိနေလို့ သတ်ဖို့တောင် အားမရှိတော့ဘူး ...

    ReplyDelete
  7. စိတ်လျော့ စိတ်လျော့ တီ ပေါက်ကွဲချင်ရင် အီးကျယ်ကျယ် ပေါက်ပစ်လိုက် ဟဟဟဟ

    ReplyDelete
  8. စိတ်လျှော့ပါတီရေ၊ သီချင်းလေးတွေ နားထောင်လိုက်

    ReplyDelete
  9. တီရေ
    သူ့ တော့လုပ်ရင်လုပ်ပလိုက်..
    ကိုယ့်ကိုယ်ကိုတော့ မလုပ်နဲ့ နော်....

    ReplyDelete
  10. လုပ်ပီ... =)
    ငါမင်းကိုသတ်ချင်တယ်.. အဲဒီရင်းတုန်းရှိတယ်တီတီ..
    ကြိုက်လို့..

    ReplyDelete