Wednesday, May 20, 2009

စနောက်ခြင်း

စနောက်ခြင်း

တစုံတယောက်က ကိုယ့် ကို စကားတခွန်း ပြောလိုက်တယ်
ပြီးတော့ မှ နောက်တယ်လို့ ဆိုမယ်

ဥပမာ..................လို့ ပြောလိုက်တယ် လို့ပဲဆိုကြပါစို့

နောက်တယ် မနောက်ဘူးဆိုတာ အနောက်ခံရတဲ့ လူဘယ်လိုခံစားရသလဲ ဆိုတာပေါ်မူတည်တယ်လို့ ကိုယ်တော့ ထင်တာပဲ
တခါက လေ့လာရေးစစ်တမ်းတခုဖတ်ဖူးတယ်
စနောက်တာပါဆိုပြီးပြောတဲ့ လူတွေရဲ့ ၅၀% ဟာစိတ်ထဲက တကယ်ပါလို့ အဲလိုပြောတာတဲ့
ကိုယ်ပြောတာမဟုတ်ဘူးနော် ရီဆတ်ခ်ျက ပြောတာ။
ပြီးတော့ ပြောတဲ့လေသံရဲ့ အရောင်၊ tone တုန်း ပေါ့ အဲ့တာကွာတယ်

ဥပမာ နောက်တခုပေးရရင် မိန်းမလတ်(သက်လတ်ပိုင်းမိန်းမ) တယောက် ကို အပျိုကြီးလို့ခေါ်တယ်ဆိုပါစို့ အဲ့တာ ကိုယ်က စနောက်ပြီးခေါ်တာဖြစ်ပေမယ့် သူ့စိတ်ထဲမှာ ဘယ်လိုခံစားသွားရမလဲ
နောက်ပြီး ဒါဟာ verbally abused လုပ်တာတမျိုးပါ sexual harrassment လို့လဲ
နာမည်တပ်၊ ပုဒ်မ တပ်လို့ရပါသတဲ့ သတိထားကြပါနော် ကိုကိုကာလသားများ
ဒါလေးက လူတော်တော်များများ တမင်တကာ ပဲဖြစ်ဖြစ်
မတော်တဆ လို့ နာမည်လှလှလေးတပ်ပြီးပဲဖြစ်ဖြစ် ကျူးလွန်ဖူး ကြတဲ့ ဥပမာ ပေးကြည့်တာပါ
အပေါ်က ကိုယ်ပြောချင်တာတွေနဲ့တော့ မဆိုင်ပါဘူး

ခုတလော ကိုယ်ခဏခဏ စတယ် စတယ် ဆိုပြီး “အစ” ခံရပါတယ်
ကိုယ့်စိတ်ထဲမှာတော့ ကိုယ် အစော်ကားခံရတယ် လို့ ခံစားရပါတယ်
ဒါပေမယ့် သေချာပြန်တွေးကြည့်တော့လဲကိုယ်အဲလိုအပြောခံရရင်
ကိုယ်က အဲလိုအပြောခံရအောင်နေခဲ့လို့ လို့ပဲ မှတ်ပါတယ်
ကိုယ်အနေအထိုင်မတတ်ခဲ့ဘူးပေါ့လေ

ဟော တခါ “စတယ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်စိတ်ကိုယ်ကို
ကျေနပ်အောင် တဘက်သားကို ပြောဆိုပြီးတော့မှ
တောင်းပန်းပါတယ် ဆိုတာ ကလဲ အင်း.....................
တခါတခါ လွန်သွားပြီးရင်တော့ ဘာလုပ်ရမှာလဲနော်
မတောင်းပန်ပါနဲ့
ခုန က ကိုယ်ပြောခဲ့ သလိုပဲ ကိုယ်အဲလိုအပြောခံရရင်
ကိုယ်က အဲလိုအပြောခံရအောင်နေခဲ့လို့ လို့ပဲ မှတ်ပါတယ်
တခုပဲပြောချင်တယ်
ကိုယ်တကယ်စိတ်မကောင်းဘူး
ခင်ခဲ့တာလေးတွေ ကို တကယ်နှမြောမိတယ်
ကိုယ်နောက်ဆို ဆင်ခြင်တော့မယ်

ဘာရယ်မဟုတ်ပါဘူး
ဘေးမှ တင်ထားတဲ့ သတိပေးကြေညာချက်ကလေးပါ

ဖြုတ်တော့မှာမို့လို့ အမှတ်တရ တင်ထားလိုက်တာ ဘယ်သူ့ ကိုမှမရည်ရွယ်ပါဘူး
ကိုယ့်ကိုကိုယ် ပြန်ပြန်အသိပေးဖို့သာရည်ရွယ်ပါတယ်

ဒေါ်ရီတာ သာသိရင် ပြောအုံးမယ် ကြောင်ကိုရေချိုးပေးပြန်ပြီလို့
ပြီးရင် မိတ်ကပ် ဖို့ ပြီးလှလှလေး ၀တ်ပေးအုံးမှာ ခိခိ

အန်တီချမ်း
၁၀ နာရီ ၃၇ မိနစ်
မေလ ၂၀ ရက်နေ့ ၂၀၀၉ ခုနှစ်
ရုံး
ဘန်ကောက်

11 comments:

  1. မှန်လိုက်တာတီရယ်။
    သွေးထွက်အောင်ကိုမှန်တယ်။
    တချို့ ကပြောချင်တာတွေကို ဒီတိုင်းပြောလို့ မကောင်းလို့ စ တယ်လို့  ခေါင်းစဉ်လှလှပေးလိုက်ကြတယ်။
    အဲခေါင်းစဉ်အောက်မှာ အားမနာ ပါးမနာပြောတော့တာပါပဲ။

    ReplyDelete
  2. အဲ...
    ကောမန့် မှာလေ တို့ များ ပထမ...
    ဟီး........

    ReplyDelete
  3. တစ်ခါတလေတော့လည်း ရာနှုန်းပြည့်စနောက်တာတွေရှိတတ်ပါတယ်.. ၁၀၀% အပြည့်စနောက်တာမျိုးလေ

    ReplyDelete
  4. ဖတ်ပီးသားကို ထပ်ဖတ်သွားပါတယ်တီတီ

    ReplyDelete
  5. မှတ်သွားပါတယ်။
    ဆင်ခြင်သင့်တာတွေ ဆင်ခြင်မှပဲ

    ReplyDelete
  6. တီရေ .. တီ့ဆီလာတိုင်း အဲဒီစာလေးကိုတွေ့ပါတယ် .. ခုလည်း ထပ်ဖတ်ပြီး မန့်သွားတယ်နော် ..

    ပျော်ရွှင်ပါစေး)

    ReplyDelete
  7. တီပြောသလိုဆို စတာနောက်တာတွေပါရပ်သင့်နေပြီထင်တယ်နော်..။ဘာလို့ လည်းဆိုတော့တစ်ချို့ က ရင်ထဲက ဘာရည်ရွယ်ချက်မှ မပါဘူး..စလိုက်တာပဲ..။
    ကိုယ်လည်းအဲ့လို အစခံလိုက်တာပဲ...။တစ်ခါတစ်လေကျတော့ ကိုယ်လည်းစတာ
    ပဲ....။

    ကျွန်တော်ကတော့ ခံယူတဲ့သူရဲ့ စိတ်ပေါ်မှာပဲမူတည်တယ်လို့ ထင်ပါတယ်..။
    တစ်ခါတစ်လေ စိတ်ထဲအခန့် မသင့်တဲ့အခါကျရင် ဘာမဟုတ်တဲ့စကားလေးတစ်
    ခွန်းအတွက်နဲ့ ရန်ထဖြစ်တတ်ကြသလို ...အဆင်ပြေနေတော့လည်း ကြိုက်သလို ပြောမနာတတ်တာ တွေ လည်းရှိတာပဲလေ..။
    ဟုတ်တယ်ဟုတ်..။
    လူတစ်ယောက်နဲ့ တစ်ယောက်ခင်မင်ရင်းနှီးမှု မှာ စတာနောက်တာ တော့ရှိ မှာပေါ့...။ရင်းနှီးမှုအတိမ်အနက်ပေါ်မူတည်ပြီး ကွာခြားသွားတာပဲရှိမှာပါ..။ အမြဲတန်းကြီး သမာရိုးကျစကားတွေနဲ့ ပြောဆိုဆက်ဆံနေရရင်တော့ ရင်နှီး
    တယ်ဆိုရင်တောင် အပေါ်ယံလောက်ပဲဖြစ်မယ်ထင်ပါတယ်..။

    (ကျွန်တော့ထင်မြင်ချက်သက်သက်ပါ..။ ဘာရည်ရွယ်ချက်မှမပါပါ)

    ReplyDelete
  8. အရမ်းမှန်တယ်တီရယ်... တခါတလေ ပက်ပက်စက်စက် အပြောခံရပြီးမှ အဲဒီခေါင်းစဉ်အောက်မှာ အရည်ပျော်သွားခဲ့ဘူးတယ်။ စတယ် နောက်တယ်ဆိုတာလည်း ရောင်နားလည်သလောက်ကတော့ အတိုင်းအတာ တခုထိပဲလေ။ ရောင်ကတော့ ဘယ်တော့မှ Negative thinking နဲ့ မတွေးပါဘူး။ ဒါပေမယ့် ဒါဟာတကယ်ပါတီ။

    လေးစားချစ်ခင်စွာဖြင့်
    တူမတော် တီခေါ်တဲ့ မိရောင်

    ReplyDelete
  9. စတာရယ် နှိပ်ကွပ်တာရယ် တီပြောဖူးတယ် ၀ုန်းတာရယ်
    သိပါတယ် တီရယ် ပြောတဲ့သူက သူစတာလား နှိပ်ကွပ်တာလား ၀ုန်းတာလား ဆိုတာ..ဘာပဲပြောပြော ဦးမွန်ဆို သူများကို ဘယ်တော့မှ စိတ်ဆိုးအောင် မ၀ုန်းဘူးဖူး..
    ကိုယ့်ကိုချည်း လာလာဝုန်းလွန်းလို့ ဘာရယ်မဟုတ်ဘူး မန့်ကြည့်တာ

    ReplyDelete
  10. အော် ကိုယ်ပြောမယ့်စကား ကြိုပြောလိုက်တော့လဲ သက်သာတာပေါ့
    :)
    ကြောင်ကို ယောက်ျားပါ ရှာပေးစားလိုက်ဦး

    ReplyDelete
  11. အဲဒါကြောင့်သိတ်မစတတ်ဘူး။

    ReplyDelete